Search This Blog

Showing posts with label ဖြန့်ဝေခြင်း. Show all posts
Showing posts with label ဖြန့်ဝေခြင်း. Show all posts

Feb 27, 2010

တွယ်ရာမဲ့ရှင်သန်ကျန်ရစ်သူများ

                                                                                                              ဆရာမသန်းမြင့်အောင်၏ စာမူအား ပြန်လည် ဖြန့်ဝေခြင်းဖြစ်ပါသည်။         ။
          ပြောင်းလဲခြင်းများဖြင့်ထာဝရတည်မြဲနေသော လူမှုဘဝ၊လူ့အဖွဲ့အစည်းကြားမှာအနေကြာလာတာနဲ့အမျှ ကျွန်မရဲ့ခြေလှမ်းတွေက မှန်းဆလို့မရသေးတဲ့လမ်းသစ်တွေဆီဦးတည်နေချင်စိတ်တွေကို မနည်းဖိသိပ်ချိုးနှိမ်ရင်း ဘဝအမောတွေကြားမှာ သက်ပြင်းကို အခါခါချနေရပေသည်။
            ဒုလ္လဘတစ်ပါးဟု တင်စားရလေသော ရခဲလှသည့် လူဘဝတစ်လျှောက်မှလူသားတို့၏ အို၊နာ၊သေ၊ဝဋ်ဒုက္ခသည်ကား ဘဝ၏ နောက်ဆုံးကာလများတွင် မည်သူမျှ ရှောင်လွှဲ၍မရလေသော အကြောင်းတရားများပင်တည်း။
            ထိုရှောင်လွှဲ၍ မရလေသော အကြောင်းတရားများနှင့် ရင်ဆိုင်နေကြသောသူတို့အတွက် ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ကျင်လည်၊ရှင်သန်၊သာယာခဲ့သော မိသားစုပတ်ဝန်းကျင် အသိုင်းအဝိုင်းတို့ ပျောက်ကွယ်ပျက်သုန်း၍ ပျော်ရွှင်မှုမဲ့ခဲ့လေသော အထီးကျန်ဘဝသို့ ရောက်ကြလေသောအခါ……..
            နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် (၇)နှစ်တာကာလအတွင်း ဆင်းရဲချမ်းသာ လူမျိုးဘာသာ အသက်အရွယ်မရွေး နာရေးကိစ္စများ လိုက်လံသယ်ယူပို့ဆောင်ကုသိုလ်ယူခဲ့ကြသော ကျွန်မနှင့်တကွ လုပ်ဖော်ကိုင်ဖက် ပရဟိတ ညီအကို မောင်နှမများအတွက် လူသားတစ်ယောက်၏ ဘဝနိဂုံးအဆုံးသတ်ချိန်တွင် အကြောင်းတရား အမ်ျိုးမျိုးနှင့်လူ့ဘဝထဲမှ ထွက်ခွာသွားကြသူပေါင်းများစွာကို တွေ့မြင်ခဲ့ကြသလို၊ ကျန်ရစ်သူတို့၏ ဘဝရှင်သန်မှုများစွာကိုလည်း မျက်မြင်ကြုံတွေ့ခဲ့ခြင်းမှ တစ်ဖန် ပဟေဠိပေါင်းများစွာနှင့်လည်း ရင်ဆိုင်ခဲ့ရပြန်သေး၏။
            မိသားစုပေါင်းများစွာထဲက ထွက်ခွာနေကြသည့် တစ်ယောက်ချင်းသော ဘဝကူးမကောင်းသည့် မကောင်းသည့်သူတွေ၏နောက်မှာ-
            “ကျွန်မတို့ ဘယ်သူ့ကို အားကိုးရတော့မှာလဲ”…“သမီးတို့ကို ပစ်ထားခဲ့ပြီလား အမေရဲ့”….“ကျုပ်တို့ရဲ့ ဒုက္ခတွေကို ဘယ်သူလာကယ်တော့မှာလဲ ကျေးဇူးရှင်ကြီးရဲ့”…စသည့်အသံပေါင်းများစွာက ဘဝကို ဆက်လက်ရုန်းကန် ရင်ဆိုင်နိုင်ရန်ကိုတော့ ဘယ်နည်းနဲ့မဆို အင်အား တစ်စုံတစ်ရာကို ဆုပ်ကိုင်မိဖို့ ကြိုးစားနိုင်ကြဦးမည်ပင်။တစ်သက်တာ ချစ်မြတ်နိုးစွာ အတူတကွ နေထိုင်လာကြရသောမိသားစု၏ ပျော်ရွှင်မှု၊သံယောဇဉ်၊ကျေးဇူးတရားနှင့် ခိုင်မြဲသော မေတ္တာနှောင်ကြိုးကြားမှ ရုန်းထွက်သွားသူအတွက် ယူကြုံးမရသည့်သောက ဗျာပါဒတွေကိုလည်း ကြားရသူတိုင်း စာနာ နားလည်နိုင်ကြပါသည်။
            ကျွန်မအတွက် တကယ်တမ်းရင်ထဲမှာ တမြေ့မြေ့လောင်ကျွမ်းပြီး မေ့ပစ်၍ မရနိုင်သည့် ထွက်ခွာသွားကြသူတို့နှင့် ကျန်ရစ်ကြသူ အချို့၏ ဘဝများသည်ကား……-
            အချိန်ကာလကို အတိအကျ မပြောပြလိုပေမဲ့ မကြခဏ တွေ့ကြုံရသော အဖြစ်အပျက်များပင်ဖြစ်သည်။
            ပထမဆုံး ကျွန်မရင်ထဲကို ဝင်ရောက်ခဲ့ဖူးသည့် သက်ကြီးရွယ်အိုတစ်ဦးကား ရန်ကုန်မြို့မှ......
.....သူကိုယ်တိုင်ပင် အမေ့မေ့ အလျော့လျော့ဖြစ်နေပြီဖြစ်သော သူပိုင်တိုက်ခန်း တစ်ခန်း၏ အတွင်းမှာဖြစ်သည်။၆ ပေ-၉ပေ ခန့် နောက်ဖက်ကျကျ မှောင်မိုက်နံစော်နေသော အခန်းကျဉ်းကလေးထဲတွင် သူ့ကို ကျွန်မ မကြာခဏ သွားရောက်တွေ့ဆုံခဲ့ဖူးခြင်းကြောင့်ဖြစ်သည်။
            တင်ပါးဆုံရိုးကျိုးပြီး အောက်ပိုင်းချိနေသော ထိုအမေအိုသည် မိဘဘိုးဘွားအစဉ်အဆက် ဆွေမရှိ မျိုးမရှိ မောင်နှမ နှစ်ယောက် ကိုယ်ပိုင်တိုက်ခန်းကလေးဖြင့် အဖော်ရအောင် ဆွေမျိုးနီးစပ်တော်သူ မွေးစားသားက အိမ်ထောင်ကျ ၊ကလေးဘုစုခရုနှင့် အဘိုးကြီး အဘွားကြီး မောင်နှမအတွက် အဖော်မရဘဲ အစ်ကိုကြီး(၇၈)နှစ်က ညီမ(၇၅)နှစ်အား မုန့်ထွက်ဝယ်ပေးပြီး ပြင်ကျွေးရသည့် အခြေအနေရောက်လာသည်။တစ်နေ့            ထိုအစ်ကိုကြီး ဆုံးသွားသောအခါ ညီမ အမယ်အိုအတွက် အခက်တွေ့ရသည်ကား အားကိုးစရာ ကောက်ရိုးတမျှင်ပင် လက်လှမ်း၍ မမီနိုင်လောက်အောင် သောကရောက်ရတော့သည်။
            မွေးစားသားအမည်နှင့် လွှဲထားခဲ့သော တိုက်ခန်းကလေး၏ နောက်ဖက်ကျကျ အခန်းကလေးဆီသို့ သီးသန့် လွတ်လွတ်လပ်လပ် နေရအောင်ဟူသော အကြောင်းပြချက်ဖြင့် ရွှေ့ပြောင်းခံလိုက်ရပြီးနောက်…နောက်တွင်မူ အဖွားအိုခမျာမှာ လူသူအရိပ်အရောင်ကိုပင် မြင်တွေ့ရခွင့် နည်းပါးသွားရပြန်ပါသည်။
            အကွက်အပေါ် နံစော်မာခေါက်နေသော ခန်းဆီးလိုက်ကာ၏နောက်မှ မှောင်မိုက်အခန်းကလေးထဲတွင် ရေးမိုးချိုးပေးမည့်သူ မရှိ၊ဆံပင်ဖြီးသင်ပေးမည့်သူမရှိ ၊ထမင်းစားချိန်တွင် ထမင်းနှင့်ဟင်းကို သူ့အတွက် သတ်မှတ်ထားသော ပန်းကန်ထဲတွင် တစ်ခါပြင်စာကလေးပုံ၍ လိုက်ကာအောက်မှ ထိုးသွင်းပေးလိုက်သည့်အတွက် ထမင်းကလေးကိုတော့ဖြင့်် ဟင်းကောင်းကောင်းနှင့် မဟုတ်တောင် ကျွေးဖော်ရ၍ ကျေးဇူးတင်ရပေသေးသည်။ သည် အဘွားအိုနှင့် အသိအကျွမ်းဖြစ်ခဲ့ဖူးသောစာပေနယ်မှ ကျွန်မ၏ အစ်မကဲ့သို့သော ဆရာမကြီးတစ်ယောက်ကြောင့် ဆက်သွယ်ပတ်သတ်ခဲ့ရဖူးခြင်း ဖြစ်ပါသည်။
            “မမတို့ သွားလာဝင်ထွက်ရင် သူ့အိမ်က မိသားစုက မကြိုက်ချင်ဘူး ညီမရေ၊ သူတို့သိက္ခာကျတယ်လို့ ယူဆတယ်ထင်ပါရဲ့။အဘွားကြီးခမျာ ကလေးတစ်ယောက်လိုပဲ အပေါ့အလေး စွန့်ချင်ရင်လည်း လက်နှစ်ဖက်ကို အားပြုပြီး ဖင်တရွတ်တိုက်ဆွဲနဲ့ လိုက်ကာကြားက ထွက်ပြီး မနီးမဝေးရှိ အိမ်သာလေးဆီရောက်အောင်သွားရရှာတာ။ လမ်းမှာထွက်ကျလို့ပေကျံရင်လည်း ငြိုငြင်ငေါက်ခံရသေးတော့ အန္တရာယ်ကို မလွယ်နိုင်မှာစိုးလို့ သူ့ခမျာအစားအသောက်တောင် သိပ်မစားရဲရှာပါဘူး။ အဲဒီအဘွားကြီးအတွက် မရှိမဖြစ် အရေးကြီးတာက ဖယောင်းတိုင်နဲ့မီးခြစ်ပဲ၊မမက တစ်လတစ်ခါ ဖယောင်းတိုင် သေးသေးလေးတွေရယ် ၊မီးခြစ်နဲ့အဝတ်အစားတစ်စုံ၊ပြီးတော့ မုန့်လေးနည်းနည်း ဒါမှမဟုတ် သူစားချင်တာ စားရအောင် ပိုက်ဆံကို အကြွေကလေးတွေအမ်းပြီး အဲဒီအိမ်သားတွေ ငြိုငြင်နေတဲ့ကြားပဲ သွားသွားပို့ပေးနေရတယ်။သူ့အခန်းကလေးထဲမှာက နေ့ည မပြတ် ဖယောင်းတိုင်ထွန်းထားရတယ်။ဘာဖြစ်လို့လဲဆိုတော့…ကြွက်တွင်းပေါက်နဲ့ ပြည့်နှက်ပြီး မြေကြီးတွေအမှိုက်တွေ ပွစာကြဲနေတဲ့အတွက် အလင်းရောင်ကလေး နည်းနည်းမှ မရှိရင် မြေကြွက်တွေက လူကို လာလာကိုက်နေလို့ပဲ။”
            အို…ဖြစ်မှဖြစ်ရလေနော်..။ကျွန်မ ရင်ထဲ ကျဉ်ခနဲ ဖြစ်သွားခဲ့သည့် ထိုခံစားချက်က အခုချိန်ထိ မပြေနိုင်သေးပါ။
            ချေးညှော်အထပ်ထပ်နဲ့ဖြစ်သလိုနေရတဲ့ သူ့အတွက် တစ်လတစ်ကြိမ်ပို့ပေးတဲ့ တစ်ပတ်ရစ် ဝတ်စုံတစ်စုံက တစ်လလုံးအတွက် တစ်ခါသုံးပစ္စည်းပေါ့။မုန့်ဖိုးပေးရင် အိမ်က ကလေးတွေက မုန့်ဝယ်ပေးတယ်။ဒါပေမဲ့ မုန့်ဝယ်မဲ့ ပိုက်ဆံရော သူတို့ကို မုန့်ဝယ်ခ ပေးရတဲ့ပိုက်ဆံပါ အတိအကျပေးလိုက်မှ နို့မဟုတ်လို့ရင် ပြန်အမ်းရမယ့် ငွေစက္ကူပေးလိုက်လို့ကတော့ ဘယ်တော့မှ ပြန်မရဘူးဆိုပဲ။ကိုယ့်မလည်း ခေါ်ထားစရာနေရာက မရှိ၊ သူနဲ့အတူနေသူတွေကလည်း လူမှုရေးအသိနဲ့ စေတနာက ခေါင်းပါးတော့ အရင်တုန်းက သူ့ကိုမြင်ဖူး သိခဲ့ဖူးတဲ့ လူတချို့ အဲဒီပတ်ဝန်းကျင်မှာ ရှိနေသေးရင်တောင် ဒီတိုက်ခန်းကလေးရဲ့ နောက်ဘက် အမှောင်ထဲမှာ ဒုက္ခိတ အမေအိုကြီးတစ်ယောက်ရှိနေတယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ကြတော့ဘူး။ သူ့ကို မေ့ကုန်ကြရောပေါ့လို့ သတိရတဲ့အခါ ပြောလေ့ရှိတယ်။
            နောက်ဆုံးတော့ ထို အစ်မ ပေးသော အလုပ်တာဝန်ကို ကျွန်မလိုလိုလားလားပင် လွှဲယူလက်ခံလိုက်ပြီး အလိုမကျသော မှုန်ကုတ်ကုတ် မျက်နှာတွေကြားမှာ တစ်လ တစ်ကြီမ်၊မျက်နှာပြောင်တိုက်ကာ ကျွန်မ ထိုအဘွားအိုထံ သွားရပါတော့သည်။
            ချေးအထပ်ထပ်နှင့် ဂျပ်ခဲလိန်ကျစ်နေသော ဆံပင်များ၊ နံစော်ပေပွနေသော အဝတ်အစားများနှင့် ပိန်လှီလှီ ချိနဲ့နဲ့ ခန္ဓာကိုယ်ပိုင်ရှင်၏ အရောင်မိန်မွဲနေသော မျက်ဝန်းများကိုတော့ ကျွန်မ ဘယ်အချိန်အခါတွင်မှ မေ့ပျောက်မနိုင်လိမ့်မည် မထင်မိပါ။
            ကျွန်မနှင့် အခါများစွာ တွေ့ပြီးသော တစ်နေ့တွင် ထိုအဘွားအိုမှာ လူ့လောကကြီးထဲမှ ထွက်ခွာခွင့်ရသွားရှာလေသည်။ထိုအခါ ကျွန်မသည် သံယောဇဉ်ကြိုးတမျှင်ကြားမှပင် ဝမ်းပန်းတသာ ရေရွတ်လိုက်မိသည်မှာ……………..
                              ဝဋ်ကျွတ်သွားပြီပေါ့….အဘွားရယ်….။  ဟူ၍သာ….…..။                 ။


Mar 27, 2009

ကမာနီလာ၏ဘလော့ခ်မှ ကူးယူဖော်ပြပါသည် ။


နိပွန်းက ဘီရုမာတွေ အကြောင်း
ဂျပန်ရယ်လို့ ဆိုလိုက်ရင် တိုးတက်ထွန်းကားနေတဲ့ စက်မူထိပ်သီး နိုင်ငံတခု အဖြစ် လူတိုင်းသိကြသလို ဒီနိုင်ငံမှာ စီးပွားရှာလို့လည်း အလွန်ကောင်းတဲ့ အရပ်ဒေသတခု ဖြစ်နေတာမို့ ဖေါက်ထွက်ချင်တဲ့ အာရှက လူငယ်လူရွယ်တွေဟာ ဂျပန်နဲ့ပတ်သက်တဲ့ အိပ်မက်တွေကလည်း ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ကို သည်းသည်းလှုပ် ဖြစ်နေကြရ တော့တာပေါ့။

အဲဒီ အိပ်မက်တွေရှိရာ ပင်လယ်ထဲက ရှည်မျှောမျှော ကျွန်းနိုင်ငံလေးဆီကို အရောက်လှမ်းဖို့အတွက် နည်းပေါင်းစုံသုံး အရောက်လာဖို့ကို ကြိုးစားကြတော့တာပါဘဲ။ အဲဒီလို အရောက်လှမ်းနည်းတွေ ထဲမှာ ဂျပန်က ကျောင်းတခုခုကို လျှောက်ပြီး ကျောင်းဗီဇာနဲ့ လာကြသူ တွေရှိသလို၊ အလုပ်ထရိန်နင်ဗီဇာ၊ အလည်အပါတ် ဗီဇာ၊ ဂျပန်လူမျိုးနဲ့ လက်ထပ်ဗီဇာ၊ စသဖြင့် အဲဒီလို ဗီဇာမျိုးတွေနဲ့ အရောက်လာကြ သူတွေများကြပါတယ်။ ဘယ်လို ပုံစံမျိုးတွေနဲ့ဘဲ လာလာ ဂျပန်ကျွန်း နိုင်ငံလေးကိုရောက်ဖို့ ငွေလမ်းတော့ အယင် ခင်းကြရတာ ချည်းပါဘဲ။

သွားကြမယ်ဟေ့ ဂျပန်
ဂျပန်ကို လာမယ့် လူတယောက်ဟာ အများအားဖြင့် အရင်ရောက်နှင့်တဲ့ ဒီကလူတွေနဲ့ အချိတ်အဆက်ယူပြီး လာကြ သူတွေရှိသလို၊ ပွဲစား အဆက်အသွယ်နဲ့ လာကြသူတွေလည်း ရှိပါတယ်၊ ဘယ်လိုပုံစံနဲ့ဘဲ လာလာ အနည်းဆုံး မြန်မာငွေ သိန်းတရာ သုံးဆယ်နဲ့ အထက်တော့ ကုန်ကြပြီး အိမ်မက်တွေကို အကောင်အထည်ပေါ်ဖို့ စွန့်စားကြရတာမို့ ဒီရောက်ပြီးရင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကုပ်တွယ်ကပ်ပြီး နေကြရတော့တာပါဘဲ၊ ကုန်ထားတဲ့ ငွေတွေအတွက်က တကယ်အလုပ်မရွေးဘဲ ကြိုးစားမယ်ဆိုရင် တနှစ်အတွင်း ကုန်တဲ့ငွေကတော့ ပြန်ရှာလို့ ရနိုင်တာမို့လည်း ဒီလောက် ပမာဏများတဲ့ ငွေကြေးတွေကို ရင်းနှီးကြတာလည်း ပါမယ်ထင်ပါတယ်။

ဂျပန်ကို ရောက်ဖို့
အကြမ်းဖျဉ်းအားဖြင့် အခက်အခဲတွေကို ကျော်ဖြတ်ရမယ်၊ အဓိကက သံရုံးဗီဇာနဲ့ ကိုယ့်ကို အာမခံတဲ့ စပွန်စာလို့ ခေါ်တဲ့ လူရဲ့အာမခံမှုက ခိုင်မာမှု ရှိမှသာ ဗီဇာရရှိရေးအတွက် အဆင်ပြေမှာဖြစ်သလို၊ ဂျပန်ကိုရောက်လို့ လေဆိပ်မှာ မြန်မာပတ်စပို့စ် နီနီရဲရဲ တွေဟာလည်း အတားအဆီးတခု အဖြစ်အခက်အခဲ တွေ့နိုင်ပါသေးတယ်၊ မြန်မာစာအုပ်ကို လူဝင်မှုကြီးကြပ်ရေးက တွေ့ပြီဆိုတာနဲ့ ခေတ္တစောင့်ခိုင်းပြီး မှန်လုံခန်းတခုကို ခေါ်သွားပြီး ဘာကြောင့် လာတာလည်း၊ ဘယ်လောက်နေမှာလည်း၊ ဆွေမျိုးရှိလား၊ နောက်ဆုံး စပွန်စာရဲ့ထောက်ခံမူနဲ့ လိပ်စာတွေကိုကြည့်ပြီးမှ စပွန်စာထံ ဖုန်းဆက်မေးပြီး ခိုင်မာမှ လေဆိပ်က ထွက်ခွာခွင့် ပြုပါတော့တယ်။ အခုနှစ် နောက်ပိုင်းတွေမှာဆို ဂျပန်ကိုဝင်ဖို့ မြန်မာမှ မဟုတ်ဘဲ အာရှနိုင်ငံသားတွေအတွက် တော်တော်လေးကို တင်းကျပ်မူတွေ ရှိလာတာမို့ ပြည်တော်ဝင်ခွင့် မရဘဲ ပြန်ကန်ခံရသူတွေ (လေဆိပ်ကနေ ဋ္ဌာနေပြန်ချုင်းခြင်း) အများကြီး ရှိလာပါတယ်၊ မြန်မာတွေကတော့ လက်ရှိအခြေအနေမှာ သူတင်းရင် ကိုယ်တင်းစနစ် လို့ ဆိုရမလားပဲ ပြည်တော် ၀င်ခွင့်ရရေး အတွက် အကျပ်ကိုင်တဲ့ နည်းလမ်းတွေကို လူတိုင်းလို သုံးနေကြပါရောလား? ဘာလည်းဆိုတော့ ၀င်ခွင့်မပေးရင် နောက်ဆုံး ဒုက္ခသည် ခံယူ လျှောက်လိုက်တော့တာပါဘဲ၊ ဒီနည်းက ပွဲစားတွေက ဂျပန်ကိုလာမယ် ဆိုကတည်းက ကြိုသင်ပြပေးထားတာမို့ လုပ်ထုံးလုပ်နည်းတွေကို ဂျပန်ကိုလာမယ့် သူတွေက ကြိုတင်သိရှိ နားလည်ထားကြပါတယ်။

