Search This Blog

Showing posts with label အတွေးအမြင်တချို့. Show all posts
Showing posts with label အတွေးအမြင်တချို့. Show all posts

Jan 19, 2009

ဝှက်ဖဲများနဲ့ တိုက်ခိုက်ခံရသည့် Underground Hip-Hop



The New Era Journal: "19 January 2009

ဂျောက်ဂျက် ၀န်ခံကတိထိုးရ ဆင်ဆာမဲ့ခွေနှင့် မပတ်သက်ဟု ပြော
NEJ/ ၁၉ ဇန်န၀ါရီ ၂၀၀၉
line


Bi Weekly Eleven ဂျာနယ်က ရေးသားသည့်သတင်းကြောင့် ဟစ်ဟော့အဆိုရှင် ဂျောက်ဂျက်အား စာပေစိစစ်ရေးနှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ခေါ်ယူ၍ ခံဝန်ကတိလက်မှတ်ထိုးခိုင်းကြောင်း ဟစ်ဟော့သတင်းရပ်ကွက်က သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ (၁၅) ရက် ဈေးကွက်တွင်း ဖြန့်ချိခဲ့သော အဆိုပါဂျာနယ်တွင် “မြန်မာ့ယဉ်ကျေးမှု အစဉ်အလာနှင့် လူနေမှုစနစ်အား ထိခိုက်နိုင်သော ဆင်ဆာမဲ့ မြန်မာသီချင်း ညစ်ညမ်းခွေများ သိန်းနဲ့ချီထိ ပျံ့နှံ့လျက်ရှိ၊ နာမည်ရလူငယ်အဆိုတော်အချို့နှင့် တီးဝိုင်းအချို့ ပတ်သက်မှုရှိ၊ ဖန်တီးသူ ထုတ်လုပ်သူ၊ ဖြန့်ချိသူနှင့် လက်ဝယ်ထားရှိသူ မည်သူမဆို ဆင်ဆာဥပဒေ၊ ညစ်ညမ်းဥပဒေနှင့် အရေးယူခံရနိုင်” ခေါင်းစဉ်ဖြင့် ရေးသားထားခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ကာယကံရှင် ဂျောက်ဂျက်အား ဆက်သွယ်မေးမြန်းရာ ၀န်ခံကတိ ထိုးရသည်မှာ ဟုတ်မှန်ကြောင်း၊ သို့သော် အဆိုပါသတင်းတွင် ပါသော ၎င်း၏သီချင်းများအား အခွေအဖြစ်ထုတ်၍ ရောင်းချသူမှာ မိမိနဲ့ မပတ်သက်ကြောင်း၊ လောလောဆယ် သီချင်းခွေထုတ်ခြင်းကို ရပ်ထားရကြောင်း ပြောသည်။

စာပေစိစစ်ရေး၏ ၀န်ထမ်းတဦးက “ကျမတို့ စာပေစိစစ်ရေးရုံးကတော့ ဂျောက်ဂျက်နဲ့ ပတ်သက်တဲ့ အင်တာဗျူး၊ သတင်း၊ ဆောင်းပါးတွေကို ရပ်ဆိုင်းထားဖို့ ညွှန်ကြားထားတယ်” ဟု ဆိုသည်။

ဟစ်ဟော့ နှစ်သက်သူ လူငယ်တဦးက “ဝေဖန်ရေးလုပ်တယ်ဆိုတာ ဝေဖန်မယ့် Subject ကို နားလည်မှ ဝေဖန်သင့်တယ်။ နိုင်ငံတကာမှာ ဟစ်ဟော့တွေရဲ့ သီဆိုမှုဟာ မကျေနပ်တာတွေ၊ စိတ်ထဲရှိတာတွေကို ပေါက်ကွဲတာပဲ။ အာဖရိကက လူမည်းတွေဆီကတဆင့် ဒီ ဟစ်ဟော့ဂီတဆိုတာ စီးဝင်လာခဲ့တာ လူသားတွေကြားကို၊ ဒါ တော်လှန်ရေးဂီတပဲ။ ဂျောက်ဂျက်သီဆိုတဲ့ ဟစ်ဟော့မှာ ညစ်ညမ်းတာပါတယ်၊ ဟုတ်တယ်၊ ဒါ သူ့အသိုင်းအ၀န်းနဲ့ နီးစပ်တဲ့ အရာတွေထဲက သူရထားတဲ့ အတွေ့အကြုံပဲ။ ဘာပဲဖြစ်ဖြစ် ဒီလို သီဆိုမှုတွေကို ဂျောက်ဂျက် တကောင်တည်း ဆိုတာမဟုတ်ဘူး။ မြန်မာ Underground သီဆိုခဲ့သူတွေ၊ ခု နာမည်ရနေတဲ့ ကောင်တွေလည်း လုပ်ခဲ့တယ်။ ဂျောက်ဂျက်က အခုမှ အဆိုတော်တောင် မဖြစ်သေးဘူးဗျာ၊ ဒီကောင့်တယောက်တည်းကို ပစ်မှတ်ထားသလိုဖြစ်နေတဲ့အတွက်တော့ ကျနော် စိတ်မကောင်းဘူး” ဟု ပြောသည်။

ဟစ်ဟော့ တေးသံရှင်များစွာရှိသည့်အနက် ဂျောက်ဂျက်အား လူငယ်အများ နှစ်သက်ကြကြောင်း၊ ဟစ်ဟော့နှစ်သက်သည့် လူငယ်များ၏ ပြောဆိုမှုကို ကိုးကား၍ သိရသည်။

ဂျောက်ဂျက်သည် ဟစ်ဟော့လောကထဲသို့ ၂၀၀၄ ခုနှစ်က စတင်ရောက်ရှိလာကာ Underground အခွေများ ဝေပြီးချိန်မှစ၍ နာမည်ရလာပြီး VIP အဖွဲ့တွင် Ah.Boy၊ ထိန်ဝင်း၊ ကျော်ထွဋ်ဆွေတို့နဲ့အတူ သီဆိုသူတဦးဖြစ်သည်။

Rock Star အဖြစ် ပြောင်းလဲလိုက်ကာ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ အကုန်တွင် တေးစီးရီးထွက်ရန် ရှိကြောင်း၊ ယခု အဆိုပါ တေးစီးရီး ထွက်လာနိုင်တော့မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

ဂျောက်ဂျက်၏အမည်ရင်းမှာ ဇင်မင်းလွင်ဖြစ်ပြီး အသက် (၂၂) နှစ်ခန့်သာရှိကာ တရုတ်-ဗမာ ကပြား လူမျိုးဖြစ်သည်။ ရန်ကုန် ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူဖြစ်သည်ဟု ရုပ်ရှင်အမြုတေမဂ္ဂဇင်းအရ သိရသည်။





