Search This Blog
Nov 8, 2008
privateCam_v0.1.exe Virus လေ..ကိုယ်တွေ့ဗျ..ကိုယ်တွေ့
ဤ ClearPrivateCamVirus ဖိုင်လေးအား နှိပ်ပြီး download လုပ်ပါ။ ၎င်းဖိုင်လေးက လက်ရှိ Run နေတဲ့ Virus process ကို kill လုပ်ပြီးတော့ Virus Action တွေကို ရပ်တန့် ပေးပါတယ်။ ဖျောက်ထားခဲ့သော Virus ကို ပြန်ဖော်ပြီး ဖျက်ပေးပါတယ်။ Virus ကပြင်သွားတဲ့ Registry ထဲမှ Value လေးတွေကို ပြင်ပေးပါတယ်။ (ပိတ်နေတာတွေကို ပြန်ပွင့်ပေးတာပေါ့ဗျာ) အဲ့ဒီ ဖိုင်လေးကို Run ပြီးသွားလို့ Virus Action တွေရပ်သွားပြီဆိုရင်တော့ download လုပ်မိထား တဲ့ မူရင်း privateCam_v0.1.exe ကို ဖျက်ပေး ရပါမယ်။ သင့်တွင် အသုံးပြုသော AntiVirus Software ကို ခဏ ပိတ်ထား လိုက်ပါ။ ပြီးလျှင် Zip ဖိုင်အတွင်းမှ ClearPrivateCamVirus ဆို သော ဖိုင်လေးကို နှစ်ချက်နှိပ်ပြီး Run လိုက်ပါ။ သင်၏စက်ကို Restart ချပေးလိုက်ပါ။ ၎င်း နောက် မူလက မိမိ download လုပ်မိထားသော privateCam_v0.1.exe ကို ရအောင် ရှာ၍ ဖျက်ပေး လိုက်ရပါမည်။ ထိုသို့ ပြုလုပ်မှသာ စိတ်ချရမည် ဖြစ်ပါသည်။ မဖျက်နိုင်ပါက အဆို ပါ privateCam_v0.1.exe ကို ထပ်နှိပ်မိပါက ထပ်၍ ဗိုင်းရပ်စ် ဝင်နေမည် ဖြစ်ပါသည်။
ကျနော် တွေ့ပါတယ်။ဒီVirusကို သတ်နည်းတွေပေါ့ ။Combofix တို့၊ bitdefender Antivirus တို့ စသည်ဖြင့်ပေါ့ ။ကျနော် စမ်းကြည့်တာပေါ့နော် ။ သူတို့တွေရဲ့နည်းလမ်းတွေလည်း ကောင်းပါတယ် ။ကျနော်နဲ့ အဆင်မပြေတာဖြစ်မှာပါ ။ဘာပဲဖြစ်ဖြစ် Virus ကိုက်ခံနေရသူအတွက် ဒီနည်းလမ်းကလည်း အဆင်ပြေရာ ပြေကြောင်းဖြစ်မှာပါ ။Online ကို လွတ်လပ်ပွင့်လင်း အန္တရာယ် ကင်းကင်း သုံးစွဲနိုင်ကြပါစေ ။
Jun 30, 2008
ပြည်တွင်း၌ ဒီပဲယင်း အမှတ်တရ ကဗျာ တရားဝင်ထုတ်ဝေခြင်း

ဒီနေ့ ၃၀.၆.၂၀၀၈ တနင်္လာနေ့မှာ အပေါ်က ကဗျာလေးကို ချယ်ရီမဂ္ဂဇင်းမှာ ပါလာတဲ့အတွက် မဂ္ဂဇင်း အယ်ဒီတာ နှစ်ယောက်ဖြစ်တဲ့ဒေါ်သပြေနဲ့ လင်းထိပ်သျှင်တို့ကို အလုပ်မှထုတ်ပယ်ခဲ့ပါတယ် ။စာပေစီစစ်ရေးက လွှတ်လိုက်သော်လည်း သေသေချာချာ ဖက်ကြည့်တော့မှ ဒီပဲယင်း အရေးနဲ့ ညှိ့နေပါတယ် ။ကဗျာဆရာ အောင်ချိမ့်ရဲ့တူဖြစ်တဲ့ဆရာကြည်မောင်သန်း ကိုတော့အရေးယူခြင်း တစုံတရာ မရှိသေးဘူးလို့သိရပါတယ် ။မဂ္ဂဇင်း စာအုပ်တွေကို လိုက်သိမ်းနေတယ်လို့ သိရပါတယ် ။စာပေစီစစ်ရေးက ခွင့်ပြုပြီးသား ဖြစ်နေပြီမို့ ကဗျာဆရာကိုတော့ အရေးယူနိုင်ဖွယ်မရှိဘူးလို့ မျှော်လင့်ရပါတယ် ။ဥပဒေဆိုတာ သူတို့ပါးစပ်မှာကိုးဗျ ။ဒီသတင်းအကြောင်းကို
ဧရာဝတီ မှာလည်း တင်နေပါပြီ ။ဒါပေမဲ့ အယ်ဒီတာ နှစ်ယောက်ကို တစ်ယောက်လို့ မှားယွင်းနေတာတွေ့ရပါတယ် ။နောက်ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့က ကဗျာဆရာ စောဝေ ရဲ့ (ဧရာဝတီတွင် လျှပ်တပြတ် လို့ဖော်ပြထားပါတယ် )အချစ်ဂျာနယ်မှာပါတဲ့ ဖေဖော်ဝါရီ ဆယ့်လေး "အာဏာရူးကြီး သန်းရွှေ" စကားလုံးပါတဲ့ ကဗျာနဲ့ ဆရာ စောဝေကို ဖမ်းဆီးခဲ့ပြီး ယခုချိန်ထိ ပြန်မလွှတ်ပေးသေးကြောင်း ရုံးထုတ်တာ ၃ ကြိမ်ရှိပါပြီ ။ချယ်ရီမဂ္ဂဇင်းက တော့ပုံမှန်ထုတ်ဝေခွင့်ရပါသေးတယ် ဇူလိုင်လဆန်း ၃ ၊ ၄ ရက်မှာ ထွက်လာမှာပါ ။
May 8, 2008
Nargis ကပေးတဲ့ အဆိုးအကောင်း
ဒါတွေမလုပ်နိုင် ၊မလုပ်တတ် ၊ လုပ်ရကောင်းမှန်းလည်းမသိဘဲနဲ့ဆိုရင် ကိုယ့်နေရာကိုယ်အသာလေးဝပ်နေသင့်တယ် ။နစ်နာတာ တိုင်းပြည်၊ ပြည်သူလူထု ၊လူငယ်တွေရဲ့ အနာဂတ်တွေအကုန် တစစီပဲ ။UN ကသင်္ဘော ရန်ကုန်ဆိပ်ကမ်းကို ခုနေ့ လည် ၂နာရီက ရောက်လာပါတယ် ။ဒီနေ့ အမေရိကန်လေယာဉ်တွေ ၀င်ခွင့်ပေးလိုက်ပြီလို့ ဘန်ကောက်အမေရိကန်သံရုံး သတင်းက လာတယ် ။ အတည်ပြုနိုင်သော သေဆုံးသူ တသိန်းတသောင်းကျော်ရှိပါပြီ။ပျောက်ဆုံးစာရင်းမပါသေးပါဘူး ။ဒုက္ခတွေ အကုန်လုံး သိနေ ၊မြင်နေ ၊ကြားနေ ရပါတယ်ဒါပေမဲ့...