အခု နောက်ပိုင်းဆို ဒုက္ခသည်လျှောက်တဲ့ ဖောင်(Form)တွေတောင် မြန်မာပြည်မှာ ၀ယ်ယူရရှိနိုင်ပြီး အသင့်ရေးဖြည့်ပြီး ဒီရောက်တော့ တခါတည်းတန်း ဒုက္ခသည် လျှောက်ကြတော့တာပါဘဲ။ ဒီနည်းက ဂျပန်ကို အလည်ဗီဇာနဲ့ လာကြသူတွေ အများဆုံးလုပ်တဲ့နည်း ဖြစ်ပါတယ်။ အဲဒီလို လျှောက်လိုက်ပြီ ဆိုတာနဲ့ ကိုယ့်လျှောက်လွှာကို လက်ခြံပီး ဖမ်းဆီးတာကို ခံရပါမယ်၊ အရင်က လေဆိပ်မှာ ရဖြူဂျီလျှောက်ရင် ၁ နှစ်နီးပါးကြာအောင် ထိန်းသိမ်းခံရပေမယ့် ပြောင်းလဲပြီး ပျော့ပြောင်းလာတဲ့ ဂျပန် လ.၀.က ၏ ဒုက္ခသည် လျှောက်ထားမှု ဆိုင်ရာဥပဒေများကြောင့် လ.၀.က အကျဉ်းထောင်မှာ ၂လ ကနေ ၆ လအထိပဲ ထိန်းသိမ်း ချုပ်နှောင်ခြင်းခံရတဲ့ အထိဘဲ လျှော့ပေါ့လာပါတယ်။

ကျောင်းတက်ကြမယ်
ကျောင်းသားနဲ့ ဂျပန်ကျောင်းဗွီစာနဲ့ လျှောက်ပြီး လာကြသူတွေဟာ ဂျပန် စကားပြောသင်တန်းကျောင်းကို တက်ကြရပြီး ၂နှစ် သတ်မှတ်ထားပါတယ်။ ကျောင်းပြီးလို့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ၀င်ရောက်ဖြေဆိုလို့ မိမိတက်လိုတဲ့ ကျောင်းကိုရွေးချယ် ဖြေဆိုပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်မြင်ရင် တက္ကသိုလ်ဝင်ခွင့် အတွက် ဂျပန်ယန်း ၆သိန်းအထက် ကနေ ယန်း၃၀သိန်းလောက် ကြားထဲမှာရှိနေပြီး၊ မိမိတက်မယ့် တက္ကသိုလ်ကျောင်း ကောင်းမကောင်း အပေါ်မူတည်ပြီး ပေးဆောင်ရမယ့် စားရိတ်စကကလည်း ကွာခြားသွားပါတယ်၊ တချို့ကျောင်းတွေက ပညာရေးစီမံချက်နဲ့ ကျောင်းသားတွေကို စကောလားရှစ်နဲ့ ခေါ်ယူပေမယ့် တကယ်တမ်း ကျောင်းတက်မယ့် ကျောင်းသားတွေဟာ စကောလားရှစ် မရကြဘဲ ကျောင်းနဲ့ မြန်မာပြည်က ပွဲစားက ဖြတ်စားလဒ်စား လုပ်ထားပြီး ပွဲစားကို ပိုက်ဆံပေးခဲ့ရသူတွေလည်း အများအပြားပါ။

ယခင်က ကျောင်းဗွီစာနဲ့လာ ဒီရောက်တော့ ကျောင်းမတက်ဘဲ ၀ိုက်လာသူတွေ ( ဝ,လာသူတွေ / အိုဗာစတေးအဖြစ် နေထိုင်သူတွေ) များလာတာမို့ နောက်ပိုင်း ကျောင်းတက်မယ့် ကျောင်းသားတွေဟာ မြန်မာပြည်က အိမ်ဂရံ တွေဘာတွေကို အပေါင်ပေးထားရပြီး သတ်မှတ်ထားတဲ့ ကျောင်းတက်ရမယ့် ၂နှစ်အတွင်း ကျောင်းဆက်မတက်ဘဲ ထွက်ပြေးခဲ့ရင် အိမ်ဂရံကိုသိမ်းမယ်လို့ ချုပ်ကိုင်လာမူတွေ တော်တော်များလာတာမို့ ကျောင်းတက်ပြီး ၀ိုက်တဲ့သူတွေ လျှော့နည်းလာပါတယ်။ ဒီမှာ ကျောင်းတက်နေရတဲ့ ကျောင်းသူကျောင်းသား အများစုရဲ့ ဘ၀ဟာ အများစုအားဖြင့် အနေဆင်းရဲဘ၀ အချိန်ဆင်းရဲတဲ့ ဘ၀တွေများပြီး၊ ကျောင်းတက်ကာ တဖက်က ရပ်တည်ရေးအတွက် ကျောင်းသားတွေအတွက် အစိုးရက ကျောင်းသားတွေ အတွက်သတ်မှတ်ထားတဲ့ နာရီ အလုပ်ကိုလုပ်ပြီး ကြိုးစားနေကြရသူတွေ ဖြစ်ပြီး၊ သူတို့အတွက် အချိန်ပိုဆိုတာ မရှိသလောက်ပါဘဲ၊ တက္ကသိုလ်ကျောင်းပြီးလို့ ကုမ္မဏီတွေမှာ ၀င်ရောက်ဖို့ အခွငိ့အရေးတွေ ယခင်က တော်တော်လေးကောင်းလှပေမယ့် စီးပွားရေး ကျဆင်းနေမူကြောင့် ဂျပန်လူမျိုးတွေပါ အလုပ်ရှားပါးနေတာမို့ ကျောင်းပြီးလို့ လုပ်ငန်းခွင် ၀င်မရသူတွေလည်း ဒုနဲ့ဒေးဖြစ်နေပြီး သတ်မှတ်ထားတဲ့ ဗီဇာမကုန်ခင် ဘွဲ့လွန်တက်နေသူတွေလည်း ကျောင်းတက်ကြနေရင်း စိတ်ဖိစီးမှုတွေ အလုပ်အကိုင်ရှားပါးမှုတွေ တွက်ချက်မိပြီး ဋ္ဌာနေတိုင်းပြည်ကို အပြီးပြန်ကြသူတွေလည်း ရှိနေကြပါရောလား။

အလုပ်ဗီဇာများနဲ့ နေထိုင်ရာဝယ်
Working visa လို့ခေါ်တဲ့ အလုပ်ဗီဇာနဲ့ နေထိုင်နေကြသူများ မှာတော့ အမှန်အကန် အလုပ်ကုမ္မဏီတွေက ဗီဇာရယူပြီး လုပ်ရသလို၊ အင်ဗီဇာ (ဗီဇာ အတု) နဲ့ လာရောက် သူတွေကတော့ မြန်မာပြည်က ပွဲစားနဲ့ ဒီက အင်ကုမ္မဏီ တွေနဲ့ပေါင်း လူခေါ်ရိုက်စားလုပ်မှုတွေက တော်တော်များလှသလို ပြသနာတွေကလည်း တော်တော်လေး ရှုတ်ထွေးလှပါတယ်၊ အလုပ်ဗီဇာ ရရှိထားသူတွေဟာ ဗီဇာ သက်တမ်းတနှစ် ကနေ သုံးနှစ်အထိ ရရှိကြတတ်ပါတယ်၊ သက်တမ်း တခါတိုးရင် ပွဲစားလုပ်သူကို တခါ ပိုက်ဆံ ပေးရပါသေးတယ်၊ အရင်ကတည်းက ဒီဗီဇာဟာ တော်တော်လေးခေတ်စားခဲ့ပြီး working visa ကိုင်ထားသူတွေက ရင်ကော့ ခေါင်းမော့လုပ်နိုင်ပေမယ့် ယနေ့ အချိန်မှာတော့ အခြေအနေ မကောင်းလှပါဘူး၊ သွားသတိ၊ စားသတိ၊ အလုပ်လုပ်လည်း သတိလေးနဲ့ လုပ်မှ တော်ယုံကျမှာပါ၊ ယနေ့ဂျပန်ဟာ အိုဗာစတေး ပပျောက်ရေး( ရက်လွန်နေထိုင်သူ ) အတွက် တင်းကျပ်တဲ့ စီမံကိန်းတွေနဲ့ ဂျပန်နိုင်ငံရဲ့ နေရာ ၁၂,၃၉၁ နေရာမှာ စစ်ဆင်ရေးတွေ လုပ်နေမူကြောင့် working visa အင် - ကိုင်ထားသူတွေ အများစုဟာ အိမ်မှာ၊ လမ်းမှာ ရဲနဲ့ လ.၀.က ကစစ်ဆေးလည်း မမှုပါဘူး၊ ဒါပေမယ့် သူတို့လုပ်နေတဲ့ လုပ်ငန်းခွင်စက်ရုံနဲ့ စားသောက်ဆိုင် တွေကို ၀င်ရောက် စစ်ဆေးရင်တော့ အထုတ်ပြင်ပြီး ပြည်တော် ပြန်ရမှာဖြစ်သလို black list စာရင်းဝင်သွားပြီမို့ ၅နှစ် ဂျပန်ပြည်ဝင်ခွင့် ပိတ်ပင်ခံရပါတယ်။

ဒီလပိုင်းလေး အတွင်းမှာတင် တိုကျိုက working visa အတုနဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်နေသူတွေ တော်တော်များများ အလုပ်လုပ်နေရာ စားသောက်ဆိုင်တွေကို ၀င်ရောက် ဖမ်းဆီးခံရတဲ့ သတင်းတွေ မကြာခဏ ကြားနေရသလို ပွဲစား ကိုကို၊ မမတွေနဲ့ ငွေအပေးအယူ မတည့်လို့၊ ကိုယ့် အချင်းချင်းမတည့်လို့၊ စားသောက်သူ ဂျပန်ဧည့်သည်ကို ပြေလည်စွာ မဆက်ဆံမူတွေကြောင့် အဖမ်းခံနေရတာတွေ ရှိနေကြပါတယ်။
တလောက ဖြစ်သွားတဲ့ ဖမ်းဆီးမှုဆိုရင် ညဖက် စားသောက်ဆိုင်တခုမှာ ဧည့်သည်မှာတဲ့ ခေါက်ဆွဲကြော်ပွဲထဲ စီးကရက်တို ပါလို့ ဧည့်သည်က ဆိုင်ခေါင်း လုပ်သူကိုပြောပြီး ဆိုင်ခေါင်းလုပ်သူက ဖိုထဲကို ဆူပါတယ်၊ အဲဒီဆိုင်မှာ ကလည်း ဆိုင်ခေါင်းနဲ့ ဖိုခေါင်းကလွဲလို့ နိုင်ငံခြားသားချည်းဘဲ ဖြစ်သလို စားပွဲထိုးအမျိုးသမီး က working visa အတုနဲ့ရယ်၊ နောက်တယောက်က ဗီဇာ ရက်ကျော်နေထိုင်နေတဲ့ အိုဗာစတေး အမျိုးသားတဦးပါ၊ နောက်တနေ့ နံနက်အားလုံး အလုပ်ဝင်တဲ့ အချိန်မှာဘဲ ရဲက ဆိုင်ဝင်ပြီး ဖမ်းလို့ ဖိုထဲမှာ နိုင်ငံရေးဗီဇာနဲ့ နေသူကလွဲလို့ အကုန်ပါသွား ပါရောလား! Working visa အင်နဲ့ အမျိုးသမီးဟာ ဂျပန်မှာ အင်ဗွီဇာနဲ့ နေတာကြာပြီမို့ မကြာမှီမှာ Permanent Resident လျှောက်ဖို့ အားလုံး ပြင်ဆင်ထားသူ ဆိုတော့ နစ်နာရပါတယ်။

အလုပ်သင်တို့ မလှမပ ဘဝ
Working visa အမျိုးအစားထဲမှာ ပါတဲ့ Training Visa (အလုပ်သင်ဗီဇာ)နဲ့ လာသူတွေ အကြောင်းလည်း ပြောပြပါရစေဦး၊ Training Visa (အလုပ်သင်ဗီဇာ) တွေနဲ့ ဂျပန်က နိုင်ငံခြားသား တွေကိုခေါ် ယူမူကို ကျယ်ကျယ်ပြန့်ပြန့် စတင်ခဲ့တာ ၁၉၉၃ခုနှစ်ကတည်း ကပါ၊ "ဖွံဖြိုးဆဲ နိုင်ငံတွေကို အကူအညီပေးရေး အစီအစဉ်" ခေါင်းစဉ်နဲ့ အာရှနိုင်ငံတွေက အလုပ်သမားတွေကို ဈေးအပေါဆုံးနဲ့ ခေါ်ယူ ပြီး ခိုင်းနိုင်ဖို့ အတွက် ဗီဇာတွေကို လွယ်ကူစွာ ထုတ်ပေးခဲ့ကြမို့၊ မြန်မာအပါအ၀င် အာရှနိုင်ငံသားတွေ အိမ်မက်တွေ ကိုယ်စီအပြည့် ထုပ်ပိုးလို့ ၀င်ရောက် လာကြပါရောလား။ တကယ်တမ်း သူတို့ ထင်ထားတဲ့ အိမ်မက်တွေထဲက လှပတဲ့ဂျပန်ဟာ ဒီရောက်မှာ ငရဲပန်းကို ရွှေပန်းထင်၊ တံလျှပ်ကို ရေထင်ပြီး ကူးမိခဲ့ကြတယ်ဆိုတာ သိခဲ့ ရလေတော့တယ်။ အလုပ်သင် နိုင်ငံခြားသားတွေ " မြန်မာတွေကတော့ T ဗီဇာ" လို့ခေါ်သူတွေဟာ ၃နှစ် သက်တမ်းဗီဇာ ရရှိထားပြီး ပထမနှစ်မှာ ပညာသင်အဖြစ် အောက်ခြေသိမ်းတွေလုပ်၊ ဒုတိယ နှစ်နှစ်မှာ နည်းပညာ ကျွမ်းကျင်မူသင်တန်းလို့ အမည်ပေးပြီး မိုးလင်းကနေ မိုးချုပ်အထိ အလုပ်လုပ်ကြရပါတယ်၊ လစာက ဂျပန်ယန်း တသိန်း၊ ခုနှစ်သောင်းလောက် သာရရှိကြပြီး လုပ်ရတဲ့ အလုပ်တွေက ဂျပန်မှာ K သုံးလုံးလို့ နာမည်ကြီးနေတဲ့ Kitsui (အလုပ်ဝန် များပြားခြင်း) Kitanai (ညစ်ပတ် ပေရေခြင်း) Kiken (အန္တာရယ် များပြားခြင်း) ဆိုတဲ့ အလုပ်တွေကို လုပ်ကိုင်ရပြီး နောက်ဆုံး ဒဏ်မခံနိုင်လို့ ထွက်ပြေးကြရတဲ့ အဆင့်အထိကို ရောက်ကုန်တော့တာပါဘဲ။

ဂျပန် အစိုးရထုတ်ပြန်တဲ့ သတင်းတွေအရ အလုပ်သမား တသောင်း၊ နှစ်ထောင်၊ ခုနှစ်ရာ (၁၂,၇၀၀) ကျော်ပျောက်ဆုံး နေတယ်လို့ သိရှိရပြီး အဲဒီ ပျောက်ဆုံးနေသူတွေဟာ တချို့ ဂျပန်ရဲ့တခြားနေရာတွေမှာ ခိုအောင်းပြီး အလုပ်လုပ်နေသူတွေ ရှိသလို နေရင်းနိုင်ငံကို ပြန်သွားကြသူတွေလည်း ရှိပါတယ်။ မြန်မာ လူမျိုးအများစုကတော့ ပြည်ပနိုင်ငံရေး ဇါတ်ခုံပေါ်တက်လို့ R ဗီဇာ (ဒုက္ခသည်) လျှောက်ကြပြီး တက်ကြွလှုပ်ရှားသူတွေ အဖြစ် နေထိုင်ခွင့် တောင်းကြပါတယ်။

ဂျပန်တွေ နဲ့ လက်ထပ်ကြမယ်
ဂျပန် လူမျိုးတွေနဲ့ လက်ထပ်ကြတယ် ဆိုတဲ့နေရာမှာ နိုင်ငံခြားသား ယောကျာင်္းလေး၊ မိန်းကလေးတွေက ဂျပန်လူမျိုးတွေနဲ့ လက်ထပ်ကြတာပါ။ အဲဒီလို လက်ထက်တဲ့နေရာမှာ အများအားဖြင့် ကတော့ ဒီမှာ ရှိနေတဲ့လူတွေက မိမိတို့ လုပ်ငန်းခွင် ပတ်ဝန်းကျင်က ဂျပန်အမျိုးသား၊ အမျိုးသမီးတွေနဲ့ ကြိုက်ကြ ယူကြသူ တွေရှိသလို နိုင်ငံရပ်ခြားကို အလည်သွားရင်း ကြိုက်ရာက တကယ် ယူကြသူတွေလည်း ရှိပါတယ်။ အသိထဲမှာတောင် မိတ်ဆွေတယောက်က ထိုင်းမှာ အလုပ်လုပ်ရင်း ဂျပန်အမျိုးသမီးက ထိုင်းကိုလာလည်ရာ ကနေ တွေ့ပြီး မိတ်ဆွေဖြစ်သူနဲ့ ချစ်ကြိုက်ကာ မြန်မာပြည်အထိ သွားရောက် လက်ထပ်ယူခဲ့ပြီး အတည်တကျ ပေါင်းသင်း လက်ထပ်ယူခဲ့တာ တွေ့ရလို့ ပီတိ ထောပနာ ဖြစ်မိပါသေးရဲ့။

အဲ....ဒါပေမယ့် ဂျပန်မှာ နေထိုင်ခွင့်ရရေး အတွက် လက်ထပ် မင်္ဂလာအတု လုပ်ထားတာတွေလည်း ဒုနဲ့ဒေး ရှိနေပါရောလား? ဒါတင်မက ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး မြန်မာပြည်က အမျိုးသမီးတွေ ဂျပန်နဲ့လက်ထပ်တဲ့ အင်လက်ထပ်တာတွေလည်း များလှပေါ့၊ ဒီမှာနေပြီး အင်နဲ့ လက်ထပ်တာတွေကတော့ အိုဗာစတေး၊ ဒါမှ မဟုတ်တခြား ဗီဇာတွေနဲ့ နေထိုင်ပြီးမှ ဒီမှာ နေထိုင်ခွင့် ဆက်ရရှိရေးအတွက် ဂျပန်အမျိုးသမီး အမျိုးသားကို ပိုက်ဆံပေးပြီး လက်ထပ်ကြတာပါ၊ အဲဒီလို လက်ထပ်ပြီဆိုရင် ဒီက မြို့နယ်ရုံးမှာ လက်မှတ်ထိုးပြီး၊ ပြည်ထဲရေးဌာနလက်အောက်ရှိ သက်ဆိုင်ရာမြို့နယ်ရုံးက ခေါ်ယူစစ်ဆေးတာကို ခံရပါတယ် အတည်ပြုမှ လက်ထပ်မှု တရားဝင်အတည် ဖြစ်ပါတယ်၊ အဲဒီ အတည်ပြုစာရွက်နဲ့ ဂျပန် လူဝင်မူကြီးကြပ်ရေးဌာနမှာ ဗီဇာသွားလျှောက်ပြီး လူဝင်မှုကြီးကြပ်ရေးက ခေါ်ယူ စစ်ဆေးမူတွေ စုံစမ်းစစ်ဆေးမှုတွေကို လုပ်တာတွေကိုလည်း ခံယူရပါတယ်၊ ဗီဇာ မကျခင်မှာ လက်ထပ်ထားသူ ဂျပန်နဲ့ အတူနေမှသာ သဘာဝကျတာမို့ အတူနေရပါတယ်၊ လ.၀.က က အတူနေ မနေ ဖုန်းဆက်ပြီး အချိန်မရွေး မေးတတ်တာမို့ ဖုန်းဆက်လာတဲ့ အချိန်မျိုးမှာ အနားမှာ လက်ထပ်ထားတဲ့ ဂျပန်မရှိရင် သင်္ကာမကင်း ဖြစ်တာခံရတာမို့ ဗီဇာ အတွက်လည်း နှောင့်နှေးကြံ့ကြာမှုတွေ ဖြစ်လာနိုင်သလို၊ ငြင်းပယ်ခံရတာတွေလည်း ရှိလာနိုင်ပါတယ်။ အခုနောက်ပိုင်း ပိုမို တင်းကြပ်မှုတွေကြောင့် အိမ်အထိ လာရောက် စစ်ဆေးမူတွေပါ ရှိလာတော့ မချစ်သော်လည်း အောင့်ကာနမ်း အတူနေကြ ရပါတယ်။

မြန်မာတွေအတွက် အဓိကထား ရေးတာမို့ မြန်မာအဖြစ်အပျက်တွေပဲ ရေးပါမယ် မြန်မာယောကျာင်္း တစ်ယောက်က ဂျပန်အမျိုးသမီးနဲ့ အင်,လက်ထပ်ပြီး အတူနေရတာ ပြဿနာ မရှိနိုင်ပေမယ့် မြန်မာ အမျိုးသမီးတွေက အတူနေဖို့ နည်းနည်း ပြဿနာရှိနိုင်ပါတယ်၊ မကြာသေးမှီက ဂျပန် တယောက်နဲ့ အင်,လက်ထပ်ဗီဇာ ရသွားသူ တယောက်ဆို လ.၀.က က အိမ်ဝင်စစ်တဲ့အခါ အိပ်ယာက နှစ်ခုဖြစ်နေတာမို့ လ.၀.က က သကာင်္မကင်းဖြစ်လို့ စစ်ဆေးတာ ခံရပေမယ့် အလျှောက်ကောင်းလို့ ဗီဇာ ရသွားသလို၊ မြန်မာအမျိုးသမီးက ဂျပန်နဲ့ အင်,လက်ထပ်ပြီး အတူနေပေမယ့် သူ့ ယောကျာင်္းမြန်မာ အမျိုးသားနဲ့က တခန်း၊ ဂျပန်ဘိုးတော်ကို တခန်းပေးနေလို့ ဖုန်းဆက်မေးတိုင်း ဘိုးတော်ပါ ရှိနေတော့ အဆင်ကိုပြေလို့ အင်, အပျိုရွှေမမ ဗီဇာ ရသွားပါရော၊ လူတိုင်း သူတို့လိုပဲ အရာခပ်သိမ်း အဆင်မပြေနိုင်ပါဖူး။

