|
| ||
| |||
Search This Blog
May 12, 2009
စိတ်ဝင်စားစရာတစ်ခုလေ ဒီကောင် သီချင်းပြန်ဆိုရပြီဆိုတော့..
Sep 9, 2008
၄၅ ကားမီးလောင်တဲ့ပုံပါ







ကျနော် ဒီနေ့ရတဲ့သတင်းပါ ။ပြည်တွင်းက ဓာတ်ငွေ့အစားထိုးကားတစ်စီးရဲ့ ပေါက်ကွဲမှု မှတ်တမ်းပါ။
သတင်းအပြည့်အစုံ ရေးဖို့ အချိန်မပေးနိုင်လို့ ရောက်လာဖက်ရှူ့သူကို တောင်းပန်ပါတယ် ။ဒါပေမဲ့ ဒီအချိန်သတင်းမီဒီယာတွေမှာ ရောက်ရှိနေလောက်ပါပြီ ။အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ် ။
May 14, 2008
အမိန့်အရ သူတောင်းစားကြီးများနှင့် သူခိုးကြီးများ အကြောင်း Democratic Voice of Burma:Burma News
.jpg)



Democratic Voice of Burma:Burma News
လှူဒါန်းမဲ့သူတွေ စိတ်ပျက်လက်ပျက် ဒေါသထွက်ရတဲ့ အဖြစ်တွေပါ ။ဒါပေမဲ့ ကိုယ်တိုင်အရောက်သွားပြီး လှူဒါန်းနေကြသူတွေလည်း အများအပြားရှိနေပါတယ် ။ဒါကြောင့်မို့ လှူဒါန်းတဲ့ ကိစ္စကို ယုံကြည်မှုနဲ့စိတ်စေတနာ ရှိတဲ့သူတွေသာ စိတ်ပြတ်ပြတ်သားသားနဲ့ လှူဒါန်းနိုင်ပါတယ် ။ဘာပဲဖြစ်ဖြစ် စိတ်မလျှော့ကြပါနဲ့ ။နောက်မဆုတ်ပါနဲ့ ။ပိုကောင်းမဲ့နည်းလမ်းတွေ ဆက်လက်ရှာဖွေပြီး ဒုက္ခရောက်နေကြဆဲ အမိမြေမှ ပြည်သူများကို ဆက်လက်ကူညီပေးကြပါလို့ မေတ္တာရပ်ခံ အပ်ပါတယ် ။
May 6, 2008
Yangon's News Collection
http://www.foxnews.com/story/0,2933,354246,00.html
ဓာတ်ပုံမှတ်တမ်းတွေနဲ့ သတင်းအများအပြား စုစည်းတင်ပြထားတဲ့ စာမျက်နှာဖြစ်ပါတယ် ။ပြီးတော့
နောက်တစ်နေရာက YANGON NETမှတ်တမ်းဓာတ်ပုံတွေပါ။
Cyclone Nargis in MYANMAR(BURMA)
May 2, 2008
Apr 19, 2008
Hip-Hop အဆိုတော်ကို နိုင်ငံရေးမှုဖြင့်ဖမ်းဆီးခြင်း (ဟစ်တိုင် မှသတင်း & RFA သတင်း)
အနုပညာရှင်များ ဆက်တိုက် အဖမ်းအဆီးခံနေရ
အေးချမ်းမြေ့ | ဧပြီ ၁၈၊ ၂၀၀၈
မြန်မာစစ်အစိုးရသည် စက်တင်ဘာအရေးတော်ပုံနောက်ပိုင်းမှစ၍ နိုင်ငံရေးသမားများအပြင် ဒီမိုကရေစီအရေးကိစ္စရပ် များတွင် ပါဝင်ကူညီခဲ့သူ နာမည်ကြီးအနုပညာသည်များကိုပါ ဆက်တိုက် ဖမ်းဆီးလျှက်ရှိသည်။
ရန်ရန်ချန်း |
ထိုသို့ ဖမ်းဆီးရာတွင် စာရေးဆရာများ၊ ကဗျာဆရာများ၊ အဆိုတော်များ၊ ဂျာနယ်လစ် များနှင့် အခြားသော အနုပညာနယ်ပယ်အသီးသီးမှ တက်ကြွလှုပ်ရှားသူများ ပါဝင်သည်။
ယခုနောက်ဆုံး မြန်မာနိုင်ငံ၏ နာမည်ကြီးဟစ်ဟော့ အနုပညာရှင်တဦးဖြစ်သူ ရန်ရန်ချန်းကို ပြီးခဲ့သည့် သင်္ကြန်အတက်နေ့၊ ကြာသပတေးနေ့ နံနက်အစောပိုင်းက မုံရွာမြို့တွင် ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ဒေသခံတဦး၏ ပြောပြချက်အရသိရသည်။
ရန်ရန်ချန်းနှင့်အတူ ၎င်း၏ အမျိုးသမီးမိတ်ဆွေမမီးမီးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ထိုဒေသခံ ကဆက်ပြောသည်။
ရန်ရန်ချန်း၏ သူငယ်ချင်းဖြစ်သူ ဟစ်ဟော့အနုပညာသမားတဦးဖြစ်သည့် ဇေယျာသော် အဖမ်းအဆီးခံခဲ့ရပြီး နောက်ပိုင်းတွင် ၎င်းတို့ ဟစ်ဟော့အဖွဲ့ဝင်များကို စစ်အစိုးရက စောင့်ကြည့်နေသဖြင့် မမီးမီး၏ သူငယ်ချင်း နေအိမ်ရှိရာမုံရွာမြို့သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရန်ရန်ချန်း၏ သူငယ်ချင်းအဆိုတော်တဦးက ပြောပြသည်။
ဇေယျာသော်ကို ဖေဖော်ဝါရီလကုန်ပိုင်းက ဖမ်းဆီးသွားခဲ့ပြီး အင်းစိန်ထောင်တွင်ချုပ်နှောင်ထားကာ ယခုချိန် ထိတရားရုံးသို့ မတင်သေးကြောင်း ၎င်းကဆက်ပြောသည်။
ရန်ရန်ချန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော ဟစ်ဟော့အဖွဲ့ဖြစ်သည့် အက်ဆစ် အဖွဲ့ဝင်တဦးဖြစ်ပြီး ထိုအဖွဲ့ကို ရန်ရန်ချန်းနှင့် အခြားသူငယ်ချင်းများဖြစ်ကြသော အနဂ္ဃ၊ ဇေယျာသော်၊ ဟိန်းဇော်တို့နှင့် အတူ ၂၀၀၀ ပြည့် နှစ်ကုန်ပိုင်းတွင် စတင်ထူထောင်ခဲ့ကြသည်။
