Search This Blog

Showing posts with label စာတို. Show all posts
Showing posts with label စာတို. Show all posts

Mar 13, 2009

စီစဉ်မကျတဲ့မှတ်စု

ခေါ်သံတွေရဲ့နောက်ကို တရွတ်တိုက်လိုက်ပါရင်း
နိုးလာတဲ့ မနက်တွေတိုင်း...ကော်ဖီအေးစက်စက်တွေနဲ့
လွယ်လင့်တကူ ကုန်ဆုံးခဲ့ အချစ်တဏှာတွေ....
သွားတော့မယ် ...ပြန်လာမယ်...
ငါမုန်းတဲ့ငါ..မို့....ဘယ်အခါမှ မကြေငြာဘူး..။..
တစ်ယောက်ယောက်ကိုတော့ အသိပေးခဲ့သင့်တယ်..
ဘယ်တော့မှခရေတွေ ပြန်မပွင့်တဲ့ရာသီထဲမှာလေ ...
ဘောင်မ၀င်တဲ့လောကဓံကို အံတုမနေတော့ဘူး...။..
လိပ်ပြာတွေ အခန်းပြည့်ထည့်ပိတ်ထားပြီးသားကွ..
ဟောဒီနေရာမှာ မင်းလည်း မလိုဘူး..ငါလည်း မလိုဘူး...
သတင်းလည်း မလိုဘူး...ဟင်းလည်း မလိုဘူး...
နည်းပညာလည်း မလိုသလို ထီးတင်စရာလည်း မလိုဘူး...။..
လူစာရင်းထဲမှာ ငါ့နံပတ် နောက်ဆုံးဖြစ်ပစေ...
ငါ့အဓိပ္ပါယ်နဲ့ငါ ရှင်ပြီးသေမယ်...
ငါ့အမှန်တရားကို ဘယ်နေရာရွှေ့ရွှေ့...ငါ့အမှားနဲ့လည်း ငါနေရဲခဲ့တယ်..
စိတ်ကုန်သွားရင် ဆိတ်ငြိမ်နေတာပဲကောင်းတယ်လေ...။..။

ဝတ္ဘုတစ်ပုဒ်တော့ ငါအသက်မသေခင် ရေးခဲ့မယ် ။ငါ့မှတ်တမ်း ..ငါ့အဆင့်အတန်း..ငါ့ဘဝလမ်း...ငါ့ဖြတ်သန်းမှုတွေ ... အဲဒါတွေအားလုံးကို ထင်ဟပ်မဲ့ ဝတ္ထုမျိုးကွာ ...အဲသလို အရူးအတွေးတွေနဲ့ ။ မင်းသိပါတယ် ။ဟိုကွာ...ဘာလဲ.?????..။ အဲသလိုမျိုးဝတ္ထုရဖို့ငါပျိုးထားတဲ့ ခရမ်းချဉ်ပင်တွေ အရိပ်ရမှဖြစ်မယ် ။ တစ်စုံတစ်ခု ပေါ့ ...အဲဒီအရာတွေရဲ့ အခြားတဖက်မှာ ဘာတွေရှိဦးမလဲ ...ဘာတွေဖြစ်ဦးမလဲ..ဘာတွေ လာဦးမလဲ... အဲဒီသိလိုဇောနဲ့ ငါမိုက်မဲမှုတွေကို ဇောက်နက်နက်လေး တူးဖော်ခဲ့ဖူးတယ်...။အလကားပါ တကယ်တော့ ဘာမှ မဟုတ်ပါဘူးကွာ..။ရလာဒ်တွေရဲ့ အဆုံးသတ် ဘာဖြစ်မလဲ ။ဘယ်သူမှ မဖက်လည်း ငါရေးခဲ့မယ် ။ပြီးရင် ကျနော် လက်ထပ်တော့မယ် ။ချောသိင်္ဂီရတနာကိုတော့ မှာစရာရှိတာ မှာထားခဲ့တယ်လေ ။တကယ်တော့ မင်းက ငါပြောခဲ့ဖူးသလို အရုပ်တစ်ရုပ်သက်သက်ပဲ လို့။


ငါ့နှလုံးသွေးတွေနဲ့ထုဆစ်ခဲ့တဲ့ အရုပ်မပဲ ။ငါ့မိုက်မဲမှုကြောင့် ဖြစ်တည်လာတဲ့ မင်းအတွက် အစွန်းအထင်းတွေ.. မင်းအတ္တရဲ့ အမှားတွေ ..ငါ့ကြောင့်ဖြစ်ခဲ့ရတယ်...။မင်းနဲ့ ငါ ကို ဘေးမှာ ထား ဟောဒီမှာ ကလေးတွေ ရောက်နေပြီ...။ငါ့ရဲ့ရူးသွပ်တဲ့စိတ်ကူးတွေ အတွက် မင်းလည်း မိုက်မဲသူဖြစ်ခဲ့ပါပေါ့လား..။ငါ မရည်ရွယ်ပါဘူး ကောင်မလေးရယ်............။
ငါ့ကိုချည်း မှီခိုအားကိုးမနေပါနဲ့ကွာ ။ငါ မရှိတဲ့အခါ..သို့မဟုတ်...ငါနဲ့ဝေးနေရင်..သို့မဟုတ်..ငါသေရင် မင်းငါ့လို အားကိုးစရာရှာမှာ သေချာသလိုဖြစ်နေတာပေါ့ ။မင်းဘဝမှာရော ငါ့ဘဝမှာပါ အပူအပင်တွေ အခက်အခဲ ဒုက္ခတွေရှိကြတာပဲ ။တစ်သက်လုံးကြုံတွေ့နေကြရဦးမဲ့ အရာတွေလေကွယ် ။ ။ယုံကြည်ချက်ထားပါ ။နားလည်မှုတွေအပြန်အလှန်ရှိပါ..။မင်းနဲ့ငါ နှစိယောက်ပေါင်းပြီး လောကကြီးကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ချက်နဲ့ လက်တွဲပါ ။မင်း သို့မဟုတ် ငါ မရှိတော့တဲ့အချိန်တွေရောက်လာတဲ့အခါ သစ္စာတရားနဲ့ ရှေ့ဆက်ဖို့အားမွေးကြတာပေါ့ ။မဟုတ်ရင်တော့ သင်္ခါရလောကရဲ့ မတည်ငြိမ်တဲ့လှိုင်းတံပိုးကြား ငုပ်ချည်..ပေါ်ချည် မျောသွားဖို့ပဲရှိတယ် ။
ငါဟာ စကားပြောကောင်းသူ မဟုတ်တာတော့ အသေအချာပဲ ။ငါမွန်းကြပ်တဲ့အခါ သီဆိုဖို့သီချင်းတစ်ပုဒ် ရှိရင်ပြီးတယ် ။...

မင်းနားထောင်ဖို့တော့ မဟုတ်ဘူး ။ငါ့ကိုယ်ငါ ဖျော်ဖြေဖို့ ဖြစ်ကောင်းဖြစ်မယ် ။ဒါမှမဟုတ်...ရည်ရွယ်ရာမဲ့ ရေရွတ်နေခြင်းလည်း ဖြစ်နိုင်တယ် ။ဘာပဲဖြစ်ဖြစ် ငါ သီဆိုနေတာတော့ သေချာတာပဲ မဟုတ်လား.။


တကယ်တော့ ဘ၀ဆိုတာ ရှင်းရှင်းလေးပဲလေ ။မွေးပြီးရင် သေဖို့ရှင်နေပေါ့ ။လူတွေရဲ့ အမှားနဲ့ လူဖြစ်လာကြတဲ့လူတွေ ။မင်းလည်း အဲဒီလိုမှားနိုင်ဖို့ ကြိုးစားနေတယ် မဟုတ်လား ။ ထားလိုက်ပါတော့ကွာ ။အရေးကြီးတာပြောဖို့ ရှိတယ် ။အဲဒါကနိုင်ငံတော်အတွက် ငါတို့ ထိပ်တန်းဦးစားပေး လုပ်စရာရှိတယ် ။အဲဒါ ပညာရေးပဲ ။ဟား... ဒါတော့မှန်သွားပြီလို့ မင်းက မှတ်ချက်ပေးမယ်ပေါ့ ။အဲဒါ ငါပြောနေတာ မဟုတ်ဘူး ။ ဟိုလူ တိုနီဘလဲ ဆိုတဲ့လူက အော်တာ ။ ကျူးကျော်စစ် ခင်းနေဖို့လိုသေးလားကွာ ။ကဲ မင်းပြော...။မျိုးနွယ်စု မတူတဲ့မြေမှာ ခြေချမွေ့လျှော် အတော်နေသားကျလို့ပျော်တတ်နေပြီမဟုတ်လား ။မင်းမျိုးနွယ်စုနဲ့ နိုင်းယှဉ်ပြီးလည်း ကိုယ့်ကိုယ်ကို ကျေနပ်နိုင်ပေမပေါ့ ။ကမ္ဘာကြီးပြားသွားပတဲ့လားကွ ဟေ။မင်း ကိုယ်မင်းပဲ ပြန်မေးပါ ငါ မဖြေဘူး ။ငါတို့တွေ ဘာတွေရချင်လို့ ဘာတွေပေးနေရလဲ ။အပေးအယူ အချိုးအဆ ကိုယ့်ချိန်ခွင်လျှာနဲ့ ကိုယ် ထိုးဆချိန်ကြလေ ။အိုမင်း ဟောင်းနွမ်းပြီး ဆွေးမြေ့လှတဲ့ အကြောင်းပြချက်တွေရဲ့ အစား မင်းတစ်ခုခု ပြောနိုင်ပါတယ် ။မြုံနေတဲ့သခင်စိတ်တွေ ဘယ်သူတွေအတွက် မင်းလုပ်ကိုင်ကြိုးစားရလဲ ။မင်း အသက် ၊ဥာဏ ၊ကာယ အားတွေ ဘယ်မှာသုံးစွဲနေရလဲ ။


ငါတို့ဘာဆက်လုပ်သင့်သလဲ ။ငါလား???? မြန်မာလူမျိုးကွ-လို့ရင်ကိုကော့ ခေါင်းမော့ပြီး ဘယ်သောအခါ ပြောနိုင်မှာလဲ ။မထူးဆန်းတော့ပါဘူးကွာ ။မျိုးဆက်တွေပြောင်းပြီး မွေးတဲ့လူမွေးလာ ကြီးတဲ့လူကြီးသွား အိုတဲ့သူအိုသွား သေတဲ့သူတွေ သေသွားကြပါပြီကွာ ။မျိုးဆက်သစ်တွေ ဟောင်းသွားကြတာဘယ်လောက်ကြာနေခဲ့ပြီလဲ ။ငါနဲ့တစ်ယောက်မှ မသိပဲ ငါ့သူငယ်ချင်းပါဆိုတဲ့ စာမျက်နှာတွေကလည်း အများကြီးပဲ ။ငါလည်း မမှတ်မိတော့ဘူး ။မှတ်ထားလည်း အပိုပဲ မင်းနဲ့ငါ ဘယ်လို ရင်းနှီးနိုင်မှာလဲ ။မင်းလည်း အပေါ်ယံ..ငါကလည်း အေးစက်စက် ဆက်ဆံမှာပဲလေ...။မင်း မြန်မာပြည် ဘယ်တော့ပြန်မလဲ..။အင်း...ပြန်တော့မယ်ကွာ သိပ်မလိုတော့ပါဘူး ။ ၄၊၅ လလောက်နေရင်ပြန်မယ် ။ဟိုရောက်ရင် မင်း ဘာလုပ်မလဲ ။....ငါ လား....အဲဒါ ၂၁ရာစုက ရှေ့မကြည့်နောက်မကြည့်နဲ့ အတင်းအဓမ္မမွေးထုတ်ခဲ့ကြတဲ့ ခေတ်သစ်လူသားတွေလေ..။ငါလည်းပါတာပါပဲ..။အခုတော့ ကိုယ့်ဝမ်းကိုယ်ကျောင်း ....ကိုယ့်ဒုက္ခကိုယ်ပြောင်းထမ်းဖို့ ဒုက္ခခဲလေးတွေ မွေးထုတ်မဲ့အဖော်ရှာခဲ့ကြသပေါ့လေ ။


ဒီလိုပါပဲ..လောကကြီးမှာ ကိုယ့်စိတ်ကိုယ်မထိန်းနိုင်သေးတဲ့ အိုကြီးအိုမတွေများလာသရွှေ့ ကိုယ့်ကိုယ်ကို ဘာမှန်းမသိတဲ့ အနာဂတ်မျိုးဆက်လေးတွေ ပေါက်နေကြဦးမှာပဲ ။စပ်ဖြဲဖြဲလေတွေ တိုက်ခက်နေလေ၏။၎င်းပူလောင်အိုက်စပ်သောရာသီကို နွေဟုခေါ်၏။အချစ်သည်လည်းကောင်း အမုန်းသည်လည်းကောင်း ပူလောင်အိုက်စပ်သည် ။ခြံဝင်းမခက်ပဲ ခြံတံခါးသာထားသောကြောင့် နွား၊ဆိတ်၊ကြက်၊ ဝက်..တို့အလိုအတိုင်း ဝင်ထွက်သွားလာကြသည် ။ ဤပန်းချီကားကို လူ့စည်းဟု အမည်ပေးထား၏။ပန်းချီကားကို ကြည့်ပြီး တရှုံ့ရှုံ့ငိုနေတဲ့ ကိုဝင်းဗိုလ်က သူ့ရဲ့အထီးကျန်ဘဝ ဖြစ်တည်လာပုံကို အရက်မူးတိုင်းရှုင်းပြတတ်၏။အဲဒါကြောင့်ပြောတာပေါ့ ကိုဝင်းဗိုလ်ရာ ။ခင်ဗျား အဲသလောက်နောင်တတွေ မသောက်ပါနဲ့လို့ ။ကျနော်လည်းသောက်တာပါပဲဗျာ ။အခုတော့ အဲသည်နောင်တတွေက ခင်ဗျားကို စားသုံးနေပြီမဟုတ်လား ။


နင် လိမ်လိမ်မာမာ နေပါဟာ လို့ပြောခဲ့တဲ့ ချစ်သူရေ...။ငါ့အမှားက ငါ့ဘဝကိုခြောက်ခြားစေခဲ့ပေမဲ့ ငါ့နှလုံးသားကိုတော့ အစွန်းအထင်း မခံခဲ့ဘူးလေ ။နင်အခု လိမ္မာပြီလား ။ ငါကတော့ အရင်က နင်သိခဲ့သလို မိုက်မဲတဲ့လူတစ်ယောက်အဖြစ် မပြောင်းမလဲ ရှင်သန်နေဆဲပါကွယ် ။...နောက်မနက် တစ်ခုထဲ ရောက်လာတော့ မင်းရဲ့ကျဉ်းမြောင်းလှတဲ့ အခန်းနဲ့ ဘေးကပ်လျက်ကလူတွေရဲ့ အနံ့အသက်တွေကြောင့် စိတ်မသက်မသာ ဖြစ်နေလား ။လိုချင်တက်မက်မှု ရေရေရာရာ ဘာမှမရှိတဲ့မင်းက တစ်ယောက်ထဲနေချင်ပြီး တစ်ယောက်ထဲသေမဲ့ကောင် ။မင်းရဲ့ တုံးတိတိ အဘိဓမ္မာနဲ့လူတွေ ထပ်တူမကျရင်လည်း စိတ်ပျက်လက်ပျက် ညည်းမနေပဲ ပျော်သလိုနေတတ်သေးတယ် ။လူသားဆိုတဲ့အထဲမှာ အထီးအမ သဘာဝ ကွဲကွဲပြားပြား ရှိတယ်လို့ အမြင်ရှိနေသူမို့ ယောက်ျားတစ်ယောက်ရဲ့အဇ္ဇတ္တမှာ မိန်းမရဲ့လက္ခဏာတွေ ကိန်းဝင်နေတာတွေ့ရင် မင်းက စက်စုပ်ရွံရှာသေးတယ် ။ကိုယ့်အကြောင်းကိုယ်ပဲ စိတ်ဝင်စားပြီး ကိုယ့်အမှားကိုယ်ပဲ ရေတွက်နေတတ်တယ် ။တကယ်တော့ လောကကြီးဆိုတာက ဘာကိုမှ ရွေးချယ်ခွင့်မရတဲ့နေရာပဲလေ ။ အနုစိတ်ခံစားတတ်သလို ဥပက္ခာနဲ့လည်း နေတတ်တယ် ။ခန္ဓာကိုယ် ၊ စိတ်နှလုံးနဲ့ ဦးနှောက် အဲဒါတွေ တစ်ခုခု လှုပ်ရှားရုန်းကန်နေရမှ နေသာထိုင်သာရှိသူ..။ပြဿနာတွေနဲ့ မွေ့လျှော်နေသူ ။ လူ့ဘဝဆိုတာ စူးစမ်းစရာလို့သာ မြင်နေဆဲမို့ မင်းဆီကို ဘယ်လိုအရာလာလာ တုန်လှုပ်ဖို့အကြောင်း မရှိတတ်ဘူး ။


