Search This Blog

Jul 24, 2007

အိမ်ပြန်မရောက်တော့တဲ့ကျနော်


တိတ်တဆိတ်စီးဆင်းလိုပေမဲ့ အကွေ့အကောက်အနိမ့်အမြင့်တွေနဲ့


လမ်းခရီးက ကြမ်းတမ်းလှတယ်။.....


မနက်ခင်းတစ်ခု ရောက်လာတော့ ပွင့်လာတဲ့ မျက်လုံးတွေနဲ့အတူ ကပ်ပါလာတဲ့အတွေးပေါင်းစုံကို ခဏထား ...မိုးလင်းကာရှိသေးတယ်။ကောင်းရာကောင်းကြောင်းတွေး ဘုရားတရားလေးနဲ့ သတိကပ်စမ်း။ရေအိုးစင်က ရေတစ်ဖလားကို အသက်အောင့် ပြီး မော့သောက်လိုက်တယ်။(အဲဒါ ဂျပန်တွေရဲ့ ကျန်းမာရေးအတွက် လျှို့ဝှက်ဆေးနည်း ဆိုလားပဲ။ ) မျက်နှာသစ်ရေချိုးပြီး အ၀တ်အစားပြောင်း၊ နည်းနည်းဟောင်းနေပေမဲ့ မဆိုးပါဘူး။ ဒီနေ့ သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်။ထုံးစံအတိုင်း မြန်မာပြည်ရဲ့ လ္ဖက်ရည်ယဉ်ကျေးမှုအရ ဆိုင်တစ် ဆိုင်မှာ စုကြတယ်။ ပြောကြ ဆိုကြရင်း အစီအစဉ်တစ်ခု ရလာရဲ့။ အဲဒီနေ့ ကတည်းက ကျနော်ပျောက်ဆုံးသွားတော့တယ်။

မနက်ဖြန်တွေ မနေ့ လို့ ဖြစ်သွားတော့လည်း

အချစ်က အချစ် မဖြစ်နိုင်တော့ဘူးပေါ့လေ...




ငါ့လမ်းကို ငါလျောက်နေတာ ဘာလို့တခြားလမ်းတွေထဲရောက်သွားရတာလဲ???။ရည်ရွယ်ချက် မခိုင်မာတာလား။ငါ့လမ်းရှိတယ် လို့ထင်နေခဲ့တာလား။အားကိုးရှာတာလား။ပေါပေါသွမ်းသွမ်း ဖြစ်နေခဲ့ တယ်ဆိုရင် အချိန်တွေ နှမြောစရာ....။ဘ၀ဟာ ဘယ်လောက်ကြာလဲ။ အသက်ရှူရတာ ပင်ပန်းလိုက်တာနော်။ငါဘယ်သူ့ ကိုမှီရရင်ကောင်းမလဲဆိုတာ လိုက်ရှာလိုက်ပါဦးမယ်လေ။သူ့ကို အသက်ပါ အဌားရှူခိုင်းရမယ်။အတုံ့အလှည့် မမျှော်လင့်ပါဘူးကွယ်။ ဘယ်ပခုံးပေါ်မှာ မှေးစက်နေနေ ငါဆိုတဲ့ ကောင်ဟာ ဘ၀ရပ်တည်ရာ အတွေးအခေါ် ခံယူချက် မဲ့သူမှ မဟုတ်တာ။ခေတ်အခါက အပြစ်အနာအဆာတွေများလှတယ်။ဒီလိုနဲ့ပဲ အချစ်ရေ......တို့တွေ ဝေးဝေးနေကြရတာပဲ ကောင်းပါတယ်။




ဒါဟာထွက်ပေါက်လား....။

မှားသွားမယ်xxx

ဒါဟာ လောကငရဲကို သွားရာလမ်းကွဲ့---။



ရာသီဥတုက မကောင်းဘူးလေ။တခါတလေလည်း ဒီလိုပါပဲ...ကွန်နက်ရှင်က အင်တာနက် သုံးရတာအဆင်မပြေပါဘူးဗျာ။ဒီလိုနဲ့ ချိန်းထားတဲ့ အချိန်တွေ ခဏခဏ လွဲလွဲနေတော့ ကျနော်ရဲ့ (၂၇)ယောက်မြောက် အွန်လိုင်းကချစ်ကြူလေး နဲ့ ပြတ်ဆဲ ပါလေရော။တော်သေးတာပေါ့ နောက်(၅) ယောက်ကျန်သေးလို့ ။ဒီလိုပဲ စိတ်ညစ်ညစ်နဲ့ ၀ီစကီသောက်( တမျိုးမထင်ပါနဲ့ ၀ီစကီမှာ ပါဝင်တဲ့ တဆေးတစ်မျိုးဟာ နှလုံးရောဂါ ပျောက်တယ်ဆိုလို့ပါ)၊ ဟော်တယ်ပေါ်အရောက်သွားပြီး ကလိုက်တယ်။ သီးနှံထွက်နုန်းက ညံ့လာတော့ လယ်ယာလုပ်ငန်းမှာလုပ်နေရတဲ့ ကျုပ်တို့တွေအတွက် လက်ခလုပ်ခနဲ့ စားသောက်လို့မရပေဘူးဗျ။အဲဒီတော့ ကြုံရာကျရာ ရှိတဲ့အလုပ် လိုက်ရှာ လုပ်ရတာပေါ့ဗျာ။အင်း....အသားကျနေတဲ့ ငတ်မသေရုံတမယ် စားသောက်ရတာပ။ကျန်တာ ဘာမှ မသိမြင်နိုင်ဘူးဗျို။ ကျုပ်တို့အတွက်တော့ ဒီဘ၀မှာ ဒါမျိုးတွေက မထူးဆန်းတော့ပါဘူး။အဲဒီနေရာမှာ ကျနော် အိပ်စက်ခဲ့တယ်။