မြန်မာစစ်အစိုးရအနေနှင့် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားမှုများတွင် အားပေးကူညီသည့် အနုပညာရှင်များနှင့် ဘလော့ဂါအများအပြားကို စက်တင်ဘာအရေးအခင်းနောက်ပိုင်း ဆက်တိုက်ဖမ်းဆီးခဲ့ရာ ယခုအခါ ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲနှင့် နီးကပ်လာချိန်တွင် မတိုင်မီ ဖမ်းဆီးမှုများပိုစိပ်လာခဲ့သည်။
၂၀၀၇ နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း မြန်မာနိုင်ငံ၏ထင်ရှားသော ဂီတအနုပညာရှင်တဦးဖြစ်သူ ကိုဝင်းမော်နှင့် အခြားသော အဆိုတော်နှစ်ဦးတို့ လက်ဖက်ရည်ဆိုင်တွင်ထိုင်နေစဉ် စစ်အစိုးရက ဖမ်းဆီးသွား ခဲ့သည်။
ကိုဝင်းမော်သည် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် ထင်ရှားလာသော ရွှေသံစဉ်တေးဂီတအဖွဲ့၏ ဂီတမှူးဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံသော သီချင်းများ ရေးသားခဲ့သဖြင့် အဖမ်းအဆီးခံခဲ့ရခြင်းဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလကလည်း နာမည်ကြီး ဘလော့ဂါတဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ် အဖွဲ့ဝင် တဦး လည်းဖြစ်သူ ကိုနေဘုန်းလတ်ကို ဖမ်းဆီးခဲ့သည်။ ကိုနေဘုန်းလတ်သည် ရန်ကုန် ပန်းပဲတန်း မြို့နယ်တွင် အင်တာနက် ကဖေးဆိုင်တဆိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အင်တာနက်ကဖေးဆိုင်နှစ်ဆိုင် ဖွင့်ထားသူဖြစ်သည်။ဟစ်ဟော့ပ် အဆိုတော်ကိုံင်ငံရေးအမြူဖင့် ဖမ်းဆီး
2008.04.18
ယခိုံစြ် သဋ္ဌကဿန်ပြဲတော်တငြ်ူမန်မာ အမဵြိးသမီးငယ် တဦး မ္ပပ် စင်ူမင့်ပေၞမြ ဖေဵာ်ေူဖနေပုံဖစ်ပၝသည်။ (Photo: AFP) ပုံဋ္ဌကီုးကည့်လိုလ္တွင်။ >>
ထင်ရြားတဲူ့မန်မာ Hip-Hop လူငယ်တေးဂီတအဖြဲႚူဖစ်တဲ့ Acid အဖြဲႚက တေးရေးနဲႛ အဆိုတော်တဦူးဖစ်တဲ့ ကိုရန်ရန်ခဵမ်းကို ဧ္ဘပီလ ၁၇ ရက်နေႛိံစ်ြဆန်း ၁ ရက်နေႛညက အာဏာပိုင်တြေ ဖမ်းဆီးသြားတယ်လိုႛ စုံစမ်း သိရပၝတယ်။
သုကဿန်ကာလ စစ်ကိုင်းတိုင်း မံု႟ၾာ႓မိႂႚမႀာ သီခဵင္းဆိုဖိုႛ ခရီးထက်ြနေတုန်း မုံ႟ြာမြာ အဖမ်းခံရတာလိုႛ RFAက စုံစမ်းသိရပၝတယ်။ ကိုရန်ရန်ခဵမ်းဟာ အက်ဆစ်အဖြဲႚရဲ့ တေးရေးတယောက်ူဖစ်သလို ပင်တိုင် အဆိုတော်တဦးလည်ူးဖစ်ပၝတယ်။
ကိုရန်ရန်ခဵမ်းနဲႛ အတူ မိန်းကလေးသူငယ်ခဵင်ူးဖစ်တဲ့ မမီးမီးကိုလည်း အာဏာပိုင်တေကြ ဖမ်းဆီးခဲ့တယ်လိုႛ သိရပၝတယ်။ ဘာအေုကာင်းနဲႛ အခုလို ဖမ်းဆီးသြားတယ်ဆိုတာ အခုထိ မသိရေသးပၝဘူး။
ကိုရန္ရန္ခဵမ္းအဖမ္းခံရတာနဲႛ ပတ္သက္လိုႛ မိသားစုကို မေူးမန်းတဲ့အခၝ ဖမ်းခံရတာ အတည်ူပပြေမဲ့ ဘာ့ေုကာင့် အဖမ်းခံရတယ်ဆိုတာ အခုထိ တိတိကဵကဵ မသိရေသးဘူးလိုႛ မိသားစုအဖၾဲႚဝင္တဦးက ေဴပာဴပပၝတယ္။
္ဘပီးခဲ့တဲ့ မတ်လ ၁၂ ရက်နေႛကလည်း အက်ဆစ်တေးဂီတအဖြဲႚက အဖြဲႚဝင် ကိုဇေယဵာသော်ကိုလည်း လူငယိုံင်ငံရေး မဵိႂးဆက္သစ္အဖၾဲႚတခုဴဖစ္တဲ့ Generation Waveနဲႛ ပတ်သက်္ဘပီး အာဏာပိုင်တေကြ ဖမ်းဆီးခဲ့ပၝတယ်။ ကိုဇေယဵာသော်ကို မုကာခင်က ႟ုံးထုတ်စစ်ဆေးခဲ့္ဘပီး အာဏာပိုင်တေကြ မတရားသင်း ဖၾဲႚစည္းမႁနဲႛ သူႛကို တရားစၾဲထားတယ္လိုႛ နီးစပ္တဲ့ အသိုင်းအဝိုင်းက ဆိုပၝတယ်။
အခု အက်ဆစ်အဖြဲႚဝင်ူဖစ်တဲ့ ကိုရန်ရန်ခဵမ်းကိုလည်း ကိုဇေယဵာသော်အမနြဲႛပတ်သက်္ဘပီး သံသယရြိတဲ့အတကြ် အခုလို ဖမ်းဆီးလိုက်တာူဖစိုံင်တယ်လိုႛ ရန်ကုန် လူငယိုံင်ငံရေးအသိုင်းအဝိုင်းက ထင်ူမင်ခဵက်ပေးပၝတယ်။
ကိုရန်ရန်ခဵမ်းကို ဖမ်းဆီးသြားတာနဲႛ ပတ်သက်လိုႛ အာဏာပိုင်တေဖြက်က မိသားစုကို အခုထိ ဆက်သယြ် အေုကာင်ုးကားတာမရြိသေးဘူးလိုႛလည်း မိသားစုနဲႛ နီးစပ်တဲ့သူတေကြ RFAကိုေူပာူပပၝတယ်။
Apr 7, 2008
လူထုဒေါ်အမာကွယ်လွန်ဆုံးရှုံးခြင်း(မဇ္ဇျိမသတင်း)

| မဇ္ဈိမသတင်းဌာန | |
| Monday, 07 April 2008 10:48 - မြန်မာစံတော်ချိန် | |
| " အမေမာအတွက် အမှတ်တရစကားများ "