မကြာမကြာ ဂဏှာမငြိမ်နဲ့ ပေါက်ကရတွေ လုပ်တတ်သူ ။တောင်ထိပ်ပေါ်တက်ပြီး ခုန်ချလိုက်သလိုလှပ်ခနဲ၊အေးကနဲ စိတ်လှုပ်ရှားမှုမျိုးတွေနဲ့ အသားကျနေပြီလေ ။အဲသလို ခေါင်းလား ပန်းလား မသိ...စမ်းတဝါးဝါး လမ်းသွားနေသူမို့ နောက်ဆံတင်းပူပင်နေရမဲ့ အိမ်ထောင်သားမွေး ကိစ္စတွေ ရှောင်နေတာမို့လား ။ဆက်လက်ပြီး စူးစမ်းရှာဖွေရန်တွေ အများကြီးကျန်နေသေးတာမို့ ဘုရားသခင်ဆီမှာ အသက်ပိုပေးဖို့တောင်းဆိုနေသူပဲလေ ။ကျနော်လည်းခင်ဗျားလို စမ်းသပ်ကြည့်ဖို့ မကြောက်တရားနဲ့ အကြောက်တရားတွေကို ကုလားဖန်ထိုးလိုက်ပါဦးမည် ။


နိဂုံး.....။ ။ခင်ဗျားကို ကြုံလို့ပြောရဦးမယ် ။စာရေးတယ်ဆိုတဲ့အလုပ်က လွယ်တာမဟုတ်ဘူးဗျ ။ခင်ဗျား စာလုံးတွေ စာမျက်နှာပေါ်ရောက်နေရင်ပဲ စာရေးနိုင်တယ် ထင်နေတာကိုး ။အင်း..ဘယ်လိုပြောရမလဲ ။အာရုံလာမှ ဗျ ။ဟုတ်တယ်...အဲ..အာရုံပေါ့ဗျာ ။ခင်ဗျားက ကျုပ်ကို လုပ်နေတဲ့အလုပ် ကြီးကျယ်အောင် တန်းတင်နေတယ်လို့မြင်မှာပေါ့ ။စာရေးဖြစ်ဖို့က အချိန် ၊ ဦးနှောက် ၊နှလုံးသား ၊လက် ၊မျက်လုံး...နောက်နောက်..အများကြီးလိုတယ်ဗျ ။ငါ့ခရမ်းချဉ်ပင်တွေက ဆောင်းရာသီ သီးနိုင်ပေမဲ့ ငါ့စာတွေက ဘယ်နေ့ အန်ထွက်မယ်ဆိုတာ ကြိုမသိနိုင်လို့ပါ ။ကျွန်ုပ်၏ ဤစာမျက်နှာသည် နာဂစ်မုန်တိုင်းဝင်ပြီးစ ရွာတစ်ရွာနှင့် ဆင်တူရိုးမှားရှိလေ၏။ တုပပြိုင်ဆိုင်ခြင်း မဟုတ်ရပါလေ ။ကျွန်ပ်၏ အနီးအနား တဝိုက်တွင် သစ္စာနီနှင့် ဇော်ဇော်အောင်တို့၏ စာအုပ်များရှိ၍ ဤလူနှစ်ဦး၏ စာအုပ်စင်၌ ဘာသာရေးစာအုပ်များရှိပေသည် ။ဤသည်ကို မယုံကြည်ပါက မိမိကိုယ်တိုင် ဆက်သွယ်မေးမြန်းပါလေ ။


Mar 2, 2009

မင်းမသိတဲ့ အာရှသား


အားတဲ့အချိန်လေး အားပါးတရ ၀င်ရေးလိုက်ပါရစေ ။ကိုယ့်BLOG ထိုင်ကြည့်ပြီးရေးနိုင်တဲ့သူတွေထဲမှာ မပါလို့ အရေးအသားက ခပ်ကျဲကျဲပါးပါးလေးပါ ။ဒါပေမဲ့ မနေနိုင်တဲ့အခါတော့ ပြောဖြစ်အောင် ပြောတတ်ပါတယ် ။ အခုတစ်လော ကြားနေရတဲ့ အခွေသစ်လေ ။ကြက်ရိုးဆိုလား ..ငှက်ရိုးဆိုလား..အဲဒီ...အရိုးရေးတဲ့ အာရှသားလူလည်ဆိုတဲ့သီချင်းလောက်တော့ ကျုပ်တို့ကပျင်းဖို့တောင်ပျင်းတယ်ကွလို့ပြောရမလိုပဲ... ။မင်းမကျေနပ်လို့ယှဉ်တေးစပ်မယ်ဆိုလည်း အချိန်မရွေးပဲ သွေးမနည်းတဲ့သူတွေ အများကြီးရှိတယ် ။ဘ၀ပေးအခြေအနေအရ ပုဆိုးမရှိလို့ မင်းသားကမကရတဲ့သူတွေ အများကြီးရှိတယ်ဆိုတာ နားလည်ရမှာ..။တချို့ကောင်တွေကတော့ ဘာမသိညာမသိ လူတွင်ကျယ်လုပ်အဓိပ္ပါယ်ဖွင့်ဆိုချက်တောင် ရှင်းပြတာတွေ ဘာတွေ...နဲ့ ချပြကြတယ် ။ခနော်ခနဲ့..နဲ့...ဟိုကောင့်ကိုကြည့်မရသလို ...ဒီကောင့်ကြည့်မရသလို...ရိထေ့ထေ့ သီချင်းနဲ့ လူကြားအောင်အော်နေလည်း မင်းက ကျန်နေတော့မှာဆိုတာ သတိမထားမိဘူးထင်ပါ့ ။ပြည်တွင်းမှာ အလုပ်လုပ်ပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့ခက်တာ နားလည်နေလျက် ဒီလို ရိထေ့ထေ့လုပ်ချင်တဲ့ကောင်...။ ပြောစရာရှိတာ ရေးစရာရှိတာကို ဟာသနှောပြီး နားဝင်အောင် ပြောတာမျိုးလက်ခံနိုင်တယ် ။ အောက်ခြေလွတ်သွားတဲ့ အူကြောင်ကြောင်ကောင်တွေကို ပြောချင်လည်း ရှင်းအောင် ရေးလို့ရတယ် ။ဟိုလိုလို ဒီလိုလို ၀ါးလုံးသိမ်းရမ်းတာမျိုးတော့ ဘယ်နည်းနဲ့မှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး ။ငါရေးတာက ငါ့အမြင်ပဲ ..ဘာကိုမှ ကိုယ်စားမပြုဘူး..။...ပြည်တွင်းမှာ ဘယ်လိုမှလုပ်စားလို့မရလို့ အပြင်ထွက် ငွေရှာရတဲ့ ဘ၀တွေကို သရော်သလို စော်ကားတဲ့ကောင်လောက်တော့...နွေလှိုင်ဿုန်းလို့.... ကိုယ့်ကိုယ်ကို သတ်မှတ်ထားတဲ့ကောင်က မင်းကို အနုပညာသမားစာရင်းက လစ်လျှူရှူ့ထားလိုက်ပြီဆိုတာ နားလည်ထားပေါ့ ။နောက်တစ်ခု... အရှက်မရှိပဲ သီချင်းမမည်တဲ့သီချင်းဆိုတာတွေကိုလည်း Online ပေါ်မတင်ဘူးကွ နားလည်လား.. ။ကိုယ့်အဆင့်ကိုယ် နားလည်နိုင်အောင် အရင်ကျင့်ဦီးကွ..။မင်းအချိန်တွေ သိပ်ပိုနေရင် ရင့်ကျက်အောင် လေ့ကျင့်နေပေါ့ ။...အသက်မွေးဝမ်းကျောင်းမှု...အင်း ...ဘာပြောရမလဲ ။ဒီဇယ်ဆီ ပီပါလိုက်ရောင်းတာကို တစ်ပီပါမှာ ဓာတ်ဆီ ၅ ဂါလံလောက်ရောရောင်းတာ ဘာဖြစ်လဲ...။ကိုယ့်စီးပွားကိုယ် လုပ်တာပါပဲ....ကဲ...ဘယ်လိုလုပ်မလဲ...။အင်း ကမ္ဘာ့လူဦးရေ အဆမတန်တိုးပွားလာလို့ ငါ့တို့အိမ်ထောင်ပြုမဲ့အရေးပျက်ရမလား..။အိမ်ထောင်ပြုတာက ပြုတာပါပဲ... ငါ့မှာGtalk girlfri တွေအများကြီးပဲလေ...ကြူစရာ ကျုံးစရာ တွေက အများကြီးကျန်ရှိနေသေးတာပဲ ။နည်းနည်းလောက်လူသိသွားတာလောက်တော့ ငါလိုသောက်ရှက်မရှိတဲ့ကောင်အတွက် အေးဆေးပဲလေ...။မင်းလိုနောက်ပေါက်ဂွတီးဂွကျကောင်က ဖြဲနေလည်း ငါ့အတွက်ဆော်တွေနဲ့ လူပေါလေးတွေ အများကြီး အများကြီး ကျန်နေဦးမှာကွ ။တက်လာနေဦးမှာကွ...ဟင်းဟင်း....။...ဒီလိုပဲ လူဆိုတာ တဏှာနောက်လိုက်ရင်း အတ္တတွေဦီးစားပေးကြရင်း.....လောဘတွေဦးစားပေးရင်း....မောဟတွေ ဖိစီးရင်း ....အခုတော့ ..ကမ္ဘာကြီး ဒုက္ခတွေပြည့်လျှံရင်း... ဒီလိုနဲ့ပဲ...စိတ်ပျက်စရာ လူ့အောက်ခြေမဲ့ကောင်တွေ ပေါလာတာပဲပေါ့ ။ ပျိုမြစ်တက်ကြွနေခဲ့သော လူငယ်လေးတစ်ယောက်.....အခုတော့ အုံ့မှိုင်းတုံ့နှေး လေးကန်အတွေးများစွာဆူနေတဲ့ လူကြီးတဲ့ ။မင်းပြန်ရဦးမလား....စွန့်လွတ်ခဲ့ရတာမဟုတ်ဘူး ။အဲဒါ ကုန်ဆုံးသွားပြီးသား အသက် ။အသက်နဲ့မှီအောင် ရင့်ကျက်မှုမရှိခဲ့တော့လည်း အရွယ်နဲ့ ရုပ်ကိုမှုန်တေတေ ထားပြီး လူလေးစားအောင် ပေါက်ကရတွေရေး ၊ပြော ၊လုပ် ...နေလည်း သိတဲ့လူတွေက ကြည့်ပြီးပြုံးချည် ဟားချည် လုပ်နေရမယ်ဆိုတာ နားမလည်ဘူး ။ ဘယ်နေ့သေမှာလဲ ဆိုတာလည်း မင်း မတွက်ပါဘူး ။ အပိုမပြောနဲ့ ကိုယ့်အကြောင်းကို ကိုယ်သိအောင် လေ့ကျင့်ပေါ့ကွာ ။လူသိများတာနဲ့ ရင့်ကျက်တာ ဘာမှမဆိုင်တာ နားလည် ။ ဘာမှမဟုတ်တဲ့ကောင်က မင်းကိုပြောတယ်ဆိုတော့ မင်းက တင်းချင်မှာပေါ့ ။ဟင်းဟင်း.... မင်းထက်တော့ အောက်သက်ကြေတယ်ဆိုတာ နားလည်အောင်ကြိုးစားထားပေါ့ ။............
ဇော်ဇော်အောင်နှင့် အနုပညာ ဝေဖန်ရေးစက်တင်္ဘာ ၂၃၊ ၂၀၀၈ - ဒီတပတ် အနုပညာမိုးကောင်းကင် အစီအစဉ်မှာတော့ ဝေဖန်ရေးနဲ့ ပါတ်သက်ပြီး တင်ဆက်ပေးမှာပါ။ ဝေဖန်ရေးဟာ အနုပညာကိစ္စတွေမှာ သာမကပဲ လူ့အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုး ရေးမှာပါ အရေးကြီးတဲ့ကိစ္စ ဖြစ်တဲ့အကြောင်း၊ မြန်မာ့အနုပညာ လောကမှာရော မြန်မာ့လူမှုအသိုင်းအ၀ိုင်း မှာပါ စံနစ်ကျတဲ့ ဝေဖန်ရေး ထွန်းကားမှု အားနည်းနေတယ်လို့ စာရေးဆရာ ဇော်ဇော်အောင်က ပြောပါတယ်။ ဆရာဇော်ဇော်အောင်ဟာ တက္ကသိုလ်မှာ မြန်မာစာပေနဲ့ ဝေဖန်ရေး ပညာရပ်ကို သင်ကြားပို့ချခဲ့တဲ့ ဆရာတဦး၊ လက်ရှိလည်း အနုပညာစံနှုန်းတွေ၊ ကမ္ဘာ့စာပေရေစီးကြောင်း တွေကို မိတ်ဆက်ပေးနေသူတဦးလည်း ဖြစ်ပါတယ်။ ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားတာပါ။

မျှော်လင့်ချက်တွေ ရပ်လိုက်တော့လေ
ဒီလောက်ဆို နာကျင်ခြင်းအတွက် လုံလောက်ပါပြီ
အချိန်တန်တော့ ဘ၀ပေးကုသိုလ် အတိုင်းတွေ့မှာပေါ့

ဘ၀ဆိုတာ ဘယ်လိုလူတွေဘာကောင်တွေပဲဖြစ်ဖြစ်
အဆုံးသတ် သေခြင်းနဲ့ အပြီးသတ်ရမှာပဲလေ ။
တစ်ခုတော့ ရှိတယ် ....
ရေရှည်ခံတဲ့အရိပ်ကောင်းနဲ့
ယုတ်ခနဲ့ပျောက်ပျယ်မဲ့ထင်ယောင်ထင်မှားအတုအယောင်...
ပျိုမြစ်ခြင်းတွေကျော်လွန်ရင် ဇရာဘက်နှင်းလျှောက်လိုက်
နောင်တမရနဲ့ အိုကြီးအိုမနဲ့ မင်းအတွက် အထီးကျန်မှုတွေထဲမှာ

မင်းမက်ခဲ့တဲ့ စံချိန်ညွှန်းမိန်းမပျိုတွေကလည်း
သူတို့လိုရာတွေးကြရွေးခဲ့ကြတာပဲမဟုတ်လား....။.....