မြန်မာပြည်ကနေ ပွဲစားနဲ့ လက်ထပ်သူတွေ ကတော့ မြန်မာပြည်မှာ လက်ထပ်ဖို့ ဂျပန်က အခေါက်ခေါက် အခါခါ သွားပြီးမှ လက်ထပ်ပွဲပုံ ဓာတ်ပုံတွေ စာချုပ်တွေနဲ့ ဗီဇာလျှောက်မှ ရပါတယ်။ တချို့ကလည်း ပိုက်ဆံယူပြီး အေးဆေးဖြစ်ပေမယ့် တစ်ချို့က အင်, မဟုတ်ချင်တော့ဘဲ တကယ် အတည်ယူမိသွားတဲ့ ဂျပန်ဘိုးတော်တွေလည်း အများသား အဲဒီအခါကျမှ ဆုပ်လည်းဆူး စားလည်းရူး ပဒိုင်းသီး စားမိတဲ့ ဘ၀ ရောက်တော့တာပါဘဲ၊ လွန်ခဲ့တဲ့ လ အနည်းငယ်လေးက ပြည်ပက မြန်မာတွေကြားမှာ ရေပန်းစား နံမည်ကြီးသွားတဲ့ အဲဒီအမျိုးသမီးက မြန်မာရုပ်ရှင် သရုပ်ဆောင်တဦးပါ ကြုံလို့ ဖောက်သည်ချ လိုက်ပါအုံးမယ် ယူတတ်ရင်တော့ သင်ခန်းစာပေါ့။
ဇါတ်လမ်းက ဒီလို…. ဂျပန်နိုင်ငံသား ခံယူထားတဲ့ ကိုးရီးယားလူမျိုး ဥပဒေအကြံပေး လူပွဲစားက မြန်မာပြည်က လူတွေကို ဂျပန်ကို အကြီးအကျယ် ရိုက်သွင်းတဲ့ နေရာမှာ တော်တော် နာမည်ကြီးပါတယ်၊ အဲဒီလူက ဒီက ဂျပန် ဘိုးတော်နှစ်ယောက်ကို ပိုက်ဆံရမယ် မြန်မာပြည်က လူကိုခေါ်ဖို့ စပွန်စာ ပေးရုံဘဲပြောလို့ သုံယောက်သား ဗမာပြည် သွားကြပေါ့၊ ဟိုရောက်တော့ ရုပ်ရှင်သရုပ်ဆောင် အမျိုးသမီးရဲ့ အကိုဝမ်းကွဲနဲ့ သူ့ရဲ့သားကို ဂျပန်ဝင်ခွင့်ရဖို့ အဲဒီဘိုးတော်ကဘဲ တာဝန်ယူ ရပါတယ်၊ အဲဒီ အကိုလုပ်သူက သရုပ်ဆောင် အမျိုးသမီးနဲ့ ပေးတွေ့တော့ ဘိုးတော်က တော်တော်ကြိုက်ပြီး ကြွေကာ သဘောတော် ခွေ့တော်မူ သတဲ့၊ ဟိုအမျိုးသမီးကလည်း ဂျပန်ကို ဘယ်လိုလာရလာရ ပြီးရော၊ ဒီဘူတားကြီး ဂျပန်ကို ရိုက်ကွင်းတွေ ဘာတွေအထိ လည်လည်ခေါ်သွား ဆိုတော့ ဘုန်းကြီးရူးနဲ့ လှေလူးဆိုသလို ဂျပန်ကလည်း အထင်ကြီးအောင်ပြော တယောက်နဲ့ တယောက် အထင်တွေကြီးပြီး အတည်ယူဖို့ အထိဖြစ်ကာ ဒီရောက် လာပါလေရော၊ ဒီရောက်တော့ ဂျပန်ဘိုးတော်က အဲဒီ အမျိုးသမီး ထင်ထားသလို သူဋ္ဌေးလဲ မဟုတ်၊ လခစား ၀န်ထမ်းလည်း မဟုတ်၊ ပိုက်ဆံလည်း မရှိ၊ ကလေးတယောက် အဖေ အိမ်ထောင်ကွဲဆိုတာသိရတော့ တလကျော်ကျော်လောက် အတူနေပြီး ထွက်ပြေးရတဲ့ အဆင့်တွေဖြစ်ပြီး နိုင်ငံရေး အသိုင်းအ၀န်းထဲက ဆလိမ် ဆရာကြီးတယောက်ရဲ့ ကိုယ်ဖိရင်ဖိ စောင့်ရှောက်မူကို ခံယူပြီး နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားရတဲ့ အခြေအနေထိ ဖြစ်သွားရသလို၊ ဂျပန်ဘိုးတော်က သက်ဆိုင်ရာတွေကို ဗီဇာ မရရှိရေးအတွက် တိုင်ကြားမူတွေကိုလည်း အဆက်မပြတ်လုပ်နေတာမို့ ရင်လေးစရာ အဖြစ်တွေနဲ့ ဘိုးသိုးဘတ်သပ်ကြီး ကြုံနေရသတဲ့၊ အင်, လက်ထပ်မယ့် မြန်မာမလေးတွေ သတိလေးထား ဆင်ခြင်ကြစေသလို၊ အင်,လက်ထပ်မူကို လုပ်တဲ့ ဂျပန်ဆိုတာ ပိုက်ဆံရှိပြီး ဂုဏ်သိက္ခာနဲ့ နေတဲ့ ဂျပန်တွေက မလုပ်သလို၊ ကိုယ့်အန္တရာယ်လေးတွေကိုလည်း ကြိုမြင် ကြစေချင်ပါတယ်။ ဗူးပေါ် ဖရုံဆင့်ပြီး အဲဒီ သရုပ်ဆောင်အမျိုးသမီးရဲ့ အကိုဆိုသူက ဂျပန်မှာ ၈နှစ်လောက် နေသွားဖူးတာ ဆိုတော့ ဂျပန်လေဆိပ်အ၀င်မှာ ပေါ်သွားတာမို့ ပြည်ဝင်ခွင့် မပေးတဲ့အတွက် သားရော အဖေရောပါ နိုင်ငံရေး ခိုလှုံခွင့်လျှောက်ထားတာ လေးလည်းကြားသိရပါတယ်။
ဂျပန် လေဆိပ်များတွင် Fingers Print (ခေါ်) လက်ဗွေ နှိပ်ယူ မှတ်သားထားစဉ်

ဂျပန်နိုင်ငံဟာ စီးပွားရေး ရှာဖွေကောင်းတဲ့ နိုင်ငံတခုဖြစ်တာမို့ နိုင်ငံခြားသားတွေအလုံးအရင်းနဲ့ လှိမ့်ဝင်လာခဲ့ရာ ၁၉၉၀ခုနှစ်မှ စ၍ နိုင်ငံခြားသားများ လာရောက်နေထိုင်မှု တဟုန်ထိုး တိုးတက်လာခဲ့ရသည်။ ၂၀၀၄ခုနှစ် ၁လပိုင်းမှ စပြီး အိုဗာစတေး (ရက်လွန်) နေထိုင်သူ ၂၁၉,၄၁၈ဦး ရှိခဲ့ရာမှ ၅နှစ်စီမံကိန်းဖြင့် တရားမ၀င် နိုင်ငံခြားသားများကို နှိမ်နင်းခဲ့ရာ ၁၁၃,၀၀၀ အထိ ထက်ဝက်ခန့် ကျဆင်းခဲ့ကြောင်း လူဝင်မူကြီးကြပ်ရေးဌာနမှ ဖေဖော်ဝါရီလ အတွင်းမှာ တရားဝင်ထုတ်ပြန်ကြော်ငြာခဲ့တယ်။ အဲဒီလို ဂျပန်အစိုးရမှ နိုင်ငံခြားသားများကို နှိမ်နင်းရာမှာ ရဲဌာန အကူအညီနဲ့ ဒေါက်တိုင်သုံးခု စီမံကိန်းဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြတာပါ၊ အဲဒီဒေါက်တိုင်သုံးခုစီမံကိန်း ဆိုတာကတော့ နိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ တရားမ၀င်သော နည်းလမ်းများဖြင့် မလာနိုင်အောင် (Kosasenai) မ၀င်နိုင်အောင် (hairasenai) တရားမ၀င် နေထိုင်ခြင်းမရှိနိုင်အောင် (isasenai) စနစ်တွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါတယ်။ မလာနိုင်အောင် (Kosasenai) အတွက် တရားမ၀င် နည်းလမ်းများဖြင့် မလာနိုင်အောင် ဗီဇာကို တင်းကျပ်စွာ စစ်ဆေးမူပြုပြီး တောင်-ကိုရီးယားနိုင်ငံ အင်ချောင်းလေဆိပ်နှင့် ထိုမ်ဝမ်နိုင်ငံရှိ တာအိုယမ်း လေဆိပ်များမှ ၀င်လာမည့် သူများကို ကြပ်မတ်စစ်ဆေးမူများ လုပ်နေသလို
မ၀င်နိုင်အောင် (hairasenai) အတွက်ကို ဂျပန်သို့လာမည့်သူများကို APIS: Advance Passenger Information System ဖြင့် ကိုယ်ရေးအချက်အလက်များ သေချာစွာစစ်ဆေးပြီး နာမည်ပျက် ရှိ၊ မရှိစစ်ဆေးခြင်း၊ တရားမ၀င် နေထိုင်ခြင်းမရှိနိုင်အောင် (isasenai) ဂျပန်နိုင်ငံအတွင်း တရားဝင် နေထိုင်နိုင်ခြင်း မရှိနိုင်အောင် ဂျပန်နိုင်ငံရဲ့ နေရာ ၁၂,၃၉၁ နေရာမှာ စစ်ဆင်ရေးတွေ လုပ်ပြီး ဖမ်းဆီးမူတွေလုပ်နေတဲ့အပြင် တရားမ၀င် နိုင်ငံခြားသားများကို ဖမ်းဖို့ အိုဆာကာနဲ့ နာဂိုယာမြို့များမှာ လ.၀.က ထိန်းသိမ်းရေး အကျဉ်းစခမ်း အဆောက်အဦးသစ်များ ဆောက်လုပ်ထာြး့ပီး ၂၀၀၇ခုနှစ် နိုဝင်ဘာလမှ စတင်ကျင့်သုံးခဲ့တဲ့ ကွန်ပြုတာစနစ်ဖြင့် လက်ဗွေယူမူကို ကျင့်သုံးခဲ့တာကြောင့် အိုဗာစတေးနှင့် အကြောင်း အမျိုးမျိုးကြောင့် ဂျပန်နိုင်ငံအတွင်း နေထိုင်ခဲ့ဖူးတဲ့
ပြည်နှင်ဒဏ်ခံထားရသူများ ဂျပန်သို့ ပုံစံအမျိုးမျိုးဖြင့် ပြန်လည် ၀င်ရောက်လာနိုင်မူကို တားဆီးနိုင်ခြဲ့ပီး ယနေ့အချိန်ထိ ၈၆၄ဦး လက်ဗွေကြောင့် ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ် ခံခဲ့ကြရပါတယ်။
အောက်တိုဘာ၂၄ရက်နေ့က ဂျပန်တရားရေး ၀န်ကြီးဌာန ထုတ်ပြန်တဲ့ သတင်းတွေအရဆိုရင် နိုင်ငံခြားသား မှတ်ပုံတင်ပြုလုပ်ပြီး နေထိုင်နေကြသူပေါင်း ၂၁၅၂၉၇၃ ရှိပြီး အာရှနိုင်ငံသား ၁၆၀၂၉၈၄ ဦး၊ ဥရောပနိုင်ငံများမှ ၆၀၇၂၃ ဦး ၊ အာဖရိကနိုင်ငံများမှ ၁၁၄၆၅ ဦး၊ မြောက်အမေရိကားတိုက် နိုင်ငံများမှ ၃၉၃၈၄၂ ဦး၊ သြစတြေးလျတိုက် နိုင်ငံများမှ ၁၅၁၉၁ ဦးနှင့် နိုင်ငံမဲ့အဖြစ် နေထိုင်နေသူ ၁၅၇၃ ဦးတို့ ဖြစ်ပြီး မြန်မာနိုင်ငံသား များထဲမှ ၆၆၀၅ ဦး ၊နိုင်ငံခြားသား ကဒ်လုပ်ထားသော်လည်း ဗီဇာ မရရှိသေးသူ ၁၂၇ ဦး စုစုပေါင်း မြန်မာလူမျိုး ၆၇၃၅ ဦး နေထိုင်လျှက်ရှိတယ်လို့ သိရတာကြောင့် ကိုရီးယားတို့၊ တရုတ်တို့ထက်စာရင် တို့မြန်မာတွေ မပြောပလောက်သေးပါဘူးလို့ဘဲ ဖြေသိမ့်ကျေနပ်ရတော့မလိုလို…….
တရားမ၀င်နေထိုင်သူများလျော့ပါးရေးအတွက် တိုကျိုလူဝင်မူကြီးကြပ်ရေးဌာနမှ ကမ်းပိန်းပြုလုပ်မည့် အကြောင်း ရှင်နဂါဝါ ဘူတာတွင် စာတမ်းချိတ်ဆွဲထားစဉ်
ဂျပန်မှာ နိုင်ငံခြားသားဦးရေ အများဆုံးက ကိုရီးယား၊ တရုတ်နှင့် ဖိလင်ပင်း တို့ကအများဆုံးဖြစ်နေကြတာကိုး မြန်မာနိုင်ငံမှ ဂျပန်ကိုလာမယ်ဆိုရင် လက်ရှိ ပွဲစားပေါက်ဈေး ၁၃၀သိန်းခန့် ပေါက်ဈေးရှိနေသလို ယနေ့ လုပ်ငန်းခွင်များမှာ ဗီဇာ မရှိလျှင် အလုပ်အကိုင် အခက်အခဲများ ရှိနိုင်ပြီး ၊ သူ့လူမျိုး သူ့ဘာသာစကား မတတ်လျှင်လည်း ဗီဇာ ရှိနေသူပင် ဖြစ်စေကာမူ အလုပ်ရှာရန် ခက်ခဲမှုများ ရှိနိုင်တာကတော့ အမှန်ပါဘဲ။ ပွဲစားတွေကတော့ သူတို့အလုပ်ဖြစ်ပြီးရောဆိုတဲ့ လေသံနဲ့ ဘာမှမပူနဲ့ ပေါ့ ဒီရောက်တော့သူ့ဘာသာဖြစ်သွားမယ်လို့ဆိုကြလေရဲ့ သူတို့ပြောတာလည်း မှားမှမမှားဘဲကိုး ဒီရောက်တော့ သူတို့နဲ့မှမဆိုင်တော့တာ ကိုယ့်လမ်းကိုယ်လျှောက်ကြရတော့တာကိုး။
၂၀၀၉ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့ အထိ မှတ်တမ်းများအရဆိုရင် ကိုရီးယားနိုင်ငံသား ၂၄၁၉၈၊ တရုတ်နိုင်ငံသား ၁၈၃၈၅၊ ဖိလစ်ပိုင်နိုင်ငံသား၁၇၂၈၇၊ ထိုင်းနိုင်ငံသား ၆၀၂၃၊ ထိုင်ဝမ်နိုင်ငံသား ၄၉၅၀၊ ပီရူးနိုင်ငံသား ၃၃၉၆၊ အင်ဒိုနီးရှား နိုင်ငံသား ၃၁၂၆၊ မလေးရှားနိုင်ငံသား ၂၉၈၆၊သီရိလကာင်္ နိုင်ငံသား ၂၇၉၆နှင့် ဗီယက်နမ်နိုင်ငံသား ၂၅၂၇ဦးတို့ နိုင်ငံအလိုက် တရားမ၀င် နေထိုင်လျှက်ရှိနေသေးပါသတဲ့ မြန်မာ လူမျိုးတွေကတော့ လူဦးရေ နည်းပါးသေးတာကြောင့် အိုဗာစတေး ရက်လွန်နေထိုင်သူတွေ ရှိနေသေးသော်လည်း စာရင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး၊ တရားမ၀င် နိုင်ငံခြားသားများ ပပျောက်ရေးအတွက် ယခု နှစ်ကုန်ပိုင်းအထိ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမယ်လို့ တရားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားပြီးဖြစ်တာကြောင့် အိုဗာစတေး နှင့် အင်,ဗီဇာ သမားတွေ အတွက် အခြေအနေကတော့
ရင်ထိတ်ဖွယ်ရာဖြစ်လို့နေပါရောလား၊ ပြည်ဝင်ခွင့် ဗီဇာများ တင်းကျပ်ထားမူကြောင့်
ပြည်ပမှ ၀င်ရောက်လာသူ နိုင်ငံခြားသားဦးရေ သိသိသာသာ လျှော့နည်းသွားပေမယ့်လည်း ဂျပန်သို့ ၀င်ရောက်လာတဲ့ ရွှေမြန်မာ အရေအတွက်က သိသိသာသာ တိုးပွားလာပြီး အောက်တိုဘာလ အတွင်းရောက်ရှိလာတဲ့ မြန်မာဦးရေဟာ ၇၀ ယောက်လောက်ရှိတယ်လို့ ကြားသိရသလို ၀င်ရောက်လာသူ တော်တော်များများဟာလည်း နိုင်ငံရေးဇတ်ခုံပေါ်တွေေ၇ာက်လို့ နိုင်ငံရေးခိုလှုံခွင့် ဗီဇာတွေလျှောက် လို့ လျှောက်ထားဆဲRလက်မှတ် လေးတွေကိုယ်ဆီကိုင်လို့ (sylumလျှောက်ထားဆဲလက်မှတ်ကိုပြောတာပါ)
Rအိမ်မက်လေးတွေကိုယ်စီနဲ့ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြရင်တောင် နေကောင်းလားလို့ နှုတ်ဆက်ရမယ့်အစား ကျပြီလား(နေထိုင်ခွင့်ဗီဇာ)ဘယ်လိုလည်းအခြေအနေဆိုတဲ့ အထာစကားလေးတွေနဲ့ နှုတ်ဆက်နေကြတာ ဂျပန်ရောက်ရွှေမြန်မာတွေရဲ့ ယဉ်ကျေးမူလို့တောင် ပြောရမလိုဖြစ်နေပါပြီ။

ဂျပန်နိုင်ငံမှ ပေးသော ဗီဇာအမျိုးအစားများ
ဂျပန်ရဲ့ လက်ရှိစီးပွားရေး ကျဆင်းနေမူတွေကြောင့် အလုပ်လက်မဲ့ နိုင်ငံခြားသား လေးထောင် သုံးရာကျော်ရှိနေတဲ့ အတွက် ဂျပန်ရောက်လာတဲ့ ပူပူနွေးနွေး ရွှေမြန်မာများအတွက် အလုပ်အကိုင် ရှာဖွေမူတွေ ခက်ခဲနေပြီး ဒီရောက်မှ ခေါက်ဆွဲပြုတ် တဘူးကို မနက်,ည ပေါင်းစား နေရသူတွေလည်း တွေ့မြင်လာရပါပြီ၊ တကယ်တော့ ဂျပန်မှာ နိုင်ငံခြားသားတွေကို ဗီဇာ အမျိုးအစားပေါင်း ၁၀၀ ကျော် ထုတ်ပေးထားတယ် ဆိုတဲ့ ချဲ့ကားပြီး ပြောဆိုနေကြပေမယ့် အဓိက တကယ့် အမျိုးအစားက ၇ မျိုးပဲ ရှိပါတယ်၊ ဂျပန်က အင်, လက်ထပ်မှုတွေနဲ့ ဗီဇာ ရထားသူတွေဟာ အလိမ်ပေါ်သွားခဲ့ရင် အချိန်မရွေး ဖမ်းဆီးခံရနိုင်ပြီး ရထားတဲ့ ဗီဇာပါ ပြန်အသိမ်းခံရသူတွေ၊ အခြားသော အခြားသော နည်းလမ်းပေါင်းစုံနဲ့ ဗီဇာရသူတွေ အများအပြား ရှိလာနေကြတာမို့ ဂျပန်က ဗီဇာနဲ့ ပတ်သက်ရင် အရမ်း အရမ်းကို ခက်ခဲမှုတွေ ရှိနေသေးတယ် ဆိုတဲ့အကြောင်းများ………..