ကျနော်ဒီသတင်းကြားကတည်းက ရေးဖို့စိတ်ကူးရှိပေမဲ့ အခြေအနေအရ မရေးနိုင်ခဲ့ပါဘူး ။ဒီနေ့တော့ အချိန်လေးရလာတာရယ်၊ သူ့ကိစ္စကို သတင်းတွေမှာပါ တော်တော်ပျံ့နှံ့လာတော့ ကျနော့်ကိုယ်ပိုင်အမြင်ပါရေးဖို့စိတ်ကူးရလာလို့ရေးဖြစ်တာပါ ။
အခုလက်ရှိမြန်မာပြည် ဂီတလောကအခြေအနေဟာ ပျက်စီးနေပြီလို့ပြောလို့ရပါတယ် ။ထုတ်လုပ်သူတွေ ဘယ်လိုမှ နလန်မထူနိုင်အောင် ခိုးကူးတွေက တားမရဆီးမရ မှိုလိုပေါနေတာပါပဲ ။ဒါကလည်း ပရိသတ်ရဲ့ အနေအထားတစ်ခုပါ ။အနုပညာကို မြတ်နိုးတန်ဖိုးထားတဲ့သူတွေရဲ့ ၀င်ငွေအဆင့်အတန်းပါပဲ ။ တရားဝင်ခွေတစ်ခွေထွက်ဖို့ကလည်း ကုန်ကျစရိတ်ကြီးတာ အားလုံးအသိပါ ။အခုကိစ္စက ဂျောက်ဂျက်ရဲ့သီချင်းတွေပျံ့နှံ့ပုံမှာ Online ကပြန့်တာနဲ့ခိုးကူးအရောင်းသမားတွေဖြန့်တာ.. ဒီ၂ ခုပါပဲ ။Online က ရတာကတော့ ပြည်တွင်းထက် ပြည်ပမှာ ပျံ့နှံ့အားပိုများမှာပါ ။ဒီကို သူတို့ဘယ်လိုမှ ခန့်မှန်းလို့မရသလို ပြည်ပရောက်နေသူတွေကလည်း အရွယ်ရောက်ပြီးသူတွေများတာမို့ ဒီကိစ္စက ဝေဖန်ရေးသားသူ သိမြင်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး ။ပြည်တွင်းမှာ လူငယ်တွေကြား ရေပန်းစားနေတာလည်း ကလည်း လူငယ်တွေ ခံစားချက်နဲ့တိုက်ဆိုင်နေလို့ပါ ။မဟုတ်ရင် သူဒီလောက်ကြမ်းကြမ်းတမ်းတမ်းရွတ်နေတာ ခံစားချက်မရှိပဲနားထောင်လို့ရနိုင်စရာ အကြောင်းမရှိပါဘူး ။ဒီ သီချင်းတွေကြောင့်အရွယ်မရောက်သေးတဲ့ ကလေးတွေအတွက်စိုးရိမ်ပါတယ်ဆိုရင်တော့ ခိုးကူးလောကကြီး ပျက်စီးသွားအောင် လုပ်ကြပေတော့ ။ဂျောက်ဂျက်ရဲ့အခွေမှ မဟုတ်ပါဘူး ။ဟန်ထူးလွင်(ကျားပေါက်)ရဲ့ တရားမ၀င်အခွေလည်းထွက်တာပါပဲ ။သူလည်း စာသားကြမ်းတာပါတာပဲ ။ဂျောက်ဂျက်ရဲ့ အခွေတွေက ပိုပြီးပေါက်တယ် ။နောက်ပြီး သူသီချင်းထဲမှာ ကောင်းကောင်းကြီး ထောပနာပြုခံရတဲ့သူတွေက ကျေနပ်နိုင်စရာအကြောင်းမမြင်ပါဘူး ။သူ့သီချင်းထဲမှာ အောက်ခြေလွတ် မောက်မာနေတဲ့သူတွေ ၊ အနုပညာအတုလုပ်ပြီး ပရိသတ်ကို လိမ်စားနေတဲ့သူတွေ...ပါပါတယ် ။ အဲဒီလူတွေကပေါင်းပြီး ဒီခြိမ်းခြောက်သတင်းကိုပူးပေါင်းကြံစည်တာ မဟုတ်ပါဘူးလို့ ဘယ်သူပြောနိုင်လဲ ။အရွယ်မရောက်သေးတဲ့လူငယ်တွေ လမ်းမှားမှာစိုးရိမ်ရတယ်ဆိုတာမျိုး စကားကြီး စကားကျယ်သုံးတယ် ။ဒီလိုဆိုပြန်မေးစရာရှိပါတယ် ။သက်ဆိုင်ရာ လူကြီးမိဘတွေ၊ဆရာသမားတွေ ၊နိုင်ငံကိုချုပ်ကိုင်ထားတဲ့သူတွေက လူငယ်တွေရဲ့ အနာဂတ်ကို ဘယ်လိုလမ်းခင်းဖန်ဆင်းပေးထားပါသလဲ ။အရွယ်မရောက်တဲ့ကလေးတွေအတွက် တားမြစ်ချက်တွေကရော ဘယ်လောက်ပေါက်မြောက်ထိရောက်မှုရှိပါသလဲ ။ ဒီ တစ်ချက်ထဲနဲ့ ပွဲပြီးပါတယ် ။လူငယ်တွေ အနာဂတ်ပျောက်နေရတယ် ။သက်ဆိုင်ရာ ပညာရေးပြီးဆုံးသည့်တိုင် အလုပ်လက်မဲ့တွေဖြစ်နေရတယ် ။မိသားစုတွေ နားထောင်ဖို့မသင့် တာ မကြားဝံ့ မနာသာ တွေ ပါပါတယ် ။စာသားကြမ်းတာ ရိုင်းတာကို လက်ခံပါတယ် ။ဒါပေမဲ့ ဒါက လီဆယ်ပြီးမဟုတ်သုတ်ခတွေ ရေးတာ အော်တာလား ဆိုတာ KTV တွေ Night Club ၊ Massage တွေမှာ အဖိုးကြီးတွေ ကဲနေကြတာ ဘာကြောင့်တွေ့မြင်နေရသလဲ ။သူတို့တွေအားလုံးမှာ မိသားစုမရှိဘူးလား ။ရန်ကုန်မြို့လမ်းမတွေပေါ်ကကိစ္စတွေတော့ အသေးစိတ် မရေးလိုပါဘူး ။အလုပ်လုပ်ကိုင်နေတဲ့ လက်ရှိ မြန်မာမိန်းမပျိုလေးများရဲ့(အားလုံးကို မဆိုလိုပါ) အခြေအနေ အကျိုးအကြောင်း သေသေချာချာ သိချင်ရင်တော့ လမ်းမပေါ်မှာ ကွင်းဆင်းလေ့လာပါလို့ တိုက်တွန်းလိုပါတယ် ။မြန်မာ့ယဉ်ကျေးမှုကိုထိခိုက်စော်ကားတယ် ။ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ယဉ်ကျေးမှုတော်လှန်းရေးတစ်ခုထိတောင် ဖြစ်နိုင်ပါတယ် ။ယဉ်ကျေးမှုဝန်ကြီးဌာနကရော မြန်မာ့ယဉ်ကျေးမှုကို ခေတ်နဲ့အညီ အမှီလိုက် ဆန်းသစ်တီထွင်နိုင်ပါရဲ့လား ။ဘယ်သူမှ ဘာမှမစွမ်းဆောင်နိုင်ပဲ လူငယ်တွေ လမ်းသစ်ရှာပြီးသူတို့ရဲ့မွန်းကြပ်ပိတ်မှောင်နေတဲ့ လက်ရှိဘ၀အခြေအနေကို ကြမ်းကြမ်းတမ်းတမ်းဖောက်ခွဲတော့ ထောင်ချပါမယ်လုပ်တယ် ။လူကြီးက လမ်းပြတဲ့နေရာက ဒါလား လို့ပဲမေးစရာရှိပါတယ်။ နားထောင်တဲ့သူတိုင်းနားလည်ပါတယ် ။ဒီစာသားတွေ ကြမ်းတယ် ရိုင်းတယ် ဆိုတာ ။ဘာကြောင့်သူ့အခွေ ဒီလောက်အောင်မြင်သလဲ...ဘာကြောင့်လူငယ်တွေ သဘောကျသလဲ ဆိုတာကို ထည့်သွင်းစဉ်းစားရမှာပါ ။ဒီဂီတအမျိုးအစားရဲ့သမိုင်း နဲ့သဘောသဘာဝကိုလည်း ကောင်းကောင်းနားမလည်ပဲ ဘာကြောင့်ဒီလို တရားဝင်ခွေတောင်မထွက်ရသေးတဲ့ Underground Rapper တစ်ယောက်ကိုပဲ ဥပဒေကြောင်းတွေနဲ့ ကျယ်ကျယ်လောင်လောင် ဝေဖန်ခြိမ်းခြောက်သလဲဆိုတာတော့ မေးစရာဖြစ်နေပါတယ် ။ကြမ်းကြမ်းတမ်းတမ်း စာသားတွေ မသုံးရဲအောင် စံပြ နမူနာသဘော လုပ်ပြတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဒါက ရေစီးပါ ။အရှိန်အဟုန်ကောင်းလာပြီဖြစ်တဲ့ ခေတ်ရေစီးပါ ။ကျနော်တို့ရှုင်သန်ကြီးပြင်းခဲ့ရတာ နိုင်ငံတကာက သီချင်းတွေကို မြန်မာလို ခိုးယူတုပ ဆိုထားတဲ့ သီချင်းတွေနဲ့ ကြီးပြင်းခဲ့ရတာပါ ။အဲသလို ဆိုလာကြတာ ကျနော်တို့ တစ်သက်မကတော့ပါဘူး ။အခု ဒီလူငယ်လေးတွေက အဲဒီသူများသီချင်းခိုးဆိုတဲ့လောကကြီးကို တော်လှန်ခဲ့တာမို့ မြန်မာဂီတလောကအတွက် လိုအပ်တဲ့ ကွက်လပ်ဖြည့်တာလို့မြင်ပါတယ် ။နောက် ...လူမှုဘ၀ အခြေအနေမှန်တွေကိုလည်း တိုက်ရိုက်ပုံဖော်နိုင်တဲ့ ဂီတအမျိုးအစားပါ ။လူတွေ ဘယ်အခြေအနေ ဘယ်ပုံစံရှင်သန်နေထိုင်ကြရသလဲဆိုတာ သေသေချာချာ စမ်းစစ်လေ့လာရင် ဒီစာသားတွေထွက်လာတာ မဆန်းဘူးဆိုတာ မြင်နိုင်ပါလိမ့်မယ် ။လွန်ခဲ့တဲ့ အနှစ် (၂၀)နဲ့မယှဉ်ပဲ ပြီးခဲ့တဲ့ (၁၀)နှစ်ဆိုတဲ့အချိန်အတိုင်းအတာနဲ့ပဲ နှိုင်းယှဉ်ကြည့်ရင် အစစအရာရာ အလှမ်းကွာသွားပါပြီ ။ လူတန်းစားအဆင့်အတန်း အင်မတန်ကွာသွားသလို လူတွေရဲ့စားဝတ်နေရေးအတွက်ဖန်တီးရတဲ့ပုံစံတွေကလည်း အင်မတန်ခြားနားပြောင်းလဲသွားပါပြီ ။ဘာပဲဖြစ်ဖြစ် အရှိန်အဟုတ်နဲ့ရေစီးဆိုတာ ရတဲ့နည်းနဲ့စီးဆင်းနိုင်တဲ့အားအင် သက်ဝင်နေတာမို့ ရပ်တန့်သွားဖို့ မရှိကြောင်းပြောရင်း ကျနော့် အတွေးအမြင်ကို အဆုံးသတ်လိုက်ပါတယ် ။ မြန်မာ့အနုပညာလောကကြီး ကမ္ဘာ့အလယ်တင့်တယ်နိုင်ပါစေ ။

May 11, 2008

ဒုက္ခတောမှ လူသားများ



7.5.2008 Nargis Myanmar

8.5.2008 Nargis Myanmar


ဒီပုံတွေ ကိုအားလုံးကြည့်မြင်ပြီးဖြစ်မှာပါ ။ကျနော်စုစည်းမိထားတာလေးတွေကို တင်ပြတာပါ ။အဲဗျာ စိတ်မကောင်းစရာတွေ ထပ်ကြားရတော့ အဲဒီနိုင်ငံကို အုပ်ချုပ်တဲ့ကောင်တွေကို ရွံတယ် လူစိတ်မရှိဘူး ဆိုတာထက်ပိုတဲ့ စကားလုံးသုံးစရာရှာမရတော့ဘူး ။စာဖက်နေတဲ့သူကိုတော့ ကတော့ပါဗျာ ။အဲဒီကောင်တွေက စောက်ရှက်လည်း မရှိသလို ဦးနှောက်လည်း မရှိဘူး ။အကြောက်တရားက ပြည်သူတွေမှာတင်ရှိနေတာ မဟုတ်ဘူး ။အဲဒီကောင်တွေက ပိုအကြောက်ကြီးနေတယ် ။အခြေအနေက အရှင်းကြီး ပြောင်ပြောင်ကြီးပဲ ။ ပြည်သူတွေဘယ်ကောင်သေသေ နိုင်ငံတကာခုံရုံးမရောက်ဖို့ အရေးကြီးတယ် ။ပြည်သူတွေခေါင်းကိုနင်းထားနိုင်ဖို့လိုတယ် ။ကျနော်က ဒီလိုပြင်းပြင်းထန်ထန်ရေးနေလို့ နိုင်ငံရေးသမားလို့တော့ မထင်ပါနဲ့ ။ကျနော် သာမန်အရပ်သား ဘာကောင်မှမဟုတ်တဲ့ လူငယ်တစ်ဦးပါ ။ကိုယ့်တိုင်းပြည်နဲ့လူမျိုး ကိုတော့ အောက်မကျစေချင်သလို နိုင်ငံတကာအသိုင်းအ၀ိုင်းအလယ်မှာမျက်နှာလည်း မျက်နှာမငယ်စေချင်သူပါ ။ကိုယ်တိုင်ခံစားနေရတော့ နောက်မျိုးဆက်တွေ ကိုယ့်နိုင်ငံမှာ ကိုယ်ရင်ကော့ခေါင်းမော့ပြီး ကမ္ဘာကြီးနဲ့ တပြေးတည်း အဆင့်အတန်းမီမီ နေထိုင်ရှင်သန်နိုင်စေချင်တာပါ ။ '' မင်းတို့နိုင်ငံကို အလုပ်လာလုပ်ချင်လို့ လာလုပ်တာမဟုတ်ဘူး ။တာဝန်အရလာတာကွ ။ဒီလိုမျိုးအလုပ်နဲ့ ဒီလောက် လစာတော့ ငါတို့နိုင်ငံမှာလည်း လုပ်လို့ရတယ် သဘောပေါက်လား '' လို့ခပ်မာမာပြောနိုင်တဲ့ လူမျိုးဖြစ်စေချင်တာပေါ့ဗျာ ။အခုတော့ အားလုံးသိတဲ့ အတိုင်းပါပဲ ။နိုင်ငံခြားထွက် ကျွန်ခံနိုင်တဲ့သူကိုတောင် ကိုယ့်ပြည်တွင်းကလူတွေက အထင်ကြီး နေရသေးတယ် ။စိတ်ညစ်ညစ်နဲ့ အိပ်လိုက်ဦးမယ်ဗျာ ။