ဒီအချိန်ဟာ ရွေးကောက်ပွဲနဲ့ အလွန်နီးကပ်နေချိန်ပါ။နိုင်ငံခြားသားတွေကို အ၀င်မခံချင်ဘူး ။သူတို့ထင်ရာလုပ်ချင်တာ လွတ်လွတ်လပ်လပ် လုပ်နိုင်အောင်လေ။သူတို့လုပ်မဲ့ ရွေးကောက်ပွဲကြီးကို နိုင်ငံတကာ အဖွဲ့အစည်းတွေရှေ့မှာ ခင်းကျင်းပြရမှာလေ ။လိုက်ကြလေ လှလှကြီး ။အခုတော့ တစ်ကမ္ဘာလုံးက၀ိုင်းအုံကြည့်နေတဲ့အပြင် နိုင်ငံတကာလူမှုရေးအဖွဲ့အစည်းတွေ တရားဝင်ရောက်လာပြီ ။ လက်မခံလို့လည်း မရ ။မွဲတာကလည်း တာတေလန်နေပြီ။ကြွေးပတ်လည်နဲ့ဆိုတော့ စေတနာမရှိပဲ ဟန်ပြကူညီပြလို့လည်း မရ ။အရူးမီးဝိုင်းပဲ ။ကျနော် အလုပ်သွားရမှာမို့ ပြန်လာမှ ထပ်ရေးတော့မယ် ။ဖက်ပေးတာ ကျေးဇူးပါဗျာ ။
Apr 7, 2008
လူဖြစ်ရတဲ့ဒုက္ခ(မျိုးကျော့မြိုင် သီချင်းခေါင်းစဉ်နဲ့ တူသွားပါတယ် ဒီပုံနဲ့လိုက်ဖက်တဲ့ခေါင်းစဉ်မို့ပါ)

ကျနော်က ရလာတဲ့သတင်းဘာမှ မချန်ထားချင်သူပါ။အဲဒါကြောင့်မျှဝေတာပါ ။စိတ်မကောင်းစရာလေးပါဗျာနော်။အသက်ဆက်ရှင်ရဦးမယ်ဆိုရင်တောင်.....ဒီလိုဘ၀.....ဒီလိုအခြေအနေနဲ့ သူ့ဘ၀ တလျှောက်ဟာ လောကငရဲ ပါပဲ။ငါရော အဲဒီလို ပုံမျိုးနဲ့ ရှင်သန်ရမယ်ဆို.....ဟီးဟီး.....တွေးကြည့်စမ်းပါဗျ...
မြန်မာပြည်ကြီး အခုတလော ပေါက်တက်ကရတွေ ဖြစ်နေပါလားနော်....ဩော်...လူဖြစ်ရတဲ့ ဒုက္ခ...လူဖြစ်ရတဲ့ ဒုက္ခ....ဟူး...ပျော်ရဲ့လား...။
Mar 23, 2008
ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်က ဆန္ဒပြမှု တစ်မျိုး


ရွှေတိဂုံဘုရားပေါ်မှာ ကိုယ့်ကိုယ်ကို မီးရှို့ခဲ့တဲ့ ဇင်နိုင်(ခ) အောင်ကြီး လို့ အမည်ရတဲ့ အသက်(၂၅)နှစ် အရွယ် တစ်ဦးရဲ့ ပုံပါ။ကျန်တဲ့ သတင်းတွေကတော့ မီဒီယာတော်တော်များများမှာ ရေးပြီးလောက်ပါပြီ။ဧရာဝတီက သတင်းတချို့ကိုတော့ ကူးယူတင်ပြလိုက်ပါတယ်။
ယမန်နေ့ ည ၈ 7နာရီ 30 မိနစ် ခန့်က ရွှေတိဂုံဘုရား သောကြာထောင့်၌ အသက် 25 ကျော် လူငယ်တဦး ဆီမီးခွက်မှ မီးဖြင့် ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်းကာ မီးရှို့ခြင်းဖြစ်ကြောင်း ရွှေတိဂုံဘုရားရှိ ပန်းသည်များက ပြောသည်။
“အခင်းဖြစ်တဲ့အချိန်က ဘုရားပေါ်မှာ လူတွေအများကြီးရှိနေတယ်၊ ပထမ လူတွေက မီးလောင်တယ်ဆိုပြီး ပြေးကြတယ်၊ ကျမတို့လည်းမီးဆိုတော့ ရေပုံးတွေဆွဲပြီး ပက်ဖို့ပြေးကြတယ်၊ ရဲတွေ၊ မီးသတ်တွေ ရောက်လာပြီး ဘုရားမုခ်တွေအကုန် ပိတ်လိုက်တယ်၊ နောက်တော့မှ သိတယ်၊ ကိုယ့်ကိုယ်ကိုယ်မီးရှို့တာဆိုတ
ရွှေတိဂုံဘုရား တံမြက်စည်းလှည်းအသင်းဝင် တဦးကလည်း“မီးလောင်တာ ၁၀ မိနစ်လောက်တော့ ရှိမယ်၊ လူတွေက အကုန်ရုတ်ရုတ်သဲသဲပြေးကြတယ်၊ ရဲတွေကလည်း ပထမ ဆန္ဒပြတယ်ထင်ပြီး ၀ီဆီတွေမှုတ်ပြီး ဘုရားကိုပိတ်လိုက်တာ၊ နာရီဝက်လောက်ကြာမှ ဘုရားကို ပြန်ဖွင့်တယ်၊ ဘုရားပေါ်မှာ နာရီဝက် လောက် ပိတ်မိနေတဲ့ ဘုရားဖူး 30000လောက်တော့ ရှိမယ်ထင်တယ်”ဟု ဆိုသည်။
ကိုယ့်ကိုယ်ကိုယ် မီးရှို့သူမှာ အင်္ကျီအဖြူလက်ရှည်နှင့် ယောပုဆိုးကို ၀တ်ဆင်ထားကြောင်း မျက်မြင်တွေ့ရှိသူ ပန်းသည် တဦးက ဆိုသည်။
အဆိုပါ မီးရှို့သူမှာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေပြီး အသက်အန္တရာယ် စိုးရိမ်ရ၍ ရဲအစောင့်အရှောက်များနှင့် ထားရှိကြောင်း ရန်ကုန်ဆေးရုံဝန်ထမ်းတဦးက ဆိုသည်။
ယင်းကိုယ့်ကိုယ်ကိုယ် မီးရှို့သူကို ဗဟန်းမြို့နယ်ရဲစခန်းက အများပြည်သူအထိတ်တလန့်ဖြစ်စေမှု
Feb 25, 2008
၂၅.၂.၂၀၀၈ ရဲ့ ရန်ကုန် နှင့် မန္တလေး ဒုက္ခလှိုင်း







ကြည့်တော်မူကြပါ အရပ်က တို့...ရေ....ဒီပုံတွေက မန္တလေးမြို့ရဲ့ ရတနာပုံဈေးကြီး မီးစွဲလောင်နေတဲ့ ပုံတွေပါ ။ယခု သတင်းရေးနေချိန်ထိ မငြိမ်းသေးဘူးလို့ သိရပါတယ်။နံနက် (၇း၃၀) က စတင်ခဲ့တာပါ ။ဘယ်လိုလုပ်မလဲဗျာ အားလုံးပြာကျမှ ငြိမ်းမဲ့ အနေအထားလား ။စာရေးသူနဲ့တော့ ဘာမှ မဆိုင်ပါဘူး ။ရလာတဲ့ထူးခြားသတင်းအပေါ်မှာတော့ တော်တော် စိတ်မကောင်းဖြစ်မိပါတယ် ။
ကျနော် ဒီစာမျက်နှာမှာ မရေးဖြစ်တာ ကြာပါပြီ ။ စိတ်လေလွင့်နေတာရော...စိတ်ပျက်နေတာရောပေါ့ဗျာ .။ ကြားဖြတ်သတင်း ဖေဖေဝါရီ ၂၅ ရက် ၂၀၀၈ ခုနှစ်
မဇ္ဈိမသတင်းဌာန
Monday, 25 February 2008 10:00 - မြန်မာစံတော်ချိန်
လှိုင်သာယာမီးလောင် လူ ၃ ထောင် အိုးအိမ်မဲ့သွား
မန္တလေး ရတနာပုံဈေး မီးလောင်