ကိုထွန်းမြင့်အောင် (၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့) "အမေမာဟာ အဖိနှိပ်ခံ ပြည်သူလူထုဘက်က အမြဲတမ်း တောက်လျှောက် ရပ်တည်ပြီးတော့ အမှန်တရားအတွက်၊ တရားမျှတမှုအတွက် အမေမာဟာ ငယ်စဉ်ခါကတည်းက သူကိုင်တဲ့ ကလောင်စွမ်းနဲ့ ခုခံပြီးတော့ ရပ်တည်လာခဲ့တဲ့ သူရဲကောင်း အာဇာနည်တဦးလို့ ပြောလို့ ရပါတယ်။ အမေမာ အခုလို ကွယ်လွန်သွားတာ ကျနော်တို့ တိုင်းပြည်အတွက်၊ ဒီမိုကရေစီ ဘက်တော်သားတွေအတွက် အင်မတန် ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။ အမေမာတို့ လွတ်လပ်ရေးတိုက်ပွဲ တလျှောက်လုံးကနေ ကနေ့ထက်ထိ မျှော်မှန်းခဲ့တဲ့ ပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ တိုင်းပြည်တခုကို မဖြစ်ဖြစ်အောင် တည်ဆောက်သွားဖို့ ကျနော်တို့ သံန္နိဋ္ဌာန် ချထားပါတယ်။ ဒါကြောင့်မို့လို့ အမေမာ ဆုံးပါးသွားပေမယ့် အမေမာ ဆုံးမခဲ့တဲ့ စကားတွေကတော့ ကျနော်တို့ တိုင်းပြည်မှာ ကနေ့ထက်ထိ ရှင်သန်နေဆဲပါ။ အမေမာ မှာခဲ့တဲ့အတိုင်းပဲ ကျနော်တို့ တိုင်းပြည် လွတ်မြောက်ရေးအတွက် ကျနော်တို့ လုပ်သွားကြပါမယ်" မနီလာသိန်း (၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့) "အမေ ဆုံးသွားတဲ့အခါ ကျမတို့အတွက်ရော၊ မြန်မာပြည်မှာရှိတဲ့ လူထုတွေအတွက်ရော တကယ်ကို စိတ်မကောင်းစရာ ဖြစ်တယ်။ အမေဟာ အမှန်တရားဘက်က၊ ငြိမ်းချမ်းရေးဘက်က၊ လူထုရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ မိခင်ကောင်းတယောက် ဖြစ်ပါတယ်။ ကျမတို့ ထောင်ထဲမှာ ရှိနေစဉ်မှာ အမေ့ရဲ့ စကားတွေဟာ ကျမတို့ ထောင်ထဲက လူတွေအတွက် ခွန်အားတွေ ဖြစ်ခဲ့ရတယ်။ အပြင်မှာ လုပ်နေတဲ့ ဒီမိုကရေစီ လှုပ်ရှားသူတွေ အတွက်လည်း အမေ့ရဲ့ စကား၊ အမေ့ရဲ့ အမှန်တရား၊ အမေ့ရဲ့ ငြိမ်းချမ်းမှုတွေဟာ ကျမတို့ ခြေလှမ်းတိုင်းအတွက် တကယ်ကို ခွန်အားတွေ ဖြစ်စေခဲ့ပါတယ်။ အခု အမေဆုံးပါးသွားတဲ့အခါ ကျမတို့အတွက် တကယ်ကို နှမြောမိပါတယ်။ အခုဆိုရင် ကျမတို့ရဲ့ မဆုံးတဲ့ ခရီးတခုပေါ့နော်။ ပန်းတိုင် မရောက်ခင်၊ မအောင်မြင်ခင်မှာ အမေဆုံးပါးသွားပေမယ့် အမေ့ရဲ့ ရင်ထဲက ဆန္ဒတွေကို ကျမတို့တွေအားလုံးက အောင်မြင်တဲ့အထိ ဆက်လက် လုပ်ဆောင်သွားမှာပါ" ဦးဉာဏ်ဝင်း (NLD ပြောခွင့်ရ ပုဂ္ဂိုလ်) စာရေးဆရာ ဖေမြင့် "အင်မတန်မှ ကြီးမားတဲ့ ဆုံးရှုံးမှုတခုပေါ့ဗျာ။ ဒေါ်အမာက အသက်လည်း ရှည်ပါတယ်။ ဆုံးရှုံးသွားတာ၊ ကွယ်လွန်သွားတာက ဝမ်းနည်းစရာပေါ့ဗျာ။ ရှည်လျားတဲ့ သက်တမ်းတလျှောက်မှာ ဗမာစာပေအတွက် အကျိုးပြုတဲ့စာတွေ၊ အသိအမြင် ကြွယ်ဝစေရေး စာတွေ အများကြီး ရေးခဲ့တယ်။ တိုင်းပြည် ကောင်းရာကောင်းကြောင်းအတွက် လုပ်သင့်လုပ်ထိုက်တာ မှန်သမျှမှာလည်း ကိုယ်ကျိုးကို မငဲ့ဘဲ အမြဲတမ်း လုပ်ခဲ့တယ်။ အင်မတန်မှ ကျေးဇူးကြီးမားတဲ့ စာပေနယ်အတွက်ရော တိုင်းပြည်အတွက်ရော ကျေးဇူးကြီးမားတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်ပါတယ်။ အင်မတန်မှ ဝမ်းနည်းစရာ ဆုံးရှုံးမှုတခုလို့ ပြောချင်ပါတယ်"
မော်ဒန်စာရေးဆရာ မင်းခိုက်စိုးစံ "ဒေါ်အမာ ကွယ်လွန်သွားတယ် ဆိုတဲ့ဟာက ကျနော်တို့မှာက မိသားစုတစုအနေနဲ့ ပြောရမယ်ဆိုလို့ ရှိရင် ကျနော်တို့ရဲ့ အိမ်ဦးခန်းမှာ ဂုဏ်ကျက်သရေရှိရှိ အလေးအနက်ထားရတဲ့ အဖွားတယောက် မိခင်ကြီးတယောက် ကွယ်လွန်သွားသလိုပါပဲ၊ စာပေလောက အတွက်ရော အားလုံးအတွက်ပါ အဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုလို့ပဲ ပြောပါရစေ။ ကျနော်တော်တော်လည်း စိတ်မကောင်း ဖြစ်နေပါတယ်"