May 9, 2008

Nargis ကပေးတဲ့ အဆိုးအကောင်း(၂)


someone sent me sms one more ABC cyclill be coming sooner within 80hrs to Myanmar land side. Pls inform to ur family and ur friends as u can,ကဲ ဘယ်လိုလုပ်မလဲ ။လာဦးမယ် နောက်ထပ် ဒုက္ခတွေ.... တတန်းတစီကြီးကို ရောက်နေတော့တာပဲ ။ မြန်မာပြည်ကြီးတော့ ကံနိမ့်နေပြီ ။အစိုးရကလည်း လည်မြိုကိုနင်း ။လူထုတော့ အသေသတ်ခံရတာထက် ဆိုးတဲ့ဘ၀ပျက်မဲ့ကိန်း ဆိုက်နေပါပြီ ။ဒါပေမဲ့မနေ့က လေရှည်တာမပြီးသေးလို့ ဒီနေ့ထပ်ပြီး လျှာရှည်ပါရစေ။

ကျနော် ပြည်တွင်းကြားရတာတော့ ကျောင်းသူကျောင်းသားတွေကို စာမေးပွဲနဲ့ ခြိမ်းခြောက်ပြီး ထောက်ခံမဲကို အတင်းအဓမ္မ ယူတာကြားနေရပါတယ် ။အစိုးရ၀န်ထမ်းတွေ အတွက်တော့ရှင်းပါတယ် ။အလုပ်ထွက်မလား ထောက်ခံမလား ဒါပဲ ။အကုန်လုံးကို လည်မြိုနင်းပြီး ထောက်ခံမဲ အတင်းလုပ်ယူနေပါတော့တယ် ။စောင့်ကြည့်လေ့လာရေးအဖွဲ့ကိုလည်း အလာမခံတဲ့ကောင်တွေ အခုတော့ မှတ်ကရော ။နိုင်ငံတကာ အဖွဲ့အစည်းတွေ အကုန်ရောက်နေပြီ ။ဥာဏ်နီဥာဏ်နက် လေးတွေ ရှာပါဦး ။ထုတ်ပါဦး ။လုပ်ပါဦး ။ဒါကိုမှ ထပ်ပြီးရပ်တည်နိုင်သေးတယ် ဆိုရင်တော့ သွေးချောင်းစီးဦးမဲ့နောက်ထပ် လူထုတိုက်ပွဲ တစ်ခုကို ဒင်းတို့ကြိုဆိုရပါလိမ့်မယ် ။နိမိတ်ဖက်တာ မဟုတ်ပါဘူး ။ဒါဟာ ဘယ်လိုမှငြင်းလို့မရတဲ့ ကိစ္စပါ ။ရှင်းနေတာပဲ အခုတောင် လူတွေမှာ ဒုက္ခအကြီးအကျယ်ရောက်ရလှပြီ ။ရန်ကုန်မှာ စားစရာ မရှိတဲ့လူတွေ လုယက်ကုန်ပြီ ။အခြေအနေ အရမ်းဆိုးနေပါပြီ ။လူတွေမှာ သန်းခေါင်ထက်ညဉ့်နက်စရာ မရှိတော့တဲ့ အခြေအနေ ဖြစ်နေပြီ ။အသေသတ်လည်း ဆက်ချီတက်ကြတော့မဲ့ အခြေအနေ ကို ရောက်သွားပြီ ။မကျေနပ်တာတွေ ဘ၀နဲ့ရင်းပြီးချို့တဲ့ချိနဲ့နေရတာတွေ များနေပြီ ။ကဲ မိတ်ဆွေ ဘာလုပ်မလဲ ။ပါဝင်အားဖြည့် ပေးဆပ်ဖို့သာ အသင့်ပြင်ထားရတော့မှာပေါ့နော် ။ဒါပါပဲဗျာ ။ကျေးဇူးတင်ပါတယ် ။ ။

May 8, 2008

Nargis ကပေးတဲ့ အဆိုးအကောင်း

မြန်မာပြည်ကြီး Nargis မုန်တိုင်းကြီးကျလို့ လူတွေ သေကြကြေကြ ဒုက္ခပေါင်းစုံရောက်နေကြတယ်။ဘယ်ကအကောင်း ပါလာမလဲ ။ကောင်းပါတယ်လို့ကျနော်ပြောရင် မေတ္တာဝိုင်းပို့ကြမှာပေါ့နော် ။Sent at 5:16 PM on Thursday
ဒီမနက် ရန်ကုန်မြို့  ငါးဆယ့်တစ်လမ်းမှာ မီးလောင်ပါတယ် ။ရေတင်တာဖို့ မီးစက်မောင်းရာကစလောင်တာပါ ။
အဲဒီ သန်းရွှေဆိုတဲ့ တိရိစ္ဆာန်ကောင် အခုထိ နှစ်သိမ့်စကားလေးတောင်ပြောဖို့ထွက်မလာဘူး
ဘယ်နိုင်ငံက နိုင့်ငံခေါင်းဆောင်မှ ဒီလိုမလုပ်ဘူး ။ဒီလူတစ်သိန်းကျော်အသက်ပေးလိုက်ရတဲ့ တန်ဖိုးဟာ သူတို့ဆီကို မကြာခင်ကျလာတော့မယ် ။အစိုးရဆိုတဲ့အဓိပ္ပါယ်ဟာ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ပေါင်းစပ်ထားတာ
ဒါတွေမလုပ်နိုင် ၊မလုပ်တတ် ၊ လုပ်ရကောင်းမှန်းလည်းမသိဘဲနဲ့ဆိုရင် ကိုယ့်နေရာကိုယ်အသာလေးဝပ်နေသင့်တယ် ။နစ်နာတာ တိုင်းပြည်၊ ပြည်သူလူထု ၊လူငယ်တွေရဲ့ အနာဂတ်တွေအကုန် တစစီပဲ ။UN ကသင်္ဘော ရန်ကုန်ဆိပ်ကမ်းကို ခုနေ့ လည် ၂နာရီက ရောက်လာပါတယ် ။ဒီနေ့ အမေရိကန်လေယာဉ်တွေ ၀င်ခွင့်ပေးလိုက်ပြီလို့ ဘန်ကောက်အမေရိကန်သံရုံး သတင်းက လာတယ် ။ အတည်ပြုနိုင်သော သေဆုံးသူ တသိန်းတသောင်းကျော်ရှိပါပြီ။ပျောက်ဆုံးစာရင်းမပါသေးပါဘူး ။ဒုက္ခတွေ အကုန်လုံး သိနေ ၊မြင်နေ ၊ကြားနေ ရပါတယ်ဒါပေမဲ့...

ဒီအချိန်ဟာ ရွေးကောက်ပွဲနဲ့ အလွန်နီးကပ်နေချိန်ပါ။နိုင်ငံခြားသားတွေကို အ၀င်မခံချင်ဘူး ။သူတို့ထင်ရာလုပ်ချင်တာ လွတ်လွတ်လပ်လပ် လုပ်နိုင်အောင်လေ။သူတို့လုပ်မဲ့ ရွေးကောက်ပွဲကြီးကို နိုင်ငံတကာ အဖွဲ့အစည်းတွေရှေ့မှာ ခင်းကျင်းပြရမှာလေ ။လိုက်ကြလေ လှလှကြီး ။အခုတော့ တစ်ကမ္ဘာလုံးက၀ိုင်းအုံကြည့်နေတဲ့အပြင် နိုင်ငံတကာလူမှုရေးအဖွဲ့အစည်းတွေ တရားဝင်ရောက်လာပြီ ။ လက်မခံလို့လည်း မရ ။မွဲတာကလည်း တာတေလန်နေပြီ။ကြွေးပတ်လည်နဲ့ဆိုတော့ စေတနာမရှိပဲ ဟန်ပြကူညီပြလို့လည်း မရ ။အရူးမီးဝိုင်းပဲ ။ကျနော် အလုပ်သွားရမှာမို့ ပြန်လာမှ ထပ်ရေးတော့မယ် ။ဖက်ပေးတာ ကျေးဇူးပါဗျာ ။