မန္တလေး ရတနာပုံဈေးတွင် လောင်ကျွမ်းသော မီးမှာ လွန်ခဲ့သည့် နာရီဝက်ခန့် (မြန်မာစံတော်ချိန် ၁၈း၀၀ နာရီ) က လုံးဝ ငြိမ်းသွားပြီ ဖြစ်သည်။
ပြင်ဦးလွင်၊ ကျောက်ဆည်၊ စစ်ကိုင်းတို့မှလည်း မီးသတ်ကားများ ရောက်ရှိ ငြိမ်းသတ်ခဲ့ရသည်။
မန္တလေးဆေးရုံကြီး အရေးပေါ်ဌာနသို့ မီးလောင်ဒဏ်ရာ ရရှိသူများ ရောက်ရှိလာခဲ့ကြသည်။ အသေအပျောက် ဆုံးရှုံးမှု အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပေ။
မန္တလေးမီးလောင်ရာတွင် လုယက်မှုများ ရှိခဲ့
“ကူညီ မယောင်မယောင်နဲ့ သယ်ပြေးတာတွေတော့ ရှိတယ်။ အထည်တွေပျောက် ကျတယ် ပြောတယ်။” ဟု မန္တလေး ရတနာပုံဈေး မီးလောင်ရာတွင် သွားရောက် ကြည့်ခဲ့သူတဦးက ပြောသည်။
“ဆိုင်ခန်းတွေက ပြွတ်သိပ်ခင်းတာရော ဆောက်တာ စနစ်မကျတာရောကြောင့် မလောင်သင့်ဘဲ လောင်ကုန်တာ၊ အထည်တွေက လောင်စာလို ဖြစ်နေတော့ ဖြည်းဖြည်းချင်း ငြိမ်းနေကျတယ် လုံခြုံရေးတွေ ချထားတော့ နည်းနည်းသက်သာပါတယ်။ ညဆိုရင်တော့ မလွယ်ဘူး။” ဟု သူက ထပ်ပြောသည်။
လွှင့်တင်ချိန်။ ။ ဖေဖေါ်ဝါရီ ၂၅ ရက် ၂၀၀၈ ခုနှစ်။ ၁၀:၃၀ - မြန်မာစံတော်ချိန်
မန္တလေး ရတနာပုံ ဈေးကြီးတွင် ယနေ့ နံနက် ၈းဝဝ နာရီမှစ၍ မီးလောင်မှု ဖြစ်ပွားရာ သတင်းပေးပို့ချိန် နံနက် ၉းဝဝ နာရီအထိ ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်သည်။ မန္တလေးမြို့တွင် တပတ်အတွင်း နှစ်ကြိမ်မြောက် မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်သည်။
မီးဆက်လက် လောင်ကျွမ်းဆဲဖြစ်ပြီး နာမည်ကျော် အမ်ကေ ဖက်ရှင် အဝတ်အစား ဆိုင်ဘက်သို့ မီးကူးစက် လာနေသည်။ “နောက် တနာရီလောက် ကြာရင် အကုန်ကုန်မှာပဲ” ဟု မီးလောင်ရာနေရာတွင် ရောက်ရှိနေသူ တဦးက ပြောသည်။
ရတနာပုံ တယ်လီပေါ့တ်သည်လည်း မီးသင့်နေသည်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း ၈၄ လမ်းမပေါ်ရှိ ၂၅-၂၆ လမ်းတွင် မီးလောင်ရာ လူအသေအပျောက်ပင် ရှိခဲ့သည်။
ဈေးဖွင့်ကာစမှာပင် မီးစတင်လောင်ကျွမ်းမှု ဖြစ်သည်။ လျှပ်စစ်ဝိုင်ယာကြိုး ရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်သည်ဟု ကနဦး သတင်းများက ပြောသည်။
မီးခိုးလုံးများ ထူထပ်နေသောကြောင့် မီးသတ်သမားများမှာ အထဲဝင်၍ မရနိုင်ဘဲ ဖြစ်သည်။
“ဆိုင်ရှင်တွေကော လူတွေကော စိတ်ပျက်လက်ပျက်နဲ့ ရပ်ကို ကြည့်နေကြရတာ” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။
ရတနာပုံဈေးသည် ၃၂ လမ်းနှင့် ၇၈ လမ်းထောင့်တွင် တည်ရှိပြီး နာမည်ကျော် မန္တလေး MICT park ကွန်ပြူတာဈေး၊ှုSkywalk အရောင်းဆိုင်များ၊ Orange ဆူပါမားကက်၊ စနူကာဆိုင်များ၊ စားသောက်ဆိုင်များနှင့် ရာပေါင်းများစွာသော ဆိုင်ခန်းများ ပါဝင်သည်။ ဈေးချိုဈေးအကြီးအပြီး ဒုတိယအကြီးဆုံးသော ရတနာပုံဈေးကို ၂ဝဝ၃ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။
မြန်မာစံတော်ချိန် ၁၁ နာရီခန့်တွင် မီးလောင်စရာ မကျန်တော့၍ မီးညွှန့် ကျိုးသွားပြီ ဖြစ်ကြောင်း သတင်းပေးပို့သည်။
စားသောက်ဆိုင်များမှ ဓာတ်ငွေ့အိုးများ ပေါက်ကွဲသည်ကို အတိုင်းသား ကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။
မန္တလေးမြို့ ရတနာပုံဈေးတွင် တင်္နလာနေ့ ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၀၈ ခုနှစ်က မီးလောင်ရာ မီးခိုးလုံးများ ထိုးတက်နေစဉ်။ ဓာတ်ပုံ- နေးတစ်မြန်မာဖိုရမ်။
နောက်ဆုံးလွှင့်တင်ချိန်။ ။ ဖေဖေါ်ဝါရီ ၂၅ ရက် ၂၀၀၈ ခုနှစ်။ ၁၈:၁၀ - မြန်မာစံတော်ချိန်
ပြင်ဦးလွင်၊ ကျောက်ဆည်၊ စစ်ကိုင်းတို့မှလည်း မီးသတ်ကားများ ရောက်ရှိ ငြိမ်းသတ်ခဲ့ရသည်။
မန္တလေးဆေးရုံကြီး အရေးပေါ်ဌာနသို့ မီးလောင်ဒဏ်ရာ ရရှိသူများ ရောက်ရှိလာခဲ့ကြသည်။ အသေအပျောက် ဆုံးရှုံးမှု အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပေ။
“ဆိုင်ခန်းတွေက ပြွတ်သိပ်ခင်းတာရော ဆောက်တာ စနစ်မကျတာရောကြောင့် မလောင်သင့်ဘဲ လောင်ကုန်တာ၊ အထည်တွေက လောင်စာလို ဖြစ်နေတော့ ဖြည်းဖြည်းချင်း ငြိမ်းနေကျတယ် လုံခြုံရေးတွေ ချထားတော့ နည်းနည်းသက်သာပါတယ်။ ညဆိုရင်တော့ မလွယ်ဘူး။” ဟု သူက ထပ်ပြောသည်။
