Search This Blog
Sep 27, 2008
Aug 12, 2008
2050 freestyle on VeohTV & MM Hip-Hop flow
ဘာမှ ပြောဖို့မရှိပါဘူး ။အလည်ထွက်ရင်း တွေ့တာတွေတင်လိုက်တာပါ ။ စီးဆင်းနေတဲ့ကမ္ဘာကြီးနဲ့ ပခုံးချင်းယှဉ်လျက်ရှိနေဆဲ ပြည်တွင်းက လူငယ်တွေလေ ။လုပ်လို့ရတဲ့အတိုင်းအတာ ထဲက သူတို့ကမ္ဘာကြီးနဲ့အတူစီးဆင်းနေကြတာ ။ လိုအပ်ရင်တော့ မှတ်ချက်ပေးခဲ့ပေါ့ ဗျာ။
Mar 17, 2008
မြန်မာ့ကိုယ်ပိုင်သံစဉ် ခရောင်းလမ်းထက်မှကြွေလွင့်သူ



ကျနော် သိသလောက် မြန်မာ့ကိုယ်ပိုင်သံစဉ် သူရဲကောင်းတွေဟာ ကဒ် စနစ် ကနေ စတူဒီယိုခေတ်ဦး ၊အဲဒီကနေဒီကနေ့ထိ သူများသီချင်းကို ကူးဆို၊ကူးရေး ကြတဲ့သူတွေလောက်တောင် ထိုက်တန်တဲ့ နေရာမရခဲ့ကြပါဘူး။အဲဒါ မင်းနဲ့ဘာဆိုင်လဲမေးရင်တော့
နိုင်ငံနဲ့ ချီပြီး၊ တမျိုးသားလုံးနဲ့ချီပြီး ရှက်ရွှံ့စရာကောင်းလှတဲ့အဖြစ်ပါ ။ကျနော်တစ်ယောက်ထဲ ဆိုင်တာမဟုတ်ပါဘူးလို့ပဲ ပြောရမှာပေါ့ ။အခုဆို အင်မတန်ရှားပါးတဲ့ ကိုယ်ပိုင်သံစဉ် သူရဲကောင်းတွေ တစ်ယောက်ပြီး တစ်ယောက် ကြွေလွင့်နေကြတယ်။........ဒိုးလုံး...၊အယ်လ်ဖြူ....၊ထူးအိမ်သင်.....၊...အခု...စိုင်းထီးဆိုင်....။ကဲ လက်တစ်ဆုပ်စာတောင် မရှိတဲ့ကိုယ်ပိုင်သံစဉ်သမားတွေ တဖြုတ်ဖြုတ် ကြွေနေလိုက်ကြတာ။မြန်မာပြည်နဲ့ သူရဲကောင်းတွေနဲ့ မထိုက်တန်ဘူးထင်ရဲ့။
Link
Oct 14, 2007
ကျနော် သဘောကျတဲ့ သီချင်းတစ်ပုဒ်
Sep 20, 2007
အာဏာရှင်အခက် အမျိုးသားရေးအချက်
ကဲ...ရောက်တုန်း ရောက်ခိုက် ...သီချင်းလေးနားသောတဆင်ဖို့ ဧည့်ခံပါရဲ့ဗျာ။ရှိပြီးသား ဆိုလည်း ဇာတိမာန် နိုးစေတာမို့ အကျိုးမယုတ်ပါဘူး ။ပြောချင်တာကတော့ဗျာ......
