Search This Blog
Showing posts with label
ကဗျာ၊ ဖြန့်ဝေခြင်း
.
Show all posts
Showing posts with label
ကဗျာ၊ ဖြန့်ဝေခြင်း
.
Show all posts
Oct 16, 2007
ပိုင်ရှင်မဲ့..ပန်းရောင်ဖိနပ်လေးတရံ ပေါ်ကသွေးစက်များ..
ဒီနေ့  စက်တင်ဘာ ၂ရ ရက်.၂၀၀ရ.
သမီးလေးရဲ့..၄နှစ်မြောက်မွေးနေ့ ..
ကျမမမေ့မပျောက်..ဈေးအပြန်ဝယ်ခဲ့
သမီးအတွက်..မွေးနေ့ လက်ဆောင်..
ချစ်သမီးလေးပျော်သွားအောင်
လှပတဲ့ ဖိနပ်လေးက..ပန်းရောင်
ဆွမ်းချက်ပြီးသော်ငြား..ဦးဇင်းကဒီနေ့ မကြွ
ကံဆောင်တဲ့သပိတ်ပွဲ.ဘုန်းဘုန်း.နွှဲနေဆဲဘဲ
ဘုရားဆွမ်းတော်နဲ့ သစ်သီး. ပန်းနဲ့ ဆီမီး..
ချစ်မငြီးတဲ့ သမီးရဲ့..
အသက်ရှည်ရာ. အနာမဲ့ကြောင်း ဆုတောင်းနေဆဲ.
ဘုရားပေါ်မှာညောင်ရေလောင်းချင်ပါသတဲ့
ပူဆာတဲ့သမီးကို..
သူ့ အဖေက..အလိုလိုက်..မောင်.ခေါ်သွားလိုက်မယ်..
ခဏဘဲ..ပြန်လာမယ်..သိပ်မကြာတဲ့
တာ့တာ့ ပြ နှုတ်ဆက်..
ခုထိ..ကျမမျက်စိထဲက မထွက်..
အသစ်စက်စက်ဖိနပ်လေးကပန်းရောင်.
သမီးလေးကပြုံးယောင်ယောင်..
အချိန်များသိပ်မကြာခင်..
မိုးလုံးခွင်းခဲ့သေနတ်ပစ်ချက်..
ဘာများဖြစ်လည်းစိုးထိတ်.ကျမ အသည်းထိတ်နေ..
ပြန်မလာသေးတဲ့သူတို့ သားအဖတတွေ..
ကြောင့်ကျ ပူပင်စိတ်နဲ့ ..ကျမရှာခဲ့.
ပြေးလွှားနေတဲ့ လူအုပ်ထဲ
သွေးစက်များနဲ့ ခန္ဓာတချို့ 
အမဲဖမ်း ဒိုင်းကာများနဲ့စစ်သား..
မျက်ရည်ယို..မီးခိုးငွေ့ က မွှန်ထူထူ..
ဘယ်ဆီမှာလဲ..ကျမချစ်ရတဲ့သူ..
ကာရံထားတဲ့ သံစည်းကြိုးများ..
အနီရောင်လည်စီးနဲ့ အသေခံကွန်မင်ဒိုများ
ပြည်သူကြွေးတဲ့ထမင်းစား..ပြည်သူ့ အားပြန်သတ်
လမ်းမထက်ကပြန့်ကြဲနေဆဲ ဖိနပ်ပုံ..
မိစ္ဆာများရဲ့ ရက်စက်မှု နိမိတ်ပုံ။
ကျမရင်တွေ ခုန်ပါပေါ့..
မောင်ဝတ်နေကျ..ကတ္တီပါဖိနပ်ကသဲကြိုးပြတ်လျှက်..
မှောက်ရက်.ပက်လက်လန်နေတဲ့
ဖိနပ်ပန်းရောင်သေးသေးလေးကအသစ်စက်စက်
သဲကြိုးပေါ်ကမခြောက်သေးတဲ့..သွေးစက်.
ကျမ.ဘ၀ပျက်ခဲ့ပြီ.