Apr 20, 2008

Hip-Hop Revolution

ကျနော်ပြောချင်တာက လူငယ်တွေ ရဲ့ရှေ့မှာ အတုယူစရာ အတုခိုးစရာဆိုတာ ဘယ်သူတွေဆီကလဲ???မြင်သာထင်သာတာ ဘယ်သူတွေလဲ???? ရှင်းရှင်းလေးပါ ..။အနုပညာရှင်တွေဟာ လူငယ်ထုနဲ့ အနီးဆုံး အထိစပ်ဆုံးပဲလေ ။ဒီလူတွေက ကိုယ်ပိုင်ယုံကြည်ချက် ၊ကိုယ်ပိုင်ဟန်ပန် ၊အများရဲ့ ကိုယ်စားပြုသူပါလားဆိုတာ နားလည်ရမယ် ။ဒီကောင်တွေ ပေါက်ကရတွေဖြစ်ရင်လုပ်ရင် အတုမြင် အတတ်သင်မဲ့ နောက်မျိုးဆက်လေးတွေ အတွက်ရင်မအေးစရာမို့ လျှာရှည်ပြီး ရေးတာပါ ။အနုပညာလောကထဲကလူတွေ ဒီလောကထဲရောက်ဖို့ရည်ရွယ်ထား ကြိုးစားနေကြသူတွေ ဒီစကားလေးတွေကို အမှတ်ရနေစေချင်တာနဲ့ ရေးတာပါ ။အခုချိန်တော့ အနုပညာသမား တယောက်အဖြစ် စတင်တိုးဝင်ဖို့တော့ တော်တော် ကို မလွယ်တဲ့အေ ခြအနေပါ ။တစ်ခုနှစ်ခုလောက် နမူနာ ပြချင်ပါရဲ့ ။ဥပမာ-အဆိုတော်လို့သတ်မှတ်ထားကြတဲ့ Hip-Hop လောကထဲကလို့ ဆိုတဲ့ Examplez တို့Sai Sai တို့......။ဒီလူတွေမှာ အဆိုတော်သာ ပြောတယ် ။ကိုယ်ပိုင်ဟန်အပြည့်ပါတဲ့ သီချင်း တပုဒ်မှ မရှိခဲ့သေးဘူး ။ဒီလူတွေ အဆိုတော် တွေလား ။အနုပညာ ဖန်တီးသူတွေလား ။ဟိုး ဟိုး ကလွန်ခဲ့တဲ့ အတိတ်ဟောင်းတွေ ကိုတော့ ပြန်ပြောနေလည်း ပြင်လို့မရနိုင်တော့ပါဘူး ။ရှေ့ဆက် ရှက်တတ်ကြဖို့ ပါပဲ။အကြောင်းက ပြောဖို့စဉ်းစားမိတာကြာပါပြီ ။ မရေးဖြစ်တာ မအားတာ နဲ့ထုံးစံအတိုင်းယောင်နေတာရောပေါ့ ။ကျနော်က လူကသာ အဖြစ်မရှိတာ ကိုယ်ပိုင်သံစဉ်မှ ကိုယ်ပိုင်သံစဉ်ဗျ ။ပြောရတာကိုက အားပါတယ်နော် ။ကိုယ်ပိုင်တဲ့ သံစဉ် ။သူများပိုင်တဲ့ ပစ္စည်းမဟုတ်ဘူး ။လူတွေအမြင်ကျဉ်းရတာက အဓိကပေါ့ ။ဒါကိုအလေးမထားနိုင်ကြဘူး ။ သီချင်းဆို ပြီးတာပဲ....။အဲကလိုအခြေအနေဆိုတော့ အနုပညာကို ခုတုံးလုပ်ပြီးလုပ်စားကြတဲ့ အရင်းရှင်တွေ အကြိုက်ပေါ့ ။ဒါပေမဲ့လည်း အခုတော့ Copy ခွေတွေ ကြောက်ပြီး ဈေးကွက်ပျက်သလိုတောင်ဖြစ်နေပါပြီ ။ဩော် .....၀မ်းရေး ၀မ်းရေး...နော်။Copy ခွေထုတ်တဲ့ အရင်းရှင်တွေကတော့မိန့်မိန့်လေးပဲ ။Copy ခွေရောင်းတဲ့လမ်းဘေးဈေးသည်လေးတွေပဲ ပြေးရလွှားရ အချုပ်ကျလို့ကျ ဒုက္ခရောက်ရတာ ။ပြောရင်း လမ်းလွဲလာပြီ ။ပြောချင်တာ အနုပညာသည်လုပ်တဲ့ လူတွေ ကိုယ့်မာန် ကိုယ့်ဟန် ရှိကြဖို့ပါ ။ဒါပါပဲ ...ဖက်ရှု့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ။

Dec 6, 2007

မြန်မာ့အရေး ငါနဲ့ မဆိုင်ဆိုသူများ ကြမ်းတပြေးတည်း မထိုင်ရ

ကျနော် မရေးဖြစ်တာကြာပါပြီ။မအားချင်ယောင်ဆောင်နေတာပါ ။အမှန်ပြောရရင် ရေးချင်စိတ်မရှိတာလည်းပါတယ်။ဒီနေ့တော့ Myanmar Bloggerများဆီ စိတ်လိုလက်ရ လျှောက်သွားလိုက်တယ်ဗျာ။ရောက်တတ်ရာရာ သွားရင်း တစ်ယောက်ဆီရောက်တော့ သူရေးထားတဲ့စာသားတွေဖက်မိသဗျ ။သူဘယ်သူဘယ်ဝါဆိုတာ ကျနော်မသိပါဘူး။သူ့ဆီကို ကျနော် ရောက်ဖူးပါတယ် ။ဒီစာကို သတိမထားမိခဲ့ဘူးဗျ။ဒါပေမဲ့ဒီ တခေါက် အလည်ရောက်ရင်း သူ့စာကိုဖက်ပြီး တော်တော်စိတ်မကောင်းဖြစ်မိသလို ၀မ်းလည်းနည်းသွားတယ်ဗျာ။သူ့ရေးတဲ့စာရဲ့လိုရင်းအတွေးကိုကျနော် သဘောပေါက်ပါတယ်။ဒီလိုရှုပ်ထွေးလှတဲ့ အချိန်မှာနိုင်ငံရေးဆိုတဲ့လောကနဲ့ကင်းကင်းရှင်းရှင်းနေလိုတဲ့သဘော၊အေးအေးဆေးဆေးနေလိုတဲ့ သဘောဆိုတာ နားလည်ပါတယ်။သူဟာ နည်းပညာသမား လူတော်တစ်ဦးလို့မြင်ပါတယ်။ဒါပေမဲ့ကျနော်တို့မွေးဖွားရာမြေ၊နေထိုင်ရှင်သန်ရာနိုင်ငံရဲ့ ကောင်းကျိုးဆိုးကျိုး ဘယ်သူနဲ့ဆိုင်မလဲ။ ဘယ်သူတွေထိခိုက်ခံစားရလဲ။

ရှင်းရှင်းလေးပါ ကျနော်တို့လူမျိုး၊ကျနော်တို့နိုင်ငံ၊ အခံစားရဆုံးကတော့ အခြေခံ လက်လုပ်လက်စား လူတန်းစားတွေ ပါပဲ။အခြေခံလူတန်းစားတွေထဲမှာ ဘယ်အဆင့်လောက်ထိ အခြေခံလူတန်းစားတွေ ဖြစ်နေပြီလဲ ဆိုတာ တော်တော် အသိရခက်ပါတယ်။ ရိုးရိုးသားသားပဲ နေတတ်ကြတဲ့အစိုးရ၀န်ထမ်းတွေလည်း ပါနေလိမ့်မယ်။မလိမ့်တပတ် ခပ်တည်တည်နဲ့ ခိုးဆိုး လုယက်နေတဲ့လူကြီးလူကောင်းယောင်တွေ မပါဘူး။ခေတ်ဆိုးကြီးရဲ့ နင်းပြားဖြစ်နေတဲ့ ရိုးသားကြသူ လူတန်းစားပေါင်းစုံက မြန်မာတွေ ဘယ်လောက် အကြပ်ရိုက်နေမလဲ။စဉ်းစားသာကြည့်ပါတော့ဗျာ။ခင်ဗျားရဲ့ ဘေးပတ်ဝန်းကျင်မှာ တနေ့စာ တနေ့တောင် လောက်ငှ ၀လင်မှု မရှိတဲ့ လူတွေဝိုင်းဝိုင်းလည်နေတယ်။ အဲဒီအချိန် ခင်ဗျားတစ်ယောက်ထဲ ပြည့်စုံကြွယ်ဝပြီး စည်းစိမ်ခံစားနိုင်တယ် ဆိုပါတော့။ ခင်ဗျား စိတ်ချမ်းသာနိုင်လား ။ခင်ဗျားရဲ့ အဖြေဟာ ခင်ဗျားရဲ့ လူသားအဖြစ်ရပ်တည်တဲ့အဆင့်အတန်းပဲ။ပညာမတတ်ပေမဲ့ အသိဥာဏ်ရှိတဲ့ လူတွေ အများကြီးနော်။ဘ၀အခြေအနေအရသာ ကြွားကြွားဝါ၀ါ ဘွဲ့ တွေ ဘာတွေ မရချင်ရှိမယ်။ကြိုးစားနေကြတဲ့လူတွေ အများကြီး။ရှာဖွေလေ့လာနေကြသူတွေ အများကြီးပဲ ။မိဘ ရှာဖွေတာ အခန့်သားသုံးစွဲပြီး ပညာကို ကြွားဝါစရာဂုဏ်ပုဒ်အဖြစ် ၀တ်တန်းကျေ သင်တယ်ဆိုရင်တော့ ခင်ဗျားထက် အဆင့်မြင့်တဲ့ လူဆင်းရဲတွေ တပုံကြီးဆိုတာ ခေါင်းထဲထည့်ထားလိုက်ပါ။မိဘဆိုတာရှိရင် ဆွေမျိုးအသိုင်းအ၀ိုင်းဆိုတာရှိတယ်။နောက် လူမျိုးဆိုတာရှိမယ်။နိုင်ငံဆိုတာရှိမယ်။လူရဲ့ အသက်နဲ့ ယှဉ်ပြီး အနာဂတ်ဆိုတာရှိတယ်။မနက်ဖြန်မှာ ခင်ဗျားလမ်းလျောက်လို့မရတော့ဘူးဆို ခင်ဗျား ဒီနေ့မှာဘာလုပ်မလဲ။မနက်ဖြန်မှာ ဘာဖြစ်မယ်ဆိုတာ မသိတော့ အေးအေးဆေးဆေးပေါ့ ဟုတ်တယ်ဟုတ် ။လိုအင်ဆန္ဒတွေ ကိုတော့ မနက်ဖြန်မှာ ဖြစ်ချင်တယ်မို့လား။အဲဒီ မနက်ဖြန် ဆိုတာ မတရားမှုတွေရဲ့ ပိတ်ဆို့ တားဆီးခံရပြီဆိုရင် ဘာလုပ်မလဲ။ဒေါသတွေ မဖြစ်နဲ့ အခုမြန်မာ့အနာဂတ်ဟာ အဲဒီ အခြေအနေမှာပဲ။ခင်ဗျား ဘာလုပ်မလဲ။အေးအေးဆေးဆေးပဲမို့လား။အဲဒါ ခင်ဗျားရဲ့စိတ်ကူးပါပဲ။ဘာလုပ်မယ်စိတ်ကူးလဲ ။အိမ်ထဲမှာ အိပ်နေမှာပေါ့...နော့။ဘယ်ကောင်မှ သိပ်အဆင့်ရှိတဲ့ကောင်တွေ မဟုတ်ဘူးနော်။နောက်ဆုံးပေါ်ပစ္စည်းတွေကိုလည်း မသိ ၊ဖုန်းလည်းမကိုင်နိုင်၊ကားလည်းမစီးနိုင်၊ကွန်ပျူတာလည်း မသုံးနိုင် အင်တာနက်ဆိုလည်းဘာမှန်းသိတဲ့ကောင်တွေ မဟုတ်...ဆိုတော့ အပေအတေတွေပါ ဟင်းဟင်းဟင်း။အဲဒီလို ကျဉ်းမြောင်းနေရင်တော့ဘ၀တွေထဲကိုတိုးဝင်ကြည့်လိုက်ပါ။သွေးပျက်ပြီး ငယ်ငယ်ရွယ်ရွယ် လေဖြတ်သွားလိမ့်မယ် သတိတော့ထားသွားပေါ့။အဲဒါ ခင်ဗျားနေတဲ့၊ ခင်ဗျားမွေးတဲ့နိုင်ငံ ဘာတွေဖြစ်နေလဲဆိုတာသိလိမ့်မယ် ။ဒီပို့ကို မြန်မာလူငယ် လူတော် တယောက် အတွက် စိတ်မကောင်းခြင်းကြီးစွာရင်နာနာနဲ့ရေးရင်းဒီလောက်နဲ့ပဲ အဆုံးသတ်ပရစေ။ ကျေးဇူးတင်ပါတယ်။