မီးဆက်လက် လောင်ကျွမ်းဆဲဖြစ်ပြီး နာမည်ကျော် အမ်ကေ ဖက်ရှင် အဝတ်အစား ဆိုင်ဘက်သို့ မီးကူးစက် လာနေသည်။ “နောက် တနာရီလောက် ကြာရင် အကုန်ကုန်မှာပဲ” ဟု မီးလောင်ရာနေရာတွင် ရောက်ရှိနေသူ တဦးက ပြောသည်။
ရတနာပုံ တယ်လီပေါ့တ်သည်လည်း မီးသင့်နေသည်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း ၈၄ လမ်းမပေါ်ရှိ ၂၅-၂၆ လမ်းတွင် မီးလောင်ရာ လူအသေအပျောက်ပင် ရှိခဲ့သည်။
ဈေးဖွင့်ကာစမှာပင် မီးစတင်လောင်ကျွမ်းမှု ဖြစ်သည်။ လျှပ်စစ်ဝိုင်ယာကြိုး ရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်သည်ဟု ကနဦး သတင်းများက ပြောသည်။
မီးခိုးလုံးများ ထူထပ်နေသောကြောင့် မီးသတ်သမားများမှာ အထဲဝင်၍ မရနိုင်ဘဲ ဖြစ်သည်။
“ဆိုင်ရှင်တွေကော လူတွေကော စိတ်ပျက်လက်ပျက်နဲ့ ရပ်ကို ကြည့်နေကြရတာ” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။
ရတနာပုံဈေးသည် ၃၂ လမ်းနှင့် ၇၈ လမ်းထောင့်တွင် တည်ရှိပြီး နာမည်ကျော် မန္တလေး MICT park ကွန်ပြူတာဈေး၊ှုSkywalk အရောင်းဆိုင်များ၊ Orange ဆူပါမားကက်၊ စနူကာဆိုင်များ၊ စားသောက်ဆိုင်များနှင့် ရာပေါင်းများစွာသော ဆိုင်ခန်းများ ပါဝင်သည်။ ဈေးချိုဈေးအကြီးအပြီး ဒုတိယအကြီးဆုံးသော ရတနာပုံဈေးကို ၂ဝဝ၃ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။
မြန်မာစံတော်ချိန် ၁၁ နာရီခန့်တွင် မီးလောင်စရာ မကျန်တော့၍ မီးညွှန့် ကျိုးသွားပြီ ဖြစ်ကြောင်း သတင်းပေးပို့သည်။
စားသောက်ဆိုင်များမှ ဓာတ်ငွေ့အိုးများ ပေါက်ကွဲသည်ကို အတိုင်းသား ကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ရန်ကုန်သတင်းက ဒီလိုတဲ့ဗျာ
အဆိုပါ ရေအုတ်ကန်ကျေးရွာ၌ လူနေအိမ်မှ ထင်းမီးနှင့် ထမင်းချက်ရင်း မီးစတင်လောင်ကျွမ်းခဲ့သည်ဟု သိရပြီး စတင်လောင်ကျွမ်းချိန်၌် စက်ရုံများတွင်အလုပ်ဆင်းသောအချ
“တဲအိမ်တွေက တခုနဲ့တခု အရမ်းဆက်နေတော့ မီးက လောင်လောင်ခြင်းပဲ ချက်ခြင်းကြီးသွားတယ်၊ မီးသတ် ကားတွေ အရောက်နောက်ကျတာလည်း ပါမှာပေါ့။ ကျနော်တို့မြင်တဲ့အချိန်မှာ မီးကတော်တော် များနေပြီ” ဟု စက်မှုဇုန် ၃ ရှိ အထည်ချုပ်စက်ရုံ ၀န်ထမ်းတဦးက ပြောဆိုသည်။
နံနက် ၈နာရီ ၀န်းကျင်မှ စတင်ကာ အဆိုပါ ကျေးရွာအတွင်းရှိ ဆိပ်ကမ်းသာလမ်းသွယ်၊ အောင်သုခ လမ်း သွယ်၊ ခရေလမ်းသွယ်၊ သီးသန့်လမ်းသွယ်နှင့် ဗိုလ်ချုပ်လမ်းသွယ်တ၀က်ကျော်တို
မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၂၅၀ ကျော်ခန့် ပြာကျခဲ့ပြီး မိသားစု ၇၀၀ ကျော်ခန့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည် ဟုလည်း သိရသည်။
လက်ရှိ မီးငြှိမ်းသတ်ပြီးအချိန်အထိ ကလေးငယ် ၇ ဦးနှင့် အဘွားအို ၃ ဦး စုစုပေါင်း ၁၁ ဦးခန့် ပျောက်ဆုံး နေသည်ဟုသိရပြီး လူအသေအပျောက်စာရင်းကိုလည်း စာရင်းပြုစုလျက် ရှိကြောင်း သိရသည်။
“ရေအုတ်ကန်ရွာထဲမှာနေတဲ့ သူတွေအားလုံးကိုတော့ စက်ရုံတွေက အလုပ်ဆင်းပေးကြတယ်၊ တခြားမှာ နေတဲ့သူတွေတော့မပါဘူးပေါ့၊ ကျနော်တို့ရောက်သွားပေမယ့် ဘာပ္စစည်းမှ မရလိုက်ပါဘူး။ လောင်နေတာကို
အဝေးကပဲမြင်ရတယ်။ လုံခြုံရေးအတွက် ဘယ်သူမှ အနားကပ်လို့မရဘူး”ဟု စက်မှုဇုန်ု၂ တွင် အလုပ်လုပ် သော အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတဦးက ၎င်း၏မိသားစုဝင်များကို လိုက်လံရှာဖွေနေရင်း ပြောဆို သည်။
အဆိုပါ ရေအုတ်ကန်ကျေးရွာတွင် နေထိုင်ကြသူများမှာ လှိုင်သာယာ စက်မှုဇုန်တွင် အလုပ် လုပ်ကိုင် လျက်ရှိကြသော အလုပ်သမားလူတန်းစား အများဆုံး နေထိုင်ကြသည်ဟု သိရသည်။
ယင်းကျေးရွာတွင် အများစုမှာ ဓနိမိုး၊သက်ငယ်မိုး၊ ထရံကာအိမ်များဖြစ်ပြီး အိမ်ခြေပေါင်း ၃၀၀ ကျော်ခန့် ရှိကာ မိသားစု ၇၀၀ ကျော်၊ လူဦးရေ ၁၀၀၀ ကျော်ခန့် နေထိုင်ကြသည်ဟု ကျေးရွာမှအိမ်ထောင်စု စာရင်း များအရ သိရသည်။
“မီးလောင်ပြီး မိနစ် ၄၀ လောက်ကြာမှ မီးသတ်ကား ၃ စီးရောက်လာပြီး ဒီစက်မှုဇုန်တွေဘက် ကွန်ကရိလမ်း မ ပေါ်ကနေ လှမ်းပက်တာ၊ သူတို့ စပက်တော့လည်း စက်ရုံနားကလမ်းတွေကို ကာပြီးစပက်ကြတော့ ရွာ တရွာလုံး မီးထဲပါကုန်တာပေါ့” ဟု လှိုင်သာယာစက်မှုဇုန်၎ ရှိ ၀န်ထမ်းတဦးက ပြောသည်။
လှိုင်သာယာစက်မှုဇုန်တွင် နေထိုင်သူတဦးကလည်း မီးသတ်ကားများသည် စက်ရုံများဘက်ကို မီးကူး လာမှာစိုးရိမ်ပြီး ထိုစက်ရုံများနှင့် အနီးဆုံးလမ်းမများပေါ်ကနေကာပြီ