ရှာဖွေခြင်းလမ်းကို ကျောခိုင်းစွန့်ခွာတော့ ကိုယ့်ကိုယ်ပြန်သုံးသပ်ပေါ့...
ဟောဒီ လူသားအဖြစ်မှာ....ငြီးငွေ့ခြင်းကို တည့်တည့်ကြီးရင်ဆိုင်ရခြင်းက ဘယ်လောက်ခက်ခဲလိုက်ပါသလဲ ။ ဖျော်ဖြေရေးတွေ ပိုမိုများပြားလာတော့ ပျင်းရိခြင်းက ဟားတိုက်ရီမောရဲ့ ။ လူသားတွေ သူ့ကိုလွန်ဆန်နိုင်ဖို့ အသေအကြေကြိုးစားနေကြတာလေ ။တချို့က လမ်းလျှောက်တယ် ။ တချို့က ရေသောက်တယ် ။ တချို့က အလုပ်လုပ်တယ် ။ တချို့က ဆေးလိပ်သောက်တယ် ။ တချို့က ရည်းစားထားတယ် ။ တချို့က အရက်သောက်တယ် ။ တချို့က တွေးတောစိတ်ကူးတယ် ။ တချို့ကတော့ အချိန်ကြာတာနဲ့အမျှ အရူးရင့်ကြတယ် ။တချို့..တချို့...က..တချို့..... ။တစ်ခါတစ်ရံမှာ................နာကျင်နေရခြင်းကပဲ ဘ၀မှာ မောင်းနှင်အား အဖြစ်ဖန်ဆင်းနေလေသလား....???? ။ ငါ့အမှန်တရားကိုခင်းကျင်းပြဖို့ ဂုဏ်သိက္ခာရှိတဲ့နှစ်တွေ အသေသတ်ခံရသည့်တိုင် အကျွန်ုပ်ဆိုသောသူမှာ အမှတ်မရှိမိုက်လုံးကြီးလှ၏။ အဲဒီအကြောင်းကိုပဲ ထပ်ပြောရတာ ယောက်ျားတစ်ယောက် ငါ.......ရှက်သည် ။ ၀ဋ်ကြွေးကလည်း ကြီးတယ် ။ ကိုယ့်မီး ကိုယ်ပျိုးပြီး လွန်လွန်ကျူးကျူးလေး လောင်ကျွှမ်းပစ်လိုက်တယ် ။ ဒါပေမဲ့ တသက်စာ မက အိမ်မက် မက်ခွင့် မရှိရဘူးလား ......ပြောပါ ။၁ နှစ်မှာ ၁၀ လ အခမဲ့နာကျင်ရူးသွပ်ပွဲကြီး ခင်းကျင်းပြသခဲ့ရပြီးတာကို အားမရဘူး ။တစ်သက်စာရူးမဆုံးအောင် နွယ်နေတုန်းလား ။အဲဒီဒုက္ခမှာပဲ ကျင့်သားရပြီး နေပျော်နေပြီလား မသိ ။ ကိုယ် ကိုယ်ကို ၀ှက်ပြီး သီချင်းနဲ့ အန်ထုတ်ရတာလည်း ရေရှည်တော့ မကောင်းနိုင် ။ ဒဏ်ရာတွေ ပြန်မနွေးပဲ အေးခဲစေတာ သက်သာမယ် ။ သီချင်းဆိုတာ ရင်းတွင်းပေါက်ကွဲမှုရဲ့ သီးသန့်ကမ္ဘာက ခံစားချက်လွယ်အိတ် တစ်လုံးပါကွယ် ။ဒါပေမဲ့ ငါတို့အဖြစ်အပျက်တွေ ခြုံငုံပြည့်စုံစေမဲ့ သီချင်းမျိုးတော့ မွေးဖွားဖို့မဖြစ်နိုင်တော့ပါဘူး ။ဒီလိုနဲ့ပဲ....

ထပ်ပြီးစိတ်ကို အလိုမလိုက်တော့ဖို့ ရောဂါတွေက တောင်းဆိုလာကြပေါ့ ။ရေးစရာရှိတာတွေ ရေးလို့ ပြောစရာ ရှိတာတွေ ပြောဖို့ကျန်နေပါစေတော့ ။ ကြယ်တံခွန် တစ်လင်းစာ ဘ၀မှာ ငါရော နင် ပါ ...ကြီးပြင်းသေဆုံးဦးမှာပါ ။ ဒီခေတ် ဒီလှိုင်းထဲမှာ ပျော်ဝင်စီးဆင်းပြီး အဆုံးသတ်ဖို့ ငါတို့ အကြောင်းရှိခဲ့တယ် ။ငါတို့ ရှင်သန်ရမယ် ။ ရုန်းကန်ရမယ် ပြီးတော့ ...သေဆုံးရမယ် ။အခုထိ အလင်းမသိတဲ့ဝေဒနာတွေနဲ့ လမ်းမမြင်၊ကမ်းမမြင် လျှောက်ဆဲမို့ နောက်ဆုတ်ဖို့ မတွေးတော့ဘူးကွယ် ။


ငါရှေ့ဆက်မယ် ။မင်းလိုက်ခဲ့ချင်လိုက်ခဲ့ မလိုက်ခဲ့ချင်လည်း ငါမတားဘူး ။မင်းသဘောပဲလေ ။ငါတို့က လူ့ဘ၀ကို လူတွေအပေါ်ကနေဖို့သက်သက် ရှင်သန်နေတာမှ မဟုတ်တာ ။လူပေါတွေနဲ့တော့ လာမနှိုင်းနဲ့ ။အောက်ခြေမလွတ်တာတော့ အသေအချာပဲ ။လေသံမြှင့်ပြီးလေထဲလွင့်နေတဲ့ကောင်တွေ မဟုတ်ဘူး ။ ဘေးကကြက်တွေ ခြေပြင်းနေကြတော့လည်း အဲဒီအထဲ ငါမပါရဲတော့ဘူး ။ လူဆိုတာ သေဖို့ရှင်ရတာပဲ ။အဲဒီကြားထဲ ကိုယ်ဆက်သွားမဲ့လမ်းကို ကိုယ်ရွေးကြတာလေ ။နောက်ထပ် ဘယ်လို ဘ၀နဲ့ ခရီးဆက်မလဲ ။မင်းကိုယ်မင်း အသိဆုံးပဲ ။

ဇော်ဝင်းထွဋ်က ဂျစ်ပစီမိုးတိမ် တစ်ခွေပဲ ဆိုခဲ့ပြီး ................လေးဖြူကလည်း လိပ်ပြာ တစ်ခွေပဲထွက်ခဲ့တယ် ....။ဘ၀ရဲ့ပြဌာန်းချက်.........ဘယ်မလဲ...ဘာလဲ ။ငါဆိုတဲ့ လူတစ်ယောက်ရဲ့ အနှစ်သာရ.........အထွဋ်အထိပ် ပြဌာန်းချက်.....။ငါ့ဘ၀ ငါ့အတ္တရဲ့နောက်ဆုံးခရီး.....ဘယ်လိုပြီးမှာလဲ ။ဒွိဟလမ်းမထက်က ငါ့စကားတွေကတော့ လေထဲမှာပဲ သူလို ငါလို ပျက်ပျယ်သွားမှာပါပဲ ။၇ တန်းနှစ်သားဘ၀တည်းကသီချင်းတွေ နဲ့ကျောင်းပွဲတွေမှာ မြူးကြွခဲ့တာ... ဂီတာတီးပျော်ခဲ့ကြ....ကိုယ်ပိုင်သံစဉ်တွေရှာ ရေးခဲ့ရ.....အဲဒီအတွက်နဲ့ပဲ ငါ့ဘ၀က အချိုးအဆစ်တွေ များခဲ့ရတယ် ။အဲဒီလိုနဲ့ အရင်းအနှီးကြီးခဲ့တယ် ။ဒါပေမဲ့ ....ငါ ဘာဖြစ်ခဲ့သလဲ မေးရင် ဘာမှ မဖြစ်မြောက်ခဲ့ဘူးလို့ ဖြေရမယ် ။ ဖြစ်ခဲ့တာ သိခဲ့တာ ရခဲ့တာကတော့ ငါ့သမိုင်းနောက်ခံ ပန်းချီကားတစ်ခုလေ ။မိုက်မဲမှုတွေပြုခဲ့ပါတယ်ဆိုလည်း ဒါဟာ ငါ့မှတ်တမ်းပါပဲ ။ ဘာကိုမှ ဖုံးကွယ်နေစရာ အကြောင်းမရှိ ။ ဖြတ်သန်းခဲ့ရပုံချင်းမတူ တွေ့ကြုံရင်းနှီးရပုံချင်း မတူလို့ ဝေဖန်ထိုးနှက်မယ်ဆိုလည်း မင်းအလိုပဲပေါ့ ။ငါကတော့ ငါ့လမ်း ငါဆက်လျှောက်နေမှာပဲ ။မင်းသိထားတဲ့ ဘ၀အကြောင်း လုပ်ကိုင်ရန် ကျန်ရှိနေသေးတဲ့ အချိန်တွေနဲ့ အမှုကိစ္စတွေ အရာရာ ခြားနားကောင်း ခြားနားမယ် ။သေကြရမှာကတော့ အတူတူပဲ ။


Aug 13, 2008

မဖြစ်စလောက် ပဋိပက္ခဒဏ်ရာ

ငါဆိုတဲ့ကောင်ဟာ ပဲ့တင်သံတွေနဲ့ နားကွဲခဲ့တဲ့ကောင်ပါ ကောင်မလေးရယ်...။ ဘ၀လေးတစ်ခုထဲ မိုးပြိုမှာကြောက်တတ်တဲ့ငါ .....မင်းနဲ့ငါဘာတွေ ရှေ့ဆက်ဖြစ်မလဲ ။မသိချင်ဘူးကွယ် ။ဘာမှ ငါမပိုင်ဘူး ။ အရင်လိုမင်းက ငါ့ရဲ့မကြာမကြာ ကြုတ်နေတဲ့ မျက်မှောင်နဲ့ တွန့်တွန့်သွားတဲ့ နုတ်ခမ်းကို ကြည့်မရပဲ ဖြစ်နေချင်နေမှာပေါ့ ။ငါဟာ လူငယ်လေးတစ်ယောက်ဆိုတာကို သံသယဖြစ်ချင်နေမှာလား ။မဖြစ်စလောက်လောကဓံအတွက် ၀ိသေသတွေနဲ့အထူးပြုမနေစမ်းနဲ့လို့မင်းကရှုံ့ချတော့ ငွေစ တစ်ပြားမှ မရှိပဲပျော်စရာကောင်းတဲ့ငါတို့နေ့ရက်တွေကို လွမ်းတယ် ။တကယ်တော့ ငါရှင်သန်ခဲ့တဲ့ ကမ္ဘာဆိုတာ ကျဉ်းကျဉ်းလေးပါ ။ဩော်...ကောင်မလေးရယ်...မင်းနဲ့ငါ အတူရှိနေချိန်က ငါ့မျက်လုံးတွေကတဆင့် ငါ့ဝိညာဉ်စိတ်ကို မင်းနားလည်မယ် မျှော်လင့်ဖူးပါရဲ့ကွယ် ။မင်းကလည်း နားလည်သလိုလို ခပ်တည်တည်စိုက်ကြည့်နေခဲ့တာကိုး ။တကယ်တော့ မင်းဘာမှနားမလည်ခဲ့သလို နားလည်မှုလည်း မပေးဘူးလေ ။အခုမှ အရာရာ သတိရနေဆဲပါဆိုတာလေးနဲ့ ငါ့နံရံတွေကို အမှောင်တွေ ထပ်သုတ်ဦးမလို့လား ။ အဲဒီအချိန်ကတည်းက လရောင်ငတ်တဲ့ညတွေ ချည်းဖြတ်ရတာပဲလေ ။ ငါဆိုတဲ့ကောင်ကလည်း မင်းအတွက်ဆို ဆုံးရှုံးရင်းနဲ့ ပျော်မြူးနေတဲ့ဖယောင်းတိုင်ဖြစ်ခဲ့သူကိုး ။ ငါက အလင်းတွေပေးဝေခဲ့လည်း ငါ့ဘ၀က အမှောင်ထဲမှာပါ ။

ဇရာဆိုတဲ့အိုမင်းမှုက နေ့စဉ်နဲ့အမျှ ဆွဲခေါ်နေတယ်ဆိုတာ သတိထားမိရင် နှလုံးသားထဲက အရောင်တွေ ဖယ်ဖျက်သင့်ပြီကွယ် ။(၁၀)ပေါင်တူနဲ့ထုလည်း လွန်ခဲ့တဲ့(၁၀)နှစ်တာ အတိုင်း အစာမကြေတဲ့ စကားလုံးတွေက...ဟိုတစ်စ...ဒီတစ်စ ..ထိုးထိုးထောင်ထောင်ပဲ။ ထုသားပေသားမကျတဲ့ ရော်ဘာတုံးလေးပါလို့ ကိုယ့်ကိုယ် ကို ညွှန်းတော့ မင်းက ခွက်ထိုးခွက်လန်ရီခဲ့ရတယ်မို့လား ။ အဲဒီလိုနဲ့ ငါဟာ မင်းအတွက် ဖျော်ဖြေရေးပစ္စည်းလေး တစ်ခုလိုဖြစ်ခဲ့တာလေ ။ ဟိုတစ်ဘက်ကိုင်းက ပိုကြီးတယ်ဆိုပြီး မင်းစိတ်ကူးနဲ့မင်း ကူးသွားတာပဲ ။ အခုတော့လည်း ကြွပ်ဆတ်တဲ့ကိုင်းဆိုလားပဲ ။ ငါကတော့ အခုချိန်ထိ သဘာဝကို ရပ်ကြည့်နေတုန်းလေ ။ ငါရဲ့တွန့်နေတဲ့နုတ်ခမ်းဟာ ငါ့ဘ၀ကို ငါ သရော်နေတာပါကွယ် ။