Oct 22, 2007

ရောက်တတ်ရာရာမြန်မာ့အရေး



ကျနော်တော့ မကြုံရသေးပေမဲ့ ရရှိတဲ့ သတင်းကိုတော့တော်လှန်ရေးBlogger တွေနဲ့Bloggerအသိမိတ်ဆွေတွေကို အသိပေးရမှာမို့တင်လိုက်တာပါ ။တချို့လည်းသိပြီးသားဖြစ်မှာပါ။အဝေးရောက်မြန်မာပြည်သားတစ်ဦးမို့ သတင်းစကားတွေသာနားစွင့်ရင်း အခက်အခဲ၊အကျဉ်းအကျပ်တွေ ပြေလည်နိုင်ပါစေသာ ဆုတောင်းနေရသူပါ။လူသတ်စစ်အုပ်စုတွေလည်း ဒီလိုသာတဖတ်သတ်ဖိနှိပ်နေလို့တော့ အခြေအနေဟာပြေလည်နိုင်စရာ အကြောင်းမရှိရုံသာမက ဒီထက်ပိုဆိုးတဲ့ပြဿနာပေါင်းစုံနဲ့ တည့်တည့်တိုးဖို့ပဲရှိတော့တယ်။အလကားနေရင်း သူတို့ကြောက်ကန်ကန်နေတာဟာ အပြစ်မဲ့နိုင်ငံသားအားလုံး အဖက်ဖက်ကနစ်နာဆုံးရှုံးရတာပါ။သူတို့က ဒါကိုဂရုမစိုက်ပေမဲ့

မြန်မာလူငယ် ကျနော်တို့အားလုံးက၀ိုင်းဝန်းစည်းရုံး ဖြေရှင်းကြရမှာပါ။ဘာပဲပြောပြော နိုင်ငံတကာက မြန်မာအင်အားစုတွေရဲ့ စည်းလုံးတဲ့အသံတွေလည်းကျယ်ကျယ်လောင်လောင်ထွက်လာတာတွေ ကြားရသိရတော့ ၀မ်းသာပါတယ်ဗျာ။ ပြည်တွင်းမှာတော့ အရွယ်ရောက်တဲ့လူငယ်အားလုံးကို လူးလို့လွန့်လို့ မရအောင်ကိုဖိနှိပ်ထားတာပါ။ ဒီလောက်မွန်းကြပ်ပိတ်လှောင်နေကြရတဲ့လူငယ်တွေ စိတ်ထွက်ပေါက်ရှာရင်း ပျက်စီးနေကြရတာ အဆန်းတော့မဟုတ်ပါဘူးဗျာ။တရားမဲ့မှုတွေကို ခေါင်းငုံ့ အံကြိတ်နေရတဲ့နေ့တွေက ထူပိတ်မှောင်မည်းနေတာကိုး။မည်းမည်းမြင် အကုန်လိုက်ကိုက်တော့တာပဲလေ ။အသက်ငင်နေတဲ့သဘောနဲ့တူပါရဲ့ဗျာ။ကျနော်တို့ပန်းတိုင်ဟာ သိပ်မဝေးတော့ပါဘူး။အရင်းအနှီးကလည်း ကြီးမားလှပြီကိုးဗျာ။ကျနော်တို့ အောင်မြင်မှာပါ ။ရောက်တဲ့နေရာက ရတဲ့နည်းနဲ့တော်လှန်ကြဖို့၊ ပန်းတိုင်မရောက်ခင်ထိတော့ ဒါဟာကျနော်တို့အတွက် အမြဲတမ်းတိုက်ပွဲတစ်ခုလို့ စိတ်ထဲမှာအမြဲရှိနေဖို့ပါပဲ ။ကဲ..ကျနော်လျှာရှည်ချင်တာတော့ ဒီလောက်ပါပဲဗျာ။ဖက်ရှု့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Oct 6, 2007

သင်ဘာဆက်လုပ်မလဲ????


မြန်မာပြည်တွင်းက ကမ္ဘာနဲ့ ဆက်စပ်တဲ့ကွန်ယက်ဖြတ်တောက်လိုက်တာကြောင့် ပြည်တွင်းကသတင်းတွေ လိုက်လံရှာဖွေ နားထောင်ရင်း အာဏာလုယူထားသူ လက်တစ်ဆုပ်စာ ခေါင်းဆောင်အဖွဲ့အစည်း ရဲ့ မတရား ဖိနှိပ်မှုကြောင့် ယုတ်လျော့အားနည်းသွားရတဲ့ တော်လှန်ရေးမေတ္တာတိုက်ပွဲရဲ့ အခြေအနေဟာ အင်အားချိနဲ့သွားပြီလို့ ထင်မြင်လာရပါတယ် ။ဒါပေမဲ့ စစ်မိစ္ဆာတွေရဲ့ ဖြေရှင်းပုံမမှန်တဲ့ ဖြေရှင်းနည်းကြောင့် ဒီတော်လှန်ရေးဟာ အရှိန်အဟုန်ကျဆင်းခြင်း သက်သက်သာဖြစ်ပါတယ် ။သံဃာတော်တွေ ကျောင်းသားပြည်သူတွေကို ရိုက်နှက် နှိပ်စက် ဖမ်းဆီးသတ်ဖြတ်လိုက်ရုံနဲ့ ပြည်သူလူထုကြီးက ကြောက်ရွံ့ထိတ်လန့်ပြီး အဆုံးသတ်ရပ်တန့်သွားပြီ လို့ ထင်မှတ်နေကြသကိုး ။ပြဿနာ အရင်းခံကို မဖြေရှင်းပဲ ဘယ်လိုပြဿနာက ရှင်းလင်း ပြီးပြတ်သွားလို့လဲ ။ပြင်ပသတင်းတွေနဲ့ ကျနော် သိမြင်ခဲ့တဲ့အတွေ့အကြုံအရ တကယ့်အောက်ခြေက စစ်သားလေးတွေမှာ ပြင်ပကရွှေမြန်မာပြည်ကြီးရဲ့ အခြေအနေမှန်ကို စိုးစဉ်းမျှ သိခွင့် မရကြရှာပါဘူး ။နဂိုကမှ ဗဟုသုတအသိအမြင်နည်းလို့ စစ်တပ်ထဲပါသွားရတဲ့ အထဲမှာ မျက်စိ၊ နားတွေပိတ်လို့ မိစ္ဆာတွေ မှိုင်းတိုက်တာသာခံကြရရှာတယ် ။အဲဒီလိုကြာရှည်နေလာရတဲ့အခါ ဒီအသိအမြင်နည်းပါးတဲ့ စစ်သားလေးတွေရဲ့ဦးနှောက်ဟာ မှိုင်းမိတာများပြီး ကြက်ခိုးဆွဲနေကြပါတော့တယ် ။
နောက်တစ်ခုက ငတ်မွတ်ခေါင်းပါးမှုရဲ့ အကျိုးဆက် ဘေးထွက်ဆိုးကျိုးတွေလို့ ဆိုရမလားပဲ။ ငတ်ပြတ်နေတဲ့ ပြည်သူတွေမှာ အနည်းဆုံးဗျာ ရေဒီယိုနားထောင်နိုင်ဖို့မပြောနဲ့ ထမင်း အနပ်မှန်အောင်တောင် မလွယ်တာတွေက အများကြီး ......။အဲဒီတော့ မြန်မာ့အရေး၊ ကမ္ဘာ့အရေးဆိုတာ ဘယ်လောက်များသိတော့မလဲ ။သူတို့တွေ အတွက် ဘာက အရေးကြီးသလဲဗျာ ။ မိစ္ဆာတွေ ကတော့သူတို့လိုအခြေအနေတွေ အကြိုက်ပေါ့ ။မျက်ဖြူစိုက်လေ ဆရာကြိုက်လေ ပဲ ။ကောင်းကောင်း မှိုင်းတိုက်ပြီး အသုံးချလို့ ရတယ်လေ ။ကျေးလက်တောရွာနေ ပြည်သူတွေမှာ ဒီလိုအခြေအနေတွေ အများဆုံးတွေ့ရပါတယ် ။မြို့ပြတွေမှာတော့ ငတ်နေတယ်ဆိုရင်တောင် ပတ်ဝန်းကျင် ကျယ်ပြန့်တဲ့အတွက် ဘာပဲဖြစ်ဖြစ် သတင်းစကားတော့ ကြားသိနေရပါတယ် ။