ဆရာကြီး ဒဂုန်တာရာ "ဆုံးရှုံးဆုံးမှုတရပ်လို့ ပြောရမှာပေါ့။ ဒေါ်အမာက နှစ်ပေါင်းများစွာ ကြာပြီပဲ။ တိုင်းပြည်အတွက် ဆောင်ရွက်နေတာ။ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတာ။ ဒေါ်အမာဟာ ၁၉၃၆ ဒုတိယကျောင်းသား သပိတ်မှာ စတွေ့ဖူးတယ်။ ကျနော်တို့က (၁ဝ) တန်းပေါ့။ သူရဲ့ ခင်ပွန်းပေါ့ ဦးလှဆိုရင်ကျောင်းသားဘဝတည်းက ခင်တယ်။ သူလည်း ငြိမ်းချမ်ရေးကိစ္စတွေ ပါဝင်ဆောင်ရွက်ခဲ့တာပဲ။ သူနဲ့ ကိုအောင်ဆန်းနဲ့က မွေးနှစ် အတူတူပဲ။ ဒေါ်အမာနဲ့ ပတ်သက်လို့ ပြောရရင် ပြောစရာတွေက အများကြီးပေါ့။ ချက်ချင်း စီကာပတ်ကုံးပြောဖို့က တချို့အကြောင်းအရာ တွေက အချက်အလက်နဲ့ပြောမှ ပြည့်စုံမယ်။ ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့အခါမှာ ဒေါ်အမာနဲ့ တွေ့ရပါတယ်။ မကြာခဏ။ မန္တလေးရောက်ရင် တော့ ဝင်တယ်ပေါ့ဗျာ။ သူ့အိမ်မှာပဲ တည်းရတာပေါ့ဗျာ။ အထူးသဖြင့် အမျိုးသမီးရေးရာတွေ မဟုတ်တော့ဘူးပေါ့ဗျာ။ တိုင်းပြည် တပြည်လုံးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာလည်း အတူတူဆောင်ရွက်ခဲ့တာ။ ကျနော်သိပ်ပြီးတော့ စိတ်မကောင်း ဖြစ်သွားပါတယ်"
ရဲဘော် ဖိုးသံချောင်း (အမေမာ၏ သား၊ ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ) "သူများတတိုင်းပြည်လုံး ကျဉ်းထဲကျပ်ထဲအချိန်မှာ ဆုံးရှုံးမှုကို ခံစားရတယ် ဆိုတာလောက်ပါပဲ"
လူထုဒေါ်အမာ ၁၉၁၅ - မန္တလေးမြို့၊ ဂုန္တန်ရပ်၊ အဖ ဦးထင်- အမိ ဒေါ်စု တို့မှ နိုဝင်ဘာ ၂၉၊ တနလာင်္နေ့မှာ မွေးဖွားခဲ့၊ မွေးချင်း ၁၂ယောက်၊ စတုတ္ထသမီး၊ အမည်ရင်းအမာ။ ၁၉၂ဝ -၂၃ - တရုတ်တန်း အမျိုးသမီး နေရှင်နယ်ကျောင်းမှာ ဒုတိယတန်းအထိ ပညာသင်ခဲ့။ ၁၉၂၃ - ၃၁ - အမျိုးသမီး နေရှင်နယ်ကျောင်းပျက်လို့ တတိယတန်းမှ နဝမတန်းအထိ ABM ကျောင်းမှာ ဆက်လက် ပညာသင်။ ၁၉၃၁ - ၃၃ - မန္တလေး ဗဟိုအမျိုးသားကျောင်းက ဆယ်တန်းအောင်။ ၁၉၃၃ - ၃၅ - မန္တလေး ဥပစာကောလိပ်၊ ဓာတု၊ ရူပ၊ သင်္ချာ ဘာသာတွဲယူ။ ၁၉၃၆ - ရန်ကုန်တက္ကသိုလ် ဘီအေ အောက်တန်း။ အင်းလျားဆောင် သဟာယနဲ့ စာဖတ်အသင်း အတွင်းရေးမှူး၊ ဒုတိယ ကျောင်းသားသပိတ်ကြီးတွင် ပါဝင်။ အိုးဝေမဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်း၊၊ ဘားမားဂျာနယ်တို့မှာ ဝတ္ထု၊ ဆောင်းပါးများရေး။ ကြီးပွားရေး ဦးလှနဲ့ စတင်သိကျွမ်း။ ကြီးပွားရေး မဂ္ဂဇင်းမှာ ကလောင်အမည် ခင်လဝင်း၊ မြမဉ္ဇူတွေနဲ့ ရေးခဲ့။ ၁၉၃၇ - ဘီအေ နောက်ဆုံးနှစ် စားမေးပွဲ ကျရှုံးပြီး ကျောင်းထွက်။ မန္တလေးမှာ မြန်မာစက္ကူဆိုင် ဖွင့်။ ၁၉၃၈ - Maurice Collis ရေး Trials In Burma ကို မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ အမည်နဲ့ မြန်မာပြန် ထုတ်ဝေ။ ၁၉၃၉ - ကြီးပွားရေး ဦးလှနဲ့( ၁၃နိုဝင်ဘာ)လက်ထပ်။ ၁၉၄ဝ - Maurice Collis ၏ Sandamala ကို စန္ဒမာလာ အမည်နဲ့ နှစ်တွဲခွဲ မြန်မာပြန် ထုတ်ဝေ။ ၁၉၄၂ - ၄၄ - ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ကပိုင်ရွာကို ခေတ္တ ပြောင်းရွှေ့နေထိုင်ပြီး စာအုပ်ထုတ်ဝေရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်။ ၁၉၄၅ - လူထုဂျာနယ် (ဇူလိုင်) ထုတ်ဝေတဲ့အခါ လက်ထောက် ဘယ်ဒီတာ။ Ashihei Hino ရဲ့ Jh War and Soldier အပိုင်း ၄ က Wheat and Soldier ကို ဂျုံနှင့် စစ်သားအမည်။Wanda Wasilewska ရဲ့The Rainbow ကို နှစ်ပိုင်းခွဲကာ သက်တန့်ရောင်အမည် တို့နဲ့ မြန်မာပြန် ထုတ်ဝေ။ ၁၉၄၆ - လူထုသတင်းစာ (၁၉၊ ဧပြီ) စတင်ထုတ်ဝေတဲ့အခါ အယ်ဒီတာ အဖွဲ့ဝင်။ ဖခင် အောင်နိုင် ကလောင်ခွဲနဲ့ နိုင်ငံရေးဆွေးနွေးခန်း ပင်တိုင် ဆောင်ပါးရှင်။ ၁၉၄၇ - လူထုဦးလှနဲ့အတူ လွတ်လပ်ရေးအတွက် ဦးဆောင်နေတဲ့ ဖဆပလအဖွဲ့ရဲ့ အာဘော်နဲ့ထပ်တူ ရေးသား တိုက်ပွဲဝင်ခဲ့။ ၁၉၄၉ - လူထုသတင်းစာနဲ့ ကြီးပွားရေး ပုံနှိပ်စက်များ တည်ရှိရာ အဆောက်အအုံကို ဒိုင်းနမိုင်းနဲ့ ဖောက်ခွဲခံရ။ Gunther Stein ရဲ့ The Challenge of Red China ကို ကွန်မြူနစ် တရုတ်ပြည် အင်အားပြိုင်ပွဲ အမည်ပေးပြီး နှစ်ပိုင်းခွဲ ဘာသာပြန်ထုတ်ဝေ။ ၁၉၅ဝ - (ဧပြီ ၂၄၊ ၁၉၄၉)က ပိတ်ထားခဲ့ရတဲ့ လူထုသတင်းစာကို (၁၊ နိုဝင်ဘာ)မှာ ပြန်လည်ထုတ်ဝေ။ (မေ၊ ၁၉၄၉) က ရပ်နားခဲ့တဲ့ လူထုဂျာနယ်ကို (သြဂုတ် ၁) မှာ ပြန်လည် ထုတ်ဝေ။ ၁၉၅၃ - ကမ္ဘာ့ ဒီမိုကရက်တစ် အမျိုးသမီး ညီလာခံ ( ကိုပင်ဟေဂင် ၇-၆-၅၃) ဒုတိယအကြိမ် ကမ္ဘာ့လူငယ်နဲ့ ကျောင်းသားပွဲတော် (ရူပေရီးယား၊ ဘူခါရက်စ် ၂၅-၇-၅၃) ကို တက်ရောက်။ Archie John Stone ရဲ့ In The Name of Peace ကို ငြိမ်းချမ်းရေးသို့ အမည်ပေးကာ ဘာသာပြန် ထုတ်ဝေ။ လူထုဦးလှ ပုဒ်မ ၅ နဲ့ အဖမ်းခံရလို့ လူထု သတင်းစာခေါင်းကြီးတွေကို တာဝန်ခံ ရေးသား။ ၁၉၅၉ - (မေ၊ ၁၂) လူထုသတင်းစာ ချိန်ပိတ်ခံရ။ ၁၉၆ဝ - (မေ၊ ၁ဝ) လူထုသတင်း ပြန်ထွက်။ ၁၉၆၂ - (ဖေဖော်ဝါရီ၊ ၃) အေရိုဖလုတ်လေကြောင်း ဖွင့်ပွဲမှာ သတင်းစာဆရာ ကိုယ်စားလှယ်အဖြစ် ဖတ်ကြားခြင်းခံရလို့ မော်စကိုသို့ သွားရောက်ခဲ့။ အပြန် မှာ အရှေ့ဂျာမနီ၊ ချက်ကို စလိုဗက်ကီးယားနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်များကို လှည့်လည်။ ၁၉၆၃ - ဥရောပခရီး စဉ်များကို ဆိုရှယ်လစ် တိုင်းပြည်များသို့ အမည်နဲ့စာအုပ် ပြုစုထုတ်ဝေ။ C.Wright Mills ရဲ့ Listen ankees ကို အိုယန်ကီးတို့၊ Anna Lewis Strong ရဲ့ Cash and Violance in Losa ကို ငွေနှင့်လက်နက် အမည်ပေးရေးသား ထုတ်ဝေ။ ၁၉၆၄ - ပြည်သူချစ်သော အနုပညာသည်များ ပြုစုထုတ်ဝေ။ ဒီစာအုပ်နဲ့ ၁၉၆၄ခုနှစ်၊ စာပေဗိမာန် အနုပညာဆိုင်ရာ စာပေ ပထမဆု ရ။ ၁၉၆၆ - Edgar Snow ရေး The Other Side of the Riber ကို ဘဝချင်း မတူသည့် တရုတ်ပြည် အမည်နဲ့ဘာသာ ပြန်ပြီး နှစ်တွဲခွဲ ထုတ်ဝေ။ ၁၉၆၇ - (ဇူလိုင်၊ ၇ ) လူထုသတင်းစာ ရပ်ဆဲခံရ။ အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံးများ ကို ဖြည့်စွက် အမှာရေး ထုတ်ဝေ။ ၁၉၆၉ - ရွှေရိုး ဘကလေး နှစ်တွဲခွဲ ထုတ်ဝေ။ (မတ်လ၊၃) မန္တလေး ကွန်သာယာ ဗမာ့သဘင် စာတမ်းဖတ်။ ၁၉၇ဝ - ရွှေမန်းတင်စာအုပ် ပြုစုထုတ်ဝေ။ မတ် (၃) မန္တလေး ကွန်သာယာ စာတမ်းဖတ်ပွဲမှာ ဗမာ့ဖတ်ကျီလုပ်ငန်း စာတမ်းဖတ်။ ၁၉၇၂ - မန္တလေး နိုင်ငံတကာ စာအုပ်နှစ် စာတမ်းဖတ်ပွဲမှာ ကမ္ဘာ့အကြီးဆုံး စာအုပ် စာတမ်းဖတ်။ ၁၉၇၃ - အငြိမ့်စာအုပ် နှစ်တွဲခွဲ ထုတ်ဝေ။ ၁၉၇၄ - ကမ္ဘာ့ အကြီးဆုံးစာအုပ် ကို ဒေါက်တာသန်းထွန်းက The Worlds Biggest Book အမည်နဲ့ အင်္ဂလိပ်ဘာသာ ပြန်ဆို ထုတ်ဝေ။ ၁၉၇၅ - ရွှေဒေါင်းတောင် ဆောင်းပါးများ စာအုပ်ထုတ်ဝေ။ ၁၉၇၆ - ဆရာကြီး သခင်ကိုယ်တော်မှိုင်း စာအုပ် ထုတ်ဝေ။ (သြဂုတ်၊ ၁၉) ဟံသာဝတီသတင်းစာ စနေစာပေဝိုင်း စာတမ်း ဖတ်ပွဲမှာ အတ္ထုပတ္တိစာပေ စာတမ်းဖတ်။ ၁၉၇၈ - (သြဂုတ်၊ ၂၁) လူထုဦးလှ၊ သား ကိုငြိမ်းချမ်း( ညီပုလေး) တို့နဲ့အတူ အထိန်းအသိမ်းခံရ။ ၁နှစ် ၁လ ၁ရက်ကြာ။ ၁၉၇၉ - (သြဂုတ်၊ ၂၂) အထိန်းအသိမ်းခံ ဘဝက ပြန်လွတ် Chester Ronning ရဲ့ A Memoir of Chin in Revolution ကို တော်လှန်တဲ့ တရုတ်ပြည် ကျွန်တော်မှတ်မိသမျှ အမည်နဲ့ ဘာသာပြန် ထုတ်ဝေ။ ၁၉၈၂ - နှစ်ပေါင်း ၄၃နှစ် ပေါင်းသင်းလာခဲ့တဲ့ ခင်ပွန်းသည် လူထု ဦးလှ (သြဂုတ် ၇) ကွယ်လွန်။ ၁၉၈၄ - (မတ်၊ ၄) မန္တလေး မီးကြီးအတွင်း ကြီးပွားရေး စာအုပ်တိုက်၊ ပုံနှိပ်တိုက်၊ စက္ကူ သိုလှောင်ရုံ၊ စာအုပ် သိုလှောင်ရုံတွေ မီးလောင် ဆုံးရှုံး။ ၁၉၈၅ - (နိုင်ဝင်ဘာ၊ ၂၉) အသက် ၇ဝပြည့်က စပြီး အမရပူရ တောင်လေးလုံးကျောင်းမှာ မွေးနေ့ပွဲ နှစ်စဉ် ကျင်းပ။ ချင်းတွင်းမှ ပင်လယ်သို့ စာအုပ် ထုတ်ဝေ။ ၁၉၈၉ - (မေ၊ ၂၇) ပြည်သူချစ်သော အနုပညာသည်များ စာအုပ် ငွေရတုပွဲ အမရပူရ တောင်လေးလုံးကျောင်းများ ကျင်းပ။ မြန်မာ မဟာဂီတ စာအုပ်။ အာဖရိက ဝတ္တုတိုများ စာအုပ် ထုတ်ဝေ။ ၁၉၉ဝ - လူထုဦးလှနဲ့ ပူးတွဲ ရေးသားတဲ့ ဆေးလိပ်နဲ့ လူသား စာအုပ်ထုတ်ဝေ။ ၁၉၉၁ - ဓနမဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့ ဆောင်းပါးတွေကို စုစည်းပြီး မန္တလေးသူ မန္တလေးသားများ အမည်နဲ့ စုအုပ်ထုတ်ဝေ။ ၁၉၉၂ - ရနံ့သစ် မဂ္ဂဇင်းမှာ ဇမ္ဗူဒီပါ အောင်ထွန်း ကလောင်အမည်ခွဲနဲ့ နိုင်ငံတကာ ဆောင်းပါးများကို ရေးခဲ့။ ထိုင်းးဝတ္တုတိုများ (၁) တို့ကို ထုတ်ဝေ။ ၁၉၉၃ - မဂ္ဂဇင်းတွေမှာ ရေးသားခဲ့တဲ့ မန္တလေးဆိုင်ရာ ဆောင်းပါးတွေကို စုပေါင်းပြီး ရတနာပုံ မန္တလေး၊ ကျွန်မတို့ မန္တလေး စာအုပ်။ ထိုင်းဝတ္တုတိုများ (၂) တို့ကို ထုတ်ဝေ။ ၁၉၉၄ - သာသနာ့ တန်ဆောင် ဆရာတော်ကြီးများ စာအုပ် ထုတ်ဝေ။ ရွှေဒေါင်းတောင် ဆောင်းပါး တွေကို ဂျပန်ဘာသာနဲ့ ပြန်ဆို ထုတ်ဝေ။ ပြန်ဆိုသူက ဂျပန်အမျိုးသမီး Yasuko Dobashi ( မြန်မာနာမည် ဒေါ်ယဉ်ယဉ်မြ) ဖြစ်ပြီး ထုတ်ဝေတဲ့ စာအုပ်တိုက်မှာShinjuku Shiobo Co. Ltd ၊ စာအုပ်တန်ဖိုး ယန်း ၂၇၁၈။ ၇၉နှစ် မွေးနေ့ အမှတ်တရ အဖြစ် ကျွန်မတို့ ငယ်ငယ်က ကိုယ်ရေးအတ္ထုပတ္တိ စာအုပ်ကို ရေးသား ထုတ်ဝေ။ ၁၉၉၅ - မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်း ကျောင်သားဟောင်းများ ဦးစီးထုတ်ဝေတဲ့ (၇၅) ကြိမ်မြောက် အမျိုးသားနေ့ စိန်ရတု အထိမ်းအမှတ် မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ အဖြစ် ဆောင်ရွက်။ (၂ဝဝ၄ ခုနှစ်တွင် ထုတ်ဝေသော လူထု ဒေါ်အမာရေး၊ စာအုပ်ဆိုင်က လူဝင်လူထွက်စာအုပ်မှ ကူးယူ ဖော်ပြပါသည်)
အမေမာအတွက် ဂုဏ်ပြုကဗျာများ
"မန်းတောင်ရိပ်ငို" ပြည်ပက သားတွေ သမီးတွေကို အားကိုးပါတယ်လို့  ပြောသွားတဲ့ အမေ ပြောသွားတဲ့ စကားအတွက် သမီး ရှက်လှပါတယ်အမေရယ် ။ မြနန္ဒာနဲ့  သင်္ကြန်ကိုလွမ်း တမ်းတမ်းဆွတ်ဆွတ် လူက ပိတောက်ကဗျာ ဖြစ်နေရင်း အမေ့သတင်းက ၊ ရင်ဝထိုးခွဲ သွေးက အမေ့ရဲ့ သွေးတွေ ။
အမေရယ် မန္တလာကို ၊ မြန်မာပြည်ကို လူထုကို ၊ အောင်ဆန်းစုကြည်ကို မင်းကိုနိုင်တို့ကို ၊ အဝေးရောက်သားသမီးတွေကို အားကိုး ယုံကြည်တယ်ဆို ။
ချင်းတွင်း ၊ဧရာဝတီ ရိုးမတကြော ၊ သောလှုပ်မုန်တိုင်း လှိုင်းတွေ ခုန်ပေါက်နေကြပြီ ။
တောင်လေးလုံး တောင်သမန် ၊ မယ်ဇယ်ပင်တန်း ငိုခန်းတွေအခန်းဆက်၊ ရက်စက်တဲ့ ဇာတ်လမ်းရှည် ကြေကွဲလို့ မဆုံး၊ စစ်မုန်းစိတ်က မိုင်ထောင်ရှည် ။ သူရဲကောင်းလူထု သွေးစုမယ့်နေရာ အမေဖွေရှာတော့လေသလား ။
သွေးမြေကျ သံဃာတော်တွေကို လိုက်လံ ပူဇော်နေတာလားအမေ ။
အနုပညာ စာပေ အငြိမ့် သဘင် မမြင်ရက်တော့ဘူးလားအမေ ။
မြို့ရိုးပြဿဒ် ကျုံးတပတ်မှာ ဆုံးဖြတ်သွားခဲ့တာလားအမေ ။
အမေ မြင်ချင်တဲ့ခေတ် အမေ တွေ့ချင်တဲ့စနစ် ကျနော်တို့ ချစ်တယ် ကျနော်တို့ ခေတ် ၊ သစ်ကို သစ်ရမယ် ဖြစ်ကို ဖြစ်ရမယ် ရောက်ကို ရောက်စေရမယ်အမေ ။
အမေ ရှက်နေဦးမည် ဆက်မည် တိုက်ပွဲ ယုံကြည် ခွဲရစ်ခဲ့ပါတော့။
"အာဝေဏိက ဂုဏ်ရှင် အမေ" ဟယ် --- မရဏမင်း အလိုက်ကန်းဆိုးမသိ လုပ်ရက်ပါဘိ ကွယ်ရို့ ဒါ ဒို့ အမေ ပြည်သူချစ်တဲ့ အမေ၊ လူထုချစ်တဲ့ အမေ၊ ရဲရဲတောက် အမေကွ ။
ကိုလိုနီကို အံတု ဖက်ဆစ်ကို မမှု အာဏာရှင်ကို ဂရုမပြုတဲ့အမေ ဒို့အမေကွ ။
လွတ်လပ်ရေး ဝန် တော်လှန်ရေး ဝန် ငြိမ်းချမ်းရေး ဝန် အမျိုးသားရေး ဝန် ဝန် အလီလီ ထမ်းခဲ့တဲ့အမေ ဒို့အမေကွ ။
စာပေဂီတ အနုပညာ ရိုးရာ ယဉ်ကျေးမှု လူမှုသမိုင်း အမွေအပိုင်းပိုင်းကို ပေးသွားတဲ့အမေ ဒို့အမေကွ ။
မြန်ပြည်သမိုင်းမှာ သားသမီး အနန္တကို မွေးထုတ် နောင်လည်း မွေးထုတ်အုံးမယ့် အမေ အာဝေဏိက ဂုဏ်ရှင် သား အနန္တရဲ့ မိခင် သား အနန္တက ချစ်တဲ့အမေ သား အနန္တကို ချစ်တဲ့အမေ အနန္တ မေတ္တာရှင် အမေ အနန္တ ကရုဏာရှင် အမေ အနန္တ မုဒိတာရှင် အမေ ။ လူထုအမေ ဒို့အမေကွ၊ ဒို့အမေ ။ |
ဒါလည်းမဇ္ဇိမသတင်းပါပဲ
| နေသွင် | |
| Monday, 07 April 2008 11:39 - မြန်မာစံတော်ချိန် | |
| ချင်းမိုင်။ ။ ဝါရင့်သတင်းစာ ဆရာမကြီး လူထုဒေါ်အမာ (၉၂) နှစ်သည် ယနေ့နံနက် (၈) နာရီ (၃၇) မိနစ်တွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားသည်။ စာနယ်ဇင်းလောကတွင် အမေမာအဖြစ် လေးစား ချစ်ခင်ခြင်းခံရသော သတင်းစာဆရာမကြီးသည် ပြီးခဲ့သော တနင်္ဂနွေတကည်းက ဆေးရုံတင်ထားရခြင်း ဖြစ်သည်။ "ပြီးခဲ့တဲ့ တနင်္ဂနွေက တင်ရပါတယ်။ ကနေ့မနက် (၈) နာရီ (၃၇) မှာ အနိစ္စ ရောက်ပါတယ်" ဟု လူထုဒေါ်အမာ၏ သားဖြစ်သူ စာရေးဆရာ ညီပုလေးက တယ်လီဖုန်းမှ တဆင့် မဇ္ဈိမသို့ ပြောသည်။