မီးသတ်ကားများမှာမီးလောင်ကျွမ်း
မီးလောင်နေစဉ် ရန်ကုန်တိုင်းအတွင်းရှိ မီးသတ်ကားပေါင်း ၁၂ စင်းလာရောက် မီးငြိမ်းသတ်ခဲ့သည်ဟု ၎င်းက ပြောသည်။ ယခုအခါ အဆိုပါ မီးဘေးဒုက္ခသည်ပေါင်း ၁၀၀၀ ၀န်းကျင်ခန့်ကို စက်မှုဇုန် ၃ အနီးမှ ဘုန်းတော်ကြီး ကျောင်းနှင့် စာသင်ကျောင်းများတွင် မီးဘေးဒုက္ခသည်စခန်းဖွင့်လှစ်၍ ထားရှိကြောင်း သိရသည်။
Jan 16, 2008
မကြာမကြာ ပေါက်ကွဲနေသော တို့ရွှေမြေ(သို့)စိတ်ညစ်ညူးဖွယ်ရာ မြန်မာပြည်သတင်း
မြန်မာပြည်ကြီး အရှိန်အဟုန်ကောင်းစွာ ပျက်စီးခြင်းမျိုးစုံ ဆိုက်ရောက်မွှေနှောက်နေချေပြီ။ပြည်တွင်းကလူငယ်တွေ ကိုယ့်ကိုယ်ကို ကယ်ဆယ်ဖို့ကြိုးစားရုန်းထွက်နေကြရပါတယ် ။အားလုံးကလည်း ကုန်ဈေးနှုန်းနောက်ကို မမှီမကမ်း ၀ရုန်းသုန်းကား အပြေးလိုက်နေကြရပါတယ် ။လက်ရှိအာဏာကိုင်အဖွဲ့အစည်းများနှင့် ၎င်းတို့ အပေါင်းအပါများကတော့ဖြင့် လေလေးတချွန်ချွန်နဲ့ နားမလည်ပါးမလည်ပဲ တိုင်းပြည်က အဆီအနှစ်တွေကို ပေါပေါပဲပဲ ရောင်းစားလို့ ကောင်းစားနေကြလေရဲ့။မီးပွိုင့်တွေမှာလည်း ဒင်းတို့လာရင် နီနေတဲ့မီးကို ပြန်စိမ်းပေးရတဲ့ အထိ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ ထင်သလိုလုပ်နေကြပါတော့တယ် ။ပြည်သူတွေကိုလည်း နိုင်ငံရေးကလွဲလို့ မဟုတ်တာ ကြိုက်တာလုပ် အဆင်ပြေနှိင်ပါတယ် ။ကျနော်တို့ မြန်မာလူငယ်တွေမှာလည်း ပြည်ပကို ထွက်ပြီး အလုပ်လုပ်ဖို့ပဲ ကြိုးစားနေကြရပါတော့တယ် ။အင်မတန် ၀မ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်တွေပါ ။တနိုင်ငံလုံး အတိုင်းအတာနဲ့ လူငယ် အများစု အလုပ်လက်မဲ့ဖြစ်နေပါတယ် ။အလုပ်ရှိနေတဲ့သူမှာလည်း သူရတဲ့လစာနဲ့ ရပ်တည်လို့မရတာလေးပါပဲ ။ဒါဟာ ယောက်ျားလေး တွေ အတွက် ဘ၀နဲ့ရင်းပြီး အကြီးအကျယ်မထိခိုက်နိုင်လောက်ပေမဲ့ မိန်းကလေးတွေ အတွက် ရေရှည်မှာ ပျက်စီးစေတဲ့ လမ်းကြောင်းပါ ။လူတစ်ဦး ကိုယ့်ကိုယ်ကို ရပ်တည်နိုင်ဖို့မြန်မာပြည်ရဲ့ ၀င်ငွေအဆင့်အတန်းဟာ တော်တော်ကြီးနိမ့်ကျ နေပါတယ် ။ဒီတော့လည်း စိတ်လေလွင့်ပြီး ပျက်စီးတဲ့ဖက်ဦးတည်တာ ဆန်းမှ မဆန်းတာပဲလေ ။လူတန်းစားခါးပြတ်လာတဲ့ သဘောပါ ။လူလတ်တန်းစားတော်တော်နည်းပါးလာပြီး လူတန်းစားကွာဟမှု အရမ်းကြီးနေပါပြီ ။အရက်ဆိုင်များ အင်မတန် အလုပ်ဖြစ်ပါတယ် ။ဟိုတယ်တွေ နိုက်ကလပ်တွေ KTVတွေ အလုပ်ဖြစ်ပါတယ် ။အာဏာကိုင် အဖွဲ့အစည်းနဲ့ မပတ်သတ်တဲ့ ပုံမှန်စီးပွားရေးလုပ်ငန်းတွေ ကတော့ လည်ပတ်မှုနှေးရာကနေ ရပ်တန့်သွားဖို့ပဲကျန်ပါတော့တယ်။ဂြိုလ်တု စလောင်းသုံးတဲ့သူတွေကို အခွန် (၁၀)သိန်း ကောက်ခံဖို့ရှိနေပါတယ် ။နိုင်ငံတကာ သတင်းမီဒီယာတွေကို လုံးဝပိတ်ပင်မဲ့အစီအစဉ်ပါပဲ ။ပြည်တွင်းမှာတင် တစ်နေရာနဲ့ တစ်နေရာ ဘာဖြစ်လို့ ဖြစ်နေမှန်းမသိရတဲ့ အခြေအနေပါ ။ဘိလပ်မြေစက်ရုံတွေ တည်ဆောက်နေပါတယ် ။လမ်းတွေကလည်း ပျက်သထက် ပျက်လာပါတယ် ။အဟောင်းကိုတောင် ကောင်းအောင် မပြင်နိုင်ပဲ နှစ်ရက်နဲ့တပိုင်းလောက်သာခံမဲ့လမ်းအသစ်တွေ ဖောက်ပြပါရဲ့ ။ကတ္တရာရှားပါးလာလို့ ဘိလပ်မြေနဲ့ လမ်းခင်းမဲ့ အနေအထားမှာရှိပါတယ် ။တာယာအရောင်းဆိုင်တွေတော့ လုပ်ငန်း အဆင်ပြေလာဦးမဲ့ အနေအထားပေါ့ဗျာ ။ကားလောကသမားတွေ တော့ငိုပြီပေါ့ ။ပြောလို့မဆုံးတဲ့ ၀ရုန်းသုန်းကား အခြေအနေပါ ။တစ်နှစ်ဆို တစ်နှစ်ကွာခြားလှစွာ ဆုတ်ယုတ်မှုအား ကြီးထွားနေပါကြောင်း ၀မ်းနည်းခြင်းကြီးစွာ တင်ပြလိုက်ပါတယ်။စိတ်ညစ်ခံပြီး ဖက်ရှူ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။ ။ဒီမှာထပ်ရေး
Nov 1, 2007
မြန်မာပြည်Internet connection(၂)ကြိမ်မြောက်ဖြတ်တောက်ခြင်း
Oct 31, 2007
ဘာတွေဖြစ်ဦးမလဲ မြန်မာပြည်

ပခုက္ကူကသံဃာတော်တွေကတော့ တုန်လှုပ်ခြင်း အလျဉ်းမရှိ မေတ္တာပို့လမ်းလျောက်ကြွချီကြပြန်ပါပြီ။တရားမျှတမှုအတွက် တဖန်တိုက်ပွဲဝင်ကြပြန်ပါပြီ။စစ်မှန်မျှတတဲ့ ဒီမိုကရေစီရေးကို ကိုယ့်အသိစိတ်နဲ့ကိုယ် ချီတက်နေကြတာမို့လူသာသေမယ်။စိတ်ဓာတ်တွေကတော့ မယိုင်မလဲ မားမားမတ်မတ်ရပ်တည်နေမှာပါ။မြန်မာပြည်မှာ တရားမျှတမှုမရှိသရွှေ့တော့
ဒီလိုပဲ အကြမ်းမဖက်တိုက်ပွဲတွေ ရှိနေဦးမှာပါ။
Oct 11, 2007
Oct 1, 2007
မိစ္ဆာများရဲ့ဘာသာမဲ့ စော်ကားမှု