ကြွက်ကဗျာဆရာလည်း ရေနစ်ပြီလေ ။ခြေတွေကျိုးတဲ့ငှက်တစ်ကောင်လည်း နားခိုရာမဲ့ပျံသန်းဆဲပဲ ။ ပုတ်သင်ညိုတစ်ကောင်လို ခေါင်းတညိတ်ညိတ်နဲ့ နောင်တတွေထမ်းထားတုန်း....။....မင်းပြောမယ်ပေါ့ ..ဒါဘာတွေလဲလို့ ။ ဒါ အစီအစဉ်မကျတဲ့ဘ၀ပြဌန်းချက်လေ ။ဟုတ်ပါပြီ...မင်းဖွဲ့နွဲ့နေတဲ့မင်းကောင်မလေးက ဘာမို့လဲ ...???ဆိုရင်တော့ ။ မိန်းကလေးအများစုတွေးထားတဲ့ ဘ၀ပုံစံအတိုင်း အဆင့်အတန်းသိပ်မြင့်မားချင်တဲ့..ဘယ်အရာမှ နက်နက်ရှိုင်းရှိုင်းမတွေးချင်တဲ့..အဆင်ပြေသလို သာသာယာယာ စီးဆင်းမဲ့... အသံမာမာ မွေးရာပါ မာန်တစ်ခွဲသားနဲ့ဟန်ပါပါ ပဲများတတ်တဲ့ ....၊ လူအများစုအတွက် စွဲမက်ဖွယ်ရာ မယ်မယ်ရရ မရှိတဲ့ ၊ သေသည်ထိ
အချစ်ဆိုတာကို လေးလေးနက်နက်မစဉ်းစားပဲနေသွားမဲ့ သာမန်မိန်းကလေးတစ်ယောက်ပါပဲ ။ အချစ်မှာ ဘ၀မရှိ ။မာနမရှိ ။အနိုင်အရှုံးမရှိ ။အပေးအယူ မရှိ ။အလဲအလှယ် မရှိ ။အချစ်ပဲ ရှိတယ် ။ထားလိုက်တော့ ။အချစ်ဆိုတာ ဘ၀တစ်စိတ်စာ အရူးထခြင်းပဲ ဖြစ်တယ် ။အခုတော့ ကျနော့်ဟာ ဘာမှ မရှိတော့တဲ့ကောင်လေ ။
ဘ၀ကို ငါကိုယ်တိုင်...စတင်မောင်းနှင်ချိန် ငါ နစ်မွန်းခဲ့တဲ့ ဘ၀ကို ဆင့်ပွားရှုပ်ထွေးမဲ့အတွေးတွေ ငါ ဖြတ်လို့ရနိုင်မလား ။အရင်လိုပဲ မိုးပြိုလာဦးမလား ။မသိဘူး...။ငါ ...မသိဘူး..။လူသားအဖြစ်ရှင်သန်ချိန်... ဘာလို့တခြားလူတွေနဲ့ ကွဲပြားနေစေတာလဲ...????၊။၊။ငါကိုယ်တိုင်ရေးခဲ့တဲ့ သီချင်းကို ငါပြန်ဆို ချင်သေးလား ။ အခြေအနေ၊ အချိန်အခါနဲ့ အသက်အရွယ်ဆိုတာ ဘယ်လိုဘာသာစကားနဲ့ လူတွေကို နားလည်စေတာလဲ ။လူဆိုတာတွေက ခပ်တည်တည်နဲ့ အထီးကျန်နေကြရတဲ့သူတွေပဲ ။မင်းက ပြန်ပြောချင်ပြောမယ် ။မပြောချင် မပြောဘူးပေါ့ ။ ဘာသာတရား အဆုံးအမတွေ ရှိနေတာပဲ ။အဲဒီလမ်းကို လိုက်ပေါ့လို့လေ.....။ လွယ်လွယ်လေးလား.....လို့ပဲ ပြန်မေးစရာ ငါ့မှာရှိမယ် ။ငါတို့တွေရဲ့ စိတ်ဆန္ဒကို ကိုယ်တိုင် ပြန်မေးပါဦး ။မင်းမှာ ယုံကြည်ကိုးကွယ်တဲ့ဘာသာတရား အမှန်တကယ် ရှိတာ သေချာရဲ့လား ။မင်းက ဘယ်ဘာသာတရားကို ယုံကြည်တာလဲ ။အဲဒါက.....။..........။ဩော်...မင်းက Phd;(Electrical)က မင်းတစ်ယောက်ထဲမို့ဖွင့်မပေးနိုင်ဘူးလို့ မောင်သောင်းက အကြောင်းပြန်တော့ ၀င်ခွင့်အောင်ပါရက် ကျောင်းတက်ခွင့်မရလို့ ၀မ်းနည်းနေမပေါ့ ။မင်းအဖေကတော့ လည်မြိုကနေ အလုံးကြီးတစ်လုံးပြုတ်ကျသွားသလို အသက်ရှူချောင်သွားမှာ သေချာပါတယ် ။ ကလေးလည်း မဟုတ်တော့ဘူးလေကွယ် ။ဘ၀အကြောင်းကို နည်းနည်းလောက်ဖြစ်ဖြစ် ခေါင်းထဲထည့်ထားပေါ့ ။မင်းအသက်ရှင်နေထိုင်ဆဲ ဘ၀အကြောင်းကိုပဲ ပြန်တွေးပါ ။ငါရေးတဲ့စာကို ဆက် ဖက်ချင်ဖက် ....မဖက်ချင်နေလိုရတယ်...။ဘ၀မှာ ဘာတွေ တကယ်လိုအပ်လဲ???။ဘာတွေက သိပ်ပြီးအရေးကြီးနေလဲလို့....။ မင်းမနက်ဖြန် သေရမယ်ဆိုတာ သိရင် မင်းဘာလုပ်မလဲ ။...?????

Jul 9, 2008

ကျွန်တော် ဟစ်ပီ



(၄) ရက်နေ. ။
ကိုဝမ်းတင်က ကျောင်းသူဆောင်တစ်ဆောင် ရှေ့မှာ သူ့ရဲ့ပျောက်သွားတဲ့ကဗျာနဲ့ဘဝကို ပြန်ရှာဖွေနေတယ် ။အကို...အခု ကျနော် ဘာလုပ်ပေးရမလဲဗျ??? ပလက်ကင် တီးကွာ ငါ ရင်ဖွင့်မယ်..။...ဟုတ်...အကို ဘာသီချင်းလဲဗျ ။ငါ့ကိုယ်ပိုင် သီချင်းကွာ မင်းတီးချင်တာ တီး ငါ့သီချင်းက တီးလုံးမရွေးဘူးကွ ။ဩော်... အိုကေဗျာ ဖြစ်တယ်။ ရှာဖွေနေရတာလည်း ကြာလှပါပြီ ။ခြေသလုံးအိမ်တိုင်ဖြစ်သော ကျွန်ုပ်သည် မွေးကတည်းက ယခုထိ အိမ်မရှိပါချေ ။နေထိုင်ရာ အတည်တကျ မရှိပါလေ ။ဘာနဲ့ ခပ်ဆင်ဆင်တူသလဲဆိုတော့ ဆယ်နှစ်ပွဲဈေးသည်နဲ့ တူတယ် ထင်တယ် ။ဒီပွဲတော်ရက်က (၁၀)ရက် ရှိတယ်လေ ။ကျွန်ုပ်၏ အသက်ထက်ပိုမို တန်ဖိုးထားချစ်ခင်မြတ်နိုးတွယ်တာ စုံမက်ရပါသော အိုဘယ့် ချောသိင်္ဂီရတနာခိုင်စုလှိုင်သင်းပျံ့ပျံ့မွှေး ရေ....မင်းရောတွေ့လား ။ဘုရားကြီးပွဲဈေးမှာ မင်းရဲ့ ခြေလက်အတက်လေးတွေ ငါ့ကိုမြင်တော့ ခပ်ဝေးဝေးက ရှောင်ပြေးကြတယ် ။ငါလည်း အကောင်းဆုံးရှာဖွေနေတာပါပဲလေ ။မင်းဘယ်နားမှာ ပစ်ချထားခဲ့တာလဲ ။တစ်ခါတစ်လေ ခဏတာ မျက်နှာငယ်ရတတ်ပေမဲ့ ........တစ်ခါတစ်ခါ မျက်နှာငယ်ရခြင်းဟာ တစ်ဘဝစာ ဖြစ်သွားတတ်တယ် ။မင်းကတော့ မင်းဘဝကို အလှဆုံးဆင်ယင်နေချိန်မှာ တစ်ပါးသူတွေ ဘာလုပ်နေကြလဲ မင်းအဝေးမြင်အသိဥာဏ်နဲ့ မျှော်ကြည့်တတ်ပါစေ ။ကိုညီလင်းဆက်တို့ကို လေးစားပါ၏။မြို့ပြလူသားများကဲ့သို့ဟန်ပန်မာယာမရှိပဲ ရိုးသားပြီး လူနေမှုအဆင့်အတန်းအသိပညာ နိမ့်သော်လည်း အမှန်တကယ်ဒုက္ခရောက်နေ၍ အမှန်တကယ်ပင် စိတ်ရှည်သည်းခံကာ ကိုယ်ဖိရင်ဖိ ပြုစုထူမပေးနေခြင်းအား ဦးညွှတ်ဂုဏ်ပြုပါ၏။ လူ့ဘဝမှာ ဘယ်အရာက တန်ဖိုးအဖြစ်ရှင်သန်ခွင့် ပေးတာလဲ ။ဘုရားသခင်ပဲ သိမှာလား ။ခင်ဗျားလည်း ဖြေလို့ရပါတယ် ။ငါ့စာတွေ ဘယ်သူမှ ကြည့်မရဘူး....ဟုတ်လား...ဩော် ...ဒါများ ထူးဆန်းသလား ။သဘာဝကျကျ ဖြစ်တဲ့အပြုအမူပဲလေ ငါကျေနပ်ပါတယ် ။ခင်ဗျားက ခပ်ညံ့ညံ့စာတွေ ရေးတာကိုး ။ကျွန်ုပ်၏စာမျက်နှာထံသို့ ချောင်းမြောင်းကြည့်ရှူ့သူများ နေထိုင်ကြ၏။မင်းထင်တာတွေ အမှန်တကယ် မှားမှန်းသိရင် ဘာလုပ်မလဲ ။မင်းကိုယ် မင်း ရင့်ကျက်ပြီလို့ မြင်ထားရင်တော့ ပြန်စီစစ်လိုက်ပေါ့ ကွယ်။ကြည့်မြင်တတ်တဲ့ အလေ့အထ ရှိရင်တော့ ဘယ်သူမှ ပြောစရာမလိုဘုး ။မင်းကိုယ်တိုင် က ရေလို ပျော့ပျောင်းနေပြီလေ ။အချိုးအကွေ့ လေး တွေကို အသာအယာ စီးဆင်းနိုင်ပြီပေါ့ ။

မနက်ဖြန် မင်းလာမှာလား ။အေး...ဆက်ဆက် လာခဲ့ပါမယ်ကွ ။မင်းသာ အိပ်ရာထ နောက်မကျစေနဲ့ ။အင်း.. ပြီးတာပဲလေ ။ကျနော်က အိပ်ရာထပဲ နောက်ကျတာပါ.. စိတ်ဓာတ်တော့ နောက်မကျပါဘူးဗျ ။အေးပါကွာ ထားပါတော့ ....မင်းကတော့ လေပဲ ။ပြီးရင် လာကြပါ ကြည့်ရှူ့ကြပါ မအော်နဲ့ ။အဲဒါတွေကြောင့် မင်းကို စိတ်ပျက်တာ ကြာပြီ ။ကိုယ့်တန်ဖိုးလေးနဲ့ ကိုယ်နေစမ်းပါကွာ ။လူတွေက.. အထင်ကြီးတယ် အထင်သေးတယ် ဆိုတာတွေ မင်းကို ဘယ်လောက်ပြောင်းလဲပေးနိုင်လို့လဲ ။ဒါတွေက အပေါ်ယံ ခဏတာတွေပါ ။ကျနော် စီးဆင်းတဲ့မြစ် အကြောင်း ရေးဖို့ရှိတယ် ။အဲဒါဟာ လူမျိုးစု တစ်စုသာဖြစ်မယ် ။ဘဝတစ်ခုစာ မျက်နှာဖြစ်တယ် ။ပြောင်းလဲ မရတဲ့ အကြောင်းတရား ဖြစ်မယ် ။တကယ်တော့ ကမ္ဘာကြီးက အဟောင်းကြီးပါကွာ ။အရာရာ ဟောင်းနွမ်းနေတာပဲလေ ။မကြားဖူးတာ မတွေ့ကြုံဖူးတာ အသစ်လား ။ကျနော့်ချစ်သူ၏ အကြောင်းများသည် သူသေဆုံးသွားသည့်တိုင် အမြဲသစ်လွင်နေပါ၏။ ကျနော်သည် ရူးသွပ်နေတဲ့ ရွက်သင်္ဘောတစ်စီး ဖြစ်သည် ။


Jul 5, 2008

တောက်တိုမယ်ရ ဝက်ျများ


ကျေးငှက်သာရကာတို့ မြည်တွန်သံ ကြားရပြီ ။မျက်ဝန်းတို့သည်ကား အိပ်စက်ခြင်းသို့ ခရီးမရောက်နိုင်သေးချေ ။တောက်တိုမယ်ရ စာသားများကိုရေးသောသူမှာ ကျွန်ုပ်ဖြစ်သည်။ခင်မင်သူများကို မခင်ပါ ။ခင်သောသူများသည်လည်း မခင်တစ်လှည့် ခင်တစ်လှည့်ဖြစ်သည် ။မခင်က ပဲပြုတ်ရောင်းသူဖြစ်၍ လင်ယူသားမွေးပြုသူ ဖြစ်၏။ကျွန်ုပ်တို့ အသုံးပြုသည့် Email ကို ကုလားတစ်ယောက်က ထုလုပ်ပေး၏။ ဤလူအား မြန်မာပြည်က စာပို့သမားများ တောင်းရမ်းသကဲ့သို့ ငွေ ၂၀၀ ကျပ်လောက်ပေးချင်ပါသည် (စေတနာ ပါပါနှင့်)။ဤအရာမှာ ရေမျောကမ်းတင်နှလုံးသား ဖြစ်သည် ။လေနှင်ရာလွင့်မျောတဲ့ အခိုးအငွေ့ဖြစ်သည် ။စူပါကြိုးမျှင် သီအိုရီ ဖြစ်သည် ။ကျွန်ုပ်အား ဗြောင်မုန်းသူများနှင့် တိတ်တိတ်ပုန်း ကြိတ်မုန်းသူများဖြစ်သည် ။လိုအင်ဆန္ဒ ပြည့်ဝကြပါစေ ။ငါ့ရဲ့ A4 နဲ့စာမျက်နှာအပြည့်ရေးတဲ့ ရည်းစားစာစက္ကူထုပ်ကြီး ပြန်လိုချင်တယ် ။တကယ်ရေကြီးလာတော့ အပေါ့အပါး လေးတောင် ခက်ခဲလိုက်တာဗျာ ။သက္ကရာဇ်တွေ စကားပြောလာရင်တော့ သူမ စကား ပြောနိုင်တော့မည်မဟုတ်ပါ ။ ဤအရာသည် သဘာဝနှင့် ယုတ္တိဗေဒလွန် အကြောင်းအရာများလား ။အကောင်းစား ဖုန်းလိုင်းတစ်ခု မြန်မာပြည်အသုံးပြုရန် လိုအပ်သည်။ အသုံးပြုရန် မြန်မာပြည်လိုအပ်သည် ။လိုအပ်သည်မှာ မြန်မာပြည် လိုအပ်သည်။