Aug 26, 2008

နိုင်ငံရပ်ခြားရောက် မြန်မာလူငယ်များ၏ အနာဂတ်အပေါ် စာရေးဆရာ အောင် သင်း အမြင်

ဒေါက်တာလွဏ်းဆွေထံမှ ထပ်မံကူးယူ ဖြန့်ဝေခြင်း ဖြစ်ပါသည် ။
အင်တာဗျူး - ခေတ်ပြိုင်

စာပေဝေဖန်ရေးနှင့် နာမည်ကြီးသည့် ရန်ကုန်မြို့က စာရေးဆရာကြီး ဦး အောင်သင်းသည် လူငယ်များတိုးတက်ရေးကို စိုက်လိုက်မတ်တတ် ဟော ပြောရေးသားနေသည့် ပုဂ္ဂိုလ်တဦးဖြစ်သည်။ အသက်အရွယ်ထောက်လာ သည့်တိုင် နိုင်ငံခြားရောက် လူငယ်များ မိမိတို့စိုက်ထုတ် ရင်းနှီးခဲ့သည်များ ကို ချင့်ချိန်တတ်အောင် အကြံပေးလိုသည့်ဆန္ဒ ရှိနေသည်။ ရန်ကုန်မြို့မှ စာ ရေးဆရာကြီး ဦးအောင်သင်းအား ခေတ်ပြိုင်ဂျာနယ် အယ်ဒီတာချုပ် ဦးစိန် ကျော်လှိုင်က နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ်လုပ်ကိုင်နေသည့် အထူး သဖြင့် ကာယလုပ်သား မြန်မာလူမျိုး လူငယ်များအနာဂတ်ကိစ္စ စတင်မေး မြန်းရာ ဆရာအောင်သင်းက ယခုကဲ့သို့ ဖြေကြားသည်။

ဖြေ ။ ။ ကိုစိန်ကျော်လှိုင်ရေ။ ဒီဆုံးမသြ၀ါဒရယ်လို့ ကျနော်မပြောပါရစေနဲ့။ ကျနော့်စိတ်ထဲမှာ ဒီကလေးတွေဟာ ဘာပဲဖြစ်ဖြစ်အခြေအနေအရ ရပ်ဝေး မြေခြားမှာ သွားပြီးတော့ စီးပွားရှာကြတယ်။ ဘ၀ကိုတည်ဆောက်ကြတယ် ဆိုတော့ ကျနော့်စိတ်ထဲမှာ အင်မတန် သနားတယ်။ ချစ်လည်းချစ်တယ်။ ကျေးဇူးလည်းတင်တယ်။ နောက် ပြီးတော့ သူတို့အပေါ်မှာ အထင်လည်းကြီးတယ် ဆိုပါတော့နော်။

ဘာကြောင့်လဲဆိုတော့ ကိုစိန်ကျော်လှိုင် သတိထားမိလားမသိဘူးခင်ဗျာ့။ ကျနော်တို့ မြန်မာလူမျိုးတွေဟာ များသောအားဖြင့် အိုးနဲ့ အိမ်နဲ့ သိပ်မခွာချင်ကြဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်ကနေ ရပ်ဝေးမြေခြား သိပ်မ သွားချင်ကြဘူး။ ဒါပေမယ့် အဲ့ဒီကြားထဲမှာ သွားပြီးတော့ ဒီလိုလုပ်တဲ့ အတွက်ကြောင့် ကျနော် သူတို့ကို တ ကယ်ချီးကျူးပါတယ်။ တကယ်လေးစားပါတယ်။


အော် ငါတို့ထက်တော်တဲ့ ကလေးတွေပါလားလို့ ကျနော့်စိတ်ထဲမှာ မေတ္တာထားမိပါတယ်။ ဒါကြောင့် ကျနော်တို့ သူတို့ကို စကားပြောချင်တာက ပြောတဲ့အခါမှာ အဆုံးအမရယ်လို့ မဟုတ် ဘဲနဲ့ သူတို့ရဲ့အဖိုး၊ သို့မဟုတ်လို့ရှိရင်လည်း အင်မတန်ရင်းနှီးတဲ့ ဘကြီး၊ ဦးကြီးအဖြစ်နဲ့ ကျနော် ပြောချင်တာပါ။

မေး ။ ။ ဟုတ်ကဲ့ အဲဒီလို ပြောတဲ့နေရာမှာ ကျနော်တို့ အခု ဆရာပြောတဲ့ လူငယ်အမျိုးအစား တွေကို ပြန်ကြည့်တဲ့အခါကြတော့ မြန်မာနိုင်ငံကနေ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကြတယ်ဆိုတဲ့ နေရာမှာ အထူးသဖြင့် ကိုရီးယားတို့၊ ဂျပန်တို့၊ နောက်တခါ မလေးရှားအစရှိတဲ့ နိုင်ငံတွေမှာ ပုံစံ အမျိုးမျိုးနဲ့ လုပ်အားကို အသုံးချပြီး အထူးသဖြင့် ကိုယ်ကာယ လုပ်အားကို အသုံးချပြီး လုပ်ကြ ရတဲ့ လူငယ်တွေ အတော်လေးများပါတယ်။ ဆိုတော့ အရေအတွက် အတော်လေးများများလာ ပါတယ်။ အထူးသဖြင့် စီးပွားရေး ကြပ်တည်းတဲ့အခါမှာ မလွှဲမရှောင်သာ ခုနဆရာပြောသလို ကိုယ့်အိမ်ကိုယ့်ယာ ခွာချင်လို့ မဟုတ်ဘဲနဲ့ မလွဲမသွေ ခွာဖို့ဖြစ်လာတဲ့အကြောင်းတွေရှိလာလို့ ခွာကြတဲ့ လူတွေလည်း ပါပါလိမ့်မယ်။ ဘာများဆရာ့အနေနဲ့ ပြောချင်ပါလဲခင်ဗျာ။

စွန့်တယ်ဆိုတာ စားရဖို့

ဖြေ ။ ။ အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ဘ၀လေးတွေကို ကျနော် ခဏခဏစဉ်းစားမိပါတယ်။ စဉ်းစားလိုက်တဲ့အခါကြတော့ သူတို့မှာလေ အရင်းအနှီး တော်တော်ကြီးပါတယ်။ အရင်းအနှီး ဆိုတာ ကိုစိန်ကျော်လှိုင်ရေ… ရင်းနှီးလိုက်ပြီဆိုရင် အမြတ်လိုချင်လို့ပဲ။ အကျိုးအမြတ်လိုချင်လို့ပဲ။ အဲတော့ အရင်းအနှီးဆိုတာ ကုန်ဆုံးသွားတာ။ ဥပမာဆိုပါတော့။ ကိုစိန်ကျော်လှိုင်က ဘူးသီးစိုက် တယ်။ စပါးစိုက်တယ်။ အဲဒီစပါးကို ရောင်းလိုက်ရတယ်ဆိုတာ ကိုယ်က ပေးလိုက်ရတာပဲ။ ပြီး တော့မှ ရလာတဲ့ဥစ္စာ အကျိုးအမြတ်။ အဲဒီလိုဆိုတဲ့အခါကြတော့။ အရင်းအနှီးဆိုတာက ကိုယ်က ပေးလိုက်ရတာပဲ။ အဲဒီပေးလိုက်ရတဲ့ ဥစ္စာက အကျိုးအမြတ်ရှိမှ စွန့်စားရကျိုး နပ်မှာပေါ့။ သဘောကတော့ စွန့်တယ်ဆိုတာ စားရမှာပေါ့ ကိုစိန်ကျော်လှိုင်ရယ်။ ဟုတ်လား။ မစားရပဲနဲ့ စွန့် တယ်ဆိုတာ အဓိပ္ပာယ်မှမရှိဘဲနဲ့။ ဒါကြောင့် သူတို့တွေကို ကျနော် ပထမဦးဆုံး သတိပေးချင်တာ ကတော့ ကိုယ်စိုက်ထားရတဲ့ အရင်းအနှီး နို့မဟုတ်လို့ရှိရင် ကိုယ့်ဘက်ကနေ ဆုံးရှုံးခံလိုက်ရတဲ့ အရင်းအနှီးကို တွက်စေချင်တယ်။ အဲဒါကို ပထမဦးဆုံး သတိပေးခြင်ပါတယ်။

လူငယ်များရင်းနှီးခဲ့သည့် အရင်းအနှီးအမျိုးအစား

အဲဒီ့သတိပေးခြင်တာ ပထမဦးဆုံး နံပါတ် (၁) မြင်သာတဲ့ အရင်းအနှီးက ဘာလဲဆိုလို့ရှိရင် ဥပမာ- ငွေ (၅) သိန်းပဲ ကုန်မယ်၊ (၁၀) သိန်းပဲကုန်မယ်။ (၁၅) သိန်းပဲကုန်မယ် အဲဒီငွေဟာ ဘယ်လိုရင်းနှီး ရတယ်ဆိုတာ ပုံစံ တယောက်နဲ့ တယောက်မတူဘူး။ တချို့ကြတော့ မိဘကပေးနိုင်လို့၊ တချို့ ကြတော့လည်း ကိုယ်ပိုင်ပိုက်ဆံရှိလို့၊ ငွေကြေးရှိလို့၊ တချို့ကြတော့လည်း ချေးငှားပြီးတော့ သွား ရတယ်။ ချေးငှားသွားတဲ့အခါမှာလည်း အတိုးက ကြီးသလား၊ နည်းသလား၊ အဲဒီလိုဆိုတော့ အဲဒီ ဟာတွေက မြင်သာတဲ့ အရင်းအနှီးတွေပါ။ အဲဒီ့ မြင်သာတဲ့ အရင်းအနှီးအကြောင်းကိုတော့ ကျနော် မပြောတော့ဘူး။ သူတို့ဘာသာသူတို့ မြင်တတ်တယ်။ ငါ ဒီလောက်ငွေကုန်ထားပြီ။ ဘယ်လောက် အရင်းအနှီးရှိတယ်။ ငါဘယ်လောက် စိုက်ထုတ်ရလိမ့်မယ်။ ဘယ်လောက် အကျိုးရှိမှဖြစ်မယ် ဆိုတာ သူတို့ တွက်နိုင်ပါတယ်။ ကျနော် အခုပြောချင်တာက မမြင်သာတဲ့ အရင်းအနှီးတွေကို သတိပေးချင်ပါတယ် ကိုစိန်ကျော်လှိုင်။

အရွယ်အရင်းအနှီး

အဲဒါတွေထဲမှာ ပထမဦးဆုံးကတော့ ကိုစိန်ကျော်လှိုင်ရေ သူတို့ကိုယ်သူတို့ သတိမထားမိတဲ့ အရင်း အနှီးကို ကျနော်ပြောချင်ပါတယ်။ အဲဒါကတော့ အရွယ်၊ အသက်အရွယ်ဆိုတာ အရေးကြီးပါတယ်။ ဆိုပါတော့ ကိုစိန်ကျော်လှိုင်ရယ်။ ကလေးတယောက်က အသက် (၂၂) နှစ်မှာ နိုင်ငံခြားကို ထွက် တယ်။ အဲဒီ (၂၂) နှစ်ဆိုတော့ (၃) နှစ် လုပ်မယ်ဆိုလို့ရှိရင် သူပြန်လာတဲ့အချိန်မှာ အသက် (၂၅) နှစ် ဖြစ်သွားပြီ။ တကယ်လို့ အသက် (၂၅) နှစ်မှာ ထွက်မယ်။ (၃) နှစ်ဆိုရင် သူပြန်လာတဲ့အခါကြ အသက် (၂၈) နှစ် ဖြစ်သွားပြီ။

အသက် (၂၅) နှစ်ကြမှ ထွက်ဖြစ်တယ်ဆိုရင် (၅) နှစ်နေမယ်ဆိုရင် အသက် (၃၀)။ ကိုယ့်အရင်း အနှီးက အဲဒီ့ (၃) နှစ်၊ (၅) နှစ်ပေးလိုက်တဲ့ အရင်းတွေသည် အရွယ်ကောင်းတွေဖြစ်နေတော့ အင်မတန်ကောင်းတဲ့ အရွယ်ကို ကိုယ်ပေးလိုက်ရတာ။ ပေးလိုက်ရတာအခါကြတော့ ဥပမာ အသက် (၃၀) ကျော်သွားမယ်ဆိုလို့ရှိရင် နောက်တခါ ပြန်သွားတဲ့အခါကြ သင်္ဘောဆိုလို့ရှိရင် လည်း သင်္ဘောသားဆိုရင်လည်း လက်မခံတော့ဘူးနော် ကိုစိန်ကျော်လှိုင်။

အဲဒီတော့ ပြောချင်တာက အဲဒီအရွယ်အရင်းအနှီးကို ကြပ်ကြပ်ကြီး သတိထားဖို့လိုမယ်လို့ ကျနော် ပြောချင်ပါတယ်။ အဲဒီတော့ ပထမဦးဆုံး အရွယ်အရင်းအနှီးပါ။ အဲဒီ့ အရွယ်အရင်းအနှီးကို ဆုံးရှုံး လိုက်တဲ့ ကိစ္စဟာ ပေါ့ပေါ့သေးသေး မထင်နဲ့။ နောက်တခါပြန်ပြီး အလုပ်တခုကို စဖို့လို့အတွက်ကို တော်တော်လေး အခက်အခဲကြုံသွားတတ်ပါတယ်။ ဥပမာဆိုပါတော့ အသက် (၂၂) နှစ်နဲ့ အသက် (၃၀) ဆိုလို့ရှိရင် တော်တော်ကွာသွားပြီ။ အသက် (၂၅) နှစ်နဲ့ (၃၀) ဆိုရင်လည်း တော်တော် ကွာသွားပြီ။

အဲဒီတော့ အလုပ်ရှင်တွေ လိုချင်တဲ့ ဥစ္စာက ငယ်ငယ်အရွယ် သန်တုန်းမြန်တုန်းကို လိုချင်တာပေါ့။ အထူးသဖြင့် ကာယကိုအားပြုပြီး၊ အားစိုက်ပြီးလုပ်ရတဲ့ သူတွေဆိုလို့ရှိရင် ပိုပြီးတော့ အဲဒီဟာကို တန်ဖိုးထားကြတယ်။ အဲဒီတော့ အရွယ်အရင်းအနှီးဟာ သိပ်ပြီးတော့ အရေးကြီးတယ်ဆိုတာကို ပထမဦးဆုံး သိဖို့လိုပါတယ် ကိုစိန်ကျော်လှိုင်ရေ။ ဒါ သူတို့ သတိထားဖို့ပါ။ ကောင်းပြီ။ အဲဒီတော့ ကျနော်ဒါတွေပြောနေတာ တခြားကြောင့်မဟုတ်ဘူးနော်။ နောက်ပိုင်းရောက်တဲ့အခါကြတော့ ပိုပိုပြီး ထင်ရှားလာလိမ့်မယ်။ သိပ်အရေးကြီးပါတယ်။

ဦးနှောက်အရင်းအနှီး

နောက်တခုက ဘာလဲဆိုတော့ ဦးနှောက်အရင်းအနှီး။ ဦးနှောက်အရင်းအနှီးဆိုတာက နိုင်ငံခြားကို သွားလိုက်တယ်။ ဥပမာဆိုပါတော့။ ပညာနဲ့ အလုပ်လုပ်ဖို့သွားလိုက်တယ်။ အဲ့ ပညာနဲ့။ အခုဆို ပါတော့ ကျနော့် တပည့်တပန်းတွေထဲက၊ ကျနော့်ဆွေမျိုးသားချင်းလို ဖြစ်နေတဲ့ ကလေးတွေထဲက ဥပမာ- ကုလသမဂ္ဂမှာ သွားအမှုထမ်းတယ်။ သူတို့က ဆည်းပူးနိုင်တယ်။ ဟိုမှာ ဆည်းပူးစရာ ပညာတွေရှိတယ်။ ပညာတိုးတိုးနေတာ။ မဆည်းပူးလို့လည်းမရဘူး။

သူတို့လုပ်ငန်းက ကာယလုပ်ငန်းအနေနဲ့ ထွက်တဲ့အခါကြတော့ ဆည်းပူးဖို့ အချိန်မရှိဘူး။ မရှိတဲ့ အခါကြတော့ သူတို့က ခိုင်းတာလုပ်တာကြီး အကျင့်ပါသွားတယ်။ အဲဒီတော့ ကိုယ်ကိုယ်တိုင်က ဒီဦးနှောက်နဲ့ ကြံစည်တွေးတောတဲ့ဘက်မှာ သူက ခြောက်ခန်းသွားတယ်။

ဆိုကြပါစို့။ သံချည်သံကွေး လုပ်တယ်ဆိုပါတော့။ သံချည်သံကွေး လုပ်ပြီးတော့ သံချည်သံကွေးရဲ့ ဟိုဘက် ဘာတတ်စရာရှိသေးလဲ။ ဥပမာ- ဘာမှတတ်စရာ သိပ်မရှိတော့ဘူး။ စားပွဲထိုးဆိုပါတော့။ စားပွဲထိုး ကျွမ်းကျင်တယ်။ ကောင်းပြီ။ ဒါမှမဟုတ်လို့ရှိရင်လည်းပဲ စက်ရုံအလုပ်သမားလုပ်တယ်။ စက်ရုံမှာ အလုပ်ကြမ်းလုပ်ရတယ်။ သူ့အတွက် ဘာပညာတိုးတက်ဖို့ရှိလဲ။

ဥပမာ- ကားမောင်းတယ်။ ကားမောင်းတာကနေပြီးတော့ ပိုက်ဆံတော့ရနေတာပေါ့။ ဒါပေမယ့် သူ့ရဲ့အဖို့မှာ ဘာဖြစ်သွားလဲဆိုတော့ ရှေ့ဆက်ဖို့လို့အတွက်ကို သိပ်ပြီးတော့ တော်တော်ခက် သွားတယ်။ ဒါကြောင့်မို့လို့ ပညာမတိုးဘဲနဲ့ သူများခိုင်းတာသာလျှင် လုပ်ရတဲ့ ဦးနှောက်ကို ထုတ်ပေးနေရတဲ့ဟာ။ ကိုယ့်ဦးနှောက်နဲ့ ကြံစည်ဖို့ အချိန်မရဘူး။ အဲဒီလို ဖြစ်သွားတတ်တယ်။ ဒါကြောင့်မို့လို့ အဲဒီဦးနှောက် အရင်းအနှီးပေါ့။ အင်္ဂလိပ်လိုပြောရင်တော့ creative thinking ပေါ့နော်။ ကိုယ့်အတွက် ငါဘာလုပ်မလဲဆိုတော့ စဉ်းစားပြီးတော့ တီထွင်ကြံစည်တဲ့ စိတ်ကူး စိတ်သန်း ခေါင်းပါးသွားတတ်တယ်။ တီထွင်ဥာဏ်တုန်းသွားတတ်တယ်။ အဲဒီအရင်းအနှီးက တော်တော်ကိုကြောက်ဖို့ကောင်းပါတယ်။

ဘယ်လောက်ထိ ကြောက်ဖို့ကောင်းသလဲဆိုလို့ရှိရင် ကိုယ့်တိုင်းကိုယ့်ပြည်ကို ပြန်လာလိုက်တယ်။ ပြန်လာလိုက်တဲ့အခါကြတော့ အဲဒီ ကိုယ်နေခဲ့တဲ့ (၄-၅) နှစ် အတောအတွင်းမှာ သူငယ်ချင်းတွေက သူ့လိုငွေရင်းငွေနှီးမရှိတဲ့အတွက်ကြောင့်မို့လို့ ပြည်ပကို မသွားနိုင်ဘူး။ မသွားနိုင်တဲ့အတွက်ကြောင့် ကိုယ့်ပြည်တွင်းမှာပဲနေတယ်။

နေတဲ့အခါကြတော့၊ ဥပမာဆိုပါတော့။ မြေပဲစိုက်ခင်းလုပ်တဲ့ ကလေးတယောက်ရှိတယ်။ မြေပဲကို ဒီအတိုင်းရောင်းတယ်။ နောက်ကြတော့ ငါ ဒီအတိုင်းနေလို့ရှိရင် ငွေအမြတ်နည်းတယ်။ အဲဒီတော့ ဒီမြေပဲကို ငါကိုယ်တိုင်သွားပြီးတော့ မုံရွာကနေပြီးတော့ မန္တလေးကို သွားချမလား။ နို့မဟုတ်ရင် ရန်ကုန်အထိအောင် ဆင်းမလား။ ဒါတွေ စဉ်းစားလာတယ်။ အဲဒီတော့ ကူးသန်းရောင်းဝယ်ရေးကို သူသဘောပေါက်လာတယ်။

ဒါမှမဟုတ်လို့ရှိရင် မြေပဲကို ဒီအတိုင်း ရောင်းမလား။ နို့မဟုတ်လို့ရှိရင် လှော်ပြီးတော့ ရောင်းမ လား။ အထုပ်လေးတွေနဲ့ ရောင်းမလား။ စသည်အားဖြင့် added value ပေါ့နော်။ နောက်ထပ် ကိုယ်ရောင်းတဲ့ပစ္စည်းကို ကိုယ်လုပ်တဲ့လုပ်အားကို ပိုပြီး ကောင်းသထက်ကောင်းအောင် တီထွင်လာတဲ့အခါကြတော့ အဲဒီ နိုင်ငံခြားသွားပြီးတော့ စီးပွားရှာပြီးတော့ ပြန်လာတဲ့ကလေးက
ဒီ (၄-၅) နှစ်ရှိလို့ ပြန်ရောက်လာတဲ့အချိန်မှာ သူ့ သူငယ်ချင်းက သူ့ထက်ကြီးပွားတိုးတက်နေတာ၊ ဖြစ်ထွန်းနေတာ ဖြစ်သွားတတ်တယ်။

အဲဒီတော့ ကိုယ်က တီထွင်မှုခေါင်းပါးသွားတဲ့ ဥစ္စာဟာ အန်မတန်ကြောက်စရာကောင်းတယ်။ ဒါကြောင့်မို့လို့ တီထွင်မှု ခေါင်းပါးသွားတဲ့ဟာမျိုး၊ ဦးနှောက်အရင်းအနှီးမျိုး ကုန်မသွားစေချင်ဘူး။ ဒါကျနော် သူတို့အတွက် စိုးရိမ်တဲ့အချက် ဖြစ်ပါတယ်။

ဦးနှောက်အရင်းအနှီး မတုံးစေလိုလျှင်

မေး ။ ။ အဲလိုမျိုး တီထွင်တဲ့ ဦးနှောက်တုံးမသွားအောင် အခုလောလောဆယ်မှာ အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှာ ကိုယ်ကာယကို အားပြုလုပ်ရတဲ့ လူငယ်တွေအနေနဲ့ ဘာလုပ်သင့် တယ်လို့ ဆရာအကြံပေးခြင်လဲခင်ဗျ။