ကျနော်တို့ရဟန်းရှင်လူပြည်သူတွေ ပေးဆပ်ခဲ့ရတာတွေ များလှပါပြီ ။ဘ၀တွေ နစ်ခဲ့၊ဆုံးခဲ့ရတာတွေလည်း များလှပြီ။အခု ဒီအရေးတော်ပုံကြီးကလည်း ဒီမှာတင်ပဲ စခန်းသိမ်းဖို့မရှိပါဘူး ။ရှေ့ဆက်ပြီး ပြောက်ကျားနည်းနဲ့သော်လည်းကောင်း၊ ဖြစ်တဲ့နည်းနဲ့ ဆက်လက်ချီတက် ဖြစ်ပွားနေဦးမှာပါ ။သို့သော် ကျနော်တို့ ဒီလိုပဲ ဘ၀တွေ၊ အသက်သွေးချွေးတွေကို မထိုက်တန်စွာ ပေးဆပ်နေကြရဦးမှာလား။ကိုယ့်ကိုယ်ပိုင်အခွင့်အရေးကို ကိုယ်အသုံးချတောင်းဆိုရာမှာကျနော်တို့က မတန်တဆ ပေးဆပ်နေကြရမှာလား ။နည်းလမ်းတွေကတော့ ကျနော်တို့ကျဉ်လည်ရာ Blog လောကမှာဖြစ်ဖြစ်၊တခြားသတင်းမီဒီယာတွေမှာပဲ ဖြစ်ဖြစ် ပြောကြဆိုကြ တာတွေ တွေ့ပါတယ်။ပြည်ပကUN တို့EUတို့လို အဖွဲ့အစည်းတွေကို မကြည့်ပါနဲ့တော့။ကိုယ့်နိုင်ငံအရှုပ်ကိုယ်ပဲ ရှင်းရမှာပါ။တခြား စစ်မိစ္ဆာတွေကိုအတိုက်အခံလုပ်နေကြတဲ့ နိုင်ငံရေးအဖွဲ့အစည်း အသီးသီးမှလည်း ထုတ်ပြန်ကြေငြာချက်တွေ တွေ့မြင်ဖက်ရှူ့နေရပါတယ်။ဒါနဲ့တင်ပြီးသလား၊ ပြီးမလား။အလုပ်ဖြစ်ဖို့ အလုပ်လုပ်နိုင်ဖို့လိုပါတယ် ။ဘယ်လောက်ထိ အကျိုးရှိတယ်။ထိရောက်တယ် ။အသုံးတည့်တယ် ဆိုတာ သုံးသပ်ကြဖို့လိုပါတယ်။အာဏာလုထားသူတွေကလည်း ဥာဏ်နီဥာဏ်နက် အကုန်ထုတ်သုံးပြီး လက်ရှိအခြေလေးမပျက်အောင်တားဆီးနှိမ်နင်းမှာပဲ ။ ကဲ ...ကျနော်တို့ဘာဆက်လုပ်ကြမလဲ??????


Sep 10, 2007

လှည့်ကွက်

မြန်မာလူငယ်တွေ ဘာကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ခွာဖို့ အပူတပြင်းကြိုးစားနေကြပါသလဲ ။ .....?????? ပျော်လို့လား ။မြန်မာပြည်ကကွ ဆိုပြီး ရင်ကော့ ခေါင်းမော့ လို့ အမောက်ထောင်ပြချင်ကြလို့လား ။တက်မြေက်ကျွမ်းကျင်ထားတဲ့ ပညာရပ်တွေကို ပြည်ပမှာ ကြွားဝါ ပြသချင်လို့များလား ။ကျနော် ရဲ့ဝေ့နေတဲ့ မေးခွန်းရဲ့ အဖြေကို သိနှင့် နေကြမှာပါ ။အကြောင်းအရာများစွာရှိသည့်အနက် အခြေခံကျသည့်အများစုမှာ အလုပ်လက်မဲ့ ၁၀၉/၁၁၀ ဘ၀မှ ရုန်းထွက်လိုမှု ၊ အလုပ်ရှိသော်လည်း ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေလို့မရတဲ့ ၀င်ငွေအဆင့်အတန်း နိမ့်ကျဆုတ်ယုတ်နေမှ၊ု လစာနည်းပါးသည့် လုပ်ငန်းဌာန များတွင် အလုပ်ဟု ဆိုသော်လည်း တာဝန်ကျေပွန်စွာ မှန်မှန်ကန်ကန် လုပ်ဆောင်နေရရုံ သက်သက် မဟုတ်ပဲ ငွေမည်း(သို့)လုပ်ပိုင်ခွင့်ရရာနေရာ၌လုယက်တိုက်ခိုက်နေရာလုခြင်းများမှ လွတ်မြေက်ရုန်းထွက်လိုမှု ၊စသည့် ရှိရှိသမျှ ဒုက္ခ၊ဆင်းရဲခြင်းအပေါင်းက လွတ်မြောက်ရုန်းထွက်လိုတဲ့ ဆန္ဒများနှင့် ပြည်ပနိုင်ငံများသို့ ကြုံရာ ရရာ အလုပ်လုပ်ကြရင်း မိသားစု စားဝတ်နေရေး (သို့)ဘ၀တစ်ခု ထူထောင်လွတ်မြောက်ရေးအတွက် ရုန်းကန်ကြိုးစားရပါတယ် ။ဘာသာစကားနဲ့ ယဉ်ကျေးမှု ၊ ဓလေ့ထုံးတမ်း အစဉ်အလာ၊ လူနေမှု အကျင့်စရိုက်တွေ မတူကွဲပြားတဲ့ ရေခြားမြေခြား တိုင်းတပါးမှာ နှစ်နဲ့ချီ အနေကြာလာမှ အသားကျမဲ့ အခြေအနေမှာ စိတ်ဖိစီးမှု မျိုးစုံကို ခါးစီးကြိတ်ခံရင်း အဆင်ပြေဆုံးဖြစ်အောင် ကြိုးစားရုန်းကန်နေကြပါတယ်။ဘ၀မျိုးစုံ ၊ အခြေအနေမျိုးစုံက ကိုယ့်အကြောင်းနဲ့ ကိုယ် ရုန်းကန်နေကြရပါတယ်။ ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးတာ ၊ လုပ်ခလစာနဲ့ အဆင်မပြေနိုင်တာ ဘာလို့လဲ ဒါတွေဟာ ဘယ်သူ့ကြောင့်လဲ။

တရားခံက ရှင်းရှင်းလေးပါ ။ဒီပြဿနာတွေ ကြီးထွားလာစေတာ ပြေလည်အောင်ဘယ်လိုဖြေရှင်းမှု မှမရှိပဲ ၊တိုင်းပြည်အပေါ်စေတနာတရားထားပြီး အမှန်အတိုင်းဖြေရှင်းမှု မရှိပဲ ကိုယ်ကျိုးကြည့် ဖိနှိပ်ရက်စက်စွာ အုပ်ချုပ်နေတဲ့ စစ်အစိုးရ ခေါ် ပြည်သူ့အာဏာလုတဲ့ အစိုးရကြောင့်ပါ ။ ခုံရုံးတင် ခံရမှာ ကြောက်နေကြလို့လား ။အာဏာရှင်ဘ၀ ရဲ့ အဆုံးသတ်ကို သင်ခန်းစာမယူမိကြသေးပါလား ။ပြည်သူတွေ တစည်းတလုံးပေါက်ကွဲ မဲ့ အချိန်ရောက်လို့ မတက်သာမှ အာဏာကို ပိုင်ရှင်လက်ထဲ ပြန်ထည့်ပေးရတဲ့ အချိန်ဆို အာဏာရှင် ရဲ့ အဆုံးသတ်ဟာ ပိုမို မရှု့မလှ အဆုံးသတ်ကြရမယ်ဆိုတာ နည်းနည်းမှ မစဉ်းစားမိကြလေရောလား ။ကိုယ့်သေတွင်းကို နက်နက်လေးတူးပြီး မိုက်နေကြပါရောလား ။အဆုံးသတ်ဆိုတာ သေချာပေါက်ရှိတယ် ။မွန်းကြပ်ပိတ်လှောင်မှုတွေရဲ့ တွန်းကန်ပေါက်ကွဲအားကို တွက်သင့်ပြီ ။

သူတို့မတွက်တာက သူတို့ထိုက် သူတို့ကံ လေ။ တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေဟာ တနေ့တခြား နစ်သထက် နစ်လာတာတော့ အင်မတန်ကို ၀မ်းနည်းစရာကောင်းလှပါတယ်။ထွက်ပေါက်ရှာပြီး ပြည်ပထွက်ခွာကြတဲ့ လူငယ်တွေကိုလည်း သတိလေးပြန်ထားမိစေချင်ပါတယ်။ကျနော်တို့ တစ်ဦးတစ်ယောက်..လူနည်းစုလေး အဆင်ပြေရုံနဲ့ ကျနော်တို့နိုင်ငံကြီးပြေလည်မသွားနိုင်ပါဘူး ။အစိုးရကသာ ကျနော်တို့ရဲ့ချွေးနဲစာကနေ ၀င်ငွေ အချောင်ရနေမှာပါ ။ ဒီမျောက်တွေက သူတို့လုပ်ချင်ရာ လုပ်လို့ရအောင် နှောင့်ယှက်တားဆီးနိုင်စွမ်းရှိတဲ့ အင်အားစုတွေ ယုတ်လျောအောင် ဖန်တီးကြံဆောင်နေတာ ကြာပါပြီ ။အဲဒီထဲမှာ လူငယ်အင်အားစုတွေဟာ အဓိကကျတဲ့ နေရာမှာရှိပါတယ် ။အဲဒီအတွက် ပြည်ပမှာရောက်ရှိနေကြတဲ့ မြန်မာလူငယ်များ ...နီးစပ်ရာလူငယ်အချင်းချင်း စုစည်းညှို့နှိုင်းကြပြီး ပြည်တွင်းကိုပြန်လာကြပါ။မြန်မာပြည်ပြန်လည်ထူထောင်နိုင်ရေးအတွက် စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်ကြပါလို့နိုးဆော်တိုက်တွန်းလိုပါတယ်။ကိုယ်ရေးကိုယ်တာတွေ တော့ ကိုယ်စီရှိကြမှာပါ။ဒါဟာ ကျနော်တို့ရဲ့ နိုင်ငံသားတွေရဲ့ကိစ္စ ၊ အမျိုးသားရေးကိစ္စဆိုတာရေရှည်အတွက် အကျိုးကို မျော်ကိုးပြီး မျိုးချစ်စိတ်ဓာတ်နဲ့ နိုးကြားဖို့ပါ။ ကျနော်တို့ ချစ်တဲ့ အမိမြန်မာပြည်ရဲ့ အစစအရာရာ ငတ်မွတ်ခေါင်းပါး ချို့တဲ့မှုတွေကနေလွတ်မြောက်နိုင်ဖို့ အမိမြေပေါ်မှာ ထိထိရောက်ရောက်တိုက်ပွဲဝင်ကြပါစို့။

နှစ်ပေါင်း(၂၀) မက မြန်မာ့ပညာရေးစနစ်ကို ဖျက်စီးနေခြင်းဟာ မျိုးဆက်သစ်တွေကို မြေလှန်တဲ့သဘောပါပဲ။ သင်ကြားရမဲ့ သင်ရိုးညွန်းတမ်း စာအုပ်လိုက် လွဲမှားတာတွေ ၊မေးခွန်းမှားတာတွေ ၊သင်ရိုးမှာ ပါတဲ့ စာကို ဖက်ပြရုံ ဖက်ပြခြင်း၊ သင်္ချာပုစ္ဆာတွေ အလွတ်မှတ်ရခြင်း...စတာ စတာ ..တွေဟာ သင်ကြားရသူကျောင်းသားကျောင်းသူတွေအတွက် အင်မတန် ထိခိုက်နစ်နာစေတဲ့ ကိစ္စတွေပါ။ ကျောင်းသားဘ၀ အနှစ်မဲ့လေလွင့်စေပါတယ် ။ငွေကြေးဆိုတာဟာ ပညာရဲ့တန်ဖိုးနဲ့အလဲအထပ်လုပ်ဖို့ နေရာမှာ ဘယ်လိုမှ အစားထိုးလို့ ၊ အစားထိုးဖို့ မဖြစ်သင့် ၊ မဖြစ်ထိုက် ၊မဖြစ်အပ် ၊မဖြစ်ရမဲ့ အရာပါ ။ဒါပေမဲ့ ဒီလိုဖြစ်အောင်ဖန်တီးလိုက်ကြတယ် ။ကျနော်သိသလောက်ဆို လွန်ခဲ့တဲ့(၇-၈)နှစ်က တက္ကသိုလ်အဝေးသင်ပညာရေးမှာ စာမေးပွဲဖြေဆိုသူ ကျောင်းသားက နိုင်ငံခြားမှာ ထွက်ပြီး အလုပ်လုပ်နေပေမဲ့ဘွဲ့ရတဲ့အထိလူစားထိုးဖြေဆိုခွင့်ရခဲ့ပါတယ်။လွန်ခဲ့တဲ့(၄)နှစ်က ကျနော့် သူငယ်ချင်းကျောင်းသားတစ်ယောက်က သူနဲ့ခင်မင်ရင်းနှီးသူရဲ့ အဝေးသင်စာမေးပွဲကို ၀င်ရောက်ဖြေပေးခဲ့လို့ သူနဲ့သက်ဆိုင်ရာကျောင်းက ကျောင်းတက်ခွင့်(၃)နှစ်ပယ်ချခြင်းခံခဲ့ရပါတယ်။ဒါဟာ မြန်မာပြည်ပညာရေးစနစ် မည်မျှ ပျက်စီးနေလဲ ဆိုတာပြတဲက သက်သေသာဓက တစ်ခုမျှသာဖြစ်ပါတယ် ။အခုဆို ဒီထက်ပိုဆိုးလာစရာပဲရှိပါတယ် ။ဒီလိုမျိုးဖြစ်စဉ်တွေဟာ ပညာသင်ကြားခြင်းပါလို့ ဆိုရရင် ဘွဲ့ဆိုတာ ဘာအဓိပ္ပါယ် ရှိပါသလဲ ။

နောက်တစ်ချက်ကျနော်ပြောချင်တာက ...လိုက်ပါတိုက်ပွဲဝင်ကြမဲ့ပြည်သူတွေကို အဖြူအမည်း မသဲကွဲအောင်လုပ်ထားတဲ့ အစိုးရရဲ့ အောက်တန်းအကျဆုံးအကြံအစည်ဖြစ်တဲ့ရမ်းကားသူ လူမိုက်များကိုကြေးစားငှားပြီး ဆန္ဒထုတ်ဖော်မှုကို ဖြိုခွဲခြင်းပဲဖြစ်ပါတယ်။ဆန္ဒပြတယ် ထုတ်ဖော်ပြောဆိုတယ်ဆိုတာ လူရဲ့မွေးရာပါအခွင့်အရေးပါ ။ကိုယ့်ရဲ့ အခွင့်အရေး ဘာတွေဘယ်လိုရှိတယ်ဆိုတာတောင် ကောင်းမွန်စွာ သိရှိနားလည်ကြခြင်း နည်းပါးသထက် နည်းပါးလာတဲ့ ပြည်တွင်းက ပြည်သူလူထုကြီးအတွက် ၀မ်းနည်းကြေကွဲမိပါတယ် ။ စွမ်းအားရှင်ပဲဖြစ်ပစေ ၊စွမ်းအားမဲ့ပဲဖြစ်ပစေ စည်းလုံးညီညွတ်မှုတွေ အင်အားကြီးမားလာရင် ဘယ်လိုအရာမျိုးမှ ကြာရှည်တင်းခံမထားနိုင်ပါဘူး ။ဒီအစိုးရဟာ ဒီလိုလူစားမျိုးတွေကို ဘယ်အချိန်ထိ ထောက်ပံ့အားဖြည့်ထားနိုင်မှာလဲ ။ဖောက်ပြန်ပြောင်းလဲမှုတွေ မကြုံပါဘူးလို့ရော ဒီသတ္တ၀ါတွေအပေါ် ဘယ်လိုယုံကြည်ရဲမလဲ။ဒီသတ္တ၀ါတွေ အရှိအတိုင်း ၊အမှန်အတိုင်းမြင်တတ်လာရင်......အဲဒီအင်အားဟာ ကျနော်တို့ရဲ့ မြန်မာပြည်ပြန်လည်ထူထောင်ရေးမှာ သူတို့ရဲ့အမှား အကြွေးတွေ ပြန်ဆပ်ဖို့ ရှေ့တန်းကတိုက်ကြမဲ့ရဲဘော်တွေ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ် ဆိုတာ ရေးသားရင်း ယခုစာစဉ်ကို နိဂုံးချုပ်လိုက်ပါတယ် ။ ။

Aug 26, 2007

ကျနော့်အတွေး၊ ကျနော့် အရေး


ဘယ်သူဘယ်ဝါပြောတာမှ ယုံဖို့ မဟုတ်ဘူး။ နားယောင်ဖို့မလိုဘူး။ဦးနှောက်ပါတယ်။ နှလုံးသားပါတယ် ။စဉ်းစားဆင်ခြင်နိုင်တဲ့ အသိတရား ...လူတိုင်းကိုယ်စီ ပါကြတယ် ။မှန်တာကိုသိနေရင် မှန်တဲ့ဖက်က ရပ်တည်ရဲတဲ့ သတ္တိပဲလိုတယ်။ကျုပ်ကလည်း မြန်မာဆိုတော့ မြန်မာလိုရေးပြီး မြန်မာ့အရေးပြောမယ် ။ အခုတလောကျနော်တို့ ရဲ့ မြန်မာပြည်အခြေအနေတွေကတော့ အားလုံးသိကြတဲ့ အတိုင်းပါပဲ ။အင်မတန်ရှုပ်ထွေးတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဘာတွေဘယ်လို ဆက်ဖြစ်လာဦးမလဲ ဆိုတာ အဝေးမှာရောက်နေကြတဲ့ ကျနော်တို့ မြန်မာလူငယ်တွေဟာ အခြေအနေတွေ ဘယ်လိုရှိနေလဲဆိုတာကို စိတ်လှုပ်ရှားစွာ မျက်ခြေမပျက် ရှာဖွေစောင့်ကြည့်လေ့လာနေကြပါတယ် ။ပြောစရာစကားလုံးမဲ့ အောင် အောက်တန်းကျယုတ်မာကောက်ကျစ်စဉ်းလဲလှတဲ့ အာဏာလုအစိုးရဟာ အဆင့်အတန်းမရှိတဲ့ရွှံရှာဖွယ်ရာနည်းမျိုးစုံသုံးပြီး ယင်းတို့ အာဏာတည်မြဲရေးကို လုပ်နေပါတယ်။ကမ္ဘာ့အောက်တန်းအကျဆုံးအစိုးရ ပါပဲ။ဘယ်အစိုးရမှ ဒီလက်ရှိမြန်မာစစ်အစိုးရလောက်အောက်တန်းမကျနိုင်ဘူးထင်ရဲ့ ။စံချိန်ချိုးလောက်တယ်ဗျ။စည်းလုံးမှုပြိုကွဲနေတဲ့ ရွှေမြန်မာကြက်ဆူမျိုးတွေကြားမှာ သာရာကူးပြီးနိုင်ငံရေးနဲ့လုပ်စားတဲ့ဦးနှောက်မဲ့လူငနွားတွေက အမျိုးကိုဖျက် ၊ရှူးတိုက်တိုင်း လိုက်ကိုက်တဲ့ ခွေးတွေလို အမဲရိုးမျှော်ကြရင်း လိုက်ကိုက်ကြသဗျ ။ ဟိုကဗျာထဲကလို အမျိုးပါ ဆဲချင်တယ်။ကိုလွှမ်းမိုး ဆိုခဲ့ဖူးတဲ့ သီချင်းလိုပေါ့ဗျာ ။ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်.... ကျနော်တို့ ရပ်ကွက်ထဲမှာဒီလိုပဲ ။
အခုကျနော်တင်ထားတဲ့ ဓာတ်ပုံက ယူဂိုဆလပ်က အာဏာရှင်တော်လှန်ရေးလုပ်တဲ့ ကျောင်းသားတွေရဲ့ Logo ပါ။သူတို့လည်း မြန်မာကျောင်းသားတွေလိုပါပဲ ။ အခွင့်အာဏာ ရာထူးတွေ လိုချင်လို့ တော်လှန်ရေးလုပ်တာမဟုတ်ပါဘူး ။ တရားမျှတမှုနဲ့ လူ့အခွင့်အရေး အပြည့်အ၀ရရှိဖို့ ရည်ရွယ်တာပါ။ နောက်ဆုံးမှာသူတို့ရဲ့ တော်လှန်ရေး အောင်ပွဲခံနိုင်ခဲ့ကြတယ်။ ကျနော်တို့နိုင်ငံရော ဘာကြောင့် ဒီလို အောင်ပွဲမခံနိုင်ရမှာလဲ။ ခက်တာက ကျနော်တို့နိုင်ငံက အခုတောင်အကြွေးတွေ ပတ်လည်ဝိုင်းပြီး ချွတ်ချုံကျနေပြီ။ဒါကိုတောင် နျူးကလီးယားအိမ်မက်ကို ဆက်မက်နေကြဆဲပါပဲ ။ဓာတ်ပေါင်းဖိုကြီးတွေ ရပါပြီတဲ့ ။စွမ်းအင် ထုတ်လုပ်ဖို့၊ လည်ပတ်ဖို့၊ ထိန်းသိမ်းဖို့ ထောက်ပံ့တဲ့ ငွေကြေး ...ဘယ်ကရမလဲ ။ပြည်သူ့ လည်ပင်းကို တက်နင်းဦးမှာပဲ ။ ကိုယ့်နိုင်ငံအတွက် ၀မ်းနည်းတုန်လှုပ်ပါရဲ့ဗျာ။ကိုလွှမ်းမိုးဆိုခဲ့ ဖူးတဲ့ သီချင်းတစ်ပုဒ်လို အမျိုးအတွက် ကျုပ်ငိုတယ် ပေါ့ဗျာ ။ဇာတ်ခုံပေါ်တက်ကနေကြတဲ့ မျောက်တွေကတော့ သူတို့တရားခံဘ၀မှာ ပြည်သူတွေရဲ့ လက်ညှိုးထိုးကြ၊ တံတွေးထွေးကြ ၊မတရားလုပ်ခဲ့သမျှ ၀ဋ်လည်မှာကို အကြောက်ကြီးကြောက်ပြီး မျက်ပြူးဆန်ပြာ လုပ်မိလုပ်ရာ မဟုတ်မဟပ်တွေ စွတ်ရွတ်လုပ် ...၊ အဲဒီလိုနဲ့ မှားပြီးရင်းထပ်မှားဖြစ်နေတာပေါ့ ။
အဓိကပြောလိုတဲ့ အချက်က စည်းလုံးညီညွတ်မှုပဲ။တခြား ဝေးဝေးပြေးပြီး ရှာနေစရာမလိုပါဘူး ။ ကျနော်တို့နိုင်ငံရဲ့ အခြေအနေကို လွတ်လပ်ပွင့်လင်းစွာ ထိမိသိရှိနေကြတဲ့ ကျနော် အပါအ၀င် ပြည်ပရောက် ရွှေမြန်မာတွေ အချင်းချင်းရော စည်းလုံးညီညွတ်မှု ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စုစုစည်းစည်း ရှိနေနိုင်ကြပါရဲ့လား ။ပြည်တွင်းမှာရော ....တနေ့တခြား ကွဲပြဲအောင်လုပ်နေကြတဲ့ မျောက်တွေရဲ့ လိုသလို ဆွဲသုံးတဲ့ အသုံးချခံဆိုတဲ့ ဘ၀ အဖြစ်ကို စားဝတ်နေရေးပြေလည်ဖို့ ဖြတ်လမ်းကလိုက် ၊မိုက်မဲပြီးဦးနှောက်မဲ့ တဲ့ အလုပ်မျိုးကို မျက်စိမှိတ်ပြီး စွတ်လုပ်နေကြတဲ့ ရွှေမြန်မာငမိုက်သားများရဲ့ လုပ်ရပ်တွေက ပြည်တွင်းစည်းလုံးညီညွတ်မှု ရဲ့ သကေ`င်္တလား ။ရွံလို့ တော်ချင်သည်ဖြစ်စေ ၊မတော်ချင်သည်ဖြစ်စေ သူတို့လည်း ရွှေမြန်မာမျိုးပါပဲ ။ကြောက်စရာအကောင်းဆုံးကတော့ အားသာတဲ့ဖက် ကူးပြီး နိုင်ငံရေးလုပ်တာကို ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းပုံစံအဖြစ်နဲ့ရပ်တည်နေကြတဲ့ ရွှေမြန်မာတချို့ ၊နောက် တောင်ပြိုရင် ဖနောင့်ပေါက်ဖို့ စောင့်နေကြတဲ့ သူရဲကောင်းယောင်ကြီးတွေ ပေါ့ဗျာ ။အချိန်အခါ အခြေအနေကို ကြည့်ပြီး လုပ်စား ၊နိုင်ငံရေးနဲ့ အမြတ်ထုတ်သွားမဲ့ လူတွေ ရှိကြလေတော့ နိုင်ငံရေးသမားဆိုတဲ့ အင်မတန်ဖြူစင်မြင့်မြတ်တဲ့ ၊အများအကျိုးကို ဘ၀စွန့်လွတ် ရင်းနှီးပြီး ပေးဆပ်ခြင်းဆိုတဲ့ အဓိပ္ပါယ် ပျောက်ပြီး ရှုပ်ထွေးပွေလီမှု ၊ကောက်ကျစ်စဉ်းလဲမှု...စတဲ့မဟုတ်မဟပ်အဓိပ္ပါယ်တွေ ရောထွေးကုန်တာပေါ့ဗျာ။ စကားပုံတွေ ၊ဆိုရိုးတွေ ပြောရ ရင် လေရှည်ပါတယ် ။
နိဂုံး ။ ။တကယ် လုပ်ရရင် တကယ်ပင်ပန်းတာပေါ့ဗျာ ။ဒါပေမဲ့ ...မလုပ်ပဲနေလို့မှမရတာ ။ကိုယ့်နိုင်ငံအခြေအနေကတော့ ဖက်နေတဲ့ ရွှေမြန်မာလည်း သိနေမှာပါ။မြင်မြင်သမျှ လူသားရွှေမြန်မာ အားလုံး....တကယ် အလုပ်လုပ်ရင်း ၊ကိုယ့်ရာဇ၀င် ကိုယ်ထွင်းရင်း နိုင်ငံကောင်းဖို့ စုပေါင်းလို့ ပြန်လည်ကြိုးစားကြပါစို့လား ဗျာ။ ။