အောင်ရင် အနုကြမ်းမှုနဲ့ စိခံရတယ်ကွ ။ဘာဖြစ်တာလဲ ..ဘာလို့တဲ့လဲကွ ။အာ ပြောရရင် အရှည်ကြီးကွ ။ကွန်နက်ရှင်လည်း မကောင်းဘူး ။ဓါတ်ဆီဈေးက ၅၂၀၀ တဲ့ ။ခြေလျှင်တောင်တက်အသင်း ကို သင်တန်းပို့ချပေးဖို့ ဖိတ်ခေါ်ပါသည် ။ဆိုင်ကယ်တွေ လိုင်စင်လုပ်ပေးနေတာလေ ။ဆီစာအုပ် မရဘူးကွ ။ဒီလိုပါပဲကွာ အရင်းရှင်နဲ့ စစ်တပ်ပေါင်းပြီးလုပ်တာပေါ့ ။မလိုရင် မလိုသလို လိုင်စင်လုပ်ခွင့်ပိတ်ထားမှာပဲလေ ။အဲဒါတွေ စဉ်းစားမနေပါနဲ့တော့ကွာ ။အနုပညာဈေးကွက်လည်း ပျက်ပါပြီ ။ဘာများ အကောင်းကျန်သေးလဲ ။မင်းထက် အရင် သူတို့က ကြည့်ပြီးနေပြီ ။အကောင်းကျန်သေးရင် ရောင်းစားဦးမှာပဲ ။
နောက်ထပ်ရှိဦးမှာလား ။မိုးတွေ အရမ်းသည်းနေတယ် ။ဒေါက်တာဘွဲ့ယူချင်သေးသတဲ့လား ။ဂုဏ်ယူပါတယ်ကောင်မလေး ။ဖဲရိုက်ရန် ငွေလိုတယ် ။ချဲထိုးရန် ငွေလိုတယ် ။ထီထိုးရန်ငွေလိုတယ် ။ လိုတယ် ...လိုတယ် ...လိုတယ်....။လောဘရယ် ဒေါသရယ် မောဟရယ်ကျွန်ုပ်နှင့် အတူနေထိုင်စားသောက်ကြ၏။မနာလိုတတ်သော အကျင့်တော့ထိန်းသိမ်းနိုင်ပါသည် ။ဘာကိုမှ ဂရုမစိုက်ဘူးလား ။လူတွေကို ဂရုမစိုက်တဲ့ ချာတိတ်တစ်ယောက်

Jun 26, 2008

တံခါးပေါက်ဝသို့ လှည့်ပြန်ခြင်း


သတိရခြင်းနှင့်စပ်လျှဉ်း​၍ သည် စပ်လျှဉ်း၍ဖြစ်သော အကြောင်းဖြစ်၏။ဤစာကို သင်ဖက်လိုက ဖက်နိုင်၍ မဖက်လိုက ကျော်ခွသွားပါ ။ကျွန်ုပ် ရေးစရာရှိသည်အား ရေးမည်ဖြစ်သည် ။လူ့ဘ၀လမ်းသည်ကား စုပ်ပြတ်နေသောယန္တရားစက်အိုကြီးနှင့်တူလေ၏။အဆိုကို ငြင်းဆိုလည်း သင်၏ သဘောသာဖြစ်သည်။ ဖင်လန်နိုင်ငံသည် မြန်မာပြည်၏ ဟာသပြတ်လုံးထဲတွင်သာ ရှိ၍ ယင်းနိုင်ငံသည်ကား ကမ္ဘာ့ပညာတတ်အများဆုံး ထွန်းပေါက်မွေးထုတ်နိုင်သောနိုင်ငံများ၌ ပါဝင်လေ၏။မြန်မာ့အင်္ဂျင်နီယာအသိုင်းအ၀ိုင်း၌ နည်းပညာသည် တချို့ တချို့ အနှိပ်သည်ဘ၀သို့ မကြာခဏရောက်တတ်ကြရသည် ။လုပ်ပိုင်ခွင့်အာဏာသာ မရှိရင် မန်နေဂျာဆိုလည်း သန့်ရှင်းရေးသမားက အစ လူမထင်ဘူးလေ ။နီဂရိုးများ ကပ္ပလီများကဲ့သို့ ပြောလိုရာပြောနိုင်ရန် Fruityloops နဲ့ ကာရန်စကားပြောတွေ သင်ယူရပေမည် ။လူမှန်နေရာမှန် ရွှေ့နိုင်ဖို့ ဘာလိုနေလဲ ။ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရမှာကြောက်သလား ။ငါဟာ ဘာကောင်လဲ စီစစ်ရမှာကြောက်သလား ။ငါကတော့ ငါ့ကိုယ်ငါပဲ တော်တည့်မှန်ကန်တယ် မြင်တယ် ။မယုံရင် ကိုယ့်ကိုယ် ကိုယ်မေးကြည့်လေ ။မနက်ဖြန် ငါ ဦးဘိုးလှိုင်ကိုခေါ်ပြီး နာဂစ်ကို နွားဖားကြိုးထိုးမယ် ။အသေအကြေ ကြိုးစားပြီးမှ စိတ်ပျက်စရာတွေ တသီတတန်းကြီးကြုံရရင် ဘာဆက်လုပ်မလဲ ။မိုးပြိုမှာကြောက်နေရင် ဘာမှမလုပ်နဲ့တော့ ။စိတ်ဝင်စားရင် ဆက်ဖက်နိုင်ပါတယ် ။မကျေနပ်ရင်လည်း ဆဲသွားပေါ့ ။အခွင့်အရေးရှိပါတယ် ။

အပေါ်ယံတွေပါကွာ ။ရုပ်ဝတ္ထုပစ္စည်းတွေတိုးတက်တာနဲ့ လူတွေရဲ့စိတ်ဓာတ်က မြင့်တက်ရောလား ။ဆင်ခြင်ဥာဏ် အသိတရားတွေ ကျယ်ပြန့်ရောလားကွာ ။ကိုယ်တိုင်လုပ်မှ ဖြစ်မဲ့ဟာက သူတပါးဆောင်ကြဉ်းပေးလို့ရရိုးလား ။သူက ဇော်ဝင်းထွဋ်ထက် အသံကောင်းတယ်လေ ။အကိုကြီးတို့...အမကြီးတို့.......ထမင်းလေးဟင်းလေး ကျန်ရင် သနားပါ.....။အဲဒါသူ့ကိုယ်ပိုင်သံစဉ်နဲ့ စာသားပဲ ။"သင်၏တုတ်ကို လွတ်လပ်စွာ ဝှေ့ယမ်းနိုင်ပါသည် ။ဒါပေမဲ့ ကျွန်ုပ်၏ခေါင်းကိုတော့ မထိခိုက်ပါစေနဲ့ ။"ဆိုတာ လူပြိန်းနားလည်နိုင်တဲ့ ဒီမိုကရေစီ အခြေခံမူဝါဒလေ ပေါက်ကရအတွေးတွေလား ။လူတွေ သတ်မှတ်ထားတဲ့ တန်ဖိုးတွေ လိုက်စုဆောင်းပြီး ကိုယ်တိုင် တန်ဖိုးပျောက်နေရင်တော့ဘာတွေ ဘယ်လိုဆက်လုပ်မလဲ ။မင်းအသက်က နေထိုင်ခွင့်အတွက် ဘယ်လောက်ကျန်နေသေးသတဲ့လဲ ။တမ်းတမက်မောစွာ မျှော်လင့်အိပ်မက်ဆန္ဒလက်ကျန်လေးတွေ ဘ၀မသေခင် အပြတ်ရှင်းခဲ့ပါ ။ဟောဒီကမ္ဘာက မထင်တာတွေ မမျှော်တာတွေ တသောသော ၀င်တတ်တဲ့မြေကြီးလေ ။၃၇ သောနတ်မင်းကြီးများကို မမြင်ဘူးရင် အချစ်ဆိုတာကိုလည်း ယုံစရာမလိုဘူး ။မမြင်ရလို့မယုံဘူးဆို ရှိသမျှအပေါက် အကုန်ပိတ်ပြီး အသက်မရှူပဲသေလေ ။အဲဒီကောင်တွေကို မင်းမြင်ဖူးလား ။မြန်မာပြည်မှ ပိုးမွှားတိရစ္ဆာန်ကြွက်၊ပိုးဟပ်၊ခြင် ၊ယင် အစရှိသည်တို့မှာ ချမ်းသာစွာ နေထိုင်နိုင်ကြကုန်၏။ သာဓု ၊သာဓု၊ သာဓု ။ငါတို့သစ်ပင်တွေက အသီးအပွင့်တွေကို ခူးယူစားသောက် ခံနေရတဲ့ဘ၀က ဘယ်တော့လွတ်မလဲ ။ငါ့ကိုယ် ငါပဲလောင်ကျွမ်းနေပါရစေ ။မင်းထင်နေလို့ပါ သိပ်မခက်ဘူး ။သဘာဝနဲ့တော့ ကန့်လန့်မတိုက်နဲ့လေ ။မွေးကတည်းက မင်းခေါင်းပေါ်မှာ ကောင်းကင်က အုပ်မိုးပြီးသားပါ ။မင်းမလွတ်မြောက်တာ သေချာတယ် ။အောင်မြင်ကျော်ကြားတဲ့ လူတွေအများကြီး ။သီချင်းတွေအများကြီး ။ ကဗျာတွေ အများကြီး ။စာတွေအများကြီး ။ဖန်တီးမှုတွေ အများကြီး ။ဒါနဲ့ ယဉ်ကျေးမှု နဲ့ လူ့သမိုင်းက တိုးတက်ရောတဲ့ ။ဘယ်ကောင်ပြောခဲ့သလဲ မမှတ်မိတော့ဘူး ။ကမ္ဘာကြီးတိုးတက်လာတာ လူတွေက ပျင်းလို့ပါတဲ့ ။ကောင်းလိုက်တဲ့ သုံးသပ်ချက်ပဲ ။ဘာလို့ထောက်ခံလဲ ။ငါလည်း ငပျင်းမို့လို့ပေါ့ ။မနေ့ညက ငါဖျားသွားတယ် ချစ်သူရေ။
စိတ်ဓာတ်တွေလည်း ဘုံးဘုံးလဲပြိုလို့ကျဲပြန့်နေတဲ့ ငါ့ဘ၀ကို တစ်စစီလိုက်ကောက်ရတယ် ။အခုထိ မပြီးသေးဘူး ။ကြာရင် အိပ်မက်ကို ငါပြန်မက်မိမယ် ။တစ်ခါက အချစ်စစ်ရှာကြည့်ဖူးတယ် ။အကုန်လုံးနဲ့ အလဲအထပ် လုပ်ဖူးတယ် ။တစ်ခါက မိုးလင်းညတွေ နှစ်နဲ့ချီဖူးတယ် ။အမြဲလို အသံကွဲနာအက်ကြေဖူးတယ် ။တစ်ခါက ဘ၀ကို ဘ၀လို မသတ်မှတ်ပဲ ရူးမိုက်ခဲ့တယ် ။တစ်ခါက ကျောင်းတံခါးဝမှာနောင်တမဲ့ အပျော်ကြူး ရင်း နာကျည်းဖူးတယ် ။တစ်ခါက ဘာမှမဖြစ်ခဲ့တာတွေအကုန် ဘာမှမဟုတ်မှန်း သိခဲ့ဖူးတယ် ။အမျိုးအစား ကို ငါကခွဲတာလား ။ငါ့ကိုခွဲတာလား ။ဒါက ငါ့အလုပ်မဟုတ်ဘူး ။ကောင်မလေးရယ်...ငါမှစပျစ်သီးမဖြစ်ချင်ခဲ့တာပဲ ။နင် ပန်းသီးစားမယ်ဆိုလို့လေ ။အခုတော့သူ့ကိုမုန်းထားလိုက်ပြီ ။သူငါ့ကို လိမ်တယ်လေ ။လောကမှာ ဒူးရင်းသီး အနံ့နဲ့ ခပ်ညံ့ညံ့ အသိဥာဏ်တွေကို မုန်း၏။အင်း လမ်းလျှောက်ထွက်လာတယ်ဆိုပါတော့ ။ကျွန်ုပ်သည် နာဂစ်ဟူသော ကမ္ဘာကျော်လှိုင်းလုံးတစ်ခုဖြစ်သည် ။(သို့မဟုတ်) မဖြစ်ပါ ။အချိန်ကြာလာတာနဲ့ အမျှ လူတွေဟာ လူတွေရဲ့ အမေ့ခံဘ၀ဖြစ်သည် ။အခန်းတွင်း၌ဆေးလိပ်ငွေ့နှင့်Air Fresher ရှိသည် ။သောက်လက်စ ကော်ဖီ ၊အရက်နဲ့ နွားနို့ရှိသည် ။စက္ကူတချို့နှင့် ကောင်းစွာနားနည်သော ဘာသာစကားတို့ရှိကြသည် ။ကဗျာသီးများပွင့်လာရန် ပျိုးပင်တချို့ ၀ယ်ထားသည် ။Weed ကို ကုလားများက အ၀တ်အထည် ပြုလုပ်ရန်စိုက်ပျိုး၏။မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံး သတ္ထုတွင်းကြီးက အသို့နည်း ။၎င်းတွင် လုပ်ကိုင်နေကြဆဲ လုပ်သား ပြည်သူများရော အဘယ်သို့ရှိအံ့နည်း ။ကလေးတွေက ကျောင်းပိတ်ရက်တွေမှာ စက်ရုံဘေးက သံတိုသံစတွေ လိုက်ကောက်ပြီး မိသားစုဝမ်းရေးကို တစ်ဖက်တစ်လမ်းက ၀င်ဖြေရှင်းပေးရတယ် ။ရဲမိရင် အချုပ်ထဲ တစ်ညအိပ်ရတယ် ။ငွေတစ်သောင်းပေးပြီး မိဘက ရွေးထုတ်ရတယ် ။ကျောင်းသားပဲ အဖမ်းမခံရပါဘူး ဆိုသွားကြည့်ပါချေ ။ ။မကောင်းတာရော ကောင်းတာရော အကုန်ကောက်ပြီး ဈေးပေါပေါနဲ့ သွားရောင်းရတယ် ။စစ်တပ်နဲ့ တရုတ် အရင်းရှင်နဲ့ ပေါင်းစားတယ် ။စီးပွားရေးလုပ်ငန်းကောင်းမွန်စွာမရှိသော အဲဒီမြေက အခြေခံလူထုတွေ ကမ္ဘာကြီးနဲ့တင် မဟုတ်ဘူး ။မြန်မာပြည်နဲ့ပါ အဆက်အသွယ်ပြတ်တယ် ။လမ်းပန်းဆက်သွယ်ရေး ခက်တယ် ။မြေပြန့်ကလူတွေ ပင်စင်ရပြီး ပြည်မကို ပြန်စရာ စရိတ်မရှိ ၊ကိုယ်ပိုင် အိမ်ယာမရှိ ၊အရာရှိဘ၀နဲ့ ပင်စင်ရပြီး ဆွေမျိုးတွေဆီ မျက်နှာငယ်လေးနဲ့ ကပ်နေရမဲ့ ဘ၀မဖြစ်ချင်ကြလို့ အကြံပေးအရာရှိ ဆိုပြီး နေ့စားလစာနဲ့ ပြန်ဝင်လုပ် ၊အစိုးရက ပြောင်းရွှေ့ပေးတဲ့ ခပ်စုပ်စုပ်အိမ်ငယ်လေး ပြောင်းနေရင်း ဘ၀နေ၀င်ချိန်ကိုနာနာကျင်ကျင်နဲ့ အဆုံးသတ်ကြရသူတွေ ဒုနဲ့ ဒေး လေ။
အဲဒီမှာ ဗြိတိသျှခေတ်က အုပ်ချုပ်သူလူတန်းစားရဲ့လက်ျန်ခမ်းနားမှုမှိန်ပျပျလေးကို မြင်နိုင်သေးတယ် ။အဲဒီမှာ ပင်လယ်ရေမျက်နှာပြင်အောက် ရောက်နေတဲ့မြေအောက်မိုင်းကြီး -အဲဒီမှာ မကြာခဏ အခန်းရိုက်ထားတဲ့ သတ္ထုရိုင်းတွေ ပြိုကျတဲ့-အဲဒီမှာ လူသားတွေနဲ့ ၀ိညာဉ်တွေ အပြည့်ပဲ ။ပျားဘုရင်မအတွက် အသက်ပေးရတဲ့ လုပ်သားပျားတွေအကြောင်း မင်းသိမှာပါ ။ဤလမ်းကို လျှောက်၍ ဤပန်းကို ချစ်ပါ ချောသိင်္ဂီရတနာ....။ခရေတွေဟာ သူ့ရနံ့အတွက် သစ္စာအမြဲဆုံးမို့ သူ့ကိုသာ ငါ့ကိုယ်စား နမ်းလိုက်ပါ...။ငါ့ကို နားလည်သလို ကြည့်ခဲ့တဲ့ မျက်ဝန်းတွေကို ကျောခိုင်းသွားသည့်တိုင် ယုံကြည်နေလိုက်ပါ့မယ် လေ ။ဒါ Dominant shift လား ။မသိပါ ။Surrealism လား ။ဟာကွာ လာပြန်ပီ မသိပါဘူး ဆိုမှကွာ ။သေဒဏ်စီရင် ရာမှာ မနီလာ လျှော်ကြိုးသုံးသတဲ့ လေ ။၈'၆"ကြိုးတစ်ချောင်းက အမဲဆီသုပ် နေလှန်းထားပြီးပြီတဲ့ ။ကျနော့်ကိုစောင့်နေတာလား ။ယင်ကောင် အမျိုးအစားပေါင်း ၃၅၀၀၀ကျော်ထဲက တစ်မျိုးက Louis Pasteurရဲ့ အရက်ခွက်ထဲမှာမူးနေတာ တွေ့တယ် ။နြူထရွန်ဓာတ်က အဆိုးဆုံးဆိုဗျ ။အေရးထဲ ညေနစာ ဆန္မရွိပါဘူးဆို ဒီေ-ာက္ရူးက တစ္မ်ိဳး..။ကျွန်ုပ်လေးစားကြည်ညိုရသောပုဂ္ဂိုလ်များသည် မည်သည့်အချိန်၌ပျောက်ကွယ်တိမ်းပါးကြမည်နည်း ။ ခင်ဗျားရဲ့စိတ်ဖောက်ပြန်မှုကို ပြန်ဖက်ကြည့်စမ်းပါ ။နောက်ပြန်လှည့်လို့မရတဲ့ဘ၀ဆိုတာ တကယ့်ကို တိုတိုလေးမဟုတ်လားဗျ ။
ဩော်.........တကယ်တော့ စိတ်ဆိုတာ မိတ္တူစက် တစ်လုံးထက်တော့သာပါသေးတယ်လေ........။ ။ဤသို့သော စာရေးရန်လူခြေတိတ်ချိန်တိုင် စောင့်မျှော်၍ ရေးသား၏။ယခု စာဖက်သူ၏ မေတ္တာပို့ခြင်းနှင့်အတူ အိပ်ရေးပျက်ခြင်းများ ထပ်တူထပ်မျှခံစားရပါ၏။ သို့ပါသောကြောင့်ကျေးဇူးတင်ပါသည် ။