ဖြေ ။ ။ ဒီလိုခင်ဗျ။ ကျနော် အဲဒီဟာနဲ့ ပတ်သက်ပြီး တော်တော်လေး စဉ်းစားပါတယ်။ သူတို့ က ပင်ပန်းတဲ့အခါကြတော့ စာဖတ်ဖို့ အချိန်မရဘူး။ ဥပမာ- ပြန်သွားတယ်ဆိုလို့ရှိရင် လုပ်အားပေး ရ အချိန်ပိုဆင်းရတာတွေရှိတယ်။ ပြန်သွားရပြီဆို သူတို့က အိပ်ချင်ပြီ။ တနင်္ဂနွေ တပတ်ကလေးမှာ တရက်တလေ ရပြန်တော့လည်း အပျော်အပါးလေး ဘာလေး သွားချင်၊ လာချင် အဲလိုကုန်ကုန် သွားတယ်။ အဲဒီတော့ အဲဒီအချိန်တွေဟာ သူတို့ကုန်နေတဲ့အချိန်တွေကို တန်ဖိုးထားတတ်ဖို့ အရေးကြီးပါတယ်။

အဲဒီတော့ကို ဥပမာ- ကျနော်အကြံဥာဏ်ပေးခြင်တာက သူနဲ့ အနီးစပ်ဆုံး အထက်ဆင့် လုပ်ငန်း ပေါ့ ဥပမာ- သူသံချီ သံကွေးကို သူလုပ်နေတယ်။ သံချီသံကွေးကို သူလုပ်နေရင်းကနေပြီးတော့ အထက်ဆင့်ဖြစ်တဲ့ ပန်းရံကိုင်တဲ့လုပ်ငန်း။ အထူးသဖြင့် သံချီသံကွေးအတွက် မူလ ဘောင်ချပေး တဲ့ စီမံကိန်းလုပ်ငန်း၊ ဘယ်လိုဘယ်လိုရှိရတယ် ဘယ်လိုဘယ်လိုလုပ်ရတယ်ဆိုတာတွေ။ အနီးစပ် ဆုံးလုပ်ငန်းတွေကို သူကနောက်တဆင့် နောက်တဆင့် တက်တက်ပြီးတော့ သိအောင် လုပ်နေ ရင်းကနေ အနားမနေဘဲနဲ့ ဦးနှောက်နဲ့ မျက်စိကို အနားမနေဘဲနဲ့ ဆက်ပြီးတော့ ကြိုးပမ်းသွားမှ သာလျှင် သူတို့ဟာ ရပြီးသားဖြစ်လိမ့်မယ်လို့ တွက်တယ်။

ဥပမာ ကားမောင်းတယ်ဆိုပါတော့။ ကားမောင်းတဲ့လုပ်ငန်း လုပ်နေရတာပဲ။ သူက ကားမောင်းနေ ရတာပဲ။ ဒါပေမယ်လို့ သူနဲ့ အနီးစပ်ဆုံးက စက်ပြင်တဲ့ လုပ်ငန်း။ အဲဒီ စက်ပြင်တဲ့လုပ်ငန်းကို ဆက်လက်ပြီး ဆည်းပူးသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဥပမာ- ကွန်ပျူတာလုပ်ငန်းကို လုပ်နေ တဲ့ကလေးဟာ ဒီကွန်ပျူတာနဲ့ ပတ်သက်ပြီးတော့ စာစီစာရိုက်၊ စာရင်းအင်းပေါ့။ တွက်တာလောက်၊ စာရင်းသွင်းတာလောက်၊ ထုတ်တာလောက်၊ အဲလောက်လေးတင်မကဘဲနဲ့ အဲဒီထက်ပိုပြီးတော့ မြင်တဲ့ ဥပမာ- ပရိုဂရန်းမင်းလို ဟာမျိုး။ ဟုတ်လား အဲဒါမျိုးထိအောင် ဆက်ပြီးလေ့လာတာမျိုး။

သခင်စိတ်ထားပါ သူခိုးစိတ်မထားပါနှင့်

ပြောချင်တာက သီးခြားကြီး မလုပ်နိုင်တော့ဘူးဆိုရင် ကိုယ်နဲ့မပြတ်တဲ့ နောက်တဆင့်ကို ဆက်ပြီး တော့ အမြဲတန်း မပြတ်လေ့လာနေပါလို့ ကျနော်ပြောချင်ပါတယ်။ အဲဒီ့ဥစ္စာက ဘာလဲဆိုလို့ရှိရင် မိမိကိုယ်မိမိ ရိုသေပြီးတော့နေတဲ့ သခင်စိတ်နဲ့ ကြိုးပမ်းနေတာပေါ့။ သူများ ခိုင်းတာတင် လုပ်နေ တယ်ဆိုလို့ရှိရင် အဲဒါ ကျွန်စိတ်နဲ့ တာဝန်ကျေအောင်လုပ်နေတာတင်ပဲ ဖြစ်မယ်။

အဲဒီကြားထဲမှာမှ ကိုယ်က တတ်နိုင်သမျှ အသက်သာခိုပြီးတော့ ကပ်ပြီးတော့နေမယ်ဆိုလို့ ရှိရင် အဲဒါ သူခိုးစိတ်ခေါ်တယ်။ ကျနော့်စိတ်ထဲမှာ သူခိုးစိတ်မဖြစ်စေချင်ဘူး။ နောက်ပြီးတော့ ကျွန်စိတ် လည်း မဖြစ်စေချင်ဘူး။ သခင်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပိုင်နိုင်အောင်လေ့လာစေချင်တယ်။ ကိုယ် ရတဲ့ ဥစ္စာသည် ငွေကြေးတွင်မကဘဲနဲ့ ငါသည် ပညာမပါဘဲနဲ့ ကိုယ့်ရပ်ကိုယ့်ရွာကို မပြန်ဘူးဆိုတဲ့ စိတ်မျိုးနဲ့ လေ့လာစေချင်တယ်။ အကောင်းဆုံးနည်းကတော့ ကိုယ့်လုပ်ငန်းနဲ့ အနီးစပ်ဆုံး နေရာ မှာရှိတဲ့ အဆင့်မြင့်ဆုံးပညာကို ရနိုင်သမျှရအောင် ကြိုးပမ်းခြင်းသည် ပြန်လာလျှင် အင်မတန်ကြီး တဲ့ အမြတ်ဖြစ်လိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်။

မေး ။ ။ ဟုတ်ကဲ့ဆရာ။ အဲတော့ တဘက်ကလည်း ပြန်ကြည့်လို့ရှိလျှင် ကနေ့လူငယ်တွေ အများစုပေါ့နော် အခုလို နိုင်ငံရပ်ခြားမှာသွားပြီးတော့ အလုပ်လုပ်ကြရတယ်ဆိုတာ အများအားဖြင့် ပြည်တွင်းမှာ စီးပွားအကျပ်အတည်းတွေဖြစ်ပြီးတော့မှ သွားကြရတာများပါတယ်။ ဆရာပြောသလို အရင်းအနှီးတွေလည်း တော်တော်များပါတယ်။ သို့သော် တဘက်က ဆရာ့အနေနဲ့ နောင်နိုင်ငံခြား သွားမယ့်လူငယ်လေးတွေကို စိုးရိမ်မိတော့ သူတို့အတွက် အားပျက်သွားစေနိုင်မယ့် အနေအထား မျိုး ရှိနိုင်မယ်လို့များ ယူဆမိလားခင်ဗျ။

ဖြေ ။ ။ ကိုစိန်ကျော်လှိုင်ပြောတာ ဟုတ်ပါတယ်။ အားပျက်တယ်ဆိုတာနဲ့ အားပျက်သွားမယ် ဆိုတာနဲ့ အသင့်ပြင်တာနဲ့ဆိုတာက တမျိုးစီပါ။ တကယ်လို့ အားပျက်သွားမယ် ဆိုလို့ရှိလျှင် ပျက်နိုင်တယ်။ ပျက်တယ်ဆိုတာ တကယ့်ကို ပျက်သွားမယ်ဆိုလို့ရှိလျှင် အခြေအနေအကုန်လုံးကို ကိုယ့်အခြေအနေ အကုန်လုံး။ ပတ်ဝန်းကျင်အခြေအနေ အကုန်လုံးကို ကြည့်ပြီးတော့မှ ပျက်သွား ပြီး မသွားဖြစ်တာဟာ သွားပြီး ဒုက္ခရောက်တာနဲ့စာရင် အင်မတန်သက်သာပါတယ်။

တကယ်လို့ သွားမယ်ဆိုလို့ရှိလျှင် အားမပြတ်စေတဲ့ နည်းလမ်း အဲဒါတွေ အကုန်လုံးတွက်၊ ဒါတွေ ငါရင်ဆိုင်နိုင်သလား၊ အဲဒီအရင်းအနှီးတွေ ငါပေးနိုင်သလားတွက်၊ တွက်ပြီးမှ သွားလို့ရှိလျှင် ဒီ (Prepare) နော်။ ကိုယ့်ကိုယ်ကိုယ် အသင့်ပြင်သွားတဲ့အတွက်ကြောင့် အဲဒီလိုကလေးမျိုးအတွက် ပိုပြီး အကျိုးရှိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

မိသားစုပတ်ဝန်းကျင်အရင်းအနှီး

မေး ။ ။ ဟုတ်ကဲ့ အများကြီးကောင်းပါတယ်ဆရာ။ အခုလို ဆွေးနွေးပြောပြတာလေ။ လူငယ် တွေအတွက်ကို။ နောက်ထပ်ရော ဆရာ့အနေနဲ့ ဒီထက်ပိုပြီးတော့ လူငယ်တွေကို ဘာများမှာကြား ချင်သေးလဲခင်ဗျ။

ဖြေ ။ ။ ကျနော်ပြောမယ် ကိုစိန်ကျော်လှိုင်ရေ။ ကျနော် ခုနဥစ္စာပြန်ဆက်ချင်တယ်။ အဲဒီဆုံးရှုံး မှုတွေဆိုလိုက်တဲ့ ကိစ္စထဲမှာနော်။ အရင်းအနှီးတွေအထဲမှာ ပထမဦးဆုံး စပြီးတော့ အရင်းအနှီးက ဘာလဲဆိုတော့ မိသားစု ပတ်ဝန်းကျင်။ ကိုယ့်မိသားစုနဲ့ ကိုယ်ကင်းကွာသွားပြီးတော့ အဲဒီကင်းကွာ သွားတဲ့ (၅) နှစ်အတွင်းမှာ အပြောင်းအလဲတွေ အများကြီးဖြစ်နိုင်တယ်။ ညီမလေးက အိမ်ထောင် ကျသွားနိုင်တယ်။ အကိုဖြစ်တဲ့သူက အိုးခွဲသွားနိုင်တယ်။ မိဘဖြစ်တဲ့သူက ကျန်းမာရေးချို့တဲ့လာ နိုင်တယ်။ အမျိုးမျိုးဖြစ်သွားနိုင်တယ်။

အဲဒီဥစ္စာမျိုးတွေမှာ ကိုယ်က တာဝန်ယူရတဲ့ဟာမျိုးတွေ ပါလာနိုင်တယ်။ တာဝန်မယူဘဲနဲ့ နေနိုင် တာလည်း ပါလာနိုင်တယ်။ အဲတော့ တာဝန်ဆက်ယူရမယ်ဆိုလို့ရှိရင် အဲဒီ့အရင်းအနှီးအတွက်က လည်း သူက ပြင်ဆင်ရတော့မယ်။

အဲဒါ ခုနက ပြောတဲ့ မိသားစုပတ်ဝန်းကျင် အရင်းအနှီး။ ပြီးတော့ ဆိုကြပါစို့။ မိဘကနေပြီးတော့ မကျန်းမာဘူးဆိုလို့ရှိလျှင် ကိုယ်က ပစ်ထားလို့လည်းမရဘူး။ တတ်နိုင်သမျှ တဘက်တလမ်းက တာဝန်ယူရတော့မယ်။ အဲဒီအရင်းအနှီးတွေကလည်း ရှိသေးတယ်။ အဲဒါ ကျနော် မိသားစုအရင်း အနှီး။ နောက်တခုက ဘာလဲဆိုတော့ ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေ။ အဲဒီ့ အပြောင်းအလဲ တွေရဲ့ အရင်းအနှီးတွေ။ ဥပမာဆိုကြပါဆို့။ ကိုယ်သွားတုန်းက စီးပွားရေးဝန်းကျင်ကတမျိုး။ ခု ကိုယ်ပြန်လာတော့ တမျိုး။ စီးပွားရေး ၀န်းကျင်က ပထမတုန်းက ကိုယ်သွားတဲ့လမ်းတွေက ရေလမ်း။ ခုကားလမ်းဖြစ်သွားပြီ။ ပထမတုန်းက ကိုယ်သွားတဲ့ ကားလမ်းတွေ ခုကျ ရထားလမ်း ဖြစ်သွားပြီ။

အဲဒီတော့ ကိုယ့်အတွက်က ကုန်သွယ်မယ်ဆိုရင် စီးပွားရေး လမ်းကြောင်းတွေက တော်တော် များများပြောင်းလဲကုန်ပြီ။ အများကြီး။

နောက်တခုက ပတ်ဝန်းကျင်ကြီးတခုလုံးက ပြောင်းသွားတာတွေလည်းရှိသေးတယ်။ ဥပမာဆို ပါတော့။ ကိုယ်သွားတုန်းက ကိုယ့်ပတ်ဝန်းကျင်က ကွင်းပြင်ကြီး ခုကြတော့ ကွန်ဒိုမီနီယံတိုက် ခန်းတွေဖြစ်နေတတ်တယ်။ တခါတရံကျတော့ ကိုယ်နေခဲ့တဲ့ ရွာလေးက ပျောက်သွားတယ်။ အဲဒါက ခုနကပြောတဲ့ စီမံကိန်းထဲမှာပါသွား။ ကိုယ်သွားတုန်းက ရွာလေးမဟုတ်တော့ဘူး။ စိုက်ပျိုးရေးဝန်းကျင်ကြီး ဖြစ်သွားတတ်တယ်။ မွေးမြူရေးဝန်းကျင်ကြီး ဖြစ်သွားတတ်တယ်။ ကိုယ်သွားတဲ့အခါတုန်းက ကျေးရွာ။ အခုကျတော့ ရေကြီးလို့ ဘာကြီးလို့ အစရှိသဖြင့် အမျိုးမျိုး ပြောင်းလဲသွားနိုင်တယ်။ အဲဒီ ပတ်ဝန်းကျင်အပြောင်းအလဲတွေကလည်း ရှိပါသေးတယ်။ အဲဒါကလည်း တချက်စဉ်းစားရမယ်နော်။

နောက်တခုက ဘာလဲဆိုတော့ ကိုယ်က စုဆောင်းထားတဲ့ငွေက ဘယ်မှာထားလဲ။ ကိုယ့်ဆီမှာ ထားသလား။ ဘဏ်မှာထားသလား။ ကိုယ့်လက်ထဲမှာ စုထားသလား။ အိမ်ပြန်ပြီးပို့ရလား။ ပို့ရ လို့ရှိလျှင် အဲဒီငွေကြေးကို ထိန်းသိမ်းတဲ့သူက ဇနီးလား၊ မိဘလား။ ဆွေမျိုးသားချင်းထဲကလား။ သို့မဟုတ်လို့ရှိလျှင် အပေါင်းအသင်းထဲကလား။ သို့မဟုတ်လို့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေလား။ အဲဒီတော့ ဇနီးသည်ဆီ ပို့မယ်ဆိုပါတော့။ ဇနီးသည်က ငွေကြေးထိန်းသိမ်းတဲ့ ဥစ္စာမလိမ္မာဘူး ဆိုပါတော့။ ကိုယ်ပြန်လာတဲ့အခါကြတော့ အဲဒီဘာမှမရှိတော့ဘူး။ ကိုယ့်လက်ထဲမှာ ယူပြီးပြန် လာတဲ့ငွေက (၂) သိန်း၊ (၃) သိန်းပဲရှိလျှင် အဲဒါလေးပဲ။ အဲဒါလေးနဲ့ သူငယ်ချင်းအပေါင်းအသင်း တွေနဲ့ တလလောက် စားလိုက်သောက်လိုက်တဲ့အခါကြတော့ ပိုက်ဆံ သုံးစရာမရှိတော့ဘူး။ အရင်းအနှီး ဘာမှလုပ်စရာမရှိတော့ဘူး။ မရှိတော့ကို နောက်ထက်တခါချေးပြီးတော့ တခါပြန် ထွက်ရတယ်။

အဲဒီလို အဖြစ်မျိုးတွေလည်း ကျနော့်မျက်စိအောက်မှာ တွေ့တွေ့နေရတယ်။ အဲဒါ ဇနီးသည် မလိမ္မာလို့ရှိလျှင် ပြောတာ။ ဇနီးသည်က လိမ္မာလို့ရှိလျှင်တော့ ပို့လိုက်တဲ့ငွေကို ပြန်ပြီးတော့ တိုးပွားအောင်၊ ခိုင်မြဲအောင် လုပ်ထားနိုင်တယ်။ ဒါ အားကိုးရတဲ့အခြေအနေ။

ကောင်းပြီ မိဘကထိန်းမယ်။ မိဘက ထိန်းမယ်ဆိုတဲ့အခါကျတော့ မိဘလက်ထဲမှာ အမြဲတန်းရှိ နေမှလား။ သို့မဟုတ် တခြားသော သားချင်းတွေရဲ့ ပြဿနာတွေ ပေါ်လာနိုင်သလား။ ဥပမာ- အကိုအကြီးဆုံးဖြစ်တဲ့သူက စီးပွားရေးပျက်သွားလို့၊ အလုပ်ပြုတ်သွားလို့ (သို့မဟုတ်) အချုပ်ထဲဝင်သွားရလို့ ပိုက်ဆံကုန်သွားတယ် ဆိုပါတော့။ ဒီဟာ စိုက်ထုတ်ပြီး မိဘက သုံးလိုက်ရတယ်ဆိုပါ တော့။ ကိုယ်ဘယ်လိုလုပ်မလဲ။

ကျနော်ပြောချင်တာက ကိုယ့်အခြေအနေ။ ကိုယ်လုပ်ထားတဲ့ စီးပွားဟာ ကိုယ့်နေရပ် ဇာတိမြေမှာ ဘယ်လောက်ထိအောင် ခိုင်လဲဆိုတာ ပြန်တွက်မိရဲ့လား။ ဒါတွေလည်း စဉ်းစားဖို့လိုမယ်လို့ ကျနော်ထင်ပါတယ်။

လူမှုရေးဝန်းကျင်အပြောင်းအလဲ

နောက်တခုက လူမှုရေးဝန်းကျင်အနေနဲ့ ပြောင်းသွားတာရှိတယ်။ လူမှုရေးဝန်းကျင်တွေနဲ့ စီးပွား ရေးဝန်းကျင်တွေနဲ့ ရောပြီးတော့ ပြောင်းသွားတာ။ ဥပမာ- အရင်တုန်းက လူမှုရေးဝန်းကျင်တွေက လဖက်ရည်ဆိုင်ထိုင်တယ်။ ပျော်ပွဲရွှင်ပွဲတွေရှိတယ်။ အခုကျတော့ ကျေးရွာမှာ ဘိလိယက်ခုံတွေက ရောက်နေပြီ။ ဥပမာ- ကာယာအိုကေတွေခေတ်စားလာတယ်။ အဲဒါမျိုးတွေက အများကြီး။ အဲဒီ တော့ အဲဒီ့အချိန်မှာသွားပြီးတော့ စီးပွားရေးလုပ်တဲ့သူငယ်ချင်းတွေက ကိုယ့်ထက်ကြီးပွားချင် ကြီးပွားနေတတ်တယ်။ ပြောချင်တာက စီးပွားရေးဝန်းကျင်ကြောင့်မို့လို့ ကိုယ့်ပတ်ဝန်းကျင်က ပြောင်းသွားတတ်တယ်။ အဲဒီတော့ ကိုယ်ပြန်လာတဲ့အခါမှာ ဆုံးရှုံးရတဲ့အရင်းအနှီးတွေ မျက်ခြေ ပြတ်သွားတတ်တယ်။

ကိုယ်မျက်ခြေပြတ်သွားတဲ့အချိန်မှာ ကိုယ်ပြန်လာတဲ့အချိန်မှာ အပြောင်းအလဲတွေကြားမှာ ကိုယ်က အူကြောင်ကြောင် ဖြစ်နေတတ်တယ်။ နောက်တခါ ထပ်ပြီးတော့ နိုင်ငံခြားရောက်သလို ပြန်ဖြစ် သွားတတ်တယ်။ ဖြစ်သွားတဲ့အခါကြတော့ ဘယ်နေရာကနေစပြီးတော့ ဘယ်ကိုဦးတည်ရာမှန်း မသိဖြစ်သွားတတ်တယ်။ အဲဒါကြောင့်မို့လို့ ကိုယ့်အရပ် ကိုယ့်ဒေသကို မျက်ခြေမပြတ်အောင် ဘာတွေဖြစ်နေသလဲဆိုတဲ့ဟာကို အမြဲတန်းမပြတ် သိနေအောင် နိုင်ငံခြားကနေပြီးတော့ ကြိုးစား သင့်တယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါတချက်။

နောက်တချက်က ဘာရှိသေးလဲဆိုတော့ ကိုယ်က နိုင်ငံခြားမှာနေရင်းကနေ တယောက်ယောက်နဲ့ တွေ့ရော အဲဒါ အိမ်ထောင်ရက်သားကျချင်ကျတတ်တယ်။ ကျတဲ့အခါကြတော့ ဘယ်လိုလုပ်မလဲ။ ကိုယ့်အမျိုးသမီးက ဗမာအမျိုးသမီးပဲလား။ နေရပ်ကိုပြန်မှာလား။ ဒါမှမဟုတ်လို့ရှိရင် နိုင်ငံခြားမှာပဲ အခြေချတော့မလား။ နိုင်ငံခြားမှာပဲ အခြေချတော့မယ်ဆိုလို့ရှိရင် အဲဒီနိုင်ငံတွေက ဘယ်နိုင်ငံလဲ။ အဲဒီက ဘာသာရေး၊ ကိုးကွယ်ရေး ယဉ်ကျေးမှုတွေနဲ့ ကိုယ့်ရဲ့ အသက်ကြီးတဲ့ဘ၀မှာ ပျော်နိုင်မ လား။ ဒါတွေအကုန်လုံး စဉ်းစားရတော့မယ်။