ဒီနေ့ရတဲ့ ဓာတ်ပုံပါ ။ဘယ်လောက်ထိ ဘာသာတရားမဲ့ ၊ဥပဒေမဲ့ ၊လူသားချင်းစာနာမှု ကင်းမဲ့စွာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ပါလဲ ။??? ?။ စာဖက်သူကိုယ်တိုင်သာ ခံစား တုံ့ပြန်ပါတော့ဗျာ ။မိစ္ဆာတွေ ပါပဲ ။လူလိုသိတတ်ဖို့မရှိဘူး ။ဒီလိုရက်စက်မှုမျိုးကို ဘယ်နိုင်ငံမှာ မြင်ဖူးလဲ ။ဒီအသက်မဲ့ပုဂ္ဂိုလ်ဟာ သာမန်လူသားမဟုတ်ပါဘူး ။ဘုရားရဲ့ သားတော်ပါ ။လူသားတစ်ဦးသဖွယ် သဘောထားပါဦး လက်ခံနိုင်ဖွယ် ရှိလောက်စရာမတွေ့ဘူး ။လူမဆန်အောင် ရက်ရက်စက်စက် ညှင်းပမ်းနိပ်စက်ပြီး အသက်မဲ့သွားတဲ့ရုပ်ကလာပ်ကိုတောင် သဂြိင်္ုလ်ဖျောက်ဖျက်လိုစိတ်ပင်မရှိပါသလော ။
အသက်(၇၄)နှစ်ရှိပြီဖြစ်သော သေခါနီး အဖိုးကြီးတစ်ယောက်ဟာ ဘ၀ကူးကောင်းဖို့ မလုပ်ပဲ အဘယ်ကြောင့်ဤ၍ဤမျှ လူမဆန်စွာ ပြုကျင့်ရက်သနည်း။အာဏာကို လက်လွတ်ရမည် စိုး၍လော ။အာဏာလက်လွတ်ပြီးသည်နှင့်သူ့ကို ခုံရုံးတင်ခံရမှာကို ကြောက်ပြီး လုပ်မိလုပ်ရာ လုပ်နေတာလား ။ဒီလိုလုပ်ရုံနဲ့ မပြီး ဘူးဆိုတာ နားလည်ဖို့ကောင်းတယ် ။လာလိမ့်မယ် ။ဒီမိုကရေစီနည်းနဲ့ မဟုတ်လေဘူး ။လာလိမ့်မယ် သူ့အသက်ကို ခြွေမဲ့လူတွေ ၊ ရတဲ့နည်းနဲ့ဖြစ်အောင်လုပ်ကြလိမ့်မယ် ။နိုင်ငံကို အဓမ္မအနိုင်ကျင့်လုယူထားတဲ့လူတွေ အစိုးရလို့မသတ်မှတ်နိုင်ဘူးဟေ့ မိစ္ဆာတွေရေ . . .။နိုင်ငံနဲ့လူမျိုးနဲ့ ဘာသာတရားကို မငဲ့ကွက်ပဲ ရက်စက်တဲ့လူတွေ သတိကပ်နေကြ ကမ္ဘာမကြေဘူး ။
အောက်ကU Tube movieကတော့ သတင်းထောက်တစ်ဦး ၁.၁၀.၂၀၀၇မှာ လျှို့ဝှက်ရိုက်ကူးခဲ့တာပါ။
Sep 28, 2007
ဆုံဆည်းရာ
Sep 27, 2007
၂၇.၉.၂၀၀၇ ၀မ်းနည်းမှတ်တမ်း

့http://www.reuters.com မှကူးယူပါသည်။

33rd street ko lan pate htar b
d kaung twae 33 lan hte` hmar ah khu
die ne` war yin dot ne`
busy nay kya dar
pic poe l o ma easy bu. gmail ko 50% ban htar lo.
ဒါ အခုမြန်မာအချိန် ည(၉း၃၀)မှ ၀င်လာတဲ့ သတင်းပေးမှုပါ ။
စစ်တပ်က ဒီည (၁၂) ကျော်မှာ - ရန်ုကုန် တောင်ဥက္ကလာပ ရပ်ကွက်အမှတ် (၂) (၃) (၄) တို့ မှာ လူငယ်တွေနဲ့ လူကြီးယေင်္ကျားလေးတွေကို ၀ငိဖမ်းမယ်လို့ ကြားရပါတယ်။ အမြန်သတိပေးကြပါ။
လို့ ပြောပါတယ် ။
ကျနော် ဒီနေ့ သတင်း ကောင်းစွာ မဖြန့်ဝေနိုင်တဲ့ အတွက် လာရောက်ဖက်ရှူ့သူအားလုံးကို တောင်းပန်ပရစေ ။ပစ်ခက်နေတဲ့ သတင်းတွေက တော့ ညနေထိ ကြားနေရဆဲပါ ။သေကြေ ဒဏ်ရာရသူတွေ ၊ ရိုက်နှက်ဖမ်းဆီးခံရသူတွေ မနေ့ကထက် အဆများစွာမြင့်တက်လာပါတယ် ။လွန်ခဲ့တဲ့(၂)ပတ် ကမှ မြန်မာသတင်းယူဖို့ ဂျပန်က ရောက်လာတဲ့ ဂျပန်သတင်းထောက် တစ်ဦးလည်း သေဆုံးကြောင်း သိရပါတယ် ။မနေ့ကရော ဒီနေပါ ရဟန်းသံဃာနဲ့ ပြည်သူတွေ သွေးမြေကျခဲ့ကြရပါတယ် ။မေတ္တာပို့ မပျက်တဲ့ ရဟန်းသံဃာပြည်သူတွေကိုကြည့်ရင်း ရင်စို့လာပါတယ်။ခံစားမှုတွေပြွတ်သိပ်စွာနဲ့ကိုယ့် အမျိုးသား အချင်းချင်း လုပ်ရက်လေခြင်းဗျာ ။နိုင်ငံ အတွက်ပြေလည်ရာ ၊ပြေလည်ကြောင်းကို မေတ္တာနဲ့ တောင်းဆိုတာပါ ။ရိုင်းပျမှု စိုးစဉ်းမျှ မရှိပါပဲနဲ့ ရက်ရက်စက်စက် လုပ်ကြတယ်။ မြန်မာတမျိုးသားလုံးအတွက် ၀မ်းနည်းငိုကြွေးမိပါရဲ့ ။ ။ကြည့်ရင်းကြည့်ရင်း ယောက်ျားတန်မဲ့ မျက်ရည်တွေ တောက်တောက် တောက်တောက် ကျလာပါတယ်။သေချိန်တန်လို့ သေသွားကြတဲ့အဘိုးအဘွားတွေ သေတာတောင် ကျနော်ဆိုတဲ့ကောင် က မျက်ရည်မကျခဲ့သူပါ ။သေတောင်မမေ့ပျောက်မဲ့ အိမ်မက်ဆိုး ရာဇ၀င်ကြွေးများစွာကို စစ်အစိုးရက ကျနော်တို့ သက်တမ်းတလျှောက် ကြူးလွန်စော်ကားလျက်ရှိဆဲပါ ။အသက်ရှင်လျက် ဘ၀သေနေရမဲ့ အတူ အများပြည်သူ နောင်လာနောင်သားများအတွက် အသက်နဲ့ဘ၀ ပေးလိုက်ရတာကမှ မြတ်သေးတော့တယ်။ဒီတစ်သက် အသက်ရှင်နေသမျှ ဘယ်တော့မှ မကြေဘူး ။ရာဇ၀င်ကြွေးကို ဖြစ်တဲ့နည်းနဲ့ ဆပ်မယ် ။
There is so many soliders in sule pagoda Road. They restrict around sule and city hall.doesn't allow to pass for any person.Ready to shoot position like stone. Can't pass any cars on sule road . the soliders were shooting on the sule pagoda road .not from city hall building shooting .just on the road. But shot to sky at that time . May be the next days will shoot directly. Too bad.