ကျနော် တလျောက်လုံး ဆော်ဩခဲ့တဲ့အတိုင်း စုစည်းညီညွတ်မှု အကြောင်းပါပဲ ။ကျနော့်ရဲ့ မသိမှုလားတော့ မပြောတတ်ဘူး။ကျနော့်အသိအမြင် ကျဉ်းမြောင်းနေတာ တွေ့မြင်ရင်လည်းပြောဆိုဆုံးမကြပါ ခင်ဗျ ။ပြည်ပမှာ ရှိနေကြတဲ့ မြန်မာ့ နိုင်ငံရေး အင်အားစုတွေ ၊လွတ်မြောက်နယ်မြေတွေအားလုံး စုစည်းဆွေးနွေးမှု ၊ညှို့နှိုင်းလုပ်ဆောင်မှုတွေ မတွေ့မြင်ရသးလို့ပါ ။ဒီလမ်းတစ်လမ်းတည်းကို ဖောက်နေကြတဲ့အင်အားစုတွေမို့ပါ။ လွတ်မြောက်နယ်မြေတွေအားလုံးရဲ့ စုရပ်တစ်ခုမှာ နိုင်ငံရေးပညာပေးခြင်း ၊ပါဝင်လှုပ်ရှားလိုသူတွေ ပါဝင်လှုပ်ရှားနိုင်ခွင့်၊စည်းရုံှးလှုံ့ဆော်မှုတွေ သာမန်ပြည်ပရောက်လူငယ်များနဲ့ နီးနီးကပ်ကပ် ထိတွေ့မှုရှိ သင့်တယ်လို့ မြင်မိတာကြာပါပြီ။ရေးဖို့ မချင့်မရဲ ဖြစ်နေလို့ပါ၊ကျနော်တို့လိုနိုင်ငံရေးလောကနဲ့ အလှမ်းဝေးနေပေမဲ့ စိတ်အားတက်ကြွပါဝင်လှုပ်ရှားလိုသူတွေ ပြည်ပမှာ အများအပြားရှိနေပါတယ် ။online ပေါ်မှာရော ၊online နဲ့ မထိတွေ့ဖြစ်သူတွေ ပါ မျိုးချစ်စိတ်ဓာတ် ပြင်းထန်သူတွေရှိနေမှာပါ ။သူတို့တွေရဲ့ အင်အားဟာ စုစည်းမှုမရှိပဲ ကျဲပြန့်နေပါတယ် ။ဒီအင်အားတွေ စုစည်းနိုင်ရင် အမျိုးသားရေးအတွက် အထောက်အပံ့ဖြစ်စေတဲ့ အားတစ်ရပ်တိုးလာမယ်လို့ ယုံကြည်ပါတယ်။
နောက်တစ်ချက်ကတော့ပြည်တွင်းက လှုပ်ရှားနေကြတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေအတွက် ငွေကြေးအားဖြင့် ပံ့ပိုးလှူးဒါန်းကူညီမှုအကြောင်းပါ ။ဒီကိစ္စကတော့ လျို့ဝှက်လုပ်ဆောင် သင့်တဲ့အကြောင်းအရာမို့ ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့မကောင်းတာ အမှန်ပါပဲ ။နအဖရဲ့ နောက်လိုက်ခွေးတွေရဲ့ နှောင့်ယှက်ဖျက်စီးမဲ့ရန်ကို စိုးရိမ်ရပါတယ် ။ဒါပေမဲ့ ဒီလိုကူညီဖို့နည်းလမ်းကိုလည်း နိုင်ငံရေးလောကနဲ့ မနီးစပ်သူ ပြည်ပရောက်လူငယ်တွေ စုံစမ်းရှာကြံနေကြပါတယ်။ကျနော်က ပြည်ပရောက်နေတယ်ဆိုပေမဲ့ မြန်မာအများစုနေထိုင်ရာ အရပ်ဒေသနဲ့ ဝေးကွာနေတာလည်းပါ ပါတယ် ။ဘယ်လိုနည်းလမ်းက ထိရောက်ပီပြင်မှုရှိသလဲ ဆိုတာ သိရှိတဲ့ညီအကို မောင်နှမများက လမ်းညွန်ကြပါရန် လေးစားစွာ တောင်းဆိုရင်း ကျနော့် အတွေးအမြင်ကို အဆုံးသတ်ပါရစေ။ ကျနော့် လိပ်စာက
nwayhlaingthone@gmail.comပါ။