အဲဒီတော့ ပြောချင်တာက နိုင်ငံခြားမှာ အခြေချတော့မယ်ဆိုချင်တောင်မှ ကိုယ့်ဒေသ ပတ်ဝန်းကျင်နဲ့လည်း တော်တော့်ကို ကွာနေပြီ။ ကိုယ့်သား၊ ကိုယ်သမီးရဲ့ ပတ်ဝန်းကျင်နဲ့လည်း ကွာသွားပြီ။ ကိုယ့်သားသမီးတွေ ထွန်းကားလာတဲ့အခါမှာ ဗမာအမျိုးသားတယောက်က မျှော်လင့်တဲ့ မိဘဘ၀မျိုးကို မမျှော်လင့်နိုင်ဘူး။ နိုင်ငံခြားသားတယောက်ရဲ့ မိဘအဖြစ်နဲ့ ကိုယ်ရောက်သွားတော့မယ် ဆိုတာကို ကြိုပြီးတော့ စဉ်းစားထားဖို့ဆိုတာ လိုတယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျာ။ ။

Aug 21, 2008

Their point of view & record


ဒါက သူတို့တွေရဲ့ မြန်မာနဲ့ပတ်သတ်တဲ့မှတ်တမ်းတစ်ခုပါ ။ကျနော် စာမျက်နှာတွေပေါ် လှည့်ရင်း ပတ်ရင်း တွေ့ခဲ့တဲ့ သမိုင်းမှတ်တမ်း တစ်ခုပါ ။သူ့ဆီကို သွားကြည့်ချင်တယ်ဆိုရင်တော့ http://www.oniazuma.com/search/label/Myanmar မှာပါ ။

Jul 25, 2008

ဝမ်းနည်းစရာ မြန်မာ့ခေတ်ကာလတစ်ခု


ကြည့်တော်မူကြပါ ။Dr ကျော်သက် လို့ နာမည်တပ်ထားတဲ့ ၁၉၅၇ ခုနှစ် ရန်ကုန်တက္ကသိုလ် Lecture ခန်းတစ်ခုက မြန်မာ့ပညာရေးမြင်ကွင်းတစ်ခုပါ ။ ဒါ မြန်မာတက္ကသိုလ်ကျောင်းတော်ကြီးရဲ့ ဆွေးနွေးခန်းတစ်ခုပါ ။အခုလက်ရှိအချိန်နဲ့ ဘယ်လောက်များ ကွာခြားလိုက်ပါသလဲလို့ဗျာ ။ရေးရင်းတောင် ဝမ်းနည်းလာပါတယ် ။ကိုယ်တွေက ဒီဘဝ ဒီအခြေအနေမှာမှ ကြီးပြင်းခဲ့ကြတာကိုး ။

လွတ်လပ်မှု...............။လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်၊ရုန်းကန်ကြိုးစားနိုင်ခွင့်.........။ဒီလိုအချိန်မျိုးမှာ ကျနော်တို့ ဘယ်လောက်များ ရရှိ ခံစားနိုင်ကြပါသလဲ ။အခုအပေါ်မှာ ပြသထားတဲ့ ဒီမှတ်တမ်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ကျော်က ပါ ။ဘယ်လောက်များလွတ်လပ်ပွင့်လင်းခွင့် ရှိခဲ့ကြသလဲဆိုတာ မြင်သာထင်သာ ရှိပါတယ် ။မခံချင်လွန်းလို့သာ ရေးဖြစ်တာပါ တကယ်တော့ ကျနော် ရေးစရာအများကြီး မရှိပါဘူး ။ဒါပါပဲ ဖက်ပေးတယ်ဆို ကျေးဇူးပါ ။ နာဂစ်မှတ်တမ်းတွေလည်း အောက်က ပြထားတဲ့ Utube ကနေကည့်နိုင်ပါတယ် ။ ။

May 26, 2008

မြန်မာပြည်အတွက်မျှော်လင့်စရာ

ဆုံဆည်းရာ

ဆုံဆည်းရာ: "မြန်မာနိုင်ငံတွက် မျှော်လင့်ချက်
၂၃ရက် မေလ တွင် နအဖမှ နိုင်ငံခြားသား ကယ်ဆယ်ရေးအဖွဲ့ ဝင်အားလုံးအား မြန်မာပြည်ထဲ ၀င်ခွင့်ပေးရန် သဘောတူညီကြောင်း ဘန်ကီမွန်းမှ ထုတ်ပြန်ကြေငြာသည် [1] ။ ယူအန်အဖွဲ့ ဝင်များလာတိုင်း မျောက်ပြဆန်တောင်း လုပ်တတ်သော ၊ အရှက်မရှိ အတုအပများကို နေရာချထားတတ်သော နအဖမှ ထိုသို့သော် သဘောတူညီချက်ပေးလိုက်သည် ဆိုခြင်းမှာ သတင်းကောင်းဟု ခေါ်နိုင်သော်လည်း အလွန်တော့ ယုံရခက်ပါသည် ။

ရွှေဝါရောင်တော်လှန်ရေးအချိန်ကာလက ဂန်ဘာရီနှင့် နေပြည်တော်တွင် တွေ့ ဆုံဆွေးနွေးပွဲများလုပ်ခါ ဂန်ဘာရီကြီးအား နအဖမှ ဖလှဲတကင်း ပြုံးရွှင်နှုတ်ဆက်နေစဉ် ၊ ရန်ကုန်မြို့ နှင့် တခြားမြို့ များတွင် ဘုန်းကြီးများ ၊ ပြည်သူများကို ဖမ်းစီးခြင်းများ ၊ ဘုန်းကြီးကျောင်းများကို ၀င်ရောက်ရှာဖွေ ချိတ်ပိတ်ခြင်းများကို နောက်ကွယ်မှ အင်အားမြှင့်တင်ပြီး လုပ်ခဲ့ကြသည် ။ ထိုသို့ ယူအန်မှ အကြီးအကဲများကို သဘောတူညီချက် ကတိ စသည်တို့ကို ပြီးပြီးရောဆိုသလို မျက်နှာပြောင်တိုက်ပြီး ကောက်ကျစ်ယုတ်မာသော နအဖက ပေးခါ ၊ သူတို့ပြန်သွားချိန်တွင်တော့ မြန်မာနိုင်ငံကို ချယ်လှယ်ချင်သလို ချယ်လှယ်ခဲ့သည်မှာ အတိတ်တွင် မရေမတွက်နိုင်အောင် ဖြစ်ပျက်ခဲ့ဖူးပြီး ဖြစ်သည် ။

ဘန်ကီမွန်း၏ နောက်ဆုံး ထုတ်ပြန်ကြေငြာချက်တွင် စစ်အစိုးရသည် နိုင်ငံတကာ၏ ပူးပေါင်းကယ်ဆယ်ရေးလုပ်ငန်းများကို လျောလျောရှူရှူ လက်ခံတော့မည်ဟု မျှော်လင့်မိကြောင်း ပြောကြားခဲ့သည် [1] ။ မြန်မာနိုင်ငံ အိမ်နီးချင်းနိုင်ငံများတွင် အသင့်စောင့်ဆိုင်းနေကြသော ကယ်ဆယ်ရေးအဖွဲ့ ဝင်များသည် နအဖမှ မီးစိမ်းပြသည်နှင့်တပြိုင်နက် ချက်ချင်းဝင်နိုင်ရင် အသင့်ပြင်ထားကြပြီးသား ဖြစ်ပေသည် ။ အကယ်၍ ဤစစ်အစိုးရသည် ဘန်ကီမွန်းပြောသလို တကယ်လက်ခံလိုစိတ်ရှိခဲ့သော် အဘယ်ကြောင့် ခုချိန်ထိ မြန်မာပြည်ထဲသို့ နိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့ ဝင်များ အလုံးအရင်းနှင့် မ၀င်ရောက်နိုင်သေးသနည်း ။

“နိုင်ငံရေးပိုင်း ဆက်နွယ်မှုမရှိဘဲ ၊ ဘာမှ တန်ပြန်တောင်းဆိုမှုမရှိသော (no strings attached) ကယ်ဆယ်ရေးအဖွဲ့ ဝင်များအားလုံးကို ကြိုဆိုကြောင်း” သိန်းစိန်က ထုတ်ပြန်ကြေငြာခဲ့သည် [2] ။ ထိုသို့ဆိုလျှင် အဖွဲ့ အစည်းတိုင်းကို နိုင်ငံရေးဆက်နွယ်မှု ရှိမရှိ စသည်ဖြင့် အသေးစိတ် လိုက်လံစစ်ဆေးပြီးမှ လက်ခံမည်ဟူသော သဘောသက်ရောက်နေသည် ။ ထို့အပြင် မြန်မာရေပိုင်နက် အနီးတ၀ှက်တွင် အသင့်ရှိနေပြီဖြစ်သော စစ်သဘောင်္ စစ်လေယာဉ်များကို ၀င်ခွင့်မပေးနိုင်ပါဟုလည်း ပြောကြားခဲ့သည် ။ ထိုင်းနိုင်ငံရှိ Utapao air base တွင် အခြေစိုက် စောင့်ဆိုင်းနေသော အမေရိကန်လေတပ်မှ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက “မြန်မာဘက်က သူတို့ကို ပေးဝင်ချင်တဲ့အချိန်တိုင်း ၀င်ဖို့ အဆင်သင့်ဖြစ်နေပြီး ၊ သူတို့မှာ နိုင်ငံရေးပိုင်း ပတ်သက်လိုစိတ် လုံးဝမရှိကြောင်း ၊ လူသားချင်းစာနာထောက်ထားခါ အကူအညီများပေးနိုင်ရန် အခွင့်အရေးကိုသာ မျှော်လင့်မိကြောင်း” တောင်းပန်တိုးလျှိုးသော လေသံနှင့် ပြောတာ ဖတ်ရဖူးသည် ။ သို့ပါသော်လည်း သန်းရွှေနှင့် အပေါင်းပါများ၏ အသည်းနှလုံးများကတော့ သံ နှင့် ထု ထားသည် ထင်ရလောက်အောင် မာရည်ကျောရည် ရှိလှ၏ ။ အသည်းနှလုံး မရှိတော့ဖူးလားဟု ထင်ရလောက်အောင် ရက်စက်ယုတ်မာစွာ ခုချိန်ထိ ကယ်ဆယ်ရေးပစ္စည်းများ အများအပြားပါဝင်သည့် မြန်မာပြည်သူတို့ကို အလျှင်အမြန် အကူအညီပေးနိုင်မည့် ထို စစ်လေယာဉ် စစ်သဘောင်္များကို ၀င်ခွင့်မပြုပေ ။

ယူအန် ၊ အာစီယံ ၊ အမေရိကန် ၊ အင်္ဂလန် စသော နိုင်ငံကြီးများသည် ရွှေဝါရောင် တော်လှန်ရေးတုန်းကလည်း နအဖ အပေါင်းပါများ၏ လုပ်ရပ်များကို ပြစ်တင်ရှုံ့ ချခဲ့ယုံမှလွဲ၍ ဘာမှ မလုပ်ခဲ့ ။ ဂန်ဘာရီ၏ ခရီးစဉ်များသည် အခေါက်ခေါက် အရေအတွက်သာ ရှိခဲ့ပြီး ဘာမှ အကျိုးမထူးခဲ့ ။ ယူအန်မှ သူတို့၏ ပါဝင်မှုလုပ်ငန်း မအောင်မြင်ခဲ့ဟု ထုတ်ဖော်ပြောကြားခဲ့ပြီး ၊ မြန်မာပြည်မှ သေဆုံးရသော ရဟန်းပြည်သူတို့အကြောင်း မေ့လျော့သွားခဲ့ကြသည် ။ အချိန်တွေကြာလာသည်နှင့်အမျှ မြန်မာပြည်သူတို့၏ ဆင်းရဲနွမ်းပါးလှသော ဘ၀များအကြောင်း ၊ ဖိနှိပ်ချုပ်ချယ်ခံရခြင်းများအကြောင်း ကမ္ဘာ့ သတင်းများတွင် မှေးမှိန်ပျောက်ကွယ်သွားခဲ့သည် ။

ယခုတဖန်လည်း နိုင်ငံခြားကယ်ဆယ်ရေးဝန်ထမ်းများ အားလုံးကို ပေးဝင်ပါမည်ဟူသော စကားတခွန်းနှင့် ဘန်ကီမွန်း မြန်မာပြည်မှ ပြန်ထွက်တော့မည်လား ။ နအဖ လိုက်ပြသော ဒီလိုမေးရင် ဒီလိုဖြေဟု ဟန်လုပ်ပြဖို့ ချိန်းခြောက်ခံထားရသော ဒုက္ခသည် တချို့ တလေကို တွေ့ ဆုံပြီး ဘန်ကီမွန်းမြန်မာပြည်ကို နောက်တခါ ကျောခိုင်းဦးမည်လား ။

ဘန်ကီမွန်း၏ ထုတ်ပြန်ကြေငြာချက်တွင် ဤသို့ ပြောခဲ့သည် - “I came here to give the people of Myanmar a message of hope that the world is watching, and that the world is with you.”

ဟုတ်ပါသည် - သူပြောသလို ကမ္ဘာသည် မြန်မာနိုင်ငံအား အမြဲလို စောင့်ကြည့်နေရုံမှတပါး ဘာမှ မလုပ်ခဲ့ ။ သူပြောသလို ကမ္ဘာသည် မြန်မာပြည်သူတို့အား အဝေးမှ အားပေးစကားများ ပြောကြားရုံမှလွဲ၍ ဘာမှ မလုပ်ခဲ့ ။ အနှစ်နှစ်ဆယ်နီးပါး ကြာမြင့်ခဲ့ပြီ ။ တကယ်တော့ ကမ္ဘာသည် မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်ပါသော စကားလုံးများ ပေးရုံမှလွဲ၍ ဘာဆို ဘာမှ မလုပ်ခဲ့ချေ ။

သို့ပါသော်ကြောင့် ခုချိန်မှစ၍ ကျွန်တော်တို့ ကိုယ်ပိုင်အသိစိတ်ဓါတ်နှင့် အမိမြန်မာနိင်ငံအား နွံထဲမှ ကယ်ဆယ်ရန် ကိုယ့်အားကိုယ်ကိုး၍သာ လုပ်ရတော့မည်ဟူသော ယတိပြတ်ခံယူချက်များသာ ကျွန်တော်တို့တွက် မျှော်လင့်ချက်ရောင်ခြည်များအဖြစ် ကျန်ရှိနိုင်တော့မည် ဟု ကောက်ချက်ချလိုက်မိပါတော့သည် ။



References:
[1] Ban Ki-Moon's remarks to press at Sedona Hotel - http://www.un.org/apps/news/infocus/sgspeeches/search_full.asp?statID=248
[2] Myanmar welcomes "no strings attached" disaster relief - http://www.reliefweb.int/rw/RWB.NSF/db900SID/SKAR-7EYEUX?OpenDocument

May 17, 2008

Global Action Day for Burma's Cyclone Victims (17-5-2008)

ဒေါက်တာလွဏ်းဆွေ ရဲ့ စာမျက်နှာမှ ကူးဖော်ပြပါသည်။
ကုလသမဂ္ဂ၏ စစ်ရေးအရ ၀င်ရောက်စွက်ဖက်ပိုင်ခွင့်
(Responsibility to Protect)
“အစိုးရတရပ်အနေဖြင့် မိမိပြည်သူများအပေါ် ကာကွယ်နိုင်စွမ်း မရှိတော့လျှင် လူမှုရေးကိစ္စ အခြေခံပြီး နိုင်ငံတကာ အသိုင်းအ ၀ိုင်းက စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်ခွင့် ရှိသည်။”


“ အစိုးရတရပ်အနေဖြင့် မိမိပြည်သူများအပေါ် ကာကွယ်နိုင်စွမ်း မရှိတော့လျှင် လူမှုရေးကိစ္စ အခြေခံပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းက စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်ခွင့် ရှိသည်ဆိုသည့် ကုလသမဂ္ဂလုပ်ပိုင်ခွင့် (Responsibility to Protect) သည် အစိုးရတရပ်က မိမိပြည်သူများအတွက် ကယ်ဆယ်ရေး အကူအညီများ လက်မခံဘဲ ငြင်းဆန်နေလျှင်လည်း အကျုံးဝင်သည်”
(သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း Gareth Evans ၏ ပြောကြားချက် - မေလ ၁၃၊ ၂၀၀၈)

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း Gareth Evans သည် အစိုးရတရပ်အနေဖြင့် မိမိ ပြည်သူများအပေါ် ကာကွယ်နိုင်စွမ်း မရှိတော့လျှင် လူမှုရေးကိစ္စ အခြေခံပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းက စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်နိုင်ခွင့်ရှိသည်ဆိုသည့် ကုလသမဂ္ဂလုပ်ပိုင်ခွင့် (Responsibility to Protect) ကို ၂၀၀၅ နှစ်တွင် ချမှတ်နိုင်အောင် ဦးဆောင်စည်းရုံးခဲ့သူဖြစ်သည်။

“သဘာဝဘေးအန္တရာယ် ကျရောက်သည့် ကိစ္စမျိုးတွင် ထိုကုလသမဂ္ဂ လုပ်ပိုင်ခွင့်ကို အသုံးချနိုင်သလား ဆိုသည့် BBC Channel 4 ၏ အမေးကို စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်ရန် ဖြစ်နိုင်သည်ဟု ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး David Miliband က အင်္ဂါနေ့တွင် ဖြေကြားခဲ့သည်။”
(ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး David Miliband - မေ ၁၃၊ ၂၀၀၈)

Save Our People by Forced Humanitarian Intervention Immediately!!!
ကျွန်ုပ်တို့၏ နာဂစ်မုန်တိုင်းဘေးဒုက္ခသည် မြန်မာနိုင်ငံသားများကို အင်အားသုံး ၀င်ရောက်ကယ်တင်ရန် နိုင်ငံတကာ ကယ်ဆယ်ရေးတပ်များ အဆင်သင့် ဖြစ်နေပါပြီ။
အင်အားသုံး ၀င်ရောက်ကယ်တင်ပေးရေးအတွက် နိုင်ငံတကာရောက် မျိုးချစ်မြန်မာများအားလုံး မနက်ဖြန် Global Action Day for Burma's Cyclone Victims (17-5-2008) တွင် အင်တိုက်အားတိုက် တက်ညီလက်ညီ တောင်းဆို
ဆန္ဒပြကြပါစို့။

MoeMaKa Radio & Multimedia - ဳသရသ - ငၝတိုႚက ေကဵာင္းသားဆ�

MoeMaKa Radio & Multimedia - ဳသရသ - ငၝတိုႚက ကေဵာင်းသားဆိုးတွေ





Thursday, 15 May 2008

ငါတို့က ကျောင်းသားဆိုးတွေ
(မိုးမခ ကို ပေးတဲ့စာ)

သြရသ

မေ ၁၅၊ ၂၀၀၈

တက္ကသိုလ်ကြီးကို ဓာတ်ပုံလိုက်ရိုက်တယ်။ လွမ်းစရာပဲ။ ပုံတွေကို ပို့ပေးနေမယ်။ ငါတို့က ကျောင်းသားဆိုးတွေပါ၊ တက္ကသိုယ်တက်ခဲ့ပေမယ့် စာသင်ခန်းအပြင်မှာ နေခဲ့ရတဲ့ အချိန်တွေက ပိုများခဲ့တော့ … ငါတို့က ကျောင်းသားဆိုးတွေပေါ့။

လူမစုံတဲ့ စာသင်ခုံတွေက ထ ရပ်ပြီး ငါတို့ ထွက်ခွာခဲ့ကြ။ အခုတော့ အသဲတွေ အူတွေ မရှိတော့တဲ့ ကျောင်းကြီး … ပြီင်္းတော့ အသက်မရှိတော့တဲ့ ဧရာဝတီမှာ ငါတို့က ကျောင်းသားဆိုးတွေပေါ့ …။

တချို့ကျောင်းသားဆိုးတွေကတော့ မြစ်ဝကျွန်းပေါ်ကို ဆင်းသွားပြီ။ လမ်းမှာလည်း အလု ခံ ကြရတယ်။ လူဆိုး လူမိုက်တွေက အကူအညီတွေကို လုကြတယ်။ ပြီးတော့ အသည်းကြားက မပေးရသေးတဲ့ မဲ တပြားကိုလည်း လုသွားကြတယ်။

ငါတို့က ကျောင်းသားဆိုးတွေ ဆိုတော့ အရေခွံတွေ ထူတယ်။ မျက်ရည်တွေက ခန်းခြောက်ခဲ့ပြီ။ မဆလခေတ် ဆန္ဒခံယူပွဲတုန်းကလည်း မဲရုံထဲက၊ စာသင်ခန်းတွေထဲက သပိတ်မှောက်ပြီး ထွက်ခွာလာခဲ့ကြဘူးတော့ ငါတို့က ကျောင်းသားဆိုးတွေပေါ့။ မျက်ရည်တော့မရှိ ဒေါသတွေပဲ ရှိတယ်။

ဒေးဒရဲမှာဆို ငါတို့ကျောင်းသားဆိုးတွေမှာ လက်ပိုက်ပဲ ကြည့်နေရတယ်။ ရ၀တက ဆန်ဝေတယ်။ တရွာ အိတ် ၂၀။ စောင်တွေလည်း ဝေတယ်။ ရုံးချိန်ပဲ အလုပ်လုပ်တော့ ရွာတွေက ခြေလျင်လာရတဲ့ ပြည်သူတွေ မိုးစုန်းစုန်းချုပ်ချိန်မှ ပိတ်ထားတဲ့ ရ၀တရုံးရှေ့ကို ရောက်ကြရတယ်။ အဲဒီမှာ လက်ထဲမှာ ဗလာနဲ့ ငါတို့ ကျောင်းသားဆိုးတွေပဲ သူတို့နဲ့အတူ ရှိတော့တယ်။

ဆီမရှိတဲ့ ရွာစွန် ရွာဖျားက ဒုက္ခကို နေ့ရော ညပါ ကျောပိုးပြီး အသက်ရှုနေကြရတယ်။ မြို့ဆီမလာနိုင်။ ကားလမ်းနားနီးတဲ့ရွာတွေက လမ်းပေါ်မှာ မျက်ရည်တွေခင်းပြီး ထမင်းတလုပ်၊ ရေတမှုတ်ကို တောင်းစားနေရတယ်။ ငါတို့ ကျောင်းသားဆိုးတွေမှာ ဖောက်ပေးစရာဆိုလို့ လက်မောင်းသွေးတွေပဲ ရှိတယ်။

ငါတို့အားလုံး အိပ်မက်ဆိုးထဲမှာ လမ်းလျှောက်နေကြတယ်။ ငါတို့က တခါမှ မလိမ္မာဘူးခဲ့တော့ တက်တက်ကြွကြွပဲ။ ခေတ်အဆက်ဆက်က ကျောင်းသားဆိုးတွေချည်းပဲ ဒီမုန်တိုင်းကို အတူတူ ဖြတ်ကြရအုံးမယ်။


Mar 7, 2008

ရွေးကောက်ပွဲ


မေးလ်စစ်ရင်းနဲ့ မြန်မာပြည်က ပို့လိုက်တဲ့ ဆော်ဩသံ လေးကို လက်ဆင့်ကမ်းလိုတာနဲ့ တင်ဖြစ်တာပါ။ကျနော်ကလည်း အခုနောက်ပိုင်း မရေးတာများတာမို့ မတော်တဆ ရောက်ရှိလာတဲ့မိတ်ဆွေကိုတက်စွမ်းသမျှ လက်ဆင့်ကမ်း အသိပေးကြဖို့တိုက်တွန်းလိုပါတယ် ခင်ဗျာ။ကျေးဇူးတင်ပါတယ် ။

Nov 12, 2007

လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ၏ အစိတ်အပိုင်းတချို့

အမှန်တကယ်ကြီးပြင်းလာအောင်ကလေးတွေကိုဘယ်လိုပြုစုပျိုးထောင်မလဲ

Tuesday, May 22. 2007


မည်သူ့ဘိန်းစားကမှ ဘိန်းစားဖြစ်ချင်လို့ ဘိန်းစားသည်မဟုတ်၊ စမ်းကြည့်ရင်းစွဲလို့ ဘိန်းစားဖြစ်တာချည့်ဖြစ်ပါသည်။ လူကြီးများက ကိုင်တွယ်တတ်ဖို့သာလိုပါသည်။ ကလေးမို့လို့ လူကြီးပြောသမျှယုံမယ်ထင်ရင် လူကြီးမှားပါသည်...
. . .