သတင်းစာဆရာမကြီး လူထုဒေါ်အမာ လူထုဒေါ်အမာ ကွယ်လွန်သည့်သတင်းကြောင့် အံသြစိတ်မကောင်း ဖြစ်နေသော စာရေးဆရာကြီး ဒဂုန်ုတာရာက "ဒေါ်အမာက နှစ်ပေါင်းများစွာ ကြာပြီပဲ။ တိုင်းပြည်အတွက် ဆောင်ရွက်နေတာ။ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတာ။ အထူးသဖြင့် အမျိုးသမီးရေးရာတွေ မဟုတ်တော့ဘူး ပေါ့ဗျာ။ တိုင်းပြည်တပြည်လုံးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာလည်း အတူတူ ဆောင်ရွက်ခဲ့တာ။ ကျနော် သိပ်ပြီးတော့ စိတ်မကောင်း ဖြစ်သွားပါတယ်" ဟု မဇ္ဈိမသို့ပြောသည်။ လူထု ဒေါ်အမာသည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာကြီး ဒဂုံတာရာတို့နှင့် ခေတ်ပြိုင် ဖြစ်သည်။ ၁၉၁၅ နိုဝင်ဘာ (၂၉) တွင် မန္တလေးမြို့တွင် အဖ ဦးထင်၊ အမိ ဒေါ်စုတို့မှ မွေးဖွားပြီး ၁၉၃ဝ တဝိုက်တွင် တက္ကသိုလ်ကျောင်းသားများ၏ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွင် သပိတ်မှောက် ကျောင်းသူအမာ ဖြစ်လာသည်။ ၁၉၃၉ တွင် ကြီးပွားရေး ဦးလှနှင့် လက်ထပ်ပြီး ၁၉၄၅ တွင် လူထုဂျာနယ် ထုတ်ဝေသောအခါ လက်ထောက်အယ်ဒီတာ၊ ၁၉၄၆ လူထုသတင်းစာကို ထုတ်ဝေသောအခါ အယ်ဒီတာအဖွဲ့ဝင် ဖြစ်လာသည်။ ၁၉၄၉ တွင် လူထုသတင်းစာနှင့် ကြီးပွားရေး ပုံနှိပ်စက်များ တည်ရှိရာ အဆောက်အအုံကို ဒိုင်းနမိုက်နှင့် ဖောက်ခွဲခံရသည်။ ၁၉၅ဝ အလွန်ကာလများတွင် သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော မြန်မာပြည် ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ဆောင်ရွက်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ခင်ပွန်းဖြစ်သူ လူထုဦးလှ ဖမ်းဆီးခံရသည့် နောက်ပိုင်းတွင် လူထုသတင်းစာ ခေါင်းကြီးများကို တာဝန်ခံ ရေးသားခဲ့သည်။ ၁၉၅၉ မှ ၁၉၆ဝ အတွင်းလူထု သတင်းစာတိုက် အပိတ်ခံခဲ့ရသလို ၁၉၇၈ တွင် လူထုဦးလှ၊ သား ကိုငြိမ်ချမ်း (ညီပုလေး) တို့နှင့်အတူ တနှစ်ကျော်ကြာ ဖမ်းဆီးခံခဲ့ရသည်။ ဒေါ်အမာသည် ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဒေါက်တာသန်းထွန်း၊လူထုစိန်ဝင်း အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရဆဲ ဟံသာဝတီ သတင်းစာ ဆရာကြီး ဦးဝင်းတင်တို့နှင့် ပုဂ္ဂိုလ်ရေးရင်းနှီးသည်။ ပြီးခဲ့သည် မတ်လတွင် ကျရောက်သော ဦးဝင်းတင်၏မွေးနေ့တွင် ဒေါ်အမာက သားသဖွယ် ချစ်ခင်သော ဦးဝင်းတင်ကို သူမသေခင် မြင်သွားရမည်ဟု မျှော်လင့်သည်ဟု မဇ္ဈိမသို့ ပြောကြားခဲ့သေးသည်။ နှစ်စဉ် နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ကျရောက်သော ဒေါ်အမာ၏ မွေးနေ့ပွဲကို မန္တလေးမြို့ တောင်လေးလုံး ကျောင်းတိုက်တွင် နှစ်စဉ် ကျင်းပလေ့ရှိပြီး တနိုင်ငံလုံးမှ ဝါရင့်စာနယ်ဇင်းသမားများ တက်ရောက်လေ့ ရှိသည်။ အဆိုပါ မွေးနေ့အခမ်းအနားသည် ဝါရင့်သတင်းစာဆရာများအပြင် ဒီမိုကရေစီ ဘက်တော်သားများ အစုံအညီ တက်ရောက်လေ့ ရှိသဖြင့် အာဏာပိုင်းများက တားမြစ်ခဲ့သည့် အကြိမ်များလည်း ရှိခဲ့သည်။
|
Mar 17, 2008
မြန်မာ့ကိုယ်ပိုင်သံစဉ် ခရောင်းလမ်းထက်မှကြွေလွင့်သူ



ကျနော် သိသလောက် မြန်မာ့ကိုယ်ပိုင်သံစဉ် သူရဲကောင်းတွေဟာ ကဒ် စနစ် ကနေ စတူဒီယိုခေတ်ဦး ၊အဲဒီကနေဒီကနေ့ထိ သူများသီချင်းကို ကူးဆို၊ကူးရေး ကြတဲ့သူတွေလောက်တောင် ထိုက်တန်တဲ့ နေရာမရခဲ့ကြပါဘူး။အဲဒါ မင်းနဲ့ဘာဆိုင်လဲမေးရင်တော့
နိုင်ငံနဲ့ ချီပြီး၊ တမျိုးသားလုံးနဲ့ချီပြီး ရှက်ရွှံ့စရာကောင်းလှတဲ့အဖြစ်ပါ ။ကျနော်တစ်ယောက်ထဲ ဆိုင်တာမဟုတ်ပါဘူးလို့ပဲ ပြောရမှာပေါ့ ။အခုဆို အင်မတန်ရှားပါးတဲ့ ကိုယ်ပိုင်သံစဉ် သူရဲကောင်းတွေ တစ်ယောက်ပြီး တစ်ယောက် ကြွေလွင့်နေကြတယ်။........ဒိုးလုံး...၊အယ်လ်ဖြူ....၊ထူးအိမ်သင်.....၊...အခု...စိုင်းထီးဆိုင်....။ကဲ လက်တစ်ဆုပ်စာတောင် မရှိတဲ့ကိုယ်ပိုင်သံစဉ်သမားတွေ တဖြုတ်ဖြုတ် ကြွေနေလိုက်ကြတာ။မြန်မာပြည်နဲ့ သူရဲကောင်းတွေနဲ့ မထိုက်တန်ဘူးထင်ရဲ့။