ဇာတ်ခုံပေါ်မှာ အလိုကျ က ပြဖို့

ရုပ်သေးတော့ မဖြစ်လို။



အိမ်က ထွက်လာပြီးနောက် ကျောင်းတစ်ကျောင်းကို ရောက်ခဲ့ပါသေးတယ်။၉၁ဌာန အုပ်ချုပ်ရေးလို တနယ်စီခွဲပြီးကျောင်းတွေ ဗွက်ပေါက်အောင်ဖွင်.၊ မတူခွဲခြားတဲ့ ကျောင်းသားများရဲ့ အခွင့်အရေး၊လုပ်ပိုင်ခွင့်တွေ ၊အရေးယူမှုတွေ တွေ့ ကြုံခဲ့တယ်။ကျောင်းသားများရဲ့ ရပိုင်ခွင့် ၊လုပ်ပိုင်ခွင့် တွေဟာ တနေ့ တခြား ကန့်သတ်၊ထိန်းချုပ်တားမြစ်မှုတွေသာ တိုးမြင့်လာရဲ့ ။အဲဒီနေရာမှာ ကျနော် ဆိုတဲ့ ဗုံးတစ်လုံးကို ကျယ်ကျယ်လောင်လောင် ဖောက်ခွဲပြီး အသက်ရှူလို့ မ၀တာနဲ့ ကြာကြာမနေပဲ လက်ဗလာနဲ့ လှည့် ပြန်ခဲ့တယ်။ခင်မင်ကြတဲ့ သူငယ်ချင်းတွေကိုတော့ အားနာပါရဲ့ ။အိမ်မှာ အမေက မျှော်နေမှာလေ။လူမိုက်လို့ လည်း ဝေဖန်ကြပစေ ကျနော့် ယုံကြည်ချက်ခိုင်မာခဲ့ ပြီ အမေ။ယုံကြည်ချက်ရဲ့ လမ်းပြတဲ့ အလင်း အတိုင်းသာ လျှောက်ပရစေတော့ ......။ခွင့် ပြုပါ အမေ။

နျူးကလီးယားအိမ်မက်နဲ့ ချောက်နက်ထဲက ကဗျာ

နာရေးကြော်ငြာမှာ မျိုးဆက်ဆိုတာပါသလား...???

မနက်ဖြန်မှာ စိန်ခေါ်ပွဲ ရှိတယ်။လောကဓံနဲ့ ကျနော့် ကောင်မလေး ကြိုးဝိုင်းထဲမှာ တွေ့ ကြမယ်။ ကျနော်ကို စိန်ခေါ်ထားတဲ့ ပွဲစဉ်တွေ ခဏနားရင် သူ့ ပွဲကို သွားကြည့် ဖြစ်မယ်။ ပွဲကြည့် ပရိသတ်တစ်ဦးပဲ ဖြစ်ခွင့် ရှိတယ်။သူ့ အစား ၀င်ယှဉ်ပြိုင်ပေးလို့မှ မရတာပဲ။ကို့ယ် အရှုပ်ကိုယ် ရှင်းကြရကြေးလေ။လောကကြီးကတော့ ဘယ်သူ့ ကိုမှ မျက်နှာသာ မပေးဘူး။ ခေတ်တစ်ခေတ်က ခင်ဗျားရဲ့ ပခုံးပေါ်တင်ထားတဲ့ ထမ်းပိုးစရာတာဝန်ကို ဘယ်လိုများ သယ်ပိုးမလဲဗျာ။အသက်(၄၀)ရောက်ရင် မူကြိုကျောင်းတက်မယ်လို့ ဂျက်လန်ဒန်က မပြောခဲ့ပါ။မနက်ဖြန် ကျနော် ခရီးဆက်ရပါဦးမည်။ကိုယ့်ကိုယ်ကို ၀ှက်မထားပဲ ရှင်ဖို့ နေမလား ။နေဖို့ ရှင်မလား ....ဆိုတာ ခင်ဗျားလည်း ပြန် သုံးသပ်သင့် တဲ့ မေးခွန်းပါ ။ ။





No comments:

Post a Comment

ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။