ကျွန်မ မြန်မာပြည်မှာ ကလေးဘ၀နေခဲ့စဉ်က မိမိကိုပျိုးထောင်ခံရပုံနဲ့ သူတပါးတွေပျိုးထောင်ခံခဲ့ရပုံ တွေကို ခုထိမှတ်မိနေပါသေးတယ်။ အမြင့်မတက်နဲ့၊ ပြုတ်ကျမယ်၊ ညနေဆိုအပြင်မထွက်နဲ့၊ သူရဲကိုက်လိမ့်မယ်။ ကြောင်ကြီးလာပြီ၊ စလောင်းဖုံး၂ချပ်ကိုရိုက်ရင်ကျားကိုက်မယ်။ ညဘက်အိမ်ထဲမှာ ခြေသည်းလက်သည်း မညှပ်ကောင်းဘူး၊ ဟဲ့ဆော့လှချည့်လား..ငါရိုက်လိုက်ရ။ ဟိုကလေးကိုကြည့်စမ်း.. ငြိမ်နေတာပဲ.. ဘယ်လောက်လိမာလဲ.. နင်တို့ကတော့ တုတ်စာနဲ့မှငြိမ်မယ့်ဟာတွေ.. အစရှိသဖြင့်။ သည်လိုဆုံးမမှုမျိုးအောင်မြင်သလားဆိုတော့... ဟုတ်ကဲ့။ သရဲကိုမြင်ဖူးချင်လို့ သင်္ချိုင်းကုန်းကို မနက်စောစောသွားပြီး ချောင်းပါတယ်။ ဥစ္စာစောင့်ကိုမြင်ဖူးချင်လို့ ညနေစောင်းမှာ ပြာထုပ်တွေကိုင်ပြီး ခြောက်သည်လို့နာမည်ကြီးသောနေရာကို အစ်ကိုဝမ်းကွဲတွေနဲ့ အတူ သွားချောင်းပါသည်။ ကြောင်ကိုအလွန်ချစ်ပါသည်။ ဘုရားပေါ်ကို ကုတ်ကပ်တက်တာ ခေါင်းလောင်းမှောက်ထိ ရောက်ပါသည်။ ဘုရားရှေ့က ခြင်္သေ့ကြီးကို ဂုတ်ခွစီးပါသည်။ မလုပ်နဲ့ပြောလေ၊ လုပ်ချင်လေဆိုသည်မှာ ကလေးတိုင်းတို့ရဲ့ ဖြူစင်သောဗီဇစိတ်ပါ။ စူးစမ်းသောစိတ်သည် တော်လှန်သောစိတ်မဟုတ်ပါ။ ကလေးတိုင်း၊ လူငယ်တိုင်း စူးစမ်းလိုသောစိတ်ရှိကြပါသည်။ မည်သူ့ဘိန်းစားကမှ ဘိန်းစားဖြစ်ချင်လို့ ဘိန်းစားသည်မဟုတ်၊ စမ်းကြည့်ရင်းစွဲလို့ ဘိန်းစားဖြစ်တာချည့်ဖြစ်ပါသည်။ လူကြီးများက ကိုင်တွယ်တတ်ဖို့သာလိုပါသည်။ ကလေးမို့လို့ လူကြီးပြောသမျှယုံမယ်ထင်ရင် လူကြီးမှားပါသည်။ လူကြီးပြောတာ ဟုတ်လားမဟုတ်လားသိချင်လို့စူးစမ်းသောကလေး ပိုများပါသည်။

ကမ္ဘာ့အရှေ့ခြမ်းက အနောက်နိုင်ငံ (အရှေ့ခြမ်းမှာရှိပြီး အနောက်နိုင်ငံကစနစ်ကိုကျင့်သုံးပြီး အနောက် နိုင်ငံသားများတဲ့နိုင်ငံ ) တစ်ခုမှာတိုက်ခန်းအရောင်းပြခန်းတစ်ခုကို ရောက်သွားဖူးပါတယ်။ တိုက်ဝယ်ဖို့ လာကြသူတွေအများကြီးပေါ့။ ထူးခြားတာက မြန်မာနိုင်ငံလို လူကြီးတွေချည့်လာကြည့်ကြတာ မဟုတ်ပါ ဘူး။ ကလေးတွေရော၊ အဘိုးကြီးအဘွားကြီးတွေနဲ့ လက်တွန်းလှည်းသုံး ဒုက္ခိတတွေလည်းပါပါတယ်။ အဘိုးကြီးအဘွားကြီးများနဲ့ လက်တွန်းလှည်းသမားတွေပါ ကိုယ့်အားကိုယ်ကိုးပြီး နေလို့ရမယ့်အိမ် ပုံစံ များကိုလည်း စနစ်တကျ သုတေသနလုပ်ပြီးဆောက်ထားတဲ့အိမ်များကိုတွေ့ရပါတယ်။ လူတိုင်းကိုယ့် အား ကိုယ်ကိုးနေလို့ရမယ့်နည်းတွေကိုချည့် စိတ်ဝင်စားကြတာကို အားတက်ဖွယ်တွေ့လိုက်ရပါတယ်။ နည်းနည်းစပ်စုလိုက်ကြည့်လိုက်တော့မှ မထင်မှတ်တာကိုတွေ့မိပါတော့တယ်။

စောင်းငန်းစောင်းငန်းလေး လမ်းလျှောက်တတ်ကာစ ကလေးကိုအမေဖြစ်သူက တိုက်ရွေးခိုင်းနေတာပါ။ ကလေးကိုတိုက်ထဲမှာလမ်းလျှောက်ခိုင်းတယ်၊ လျှောက်ကိုင်ကြည့်ခိုင်းတယ်။ ကလေးက တိုက်နံရံက ဇောင်းကလေးတစ်ခုကိုပွတ်သပ်လိုက်ပြီး အမေကိုကြည့်နေတော့ အမေက အင်း.. တော်လိုက်တဲ့သား.. နောက်တိုက်တလုံး သွားကြည့်ကြစို့လို့ ပြောပြီး ကလေးကိုလက်ဆွဲပြီး ထွက်သွားတော့တာပါပဲ... ပြောချင်တာက အနောက်နိုင်ငံသားတွေဟာ သူတို့သားသမီးကို ၁၈နှစ်ပြည့်ရင် အိမ်ကထွက်သွားခိုင်း တယ် ဆိုတာ ထွက်သွားခိုင်းနိုင်လောက်တဲ့ အသိပညာနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်ကိုးစားစိတ်တွေကို သည်လိုအရွယ်လေးကတည်းက မွေးထည့်ပေးထားပြီးသားဖြစ်ပြီး လူကြီးဖြစ်စအရွယ်မှာ ကိုယ့်အား ကိုယ်ကိုးတတ်အောင် တမင်အိမ်ကထွက်ခိုင်းလိုက်တာဖြစ်လို့ပါပဲ။ အခုလိုတစ်နှစ်သားလေးကို တိုက် တစ်လုံးကို လိုက်ကြည့်ခိုင်းသလို ကလေးကလည်း သူလမ်းလျှောက်ရင်း လဲကျလို့ ဆောင့်မိနိုင်တဲ့ နေရာလေးကိုပြနိုင်ခဲ့ပါတယ်။ စိတ်ဝင်စားလွန်းလို့ သူတို့နောက်ကလိုက်ကြည့်တော့ နံရံ အနားစောင်း တွေကို ချွန်မနေစေဘဲဇောင်းလုံးထားတဲ့၊ လှေကားကိုလည်း ကလေးအတွက်အဆင်ပြေအောင် တပ် ဆင်ထားတဲ့ နောက်ဆုံးအိမ်တလုံးကို သူတို့ဝယ်လိုက်ကြပါတယ်။ သူတို့က သူတို့ရဲ့ တစ်နှစ်သား ကလေးကို အိမ်တစ်လုံးရွေးချယ်ခွင့်ပေးလိုက်ကြပါတယ်။

ကျွန်မတို့ မြန်မာပြည်မှာ ဘယ်အရွယ်သားသမီးက အိမ်တလုံးကိုစိတ်ကြိုက် ရွေးချယ်ခွင့်ရကြပါသလဲ။ ကိုယ့်အ၀တ်အစားကိုတောင် ကိုယ်တိုင်စိတ်ကြိုက်ဝယ်ဝတ်ခွင့် ရကြသလား။ အမေအဖေခိုင်းသမျှလုပ်ပြီး ထားတဲ့အတိုင်းနေတဲ့ကလေးကို လူလိမ်မာလို့ ထင်ကြချီးမွမ်းခန်းဖွင့်နေကြချိန်မှာ သည်ကလေးဘယ်လောက် စိတ်ဓာတ်ရေးရာ အညွန့်ကျိုးနေမလဲဆိုတာ သိကြရဲ့လား။ ကိုယ့်မသိစိတ်ထဲမှာ အာဏာရှင်စိတ်ဝင်နေပြီး သူများရဲ့ ရွေးချယ်ခွင့်တွေကို ပိတ်ပင်နေမိပါပကောဆိုတာကို ကိုယ့်သားသမီးကိုယ်ချစ်လို့ အစစအရာရာ စီစဉ်ပေးနေတာပါဆိုတဲ့ ဆင်ခြေလေးနဲ့ ကာတတ်ကြပါတယ်။ သားသမီးကိုချစ်ရာရောက်ရဲ့လား၊ စိတ်ရောလူပါ ကြီးပြင်းခွင့်ပေးရာရောက်ရဲ့လား လို့ မိဘများတွေးမိကြပါသလား။ ကလေးရဲ့ စိတ်ထဲမှာ ရွေးချယ်ချင်စိတ် ပျင်းသွားရင်း၊ မိမိရဲ့ရွေးချယ်မှုအတွက်တာဝန်ယူရကောင်းမှန်းသိတဲ့စိတ် ပျင်းသွားရင်း တဖြည်းဖြည်းအသက်တွေကြီးလာတဲ့ ကြီးပျင်းသူများကို မွေးထုတ်သင့်သလား။ မှန်ကန်တဲ့ရွေးချယ်မှုကို ပြုလုပ်ရင်း မိမိရဲ့ရွေးချယ်မှုအတွက် ဖြစ်ပေါ်လာတဲ့အကြောင်းကိစ္စအရာရာကို မှန်မှန်ကန်ကန် ရင်ဆိုင်တတ်၊ ရင်ဆိုင်ရဲတဲ့ ပြင်းထန်တဲ့စိတ်ထားနဲ့ တာဝန်ယူလိုစိတ်၊ တာဝန်ယူလိုမှုတို့နဲ့အတူ ကြီးလာတဲ့ ကြီးပြင်းသူမျိုးကို မွေးထုတ်သင့်သလား။ မင်းတို့ဘာသိလို့လဲ၊ ကလေးတွေ ကလေးနေရာနေစမ်း၊ လူကြီးတွေကြားဝင်မရှုပ်ချင်စမ်းပါနဲ့၊ စတဲ့ စတဲ့စကားတွေကြားမှာ လူငယ်တွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်စိတ် ပျောက်ဆုံးပျက်သုဉ်း ခဲ့ကြရပါ တယ်။ ရွေးချယ်ခွင့်တွေဆုံးရှုံးခဲ့ကြရာက အကောင်းအဆိုးကို ရွေးချယ်တတ်ခြင်း၊ ရွေးချယ်ရဲခြင်းဆိုတဲ့ လူရည်လူသွေးများပါ ပျောက်ဆုံးခဲ့ကြရပါတယ်။ သူငယ်ချင်းတစ်ယောက်က ၀မ်းပန်းတနည်းပြောဖူး ပါတယ်။

သူ့ရဲ့အဘွားအသက်၇၀ကျော်ပျောက်လို့သူကအိမ်ထဲမှာလိုက်ရှာပါသတဲ့။ နောက်အဘွားရဲ့အမေ အသက်၉၀ကျော်အဘေးရဲ့အခန်းထဲမှာ နွေနေ့လည်ကြီးခြင်ထောင်ချလို့ ခြင်ထောင်လှုပ်နေလို့ မြစ်ဖြစ်သူကသွားချောင်းပါတယ်တဲ့။ သည်တော့မှ အဘေးဖြစ်သူကအဘွားကို သူ့စကားနားမထောင်ဘဲ (သူ့ရဲ့အတည်ပြုချက်ကိုမတောင်းဘဲ) သူ့မြေးမြစ်တွေကို သင်တန်းတက်ခိုင်းလို့ ခြင်ထောင်ထဲခေါ်ပြီး ပေါင်တွင်းကြောဆွဲလိမ်ကာ အပြစ်ပေးနေခြင်းဖြစ်ကြောင်းသိရပါသတဲ့။ သည်တော့မှ သူငယ်ချင်းလဲ သူ့အခြေအနေက ဥထဲမှာပဲရှိသေးပါလား၊ အကောင်တောင်မဖြစ်သေးတဲ့ အခြေအနေလောက်ပဲ ရှိပါလားလို့ စိတ်ဓာတ်ကျပြီး ပြန်ထွက်ခဲ့တာအသံတောင်မထွက်ရဲခဲ့ပါဘူးတဲ့။ လက်ရှိမြန်မာပြည်က အဖြစ်မှန် အခြေအနေတစ်ရပ်ပါ။ မြန်မာလူငယ်တိုင်း သည်လိုအဖြစ်အပျက်မျိုး ကြုံခဲ့တယ်လို့မဆိုလိုပါ။ လူတစ်ယောက်ဇာတ်လမ်းတစ်ပုဒ်စီဖြစ်ပေမယ့် အများစုအနေနဲ့ ကိုယ့်ဖြစ်ရပ်နဲ့ကိုယ် ပြန်လည်နှိုင်းယှဉ် စဉ်းစားမိစေဖို့သာ ရည်ရွယ်ပါတယ်။

ဒါ့အပြင် တိုင်းတပါးမှာ ပွေလီတဲ့ကလေး မျက်နှာကောင်းရပါတယ်။ creative mind ရှိတယ်ဆိုပြီး မြေတောင်မြှောက်ခံရပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ "ဟဲ့မျောက်လောင်းလေး.. ပွေလီပါ့တော်.. အငြိမ်ကိုမနေနိုင်ဘူး.. သည်နေ့ဈေးကပြန်လာမှ ထားဝယ်ကြိမ်နဲ့တွေ့မယ်"လို့ ချီးမြှောက်တတ်ကြ ပါတယ်။

သည်တော့ သူများနိုင်ငံက အသက်၁၈နှစ်အရွယ်လူတစ်ယောက်က လူကြီးတစ်ယောက်လို ရွေးချယ် တတ်၊ ရွေးချယ်ရဲနေပြီး အလုပ်များကိုလုပ်ကိုင်ဆောင်ရွက်ရင်း တိုင်းပြည်တာဝန်ထမ်းဆောင်နေချိန်မှာ မြန်မာပြည်ထဲက အသက် ၂၅နှစ်ကျော်တဲ့ သူငယ်ချင်းလိုလူတွေက အဘေးထံမှာ အမိန့်တောင်းရင်း ခွင့်ပြုချက်ယူနေရမှတော့ သက်တူရွယ်တူချင်း ဘယ်လိုလူရည်လူသွေးချင်းပြိုင်နိုင်ကြပါ့မလား။ သူငယ်ချင်းကို နှိမ်တာမဟုတ်သလို မြန်မာပြည်ထဲက လူငယ်တွေကို နှိမ်တာလဲမဟုတ်ရပါ။ ကိုယ့်မြန်မာလူငယ်တွေကို နိုင်ငံတကာက ရွယ်တူလူငယ်တွေထက် ပိုမိုထက်မြက်တော်တတ်နေစေ ချင်တဲ့ စိတ်နဲ့ သူတို့တွေနှိုင်းယှဉ်တတ်လာအောင်၊ ကြိုးစားတတ်လာအောင် မြင်ဖူးတာလေးကို ပြန်ဝေမျှခြင်းသာဖြစ်ပါတယ်။ စာရေးသူကလည်း ကိုယ့်ကိုယ်ကို ပြန်သတိပေးတဲ့အနေနဲ့ ရေးဖြစ်တာလဲ ပါတာပေါ့လေ။ အိပ်မက်ပရိသတ်နဲ့ မြန်မာလူငယ်တွေလည်း ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတကာက လူငယ်တွေထက် ဉာဏ်ရည်လူရည် ခေါင်းတစ်လုံးသာသူတွေဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

: KhunMyaHlaing

Oct 4, 2007

တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ

တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ
ဒေါက်တာလွဏ်းဆွေ


၈၈-မျိုးဆက်ခေါင်းဆောင်တွေကို ဖမ်းကုန်ပြီတဲ့
ညက ရေဒီယိုမှာ ကြေညာသွားတယ်
ဒီလောက်နဲ့ပဲ ပြီးလိုက်ကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

ပခုက္ကူသံဃာနှစ်ပါးကို ဓာတ်တိုင်မှာ ကြိုးတုတ်ပြီး ရိုက်သတဲ့
ညက ရေဒီယိုမှာ ကြားလိုက်ရတယ်
ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

သံဃာတော်တွေ ပတ္တနိက္ကုဇ္စန ကံဆောင်နေကြပြီတဲ့
ညက ရေဒီယိုမှာ ပြောသွားတယ်
ဒီလောက်နဲ့ပဲ တင်းတိမ်ကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

သံဃာတွေနောက်ကို ပြည်သူတွေပါလာပြီတဲ့
ညက ရေဒီယိုမှာ အသံလွှင့်သွားတယ်
ဒီလောက်နဲ့ပဲ ရောင့်ရဲကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

ဂျပန်သတင်းထောက်ကို စစ်ခွေးတွေ ပစ်သတ်လိုက်တာ
ညက တီဗွီမှာ ကြည့်လိုက်ရတယ်
ဒီလောက်နဲ့ပဲ ပြီးကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

စစ်ခွေးတွေ ပစ်သတ်တာ ပြည်သူတွေသေကုန်ပြီတဲ့
ညက ဘီဘီစီမှာ ကြေညာသွားတယ်
ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

ဘုန်းကြီးကျောင်းတွေကို ညပိုင်းဝင်စီးတာ
သံဃာတွေ တော်တော်အဖမ်းခံရတယ်တဲ့
ညက အာရ်အက်ဖ်အေမှာ ကြားလိုက်ရတယ်
ကြေကွဲဝမ်းနည်းရုံနဲ့ ပြီးကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

သံဃာအလောင်းတလောင်း ငါးမိုးရိပ်ချောင်းထဲမှာ ပေါ်လာသတဲ့
မနေ့က အင်တာနက်မှာ ကြည့်လိုက်ရတယ်
သံရုံးတွေရှေ့မှာ ဆန္ဒပြရုံနဲ့ ပြီးကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

ဂမ်ဘာရီ မနေ့က ပြန်သွားပြီတဲ့
ညက ဗွီအိုအေမှာ ပြောသွားတယ်
ဆင့်ဟိုဒင်း ခွေးမျှော်ရုံနဲ့ ပြီးကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

သတင်းမေး သတင်းလွှင့်ရတာလည်း
စိတ်မကောင်းစရာတွေ ချည်းပါကွယ်
စုတ်သပ်ရုံလောက်နဲ့ပဲ နေကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

ဆန္ဒပြသူတွေကို စစ်ခွေးတွေ ၀ိုင်းရိုက်တာ
စီအန်အန်မှာ ကြည့်လိုက်ရတယ်
စိတ်ဆိုးဒေါသထွက်ရုံနဲ့ ပြီးကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