Mar 28, 2008

မိုးအကြောင်း၊မျောလွင်.နေတဲ့ခြေရာတစုံ၊ကမ္ဘာမကြေသီချင်း

ခွင့်လွတ်ချင်လွတ်၊ မလွတ်ချင်နေတော့ ချစ်သူ။ဘ၀ကိုယ်စီ ပိုင်ဆိုင်နေတဲ့လူသားတွေပဲလေ။ဆန္ဒရှိရာ ပျံသန်းဖို. တောင်ပံတွေရှိတာမို. ယုံကြည်ရာကိုယ်စီလမ်းတွေပေါ် စီးမျောကြမှတော.ကွယ်။....ငါမရောက်ဖြစ်တော့မဲ့လမ်းထဲ မှာ....မိုးတွေရွာလာပြန်ပြီလားချစ်သူ...။ဝမ်းသာအားရ ငိုချလိုက်တော့လေ ဟိုအရင်က ရီသံတွေရဲ့ အစားထိုးရမဲ့ကွက်လပ်နေရာမှာ........

ဟေ့ကောင် ...ကွာ...
မင်းဘာတွေရေးနေတာလဲ။အူကြောင်ကြောင်နဲ.ကွာ။အဲဒီလိုပါပဲဗျာ ပျိုမြစ်ခြင်းရာသီကုန်ချိန် တဖြည်းဖြည်း ရောက်လာတော့လည်း အတိတ်ကိုပြန်လွမ်းရတဲ့ အိုမင်းလာသောနာရီတွေအောက်ကို တိတ်တိတ်လေးရောက်ရပြီပေါ့။မနေ.ကမိုးတွေရွာတယ်။ကိုယ့် ကိုယ်ကိုတည်ဆောက်နေခြင်းဟာ အားလုံးအတွက် အကောင်းဆုံးပေးဆပ်ခြင်းပါလို.ကျောင်းတွေ အမျိုးမျိုးလျှောက်တက်ပြီး ခဏခဏစာမေးပွဲ ကျနေတဲ့ကောင်မလေးတစ်ယောက်က အသက်မမွေး နဲ့ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေမှာ ဖွင့်လှစ်သင်ကြားနေတဲ့ကျူရှင်တော်လှန်ရေးလုပ်နေတာပါလို့ ပြောဖူးတယ်ခင်ဗျားထင်သလား။ဘာတွေရေးမှန်းမသိတဲ့ ခင်ဗျားစာကြောင်းတွေက ရှည်လိုက်တာဗျာ။ချစ်သူရေ နင်သိရဲ့လား။မိုးစက်များသည် ကမ္ဘာမြေကိုဆေးကြောပေး၏။ကိုယ်စီအသိစိတ်ဓာတ် ရှိနေရင် ဒါတွေက ပြောစရာမလိုတဲ့ အပိုစကားတွေပဲ။ကျွန်ုပ်တို.၏လူမျိုးများသည် စည်းလုံးညီညွှတ်ကြပါသလား။ချစ်ခြင်းမေတ္တာသည် မိုးစက်များကဲ့သို. အေးမြသည်။အေးမြသည် ကမ္ဘာမကြေသီချင်းဆိုရပါသလား။ဖရဲသီးများက အေးမြကို အေးမြစေသည်။အမျိုးသ္မီးဆောင်ရှေ.မှာ ကျောင်းသားတချို.မူးပြီး ကမ္ဘာမကြေသီချင်းကို အော်ဟစ်နေကြ၏။တချို.သစ်သီးများသည် မစားရပဲချိုမြိန်ကြောင်း သစ်သီးရောင်းသူက ပြော၏။ကျနော် စပိန်လို လေးလုံးခန်.သိကြောင်း ကလေးမလေး တစ်ယောက်က သိသည်။ရီစရာပြောမှ ရီပါ။ရဲများသည် ရီနေသောအေးမြနှင့် ကျောင်းသားများကို စခန်းသို. ခေါ်သွားကြ၏။ချစ်သူရေ နိဂုံးရေးရန်အချိန်ရောက်ပြီလား။အခါများစွာ၌ လူသည်ကိုယ်.အားကို မကိုးပါ။အကယ်၍ ကျွန်ုပ်တို.၏ အားကိုးယုံကြည်သူများမရှိလေသော် သင်ဘာလုပ်ရမည်နည်း။အကယ်၍ မရှိမဖြစ်လူ မရှိလျှင် မည်သို.ရှေ.ဆက်ရမည်နည်း။ချစ်သူသည် မရှိမဖြစ်ဆိုလျှင် သင်ဘ၀ကို ရေစက်ချ အမျှဝေလိုက်ပါ။အကယ်၍ မနက်ဖြန်များကို ပါးပါးလှီး၍ မျောက်တစ်ကောင်ကို ကျွေးလိုက်သောအခါ ကြယ်တွေကို တောက်တောက်စားတဲ့စုန်းမတစ်ကောင်သည်ကျနော့်ချစ်သူ ဖြစ်သွား၏။အကယ်၍ အတွေးအခေါ်မည်မျှ တိုးတက်သည်မသိပါ။အကယ်၍ ဆံပင်များသည် တစ်နေ.တခြား ဖြူလာလေ၏။အဲဒါကြောင့် ပြောတာပေါ့။အကယ်၍အခုတော့ ကိုခင်ဝမ်းရဲ့ နှင်းဆီဖြူကသူမဖြစ်သွားလေပြီ။မိုးအကြောင်း ကမ္ဘာမကြေ သီချင်းထဲမှာပါလို.လား။မျောလွင့်နေတဲ့ခြေတစုံဟာ မိုးအကြောင်းမဟုတ်သလို ကမ္ဘာမကြေသီချင်းလည်း မဟုတ်ပါ။တကယ်တော့ ပျော်ရွှင်စရာဖြစ်ဖြစ်၊၀မ်းနည်းစရာဖြစ်ဖြစ် လူဟာခံစားမှုမှာ မိန်းမောသာယာနေတတ်တယ်လေ။အကယ်၍ ကျွန်ုပ်သည် စက်ဝိုင်းတစ်ခုကို အလျှားလိုက်ရေးဆွဲနေလေ၏။တချို.မနက်ဖြန်များကျနော်ကို ချေးငှားကြပါ။အကယ်၍ မနက်ဖြန်မိုးရွာဦးမည်လား။မိုးရေထဲမှာသာ ငိုရတော့မည့်သူအတွက် အကယ်၍ ရွာပေးလိုက်ပါ။အကယ်၍သည် သူမဖြစ်သောအခါ သူတို.ပျော်ကြလေပြီကို မင်းလူရေးသားခဲ့ပါသည်။ကိုတာ ကတော့ မုံရွေးမှာနေချင်သေးပါသလား ၊ မသိပါ။လမ်းလျှောက်နေသော်လည်း ရှေ.မရောက်သူကို နွေလှိုင်ဿုန်းဟုခေါ်တွင်ပါသလား။မသိပါ...။ကျင်လည်ရာ ရပ်ဝန်းတွေမှာ ဘယ်လောက်ထိကျွမ်းကျင်လဲ..။ဘယ်လောက်ထူးချွန်ပြောင်မြောက်လဲ ။ဘယ်အတိုင်းအတာထိ နှံ့စပ်သိမြင်လဲ ။ဖြစ်နိုင်သလား....မဖြစ်နိင်လား ဆိုတာစဉ်းစားတတ်အောင် ရင့်ကျက်ခဲ့ရင် ခင်ဗျား အလိမ်မခံရနိုင်တော့ပါဘူး ။ဒါပဲဗျာ ။

အိမ်မက်အိမ် မှ စာစဉ်အား ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

Oct 28, 2007

အချစ်နဲ့မကင်းသည့်လူသားနှင့်သာမန်ထက်ပိုသည့် အဖြစ်ဆိုးများ၊အရောင်မှိန်အိမ်မက်

ဒါဟာ
အရောင်တွေရောထွေးနေတဲ့စုပ်ချက်မပီပန်းချီကားတစ်ချပ်ပဲ။
တင်ထားတဲ့အရောင်တွေကတော့ ကောင်းမွန်လိမ့်မယ်လို့ ထင်မြင်ယူဆချက်နဲ့ ပက်ဖျန်းလိုက်တာပဲ။မတူညီမှုရဲ့ အလှတရားတစ်ခုဟာ ပန်းချီမို့လားဗျ။အတိတ်ဆိုတဲ့ ပန်းချီကားဟာ ထုတ်ကုန်ပေါ့။အခုတော့ရေးလက်စ ပန်းချီကို အရောင်တွေ တင်နေတုန်းပဲ။ဒါဟာ ကျနော်ရေးခဲ့တဲ့ ပန်းချီကားတချို့ကို ခင်းကျင်းပြသရာ ဧည့်ခန်းတစ်ခုပါ။လူတွေမှာ အားနည်းချက်ကိုယ်စီနဲ့မို့ ကျနော်လည်း
အားနည်းချက်နဲ့လူပါပဲ။ ဒီလိုပါပဲ...

အချစ်ရေ တို့တွေဝေးကွာခြားနားခဲ့ကြပေမဲ့ ဘယ်တော့မှ သေဆုံးခြင်းမရှိ၊ပျောက်ပျယ်ခြင်းမရှိတာ ငါတို့ကြားက စကားလုံးမဲ့သစ္စာ ။အဲဒါ အသေချာဆုံး ရှင်သန်ရာ အကြောင်းရင်းပဲလေ။ရောက်ရာနေရာမှာ တတ်စွမ်းနိုင်သမျှ လူသားကမ္ဘာကြီး သာယာဖို့ ဖြည့်ဆည်းရင်းအသက်ရှင်ရတဲ့ အဖြစ်မှာကျေနပ်တတ်ခဲ့တာ...ငါ။ငါ့မှာ နိမ့်ကျခြင်း၊ မြင့်မားခြင်းတွေ မရှိ ။ဂုဏ်ပကာသနတွေလည်း ခံစားချက်မရှိ ။နောက် မင်းနဲ့ နီးရခြင်း၊ဝေးရခြင်းတွေဟာ ခံစားနေစရာ မဟုတ်တော့ပါဘူးကွယ်။ငါ အကျင့်ပါနေအောင်လွမ်းဆွတ်ခဲ့ရပါသော အချစ်ရေ...ငါဟာ စွန့်လွတ်ပြီးသား လူတစ်ယောက်ဖြစ်ခဲ့ပြီလေ။ထမင်းစားပြီးပြီလား။ဟန်လေးနဲ့သွားလာနေထိုင်ရပေမဲ့ တစ်နေ့တခြား တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့မို့ဘ၀က တစ်နေ့ထက်တစ်နေ့ အသက်ရှူကြပ်လာတယ်။ပူပန်သောကများနဲ့ ကျနော်ဖြစ်သည်။

ခင်ဗျားပြောတတ်တယ်လေဗျာ။နုတ်ခမ်းလေးတွန့်ရုံပြုံးရင်း လူတွေဟာသိပ်ရီစရာကောင်းတယ်လို့။အခုတော့ ခင်ဗျားကိုယ်ခင်ဗျားလည်းပြန်သရော်နေရပြီပေါ့။ဟန်ဆောင်ပန်ဆောင်အပြုံးများ၊ဘာမဟုတ်ပဲချဲ့ကားမှုတွေကို ပျင်းရိငြီးငွေ့နေပြီမဟုတ်လား ။တစ်ယောက်တည်းလည်းနေတတ်ခဲ့တာကြာပြီမို့လားဗျ။ခင်ဗျားက လောကကြီးထဲမှာ စူးစမ်းလေ့လာဖို့အလည်ရောက်လာတာပါလို့လည်း ခင်ဗျားကိုယ် ခင်ဗျားသုံးသပ်တတ်ရဲ့။အသိုင်းအ၀ိုင်း၊ပတ်ဝန်းကျင်များစွာမှာ ကျင်လည်ဖြတ်သန်းခဲ့ပေမဲ့ အားလုံးက တစိမ်းသက်သက်၊အတ္တသားကောင်တွေချည်းလို့ ပြောကောင်းပြောတတ်တယ်။မြေခွေးကစပျစ်သီးကိုချဉ်တယ်ပြောသလို ဖြစ်မှာစိုးလို့ အရာများစွာကိုကြိုးစားရယူ ပိုင်ဆိုင်ပြီးမှ အလကားပါကွာလို့ပြောတတ်တယ်။ဥပမာ -ခင်ဗျားယူထားတဲ့ဘွဲ့တို့၊ မိန်းမတို့စသည်ဖြင့်ပေါ့လေ။