please .... Just tell ppl to send mittar continuously from their deep heart. မကြမ်းပါနဲ့  လို့ ။ ကြမ်းတဲ့ သူရှိရင် ထိန်းပေးကြပါ။ ေ ၾကညာထားပါ။ကြမ်းတဲ့ သူဟာ.. အဖျက်သမားပါလို့ နော်။ ဆက်တိုက်မေတ္တာပို့ ပေးပါ။မေတ္တာလက်နက်ကိုင်ရင် သွေးမစွန်းဘူး။ရင်ထဲက သာထိထိရောက်ရောက်ပို့ ကြပါ။ ဒေါသမထွက်နဲ့ ။ မေတ္တာနဲ့ ဒေါသဟာ ဆန့် ကျင်ဘက်မို့ ဒေါသထွက်ရင် မေတ္တာထားရာမရောက်ပါဘူး ။ ဒါကြောင့် မှားသွားလိမ့် မယ် ။ အာမခံတယ်။တကယ့် ရင်ထဲ က ထိထိရောက်ေ၇ာက် ဖြန့် ပီး အားလုံးကို သေချာပို့ ကြပါ။ မေတ္တာလက်နက်ကို ဘာမှယှဉ်လို့ မရပါ။ ဒေါသထွက်သွားရင် တချက်မှားသွားဘီ။သတိထားကြပါလို့ ။ အောင်မြင်မှာပါ။ အရိယာအဆင့်  ၊ သူတော်ကောင်းအဆင့်ေ၇ာက်တဲ့သူတွေလဲ မေတ္တာပို့ ပေးနေကြပါတယ်။ သူတို့ ပိတ်ထားတယ်ဆို အတင်းမ၀င်ပါနဲ့ ။ ရတဲ့နေရာက မေတ္တာပို့ ပေးပါ။ မနေ့ ကအဖြစ်မှာ သူတို့ ပိတ်ထားတဲ့ နေရာကို အတင်းဝင်လို့ တဲ့ မျက်မြင်တဦးပြောတယ်။ နေရာအေ၇းမကြီးပါဘူး ။ရင်ထဲ က ထွက်လာတဲ့ မှန်ကန်တဲ့ မေတ္တာဓါတ်က အရေးအကြီးဆုံးပါ။ ဆက်တိုက် ရင်ထဲ ကစူးစူးစိုက်စိုက် ပို့ ပေးစေချင်ပါတယ်။ ဒါကျမတတ်နိုင်တဲ့ ဘက်က ကူညီအကြံပေးတာပါ။ bbc ka ta sint pyaw pay kya bar naw. d ka ppl ka bbc ko arr koe dae.bbc ka ma hote yin le` ...bae ka phit phit spread lote pay bar .
I also requested sayadaw to send mittar to all ppl .sayadaw is already finished yahan matters.(ah ya ha ta mag = Yahandar) he is sending mittar to all ppl . me and our dhamma organization is also .meditate .after that …sending mittar. Meditation lote pee you doe le` .. Yin the` ka nay mittar sent bar naw . meditation lote tar 1 minute ko ku tho 420 ya dae. Now life hmar … ku tho 60 ah lar kar ya nay dae. Chet chin ah kyo pay dae ku tho 60 ka .pls don't forget naw. do more. me also doing as much as i can and sending mittar to all myanmar ppl as well as our saint.
ပြည်သူ့ အချစ်တော်တို့ကို ဒီလိပ်စာနဲ့တကွ သတင်းရပါတယ် ။
Daw Kyine Kyine ph no is 82338354,
Than Dar Shwe ph no 81387250,
They all seem to be in singapore[Choa Chu Kang Block 353,#08-311
Sep 26, 2007
၂၆.၉.၂၀၀၇ နောက်ဆက်တွဲ






“ရွှေတိဂုံဘုရား အရှေ့ဘက်မုဉ်ဝမှာ ဘုန်းကြီးတွေက တခါး မဖွင့်ပေးရင်လည်း ဒီမှာပဲရပ်ပြီး မေတ္တာသုတ် ရွတ်မယ် ဆိုပြီး ထရပ်ပြီး ရွတ်ကြတာ။ အဲဒါကို စစ်သားတွေက နံပါတ်တုတ်တွေနဲ့ ရိုက်တယ်။ ခြေထောက်တွေနဲ့ ကန်တယ်။ အနာကို ခြေထောက်နဲ့ နင်းတယ်ဗျာ။ ဘုန်းကြီး တပါးတော့ ပျံလွန်တော်မူတယ် ကြားတယ်။ သိပ်တော့ မသေချာဘူး။ အသက်ကြီးကြီး ဘုန်းကြီးတပါး ပါတယ်။ ကျနော်တော့ သူလို့ ထင်တယ်ဗျာ။ အရိုက်ခံရတာ တွေ့တယ်။ အသက်က ၈ဝ ကျော်လောက် ရှိမယ်။ သာမန်ပါဗျာ။ ပိတ်ထားတဲ့ တံခါးကို ဖွင့်ခိုင်းတာကို သူတို့က ရိုက်တာဗျာ။ ဖမ်းသွားတာကတော့ လူနဲ့ဘုန်းကြီး ၅ ဦးပေါ့။ ဖမ်းသွားတဲ့ ဘုန်းကြီး ၂ ပါးရဲ့ သင်္ကန်းတွေကို ချွတ်ပြီး မီးရှို့တယ်တဲ့ဗျာ။ သာသနာ့ အလံကိုဗျာ၊ ခြေထောက်နဲ့ နင်းကြတယ်ဗျာ။ တော်တော် မိုက်ရိုင်းကြတယ်ဗျာ။ ဒဏ်ရာ ရတာကတော့ လူရော၊ ဘုန်းကြီးရော ၁၂ ဦးလို့တော့ ကြားတယ်။ ရေတာရှည် လမ်းဘက်ကနေလည်း မျက်ရည်ယို ဗုံးတွေ လှမ်းခွဲလိုက်နဲ့ အာဇာနည် ကုန်းဘက်ကလည်း လှည့်ခွဲလိုက်နဲ့ဗျာ။ လေးဘက်လေးတန် လူတွေ အုံနေတာတွေကို လှည့်ပတ်ပြီး ခွဲနေတာ။ ၃ နာရီ ကျော်ကျော်လောက်မှာတော့ လူစုကွဲနေကြပြီ။"
စစ်အစိုးရ၏ ၂၆.၉.၀၇ နေ့ ရိုင်းပျစော်ကားမှု


ကျနော် ဒီနေ့ရတဲ့ မှတ်တမ်းဓာတ်ပုံပါ ။မန္တလေးမြတောင်ကျောင်းအနီးတွင် မျက်ရည်ယိုဗုံးများပစ်ခတ်မှုများဖြစ်ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ အခြေအနေပါ။ကျနော် ပြည်တွင်းက လူတွေနဲ့ ပြောပြချက်ကို တင်ပြလိုက်ရပါတယ် ။[ ဗဟန်းမှာ ရဲတွေက သိပ်ရိုင်းတယ်။ ဘုန်းကြီးတွေကို ကန်တယ်၊ ခေါင်းတွေကို ရိုက်တယ်။ လမ်းပေါ်မှာ လဲနေတဲ့ ဘုန်းကြီးတွေကို တက်နင်းတယ်။]