ခေါင်းဆောင်တွေ ဘယ်ရောက်နေကြလဲ
အဖွဲ့အစည်းတွေ ဘာလုပ်နေကြလဲ
ငါတို့မဲပေးထားတဲ့သူတွေ ဘယ်မှာလဲ
ဒေါက်တာဆလိုင်းထွန်းသန်းတို့၊ ဦးဝင်းခက်တို့ ဘယ်မှာလဲတဲ့
ပြည်သူတွေ မေးနေကြပြီ
အစည်းအဝေးထိုင်ရုံလောက်နဲ့ ပြီးကြတော့မှာလား
စတိတ်မန့်ထုတ်ရုံလောက်နဲ့ ပြီးကြတော့မှာလား
ရေဒီယိုမှာ ဟိုပြောဒီပြောနဲ့ ပြီးကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

သံဃာတွေ ပြည်သူတွေ သွေးချောင်းစီးနေတာတောင်
အာဖရိက မြင်းကျားတွေလို
မြက်စားမပျက်ကြပါလားကွာလို့
အပြောခံကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

မြန်မာပြည်သားဆိုတာ
ငုံ့ခံတတ်တဲ့ လူစားတွေပါကွာလို့
သမိုင်းအရေးခံကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

ဒီကဗျာကို
အံချလိုက်ရရင်
သေပျော်ပြီကွာလို့ ယူဆနေသလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

အားလုံး …
အားလုံး …
ဒီမိုကရေစီကို လိုလားတဲ့
မြန်မာပြည်သားအားလုံး
ကြက်သေ သေမနေကြပါနဲ့
ငါတို့ ဘာဆက်လုပ်ရမလဲဆိုတာကို
ပျံလွန်တော်မူသွားတဲ့ သံဃာတွေက လမ်းပြသွားခဲ့ပြီ
လမ်းမပေါ်မှာ ပစ်သတ်ခံရတဲ့ ပြည်သူတွေက လမ်းပြသွားခဲ့ပြီ
အဖမ်းဆီးခံ သံဃာနဲ့ပြည်သူတွေက လမ်းပြသွားခဲ့ပြီ
အချိန်သိပ်မရှိတော့ဘူး
တိုက်ပွဲက ငါတို့အားလုံးကို အကြီးအကျယ် စိန်ခေါ်နေပြီ
တိုက်ပွဲက ငါတို့အားလုံးကို အကြီးအကျယ် စိန်ခေါ်နေပြီ
တိုက်ပွဲက ငါတို့အားလုံးကို အကြီးအကျယ် စိန်ခေါ်နေပြီ။ ။


Sep 30, 2007

ပြည်ပရှိ မြန်မာနိုင်ငံသားအပေါင်းသို့

ူပည်ပရောက်ူမန်မာတြေ ဘာလုပ်နေသလဲ
သူရိန်ထက်

စက်တင်ဘာ ၂၈၊ ၂၀၀၇

ဗိုလ်အောင်ဒင် ဇာတ်လမ်းထဲမြာ (ပုလိပ်တြေ ဘာလုပ်နေသလဲ) ဆ္ဘိုပီး သတင်းစာတေမြာ ရေးကုန်ုက္ဘပီလိုႛေူပာတာလေး အမတ်ြရလိုႛ ဒီခေၝင်းစဉ်ပေးမိတာပၝ။ တမဵႂိး မထင္ဳကပၝနဲႛ။ ကဵနော် ဒီစာကိုပည်ပရောက်ူမန်မာတေကြို ဆော်ဖိုႛိံက်ြဖိုႛမဟုတ်ဘဲ အကူအညီ တောင်းခဵင်လိုႛ ရေးလိုက်တာပၝ။ (စကားခဵပ်)

ဟုတ်ပၝတယ်၊ ကဵနော် အကူအညီတစ်ခုလောက် တောင်းခံခဵင်ပၝတယ်။ ဒီအကူအညီမတောင်းခင် ကဵနော်တြေးမိ ကောက်ခဵက်ဆဲမြိတဲ့ အခဵက်လေး ၃ ခဵက်ကို တင်ူပပၝရစေ။

(၁)
လတ်တလော အရေးတော်ပုံဋ္ဌကီူးဖစ်ပေၞလာတာဟာ အေုကာင်းရင်းတြေ ရြိပေမယ့် အခုလို အရြိန်ူမင့်ူမင့်ူဖစ်လာတာဟာ သံဃာတော်တြေ ပၝ၀င္လာလိုႛပၝ။ လူအခဵင်းခဵင်း သတ်ူဖတ် ဖမ်းဆီးနေတာ ဒီလောက် မခံစာုးကပေမယ့် သံဃာကို ထိတောူ့ပည်သူတြေ အမဵားအဴပား ထၾက္ေပၞလာခဲ့တာပၝ။ူပည်သူတေဟြာ ဖမ်းမယ်ဆီးမယ် ပစ်ခတ်သတ်ူဖတ်မယ် ဆိုတဲု့ကားက ရဲရင့္ခဲ့ဳကပၝ႓ပီ၊

(စကားခဵပ္အေနနဲႛေတာ့ ၂၆ ရက္က ဆႎၬဴပပဲၾမႀာ ပစ္ခဵင္ပစ္ ဆို႓ပီး ရင်ကော့ပေးတဲ့ လူ ၃ ဦးကိုလည်ုးကည်ညြိဦးညတ်ြလိုက်ပၝရစေ)

ဘာပဲူဖစ်ူဖစ်ူမန်မာူပည်သူတေဟြာ အမဵြိးဘာသာ သာသနာကို စော်ကားရင်တော့ လက်မခံဘူးဆိုတာ ကောက်ခဵက်ဆဲလြိုႛ ရိုံင်ပၝတယ်။ ဘာသာရေးဟိာိုံင်ငံရေးမြာ အေရးပၝတယ္ေပၝ့ ခင္ဗဵာ၊။

(၂)

ူပည်ပရောက်ူမန်မာတြေ ဘာလုပ်နေလဲ။ူပည်တငြ်းကူမန်မာတြေ ဘာလုပ်နေလဲနဲႛ အူပန်အလနြ်ေူပာဆိုကတာမဵြိး မုကာခဏုကားရသလို နောက်ဆုံးတော့ ကိုယ်တတိုံင်တဲ့ဘက်က ရပ်တည်ဆောင်ရကြ်ုကဖိုႛ အေူဖထက်ြလာပၝတယ်။

ူပည်ပရောက်နေတဲူ့မန်မာတေကြ တတိုံင်သလောက်လုပ်ုကမယ်ဆ္ဘိုပီူးပည်တငြ်းကို ငေတြေလြုက၊ သက်ဆိုင်ရာ အစိုးရပိုင်း ကုလသမဂ္ဂပိုင်းတေကြို သိုင်ုးက၀ိုင်ုးကဖိုႛ အရေးဆိုက၊ သတင်းတြေူဖန်ႛခဵိုက၊ အဋ္ဌကူံပဆြေးြေိံုးကတာတေကြိုလည်း ၀မ်းေူမာက်ဖယြ်ုကားသိရပၝတယ်။

နောက်ထပ် လုပိုံင်တာရြိရင်လည်း အခဵိန်မရြေး လုပ်ဆောင်ဖိုႛ အသင့်ူဖစ်နေတယ်လိုႛ ဆိုရမြာပၝ၊။

(၃)
လန်ြခဲ့တဲိံ့စ်ြတေကြ ဘာသာတစ်ခုက (သတင်းစာတစ်စောင်က ကာတနြ်းတေဟြာ
… သူတိုႛဘာသာကို စော်ကားရာရောက်တဲ့ အခဵက်တြေ ပၝ၀င္လိုႛ) ဆို႓ပီး ဘာသာတူ ႎိုင္ငံမဵားက ၀ိုင်းဝန်းဆိံ္ဋူပုက။ သဘောထားတြေ ထုတ်ူပန်ဆူပူုကနဲႛ လုပ်လိုက်တဲ့အခၝ ကမ္တာကေဵာ်အောင်ူဖစ်သြားခဲ့ရပၝတယ်။

ဖော်ူပပၝအခဵက် ၃ ခဵက်ကို စဉ်းစားရင်း ကဵေနာ့္အေနနဲႛူပည်ပရောက်ူမန်မာတေကြို တစ်ခုလောက် အကူအညီတောင်းခဵင် ပန်ုကားခဵင်တာလေးတစ်ခု ရြိလာပၝတယ်။ အထူးသူဖင့်တော့ အာရကြ ဗုဒ္ဌဘာသိာိုံင်ငံတေရြောက် ဴမန္မာမဵားကို ပန္ဳကားခဵင္တာပၝ။

မိမိတိုႛရောက်နေတဲိုံ့င်ငံတေကြ ဗုဒ္ဌဘာသာအဖြဲႛအစည်းတြေ ဘာသာရေးခေၝင်းဆောင်တေဆြီ အီးမေးလ်ကပဲူဖစ်ူဖစ် စာတိုက်တေကြပဲူဖစ်ူဖစ် သြားရောက်တြေႛဆုံလိုႛပဲူဖစ်ူဖစ် အခုလိုမန်မာူပည်မြာ ဗုဒ္ဌဘာသာကို စော်ကားခံနေရတာတြေ၊ လူအခဵင်းခဵင်း သတ်ူဖတ်နေတာတြေ … စတဲ့ စတဲ့ အခဵက်တေကြို သီကုံးေူပာူပ္ဘပီး အနည်းဆုံး သဘောထား ထုတ်ူပန်တာမဵြိးလောက်ူဖစ်ူဖစ် အကူအညီပေးဖိုႛ တောင်းဆိုပေုးကပၝလား ခင်ဗဵာ။

ဥပမာ- ထိုင်းရောက်ူမန်မာတြေ။
ကိုးရီးယားရောက်ူမန်မာတြေ။
ဂဵပန်ရောက်ူမန်မာတြေ
အိံ္ဋယရောက်ူမန်မာတြေ
စကဿာပူရောက်ူမန်မာတြေ
… စသည် စသည်ူဖင့်ပေၝ့။

ကဵနော်တြေးမိတာလေးကို တင်ူပတောင်းဆို မေတ္ဇာရပ်ခံလိုက်ရပၝတယ်။ တစုံတရာ ထိရောက်မြ ရႀိႎိုင္မယ္ထင္မိပၝရဲႛ ခင္ဗဵ။ အနီးကပ် စောင့်ုကည့်နေပၝတယ်ဆိုတဲ့ အိမ်နီးခဵငိးိုံင်ငံတေကြ အစိုးရပိုင်းက မဵက်ြိာံလဲခြဵင်ရင်တောင် ဘာသာရေးပိုင်းက ကဵေနာ္တိုႛ ႒ကႂိးစားဳကည့္ရေအာင္လားခင္ဗဵာ။ ။


Sep 28, 2007

ကိုယ့်အနာဂတ်အတွက် ကိုယ်သာအရှင်သခင်

အခုကျနော် အွန်လိုင်းမှာတွေ့နေရတာက UN ကိုစာပို့ဖို့၊ အာဆီယံကိုအရေးဆိုဖို့၊ ကုလရဲ့ငြိမ်းချမ်းရေးတပ်တွေလာဖို့၊ စစ်တပ်အတွင်း အချင်းချင်းကွဲကြပြဲကြဖို့မျှော်လင့်နေကြတာကိုတွေ့နေရပါတယ်။ အခုအချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံကြီးဟာ ရေနစ်နေတဲ့သူတစ်ယောက်လိုပါပဲ။ ရေနစ်နေတဲ့သူအဖို့ ကောက်ရိုးကလေးတမျှင်ကလည်း အများကြီးအသုံးဝင်နိုင်ပါတယ်။ အဲဒီလိုမျှော်လင့်တာတွေကို ကျနော်မကန့်ကွက်ပါဘူး။ ကြိုဆိုထောက်ခံအားပေးပါတယ်။

ကျနော်အမြဲတမ်းစဉ်းစားနေတာရှိပါတယ်။
ဆရာကြီးဗန်းမော်တင်အောင်ကပြောပါတယ်။ စနစ်ဆိုးတစ်ခုဟာ အနှစ်၂၀ပဲ သက်တမ်းရှိတယ်တဲ့။
ကျနော်တို့ မြန်မာပြည်မှာ ဘာလို့ ၄၅နှစ်လောက်အထိ သက်ဆိုးရှည်ခဲ့တာလဲလို့ပါ။
နောက်ပြီး လူထုနဲ့ထိုက်တန်တဲ့အစိုးရသာလျှင် ရလေ့ရှိတယ်တဲ့။ အဲဒါတော့ ဘယ်သူပြောခဲ့မှန်းမသိပါဘူး။ အဲဒီတော့ ကျနော်တို့ မြန်မာပြည်သူလူထုဟာလည်း ကျနော်တို့နဲ့ထိုက်တန်တဲ့အစိုးရသာရတယ်ပေါ့လေ။ အရင်တုန်းကတော့ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ အခုလက်ရှိဒီနေ့အခြေအနေဟာ လက်ရှိအစိုးရသည် လက်ရှိပြည်သူလူထုနဲ့လုံးဝမထိုက်တန်တော့ပါ။ အဲဒီအတွက် ကျနော်တို့ တိုက်ပွဲ ၀င်ကြရပါလိမ့်မယ်။

နောက်တစ်ခုက ကျနော်တို့မြန်မာလူမျိုးတွေရဲ့အကျင့်ပါ။ ကျနော်တို့တစ်တွေမှာ မင်းလောင်းမျှော်တဲ့ဝါသနာဟာ မွေးရာပါဖြစ်ပါတယ်။ ရှေးယခင်အဆက်ဆက်ကတည်းက မင်းဆိုးမင်းညစ်တွေ အုပ်ချုပ်နေပြီဆိုရင်ဖြင့် မြန်မာလူမျိုးတွေဟာ မင်းလောင်းကိုမျှော်ကြလေ့ ရှိပါတယ်။ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ်(ဒုတိယပိုင်း)၊ လွတ်လပ်ရေးရပြီးခေတ်၊ စစ်အစိုးရအာဏာရှင်အဆက်ဆက်ခေတ်(ယနေ့ခေတ်) အထိတိုင် ကျနော်တို့ အဲဒီအကျင့်ကို မဖျောက်နိုင်ကြပါဘူး။ အဲဒီအကျင့်ကိုကောင်းကောင်းအသုံးချပြီး ကျနော်တို့လူမျိုးတွေကို လူလည်ကျသွားတဲ့ အဖြစ် အပျက်တွေလည်း အများကြီးရှိပါတယ်။

အခုလည်း ကျနော်တို့ UN, USA နဲ့ Europe တစ်ခုခုက ၀င်လာလိမ့်မယ်တို့၊ စစ်တပ်အတွင်းကွဲကုန်ကြပြီတို့ စသဖြင့် မျှော်လင့်နေကြ တာလည်း မင်းလောင်းမျှော်သလို သဘောမျိုးပါပဲ။ သမိုင်းကို ပြန်ကြည့်ရင် တစ်ကယ့်တစ်ကယ် ကယ်တင်နိုင်တဲ့ မင်းလောင်းဆိုတာ အလွန်ကိုရှားပါတယ်။ နောက်ဆုံးတော့ လူထုကိုယ်တိုင်လုပ်ဆောင်ရတာပါပဲ။ ခံစရာရှိရင်လည်း လူထုပဲ ခံကြရတာပါ။ အဲဒီတော့ ကျနော်တို့ ကံကြမ္မာကို ကျနော်တို့လူထုကိုယ်တိုင် ဖန်တီးရပါလိမ့်မယ်။ အောင်မြင်ရမယ်လို့လည်း ယုံကြည်ပါတယ်။ အမှန်တရားအတွက် ၀င်တဲ့တိုက်ပွဲဆိုတာ အနည်းငယ် ခါးသီးမယ်။ ကြာချင်လည်းကြာမယ်။ ဒါပေမယ့် နောက်ဆုံးမှာ အောင်မြင်ပါလိမ့်မယ်။

ဒီနေ့အဖြစ်အပျက်ကိုကြည့်ရင်လည်း ဘယ်သူ့အကူအညီမှမယူပဲ သံဃာတော်တွေရဲ့ ဦးဆောင်မှုအောက်မှာ လူထုရဲ့သွေးစည်းညီညွတ်မှုနဲ့ စခဲ့တဲ့တိုက်ပွဲပါ။ ဘယ်ကမှအကူအညီမယူခဲ့ကြပါဘူး။ အခုဆိုရင် သံဃာတော်တွေနဲ့ ပြည်သူလူထု ရဲ့ သွေးတွေ ရန်ကုန်မြို့မှာ စွန်းပေကုန်ကြပါပြီ။ စခဲ့ကြပြီဆိုမှတော့ လုံးဝနောက်မဆုတ်သင့်တော့ပါ။
ကျနော်တို့လိုလားတဲ့၊ ကျနော်တို့တောင့်တတဲ့ ပန်းတိုင်ကို လှမ်းကိုင်နိုင်ဖို့ဆိုတာ လက်တကမ်းမှာရှိပါတယ်။ အမိနိုင်ငံတော်အတွက် အခုအရေးအခင်းမှာ အသက်ပေးလှူသွားတဲ့ သံဃာတော်တွေ၊ ပြည်သူလူထုတွေကိုလေးစားသောအားဖြင့် အသိအမှတ်ပြုသောအားဖြင့် ကျနော်တို့ရဲ့ ခြေလှမ်းတွေကို ကျေးဇူးပြုပြီး မရပ်တန့်လိုက်ကြပါနဲ့။

ကျနော်တို့ ခံခဲ့ရပေါင်းလည်းများပါပြီ။ ကျနော်တို့အမှတ်လည်းမရှိကြပါဘူး။ နိုင်ငံတကာမှာ အတေးအမှတ် အနည်းဆုံးလူမျိုးကို ပြပါဆိုရင် ကျနော်တို့မြန်မာလူမျိုးကို ပြရပါလိမ့်မယ်။ သေချာစဉ်စားကြည့်တော်မူကြပါ။ ကျနော်တို့အပေါ်မှာ ဘယ်လောက်ပဲ ရက်စက်ယုတ်မာခဲ့ပါစေ အဲဒီအဖြစ်အပျက်ကို ခဏလေးနဲ့မေ့နိုင်တဲ့လူမျိုးတွေပါ။ တခြားအဝေးကြီးကိုမကြည့်ပါနဲ့ဦး။ ဗိုလ်ခင်ညွှန့်လို လူမျိုးတောင် ပြုတ်သွားတဲ့အချိန် သနားနေကြတဲ့လူတစ်ချို့ဟာ တစ်ချိန်က ဗိုလ်ခင်ညွန့်ရဲ့နှိပ်စက်ခြင်းကို တိုက်ရိုက်ခံခဲ့ရတဲ့လူတွေ ဖြစ်ကြပါတယ်။ အခုလည်းအဲဒီလိုမျိုး မေ့လွယ်ပျောက်လွယ်ဖြစ်သွားမှာကို ကျနော်အရမ်းစိုးရိမ်ပါတယ်။

အခုဆိုရင် တိရိစ္ဆာန်ငသန်းရွှေနဲ့ သူ့ရဲ့နောက်လိုက်ခွေးတွေဟာ ဘုရားမှန်း၊ တရားမှန်း၊ သံဃာမှန်း၊ ကျေးဇူးရှင်ပြည်သူဆိုတာတွေမှန်း မသိမမြင်ကြတော့ပါဘူး။ သူတို့မျက်စိထဲမှာ သူတို့အာဏာတည်မြဲရေးအတွက်ပဲမြင်ပါတယ်။ စာနယ်ဇင်းသမား သတင်းထောက်တွေကို ပါမကျန် ယုတ်မာပက်စက်နေကြပါပြီ။ ဒီလိုခွေးတိရိစ္ဆာန်တွေကြောင့် နိုင်ငံတကာမှာ ကျနော်တို့မြန်မာတွေမျက်နှာငယ်ရပါတယ်။ အရှက်ကွဲခဲ့ရပါပြီ။

တစ်ချိန်က ကျနော်တို့ကိုမော့်ကြည့်ခဲ့ရတဲ့ နိုင်ငံတွေမှာ ကျနော်တို့ ကျွန်တွေလို အလုပ်လုပ်နေကြရပါပြီ။ တိုင်းတပါးလူမျိုးတွေ အုပ်ချုပ်တုန်းကတောင်း မခံခဲ့ရတဲ့အဖြစ်မျိုး ခွေးတိရိစ္ဆာန်တွေအုပ်ချုပ်မှ ကျနော်တို့ခံစားနေရပါပြီ။ နိုင်ငံတကာမှာ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်နိုင်ငံလို့ ရင်ကော့ခေါင်းမော့ပြီးနေခဲ့တဲ့ နိုင်ငံမှာ သံဃာတွေကို သတ်ဖြတ်ဖမ်းဆီးနှိပ်စက်၊ ဆင်းတုတော်တွေကို ဖျက်စီးတယ်ဆိုတာ အရပ်ရပ်နေပြည်တော် ကြားလို့မှမသင့်တော်ပါဘူး။ ဒီလို ခွေးတိရိစ္ဆာန်တွေကို ဘယ်သူ့အကူအညီမှ စောင့်မနေကြတော့ပဲ ကိုယ်တိုင်တိုက်ခိုက်ကြပါစို့။

အို............ တိုက်ပွဲဝင်ရဲဘော် ပြည်သူလူထုနဲ့သံဃာတော်အပေါင်းတို့ခင်ဗျား

မင်းဆိုးမင်းညစ်တွေကို ကျနော်တို့ရဲ့သွေးတွေနဲ့ ဆေးကြောသန့်စင်ကြပါစို့။

တိုင်းပြည်နဲ့လူမျိုးရဲ့အမည်းစက်တွေကို ကျနော်တို့ရဲ့သွေးတွေနဲ့ ဆေးကြောသန့်စင်ကြပါစို့။

သာသနာတော်ကြီးရဲ့အညစ်အကြေးေးတွကို ကျနော်တို့ရဲ့သွေးတွေနဲ့ ဆေးကြောသန့်စင်ကြပါစို့။

နိုင်ငံတကာအလည်မှာ မြန်မာဆိုတာဘာလဲလို့သိအောင် ကျနော်တို့ရဲ့သွေးတွေနဲ့ ကျနော်တို့ရဲ့ သမိုင်းသစ်ကိုရေးထိုးကြပါစို့။


တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု အတွက်ဆင်နွှဲသောတိုက်ပွဲ
အောင်ရမည်
အောင်ရမည်
အောင်ရမည်။

ရေးသူ-