ဟုတ်တယ်မို့လား။မင်းဟာ အချိန်ဒါးစက်အောက်က လှပတဲ့ပန်းလေးတပွင့်ပဲလေ။ဘယ်သူကဲ့ရဲ့တာကိုမှ ဂရုမစိုက်တဲ့ ရဲရင့်နှင်းဆီလေးပေါ့။လရောင်ဟာ မင်းအလှမှာ ရူးသွပ်ယိုင်ထိုးလို့ ကကြိုးပြောင်းတဲ့အချိန် ငါရှိမှာ မဟုတ်ဘူး။အိမ်ပြန်ပြီ။ဆက်သာ က ပါမရွှေချော ။မင်းသမီးဖြစ်မှတော့ ကကြိုးတွေမှာ မမောပါနဲ့တော့လေ။ကာရန်လှလှ စကားလုံးကြွကြွ ကဗျာတွေလည်း ရေးဖြစ်မှာမဟုတ်ဘူး။ကြာပြီပဲလေ...။ရေသေအိုင်ဟာ ညစ်နွမ်းပြီးကြောက်ဖို့ကောင်းပါတယ်။ကိုမွန်းအောင်ရဲ့ သီချင်းခွေတွေ ဘယ်မှာလဲ။သိမ်းမထားပါနဲ့နောက်လူမြည်းလည်းချိုမှာပါ။မဖြစ်နိုင်တာ ဘာမှမရှိဘူး။ဘာလုပ်မလဲ။မနက်ဖြန်တွေကိုစောင့်လာခဲ့တဲ့ ခင်ဗျား အသက် ဘယ်လောက်ရှိပြီလဲ။လူဟာ မလွတ်မြောက်ပေမဲ့ လွတ်မြောက်ဖို့ စိတ်လိုတယ်။တခါတရံလည်း လောကကြီးမှာ တစ်ခုကို လိုချင်တာနဲ့ အရင်းအနှီးအများကြီးပေးပြီးမှ လွဲချော်တတ်သေးသလား ?????ကျနော်မသိပါ။ကျနော်သည် သေးမွှားလှသော အစက်အပြောက်လေးဖြစ်သည်။ ။မနက်ဖြန် အားလပ်မည်မဟုတ်ပါ။ ။ ။

Oct 16, 2007

၅၀၀၀ကျပ်တန် မြန်မာငွေစက္ကူအသစ်



ရေးဖို့အစီအစဉ်မရှိပေမဲ့ mailစစ်ရင်းတွေ့တဲ့ပုံလေးကို သဘောကျလို့စာအသစ်တင်ဖြစ်သွားတာပါ။ ဒီလောက်မှရှိတာonline မှာ ဒီလိုငွေစက္ကူအသစ်ကို ထုတ်လိုက်ကြသဗျာ။ဘယ်သူက စိတ်ကူးရလို့လုပ်လိုက်တာလဲ မသိပါဘူးဗျာ။ မြန်မာ့ငွေကြေးဒီလောက်ဖောင်းပွနေတော့လည်း တချိန်မှာ ဒီငွေစက္ကူဟာ အမှန်တကယ်ပေါ်ပေါက်လာနိုင်ပါတယ်။


Aug 10, 2007

ခေါင်းစဉ်မဲ့



ဒီနေ့ Post တစ်ခုရေးဖို့ နေ့ခင်းက စဉ်းစားခဲ့ ပေမဲ့ အခု ရေးမယ်ဆိုတော့ မပေါ်တော့ဘူး။ မေ့သွားပြီ။အဲဒါနဲ့ ရေးတော့ ရေးမယ်ဆိုပြီး လက်ရောက်လာတာပဲ။ကျနော်ကတော့ ဘာကောင်မှ မဟုတ်သလို၊ ဘာရယ်မှလည်း မဟုတ်ပဲ blog လောကထဲ လာရှုပ်တဲ့ သူပါပဲ။ကျနော့် ကို ဒီBlog လောက ထဲ ၀င်ရှုပ်နိုင်အောင် လမ်းစဖေါ်၊လမ်းပြတာက ကိုယ့် ကိုယ်ကို ပြောဆို ဆုံးမလို့ မရသေးဘူး ဆိုတဲ့ လူလေဗျာ ။ ကမိုးညိုလို့ သူ့ ကိုယ်သူ နာမည် ပေးထားတဲ့ လူပေါ့ ။.....ဟုတ်တယ် ..သူပဲ ..သူပဲ အဟွတ် အဟွတ် ။ကျနော် ဆိုတဲ့ လူက မင်းဘာသိ လဲ ၊ ဘာတတ်လဲ လို့ မေးလာရင်တော့ ဘာမှသိဘူး ၊ ဘာမှ တတ်ဘူး ဆိုတာပဲ ဖြေစရာရှိတဲ့ သူဗျ ။ဒါပေမဲ့ မတက်တခေါက်နဲ့ ကြီးကြီးကျယ်ကျယ် တွေလည်း နည်းနည်းတော့လျောက်ရေးချင်သေးတယိ ။အဲဒါနဲ့ ကျနော့် ဆီသူငယ်ချင်းတစ်ယောက်ပို့တဲ့ သီချင်းတစ်ပုဒ် ကောက်တင်လိုက်တာပါပဲ ။ရောက်တဲ့ အရပ်၊ ရောက်တဲ့ နိုင်ငံတွေ မှာ မြန်မာလူမျိုးတွေ လူမျိုးပေါင်းစုံ၊ လူတန်းစားပေါင်းစုံက အရမ်းစည်းလုံးကြတယ် ကြားတယ်ဗျ ။ဒီလိုပဲ ဖြစ်ရမှာ ပေါ့ ဗျာ။ ကြားရတာ ၀မ်းသာ သဗျာ။အွန်လိုင်း ပေါ်မှာ အောက်လိုင်းထဲမှာ Blog တွေမှာ အင်မတန် သွေးစည်းညီညွတ်ကြသတဲ့ ။

မြန်မာ့ အလံတော် ကြီးလည်းပြောင်းကြ၊ကျနော်တို့ ပြည်သူလူထု ကြီးကလည်း တညီတညာထဲ ဖြစ်နေပြီ ဆိုတော့ ......အင်း ....ဒီမိုကရေစီဟာ ပြည့်သူတွေလက်ထဲ ရောက်ဖို့ မဝေးတော့ပါဘူးဗျ။နောက်လကုန်လောက်က စပြီး တက္ကသိုလ်တွေ ရက်ရှည်ပိတ်ပေးဦးမယ်တဲ့ ။(၇)လပိတ်မယ် ဆိုလားဗျာ။ကျောင်းသားကျောင်းသူတွေ ပင်ပန်းနေသမျှ နားကြရတာပ ။ သာဓုဗျာ သာဓု သာဓု ..။ကျနော်တို့ရဲ့ ရွှေမြို့တော်နဲ့ ခရိုင်ကြီး တစ်ခုလုံးအညိုရောင်နယ်မြေ ကြီးပါတဲ့ ။ဖြူဝူးတဲ့ ဂျ ...ဟီး...။ကျောင်းတွေမှာလည်း စစ်တပ်က ဗိုလ်တွေရောက်နေသဗျ။ဘာလာလုပ်ကြတာလဲ အတိပါဝူးဂျာ ။ကျောင်းပြန်လာတက်ရအောင်လည်း အဲဒီလို ပညာရေးစနစ်မှ မရှိတာပဲ ။ ရောက်နေကြတဲ့ ဗိုလ်တွေ ကြည့်ရတာလဲ စိတ်မချမ်းသာပေါင်ဗျာ။သူတို့ လည်း သူတို့ အပူတွေနဲ့ သူတို့ဆိုတော့ အင်း....မိသားစုတွေက ပါသေးတယ်။ သနားစရာပါဗျာ ။ကိုယ်တို့တွေမှ အကြပ်ရိုက်နေတယ်မှတ်နေတာ ။ သူတို့ လည်း ညုပ်နေကြတာကိုး ။ ကောင်းပဗျာ ကောင်းပ ။ဒီကြားထဲ အနေမတတ်ရင် မျောက် ကုတ်ခံရနိုင်သေးတယ် ။

ဟောဒီ ရေမြေဟာ မွေးရပ်ဌာနေ ချက်ကြွေမြေမြုပ်မို့ အဟုတ်ချစ်လို့ ၊မြတ်နိုးခင်တွယ်လို့ ပါ။အဟုတ် ပါ ကြွားတာမဟုတ်ပါဘူး။ဒီရေခံမြေခံ နဲ့ တကယ့် လူမှန်တွေ အမြောက်အများလည်း ပေါ်ထွန်းခဲ့တာမို့ ကျနော်ဂုဏ်လည်းယူချင်သဗျ ။ သူတို့ပြောတဲ့ သူပုန်ကြီးတွေ၊ နိုင်ငံရေးသမားတွေ ပေါက်ဖွားကြသပေါ့ဗျာ ။ အပူပိုင်းကလူမို့ လား မသိဘူး သွေးလည်းဆူလွယ်ကြသဗျ။ကျနော် မညာပါဘူး ။ ကလေးဘ၀ ကတော့ ဒီလို သူပုန်ကြီးတွေ ၊ နိုင်ငံရေးသမားကြီးတွေ လို့ ကြားရတာနားထဲမှာ တမျိုးကြီးပဲ။ပြောတဲ့ လူကြီးတွေ ကလည်း တိုးတိုး တိုးတိုး နဲ့ ပြောကြတာကိုး ။ ဒီလိုပြောတာကြားရတော့ နုနယ်တဲ့ ကျနော့် နှလုံးအိမ်မှာ ကြောက်စရာ လန့်စရာသတ္တ၀ါကြီးတွေ လိုပဲဗျ ။လူထူးလူဆန်းကြီးတွေ အဖြစ်မြင်တာပေါ့ ...။ ဘာလို့ သူတို့က သူများတွေလို သာမန်ပဲ အေးအေးဆေးဆေး မနေကြတာလဲပေါ့ ။ကျနော် ငယ်ငယ်က ကြောက်တတ်ပုံကတော့ မီးသတ်ကားကို မကြည့်ရဲဘူးဗျ....ဟီး.. ။(သုံး လေးနှစ် အရွယ်လောက်က ဗျ)အနီရောင်ကားကြီးကို ကြောက်လို့ အဖိုးရဲ့ လက်ကို အတင်းဆွဲဖြုတ်ပြီး ထွက်ပြေးဖူးတယ် ။ တကယ့် ဇာမဏီသွေးပဲ ဟဲဟဲ...။အရွယ်ရောက်လာတော့ စာတွေဖက်ရင်း ၊ လူတွေကို လေ့လာရင်း ကျနော် သူပုန်ကြီးပဲ ဖြစ်ချင်လာတယ်။လူတွေ ခပ်ရှောင်ရှောင် လုပ်နေကြတာကို ကြည့် ပြီး သူတို့ နေရာက ၀င်ခံစားတယ် အမှန်ကို ပြန်သုံးသပ်တယ်။(မှတ်ချက်။ ။ဤအလေ့အထများကို ဒီနေ့ ပညာသင်ကြားရေးဘောင်အတွင်းရှိ ကျောင်းမှ သင်ကြားရရှိခြင်း မဟုတ်ပါကြောင်း) အသံပဲရှိပြီး အဆံ မရှိတဲ့ သတ္တ၀ါများကို ဥပေက္ခာပြုရင်း ခံစားရတဲ့ လောကဓံကို အံကြိတ်တင်းခံရင်း ကိုယ် ယုံကြည်ရာလမ်းကိုပဲ လျောက်တော့တယ် ။အလိုဆန္ဒနောက် ကောက်ကောက်ပါအောင် လိုက်နေရရင် ဆင်ခြင်ဥာဏ် အသိတရားဟာ ဒီနေ့လည်း သေနေမယ် ။မနက်ဖြန်လည်း သေနေဦးမှာပဲ ။ဘ၀မှာ ဘာတွေ များများစားစား တောင့်တ တက်မက်နေစရာရှိလဲ။မပျက်စီးတတ်တဲ့ အရာရှိတယ်ဆိုရင် ကျနော်ကိုရော လက်တို့ လိုက်ပါဦး ။မဟားတရား အတ္တတွေကို လှမ်းအကြောင်းကြားရမှာမို့လေ ။ အေးရော .......

နောက်တစ်ခုက လူရဲ့ ၀န်ဆောင်နိုင်မှုအလေးအဆချိန်ခွင်လျှာ အကြောင်း လျှာရှည်ခြင်းပါ။ပါရမီရှင်တချို့ တွေကလွဲလို့ အများစုရဲ့ ၀န်ဆောင်နိင်မှု အလေးအဆဟာ တဖက်က သိပ်လေးနေရင် ကျန်တဖက်က မြောက်တက်ပြီး ပေါ့နေမှာပါပဲ ။နားလည်ကြပြီးသား ဆိုပေမဲ့ သတိကပ်နားလည်ပေးတတ်ကြဖို့ လျှာရှည်ရင်း ကျနော်ရဲ့ လက်အငြိမ် မနေမှု ကို အဆုံးသတ်ပရစေ။ ။စစ်တပ်ဆို တာ ပစ်ရင်မှန်အောင် ပစ်တယ် ဒါပဲ ။

Jul 24, 2007

အိမ်ပြန်မရောက်တော့တဲ့ကျနော်


တိတ်တဆိတ်စီးဆင်းလိုပေမဲ့ အကွေ့အကောက်အနိမ့်အမြင့်တွေနဲ့


လမ်းခရီးက ကြမ်းတမ်းလှတယ်။.....


မနက်ခင်းတစ်ခု ရောက်လာတော့ ပွင့်လာတဲ့ မျက်လုံးတွေနဲ့အတူ ကပ်ပါလာတဲ့အတွေးပေါင်းစုံကို ခဏထား ...မိုးလင်းကာရှိသေးတယ်။ကောင်းရာကောင်းကြောင်းတွေး ဘုရားတရားလေးနဲ့ သတိကပ်စမ်း။ရေအိုးစင်က ရေတစ်ဖလားကို အသက်အောင့် ပြီး မော့သောက်လိုက်တယ်။(အဲဒါ ဂျပန်တွေရဲ့ ကျန်းမာရေးအတွက် လျှို့ဝှက်ဆေးနည်း ဆိုလားပဲ။ ) မျက်နှာသစ်ရေချိုးပြီး အ၀တ်အစားပြောင်း၊ နည်းနည်းဟောင်းနေပေမဲ့ မဆိုးပါဘူး။ ဒီနေ့ သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်။ထုံးစံအတိုင်း မြန်မာပြည်ရဲ့ လ္ဖက်ရည်ယဉ်ကျေးမှုအရ ဆိုင်တစ် ဆိုင်မှာ စုကြတယ်။ ပြောကြ ဆိုကြရင်း အစီအစဉ်တစ်ခု ရလာရဲ့။ အဲဒီနေ့ ကတည်းက ကျနော်ပျောက်ဆုံးသွားတော့တယ်။

မနက်ဖြန်တွေ မနေ့ လို့ ဖြစ်သွားတော့လည်း

အချစ်က အချစ် မဖြစ်နိုင်တော့ဘူးပေါ့လေ...