[ခိုင်လုံတဲ့သတင်းတစ်ခုအရ ရဲတပ်ရင်းတစ်ခုက စစ်တပ်အတွက် ယူနီဖေါင်း အစုံ (၅၀) ပို့ပေးရတယ်။ ဒီသတင်းပေါ်အခြေခံကြည့်မယ်ဆိုရင် အခုရန်ကုန်မှာ ရဲ၊ လုံထိန်းယူနီဖေါင်းတွေဟာ အားလုံးရဲမ ဖြစ်နိုင်ဘူး။ ရဲယူနီဖေါင်းဝတ်စစ်သားတွေလည်း ရောပါနေလိမ့်မယ်။ ဒီသတင်းကို ကမ္ဘကသိအောင် ပြောပေးကြပါ။]
ယခုအချိန်မှာ လက်ရှိအခြေအနေတွေကို လူတွေက အမေရိကန်သံရုံးကို အသိပေးတိုင်ကြားရန်သွားနေကြတယ်လို့ သိရပြီး အမေရိကန်သံရုံးက ဒေါ်အောင်ဆုကြည်နေအိမ် အနီးသို့ရွေ့ပြောင်းပြီးဖြစ်ကြောင်း ပြည်တွင်းမှ သွားရောက်တိုင်ကြားမည့်သူများအားစိုးရိမ်စွာ သတိပေးလိုပါတယ်။ကြည့်ရှူ့နေသူများ နီးစပ်ရာပြည်တွင်းမှမြန်မာများကို ပြောကြားပေးပါရန် ။မုံရွာမှာ သံဃာ ၂၀၀ ခန့် လူအင်အား ၄၀၀၀ နှင့် ယနေ့ဆန္ဒပြမှု အနှောင့်အယှက် တစုံတရာ မရှိဘဲ ပြီးဆုံးခဲ့ လို့ သိရပါတယ်။ကျနော်လက်လှမ်းမီသမျှ စုစည်းတင်ပြပေးသွားပါမယ်ခင်ဗျာ။
Sep 25, 2007
မြန်မာပြည်တွင် မြန်မာbloggerများအား bannedလိုက်ခြင်း
ဥပမာ
Access has been deniedThe access to requested URL has been denied.www.nwayhlaingthoone.blogspot.com/To have the rating of this web page re-evaluated please contact your administrator.
Access has been deniedThe access to requested URL has been denied.www.graceswezinhtaik.blogspot.com/To have the rating of this web page re-evaluated please contact your administrator.
Access has been deniedThe access to requested URL has been denied.www.drlunswe.blogspot.com/To have the rating of this web page re-evaluated please contact your administrator. ဒါဟာ သွားမိတဲ့ဘလော့ခ်တချို့ကိုတွေ့မြင်ရတဲ့ အခြေအနေပါ ။ကျနော့်စာမျက်နှာဆို ဘာမှ အလေးထားလောက်စရာ မရှိတဲ့ ဘလော့ခ်တစ်ခုပါ ။ဒါပေမဲ့ ကျနော်လည်း ပါသွားတယ် ။မြန်မာonline userများသွားလာတတ်တဲ့ ဘလော့ခ်မှန်သမျှရှေးဦးစွာ bannedခံရတာမို့ ကျော်သွားလို့ ရအောင်လုပ်ထားတဲ့ http://proxyspy.blogspot.com/ဒီစာမျက်နှာကိုလည်း
ERRORThe requested URL could not be retrievedWhile trying to retrieve the URL: http://proxyspy.blogspot.com/The following error was encountered:* Connection to 72.14.207.191 FailedThe system returned:(61) Connection refusedThe remote host or network may be down. Please try the request again.Your cache administrator is webmaster@bagan.net.mm.Generated Tue, 25 Sep 2007 12:06:21 GMT by cache-dial.bagan.net.mm (squid/2.6.ST ဒီဘလော့ခ်ပါ ပါသွားပါတယ် ။
ကျနော်တို့ နည်းလမ်းရှာ ကြဖို့ နှိုးဆော်ရင်း
ဆန္ဒထုတ်ဖော်ကြသည့် ရဟန်းရှင်လူပြည်သူများ ဘေးကင်းကျန်းမာ လိုရာပန်းတိုင်ရောက်နိုင်ကြပါစေ ။
ပြည်မြန်မာကြီး အမြန်ဆုံးလွတ်လပ်ပါစေ ။
ဒီမှာထပ်ရေး
သတင်းဖြန့်ပွားခြင်း(၄)
သတင်းဖြန့်ပွားခြင်း(၃)
Sep 24, 2007
သတင်းဖြန့်ပွားခြင်း
ဒီပုံတွေဟာ၂၄၊အောက်တိုဘာ၊၂၀၀၇နေ့စွဲနဲ့ ပြည်သူတစ်ဦး၏မှတ်တမ်းမှ ရယူထားတာဖြစ်ပါတယ် ။Google ကိုကျနော်တို့ကျေးဇူးတင်ရပါတယ် ။စကားပြောလို့မရသည့်တိုင် စာနဲ့ဆက်သွယ်လို့ရနေသေးတော့ ပြည်တွင်းက အချင်းချင်းရော ပြည်ပက လူတွေနဲ့ပါ အဆက်အသွယ်မပြတ်ရှိနေနိုင်လို့ပါ ။ပြည်တွင်းမှာ ဘာတွေဘယ်လို ဖြစ်နေပြီလဲဆိုတာ ကောလဟာလရော သတင်းအမှန်တွေပါ အချိန်မီကြားနေကြရပါတယ်။ကျနော်တို့လည်း အချိန်အားလေးရတာနဲ့ ပြည်တွင်းမှာ ဘာတွေ ဖြစ်နေလဲဆိုတာ blog လောကမှာရော၊ gtalkမှာပါ ရှာဖွေစုံစမ်းဖြန့်ဝေရင်း ထမင်းမေ့ ဟင်းမေ့ကိုယ့်နိုင်ငံအရေးအတွက် တတ်စွမ်းသမျှ ကြိုးပမ်းနေကြပါတယ်။ကျနော်စုမိတဲ့ သတင်းများ ပြန်လည်တင်ပြပေးလိုပါတယ်။

ဒါကတော့ကိုထိုက်ရဲ့ စာမျက်နှာကနေ ကူးယူဖြန့်ပွားခြင်းဖြစ်ပါတယ် ။အပြည့်အစုံကို ကိုထိုက်ရဲ့ စာမျက်နှာမှာ သွားရောက် ကြည့်ရှူ့နိုင်ပါကြောင်း ။