Link
Nov 5, 2007
Nov 2, 2007
Khaleej Times Online - Myanmar Internet access severely limited
(AFP)
2 November 2007
YANGON - Internet connections in Myanmar have been severely limited, with online users restricted from accessing international websites for more than 24 hours, a government telecoms official said Friday.
The apparent cut came shortly before the arrival of UN envoy Ibrahim Gambari, who will be in Myanmar Saturday to again press the country’s rulers for reform after a violent crackdown on anti-government protests in late September left 13 people dead.
‘Internet users can open only local sites and local mail. For overseas sites and mail, the Internet has been down since 8:00 am Thursday,’ said an official from the state-owned telecoms provider Myanmar Teleport.
‘It happened because the gateway is down. We don’t know yet when it will be back up,’ the official told AFP without elaborating.
Myanmar dissident websites and blogs have been particularly active in the lead-up to Gambari’s visit, condemning the junta for its suppression of demonstrators and urging the international community to ramp up pressure on the regime.
‘Since the world witnessed the brutality of the military, the reputation of the junta has suffered an irreparable damage, especially at home, and also abroad,’ said a commentary posted Friday on the anti-junta website Mizzima News.
‘Even though the soldiers are still present the people of Burma do not run away to other countries ... They are outgunned for the moment but every indication is pointing to their determination to remain defiant,’ it said.
Dissident websites are also frequently the quickest means of relaying information from within the isolated country.
They were a key source of news on a march on Wednesday by Buddhist monks in central Myanmar, the first such demonstration since the September crackdown.
‘We have lost our Internet connection completely and have to rely on the fax machine to make contact with the outside world,’ said one tour company operator who did not want to be named.
Internet cafe staff also confirmed that their web connections had been drastically reduced.
‘The Internet has been down since (Thursday). We have only limited access and have to ask customers to come back again and again,’ one cafe worker said.
At the height of the unrest in September, Myanmar’s Internet connections were cut as the military regime tried to stop the flow of news and images of its suppression of mass protests.
Paris-based media rights group Reporters Without Borders at the time condemned Myanmar as a ‘paradise for censors’ and listed the country as one of the world’s most restrictive for press freedoms.
In early October following the interruption of Internet services, UN telecommunications agency chief Hamadoun Toure said in Geneva that no government had the right to cut their citizens off from the Internet.