ငါ့လမ်းကို ငါလျောက်နေတာ ဘာလို့တခြားလမ်းတွေထဲရောက်သွားရတာလဲ???။ရည်ရွယ်ချက် မခိုင်မာတာလား။ငါ့လမ်းရှိတယ် လို့ထင်နေခဲ့တာလား။အားကိုးရှာတာလား။ပေါပေါသွမ်းသွမ်း ဖြစ်နေခဲ့ တယ်ဆိုရင် အချိန်တွေ နှမြောစရာ....။ဘ၀ဟာ ဘယ်လောက်ကြာလဲ။ အသက်ရှူရတာ ပင်ပန်းလိုက်တာနော်။ငါဘယ်သူ့ ကိုမှီရရင်ကောင်းမလဲဆိုတာ လိုက်ရှာလိုက်ပါဦးမယ်လေ။သူ့ကို အသက်ပါ အဌားရှူခိုင်းရမယ်။အတုံ့အလှည့် မမျှော်လင့်ပါဘူးကွယ်။ ဘယ်ပခုံးပေါ်မှာ မှေးစက်နေနေ ငါဆိုတဲ့ ကောင်ဟာ ဘ၀ရပ်တည်ရာ အတွေးအခေါ် ခံယူချက် မဲ့သူမှ မဟုတ်တာ။ခေတ်အခါက အပြစ်အနာအဆာတွေများလှတယ်။ဒီလိုနဲ့ပဲ အချစ်ရေ......တို့တွေ ဝေးဝေးနေကြရတာပဲ ကောင်းပါတယ်။




ဒါဟာထွက်ပေါက်လား....။

မှားသွားမယ်xxx

ဒါဟာ လောကငရဲကို သွားရာလမ်းကွဲ့---။



ရာသီဥတုက မကောင်းဘူးလေ။တခါတလေလည်း ဒီလိုပါပဲ...ကွန်နက်ရှင်က အင်တာနက် သုံးရတာအဆင်မပြေပါဘူးဗျာ။ဒီလိုနဲ့ ချိန်းထားတဲ့ အချိန်တွေ ခဏခဏ လွဲလွဲနေတော့ ကျနော်ရဲ့ (၂၇)ယောက်မြောက် အွန်လိုင်းကချစ်ကြူလေး နဲ့ ပြတ်ဆဲ ပါလေရော။တော်သေးတာပေါ့ နောက်(၅) ယောက်ကျန်သေးလို့ ။ဒီလိုပဲ စိတ်ညစ်ညစ်နဲ့ ၀ီစကီသောက်( တမျိုးမထင်ပါနဲ့ ၀ီစကီမှာ ပါဝင်တဲ့ တဆေးတစ်မျိုးဟာ နှလုံးရောဂါ ပျောက်တယ်ဆိုလို့ပါ)၊ ဟော်တယ်ပေါ်အရောက်သွားပြီး ကလိုက်တယ်။ သီးနှံထွက်နုန်းက ညံ့လာတော့ လယ်ယာလုပ်ငန်းမှာလုပ်နေရတဲ့ ကျုပ်တို့တွေအတွက် လက်ခလုပ်ခနဲ့ စားသောက်လို့မရပေဘူးဗျ။အဲဒီတော့ ကြုံရာကျရာ ရှိတဲ့အလုပ် လိုက်ရှာ လုပ်ရတာပေါ့ဗျာ။အင်း....အသားကျနေတဲ့ ငတ်မသေရုံတမယ် စားသောက်ရတာပ။ကျန်တာ ဘာမှ မသိမြင်နိုင်ဘူးဗျို။ ကျုပ်တို့အတွက်တော့ ဒီဘ၀မှာ ဒါမျိုးတွေက မထူးဆန်းတော့ပါဘူး။အဲဒီနေရာမှာ ကျနော် အိပ်စက်ခဲ့တယ်။



ဇာတ်ခုံပေါ်မှာ အလိုကျ က ပြဖို့

ရုပ်သေးတော့ မဖြစ်လို။



အိမ်က ထွက်လာပြီးနောက် ကျောင်းတစ်ကျောင်းကို ရောက်ခဲ့ပါသေးတယ်။၉၁ဌာန အုပ်ချုပ်ရေးလို တနယ်စီခွဲပြီးကျောင်းတွေ ဗွက်ပေါက်အောင်ဖွင်.၊ မတူခွဲခြားတဲ့ ကျောင်းသားများရဲ့ အခွင့်အရေး၊လုပ်ပိုင်ခွင့်တွေ ၊အရေးယူမှုတွေ တွေ့ ကြုံခဲ့တယ်။ကျောင်းသားများရဲ့ ရပိုင်ခွင့် ၊လုပ်ပိုင်ခွင့် တွေဟာ တနေ့ တခြား ကန့်သတ်၊ထိန်းချုပ်တားမြစ်မှုတွေသာ တိုးမြင့်လာရဲ့ ။အဲဒီနေရာမှာ ကျနော် ဆိုတဲ့ ဗုံးတစ်လုံးကို ကျယ်ကျယ်လောင်လောင် ဖောက်ခွဲပြီး အသက်ရှူလို့ မ၀တာနဲ့ ကြာကြာမနေပဲ လက်ဗလာနဲ့ လှည့် ပြန်ခဲ့တယ်။ခင်မင်ကြတဲ့ သူငယ်ချင်းတွေကိုတော့ အားနာပါရဲ့ ။အိမ်မှာ အမေက မျှော်နေမှာလေ။လူမိုက်လို့ လည်း ဝေဖန်ကြပစေ ကျနော့် ယုံကြည်ချက်ခိုင်မာခဲ့ ပြီ အမေ။ယုံကြည်ချက်ရဲ့ လမ်းပြတဲ့ အလင်း အတိုင်းသာ လျှောက်ပရစေတော့ ......။ခွင့် ပြုပါ အမေ။

နျူးကလီးယားအိမ်မက်နဲ့ ချောက်နက်ထဲက ကဗျာ

နာရေးကြော်ငြာမှာ မျိုးဆက်ဆိုတာပါသလား...???

မနက်ဖြန်မှာ စိန်ခေါ်ပွဲ ရှိတယ်။လောကဓံနဲ့ ကျနော့် ကောင်မလေး ကြိုးဝိုင်းထဲမှာ တွေ့ ကြမယ်။ ကျနော်ကို စိန်ခေါ်ထားတဲ့ ပွဲစဉ်တွေ ခဏနားရင် သူ့ ပွဲကို သွားကြည့် ဖြစ်မယ်။ ပွဲကြည့် ပရိသတ်တစ်ဦးပဲ ဖြစ်ခွင့် ရှိတယ်။သူ့ အစား ၀င်ယှဉ်ပြိုင်ပေးလို့မှ မရတာပဲ။ကို့ယ် အရှုပ်ကိုယ် ရှင်းကြရကြေးလေ။လောကကြီးကတော့ ဘယ်သူ့ ကိုမှ မျက်နှာသာ မပေးဘူး။ ခေတ်တစ်ခေတ်က ခင်ဗျားရဲ့ ပခုံးပေါ်တင်ထားတဲ့ ထမ်းပိုးစရာတာဝန်ကို ဘယ်လိုများ သယ်ပိုးမလဲဗျာ။အသက်(၄၀)ရောက်ရင် မူကြိုကျောင်းတက်မယ်လို့ ဂျက်လန်ဒန်က မပြောခဲ့ပါ။မနက်ဖြန် ကျနော် ခရီးဆက်ရပါဦးမည်။ကိုယ့်ကိုယ်ကို ၀ှက်မထားပဲ ရှင်ဖို့ နေမလား ။နေဖို့ ရှင်မလား ....ဆိုတာ ခင်ဗျားလည်း ပြန် သုံးသပ်သင့် တဲ့ မေးခွန်းပါ ။ ။





Jun 29, 2007

ရှင်သန်ဆဲ... အလွမ်းသေများအကြောင်း

ဦးစွာ---ပထမ===ငါဒီစာမျက်နှာလေးပေါ်မှာ လွတ်လွတ်လပ်လပ်ရေးပရစေတော့....မိရွှေချောရယ်။နင်တို.လည်း ဒီစာမျက်နှာကို အရင်လိုနောက်တစ်ကြိမ် ဖက်ပြီး မရီမောနိုင်တော.ဘူး မဟုတ်လားကွယ်.။လေနှင်ရာလွင်.နေတဲ့ဘ၀ ....အင်အားမဲ့နှောင်တဲသည့်ကြိုး၊ ခြေမသန်တဲ့ငှက်လို နားခိုရာမဲ့ပျံသန်းခြင်းမှာ.... ဒီလိုကောင်ကို ယုံကြည်ကိုးစားခြင်းဟာ အဆိပ်ဖြစ်သွားနိုင်တာ အချိန်မရွေးလေ။လိုရာသွားပါတော့လေ အချိန်မနှောင်းခင်...။ လွမ်းတဲ့နာရီတွေဟာ သေနေတဲ့ကောင်းကင်.....။မတည်ငြိမ်တဲ့စိတ်နှလုံးနဲ.ညတွေက နေဆယ်ကမ္ဘာအလင်းလို ...ငါ့ရင်တွေ ပူလောင်လွန်းလို့ ကြွမ်းပြာကျပစေ ....မျဉ်းဖြတ်နှစ်ကြောင်းပါပဲချစ်သူရေ....။မင်းတော.ဘယ်လိုရှိမယ် မပြောတတ်ဘူးကွယ်။မင်းအတွက်...ငါ..ရှာဖွေရင်း၊စုဆောင်းရင်း၊ရင်းနှီးပေးဆပ်ရင်း၊သိမ်းဆည်းရင်း၊ပေးဝေရင်းနဲ....ငါ့အတွေးအခေါ်တွေ အသားမာတည်ခဲ့ပြီကွယ်။အချိန်တွေ ပျိုရွယ်စဉ်တုန်းက....သွားလာနေတဲ့လူသံများနဲ. ဆူညံနေသော ဟောဒီလမ်းမကြီးရဲ့ဘေး နေ.တိုင်းငေးမောနေကျ အရိပ်တစ်ခု..(သို.မဟုတ်) သူမ...။ဇာတ်လမ်းလေးကတော့ ထုံးစံအတိုင်း မိဘလုပ်စာ အခန်.သားစားသုံးရင်း လွတ်လပ်ခြင်းဆိုတာကို အလွန်အကျူး စားသုံးမိတဲ့လူတစ်ယောက် ကျောင်းသားလို. အမည်နာမကိုခံယူနေစဉ်ကပေါ့ဗျာ။လိုချင်တာကို ရချင်ဖြစ်ချင်တဲ့အတိုင်း ဖြစ်အောင်လုပ်မယ်၊ ရအောင်ယူမယ်၊ ရောက်အောင်သွားမယ် ဆိုတဲ့ ခေါင်းမာမာ ချာတိတ်တစ်ယောက်ပေါ. ကောင်မလေးရယ်။လောကကြီးကမျက်နှာသာမပေးချင်လို့ ၀ှက်သိုဖုံးဖိထားခြင်းခံရတဲ့ ငါတို့ လူငယ်ကျောင်းသားတွေရဲ့ အော်ဟစ်မြည်တမ်းကြွေးကြော်တောင်းဆိုသံတွေ လေထဲမှာ အခုတိုင် ထင်ကျန်နေလိမ့် ဦးမယ်။မမြင်နိုင်အောင်ဖုံးဖိကာရံထားလည်း အမှန်တရားဆိုတာ ရွေ့လျားလှည့်ပြောင်းတတ်တာမျိုးမှ မဟုတ်ရပါပဲကွယ်။ ရလာသမျှဒဏ်ရာအားလုံးကို ငါတို့ တွေကျေနပ်တယ် ။"အားလုံးဖြစ်လာရမယ် ကြိုးစားအားထုတ်ခြင်းသာ အဓိက"ဆိုတဲ့ ခံယူချက်လေးတွေနဲ. တဇွတ်ထိုးချာတိတ်တွေ စုပေါင်းမိရင်း အဲဒီခေတ်အခါက အဲဒီပတ်ဝန်းကျင်ရဲ့ ဆိုးရွားစွာကာရံထားတဲ့ ကျောက်ဆောင်တွေကို ခေါင်းတွေနဲ. ဘ၀မဲ့လူသားတွေအလား ပျော်ပျော်ကြီးတိုက်ခိုက်ရှုံးနိမ်.ကြရင်း.ပေါ.။....ရှာဖွေစုဆောင်းရင်းတွေ.ရှိလာသမျှ ပေးဝေဖို. အရင်ဆုံးသတိရတတ်သူကတော. ကျနော်.ရဲ့အိမ်မက်က အရှင်သခင်....။သွေးသောက်ညီအကိုတွေ၊ သူငယ်ချင်းတွေ နဲ.အတူ သူမတစ်ယောက်ဟာ အဲဒီပတ်ဝန်းကျင်မှာ ကျနော်မွှေ.ပျော်ရာ ကျနော်. ရဲ့အိုအေစစ်တစ်ခုဖြစ်လာခဲ့ပါရောဗျ။ရင်ဘတ်ထဲက မွန်းကြပ်ပိတ်ဆို.နေသမျှ ဖွင်.ထုတ်ဖောက်ခွဲရာ ကျနော်.ကမ္ဘာလေးလည်းဖြစ်ခဲ့။ သံသရာတလျှောက်စာ လက်တွဲသွားဖို.ထိ ရူးရူးနှမ်းနှမ်းနဲ. စိတ်ကူးတွေနဲ.ကိုယ်.ဘ၀ကိုမေ့သည့်အဖြစ်ရောက်အောင်ကျနော့်ကိုဆွဲဆောင်နိုင်တဲ့ ...ပိရိတဲ့အိနြေ္ဒရှင်၊ကိုယ့်ကိုယ်ကိုတောင် မယုံနိုင်အောင်ပြောင်းလဲနိုင်ခဲ့တဲ့ ကျနော်နာမည်ပေးထားတဲ့ မေးခိုင်...။သူမရဲ့ သူငယ်ချင်းအပေါင်းက ကျနော်.ကိုနာမည်ပြောင်(ဂလိုင်)ဟုပေးသည်ထိ အလွဲအချော်များစွာဖြင်. ကျနော်၊ အစွန်းတရားများဖြင်. မြတ်နိုးတွယ်တာခဲ့ရသည့် အတိတ်တစ်ခု...၏ထင်ကျန်ခဲ့သောဝိုးတ၀ါးအမြင်

ဒီမှာ
အတိတ်ကိုမကြာခဏထုတ်ထုတ်ကြည့်ဖြစ်နေသေးသူတစ်ယောက်~~~
သက်သေပြစရာကုန်ခဲ့တဲ့ မေတ္တာတရား+++
နံရံတွေပြန်စမ်းကြည်.တော. .
ကွယ်.....
ငါ့ရင်ခုန်သံတွေ၊အမှတ်သညာတွေ==မီးလောင်နေခဲ့တယ်။ ....။
နင်.လက်တွေ အေးစက်နေပ့လား---။
မနက်ခင်းတွေထဲမှာ အနာဂတ်တွေလွင်.မျောပျက်စီးရင်း~~~
အရာရာကို မကျေနပ်ခြင်းတွေနဲ့.....အိပ်ရာမဲ့ညတွေကြာခဲ့ပြီ။
ဘယ်အခါမှဖွင်.ပြခွင်.မရတဲ့
စိတ်တန်ခိုးရဲ.ဖန်ဆင်းမှုကမ္ဘာxxx
ယောနိသောမန္နသီကာရော--။---
အပြစ်များစွာနဲ.ငါက ဘာကိုအပြစ်တင်ရမှာလဲ???
လူသားဟာ လူသားပဲ;;;;;
မိန်းမဟာ မိန်းမပဲ
ဖြစ်တယ်။ဖြစ်ခဲ့တယ်။ငါမသိဘူး။မသိခဲ့နိုင်ဘူးxxx:
ရီစရာအကောင်းဆုံးဟာသတွေဘယ်လောက်ငိုခဲ့ရသလဲ
:)
:):
)
:)
:
တုံးအခြင်းဟာ ဘီလူးစီးခံနေရတဲ့တစ္ဆေ
%%
သံသရာတလျှောက်စာ မျော်လင်.ဖူးသူမို.%
%ရှာဖွေတာမတွေနိုင်တဲ့အချိန်!!!!
စက္ကူပေါ်က ရင်ခုန်ဒဏ်ရာတွေနဲ.---
= ကြိုနေဦးမဲ့~~~ ငါ့ရင်ခွင်အိမ် ။ ။ ။