သူတို့ ဘယ်ဆီရောက်..စုတ်စမြုတ်စပျောက်
ဆေးရုံမရောက်.အလောင်းပျောက်..
မြစ်ရေကြောထဲဘဲမြောနေမလား..
အရှင်လတ်လတ်..မီးရှို့ ဘဲသတ်လိုက်သလား..
ဘာမှမသိသေးတဲ့..ခလေးရဲ့အသက် ၄ နှစ်
အော်..လူတောင်မဖြစ်သေးခင်။
ရွှေမြန်မာမြေပေါ်ကပြည်သူများဘ၀.
ဘာမှ အာမခံချက်မရ..
စည်းစိမ်ဥစ္စာ..မင်းဘဏ္ဍာသိမ်းရစ်..
စိတ်ဝိညာဉ်..စဉ်းစားပိုင်ခွင့်မရှိ.
အသက်ခန္ဓာ..တည်မြဲနိုင်ခွင့်မရှိ
အသိဥာဏ်..ထုတ်ဖေါ်နိုင်ခွင့်မရှိ
ပါးစပ်ပါ..ပြောရေးဆိုခွင့်မရှိ..
မျက်စိပါ.အမှန်တရားကြည့်နိုင်ခွင့်မရှိ
လက်တွေပါ..မှန်ရာရေးနိုင်ခွင့်..နတ္ထိ.
မရှိ ..မရှိ. .ပြည်သူတွေမှာ..ဘာမှမရှိ.
အခုလေ..ကျမ သမီးနဲ့လင်ပျောက်တဲ့မုဆိုးမ..
တမြေ့မြေ့ဘ၀..ရင်ကွဲနာကျ။
ဒို့ ဘိုးဘွားအမွေ..စစ်တပ်ကဘဲခေါင်းပုံဖြတ်နေ
ပြည်သူတွေက.. ၀မ်းဟောင်းလောင်း။
ရှိသမျှပြည်ထွက်သယံဇာတ..
ပြည်သူအတွက် မစားကြရ..
ပေါချောင်ကောင်းနဲ့ နိုင်ငံခြားဈေးကွက်ဘဲထွက်
လူထုကတော့ ငတ်လျှက်..
သစ်တောပြုန်းပျက်..ရာသီပြောင်းခဲ့
ရန်သူမျိုး ငါးပါးရဲ့…မင်း..
ပြည်သူတွေနဲ့ စစ်ခင်း..
လူတွေ စာမတတ်ကြမှ..ဒို့ တတွေအသာရ..
လူတွေ ထမင်းငတ်ကြမှ..ဒို့ ခြေထောက်လာဖက်ကြ..
ဒို့ ဘာလုပ်လုပ်..အဟုတ်ကြီးထင်
သာသနာတော်အမြစ်ပြုတ်ချင်
သံဃာတွေ..မျိုးဖြုတ်ဖို့ စီစဉ်
ပြည်သူ့ အလှူတော်ကို..အမျက်ကြီး
ဘုန်းကြီးကျောင်းများကိုဖျက်ဆီး.
ဘုရားပေါ်ကရွှေကို ခိုး
သံလျှက်တော်ပျောက်နေတဲ့ ဘုရင်သူခိုး
ဗြိတိသျ ခေတ်ထက်ဆိုး
ဆရာတော် ဦးဝိစာရကမှ ကံကောင်းသေး
အခုတော့ရှိသမျှ ဘုန်းကြီး..အကုန်ဘေးသင့်နေ
ပြေးနိုင်မှလွတ်ကြတော့မဲ့..ဗမာမြေ။
ပြင်သင့်ကြပြီ..ဒို့ အနာဂတ်သို့ မျှော်ရည် ။
သတ္တိမွေးထားပါ ဒို့ ပြည်သူညီညီ.
လွတ်လပ်စေချင်သည်..အမိ ဗမာပြည်.
ဒို့ အားလုံးသမိုင်းပေး..တာဝန်ဖြစ်သည်။
အားလုံးညီညီ.အာဏာရှင်ကိုတော်လှန်ရမည်။
မသဒ္ဓါ (၁၀။၁၀။၂၀၀ရ)
Older Posts
Home
Subscribe to:
Posts (Atom)