Jul 22, 2007

ကျနော်ကောက်ရခဲ့တဲ့ လွတ်လပ်မှု

ငယ်ငယ်တုန်းက လူကြီးတွေစကားဝိုင်းထဲ ၀င်ပါတဲ့အခါတိုင်း ကလေးက ကလေးနေရာနေစမ်းပါလို.အပြောခံရဖူးလား။ကျနော်တော့ မကြာခဏပါလို. မကြာခဏပဲ အပြောခံရတယ်။အဲဒီလိုဝင်ပြောနိုင်မှလည်း လူရာဝင်တယ်လို. ထင်ခဲ့သကိုးဗျ။လူကလည်း လူကြီးစီးတဲ့ စက်ဘီးရဲ့ ဖင်ထိုင်ခုံပေါ်တက်စီးနိုင်လာပြီကိုး။ဒီတော့ငါလည်း လူတော်တော်ကြီးနေပါပြီပေါ့။ဘာလို.ကလေးလို.မြင်ကြတာလဲ။ဘာညာပေါ.ဗျာ။စဉ်းစားလာပြီ။ကောင်မလေးတွေ မြင်ရင် စပ်ဖြီးဖြီးနဲ.နောက်ချင်ပြောင်ချင်နေပြီပေါ.။ဘာမှန်းညာမှန်းတော. မသိသေးဘူးလေ။ဒါပေမဲ့ လူကြီးဖြစ်ချင်လှပြီ။သိပ်လွတ်လပ်ချင်နေပြီ။ တခါတလေ အိပ်တာအဆင်မပြေလို. ကယောင်ချေက်ချားအိမ်မက်မက်ရင်တော. "အမေ." ဆိုပြီး မိဘတွေကြားထဲ ပြန်ဝင်တိုးအိပ်တတ်တာပေါ.။ဟီး ဟီး ...ဒီလိုနဲ. ဟိုမရောက်ဒီမရောက်အရွယ် လူကြီးမိဘတွေရဲ့ အုပ်ထိန်းမှုအောက်မှာ တရွတ်တိုက်လိုက်ပါရင်း ကျနော်လိုချင်လှတဲ့ လူလားမြောက်လို. "မင်းလိုရာမင်းသွားနိုင်ပြီ" "မင်းဘ၀ကို မင်းထူထောင်တော့ ..." ဆိုတဲ့နေ.ကိုတိတ်တိတ်လေး စောင်.နေမိတယ်လေ။အချိန်ဆိုတာ ငြိမ်မှမဟုတ်ပဲကိုးဗျာ ရောက်လာတာပေါ့။ဒီလိုနဲ့ ကြီးပြင်းလာတဲ့ အရွယ်နဲ့အတူ အတော်အတန်လည်း လောကဓံကို မြည်းစမ်းခဲ့ရပြီလေ။သိပ်လွတ်လပ်ချင်တော့ သူများတွေ တော်ရုံတန်ရုံမှားလေ.မရှိတဲ့နေရာတွေမှာလည်း အမှားတွေ ကြုံခဲ့ရတာပေါ.။ဒီလိုဘဲ....ရှာဖွေရင်း၊ လေ့လာရင်း၊သင်ယူရင်း၊မှားယွင်းရင်း၊မှတ်သားရင်းနဲ....ဖြစ်ချင်တာ၊ဖြစ်နေတာ၊ဖြစ်နိုင်တာ၊ဖြစ်သင့်တာ၊ဖြစ်ရမှာ၊ဖြစ်လာတာတွေရဲ့ကြား....။ဘ၀ဟာ တဖြည်းဖြည်း ခါးသက်လာပါတယ်။တာဝန်ဝတ္တရားတွေနဲ. ချုပ်နှောင်ခံလာရတယ်။ဆန္ဒတွေနဲ. လူဟာပူလောင်မောဟိုက်လာရဲ့။ကန်.သတ်ထိန်းချုပ်ရတာတွေနဲ. မွန်းကျပ်လာတယ်။ဒီတော. ကျနော် လွတ်လပ်မှု ဆိုတဲ့အပေါ်မှာ သံသယ၀င်လာပါတော.တယ်။ဘာလဲပေါ့။ကျနော့ ရည်မှန်းချက်ပန်းတိုင်လည်း ဆုံးရှုံးလွဲမှားခြင်းတွေနဲ. ထိတွေ့....။ဘ၀မှာ မရေရာ၊မသေချာတာတွေ တွေ.ကြုံရပါများလာတော့ ဘယ်ကိုဆက်သွားပြီးရှာဖွေလဲ ဆိုတော့ သိကြတဲ့ အတိုင်းပါပဲ။ဘာသာတရားမှာ ရှာကြည့်တော့တာပါပဲ။လောကကြီးက ရိုက်သွင်းပေးလိုက်တဲ့ ကျနော့ရင်ဘတ်က သံသယတွေနဲ.ပေါ့။ကျနော် ကံကောင်းတယ်လို. ဆိုရပါမယ်။ဘယ်လိုရှူ.ထောင့်ကပဲ ကြည့်ကြည့် အစမ်းသပ်ခံနိုင်အောင် အဖက်ဖက်ကပြည့်စုံတဲ့ ဘာသာတရားဟာ ကျနော့်ရဲ့ မိရိုးဖလာကိုးကွယ်ယုံကြည်တဲ့ဘာသာဖြစ်နေပါတယ်။အဲဒီမှာ ကျနော်သိချင်တဲ့ လွတ်လပ်ခြင်းကို ရှာဖွေပါတယ်။သိပ်ကျယ်ပြန်.လွန်းတော. အားလုံးနားလည်သိရှိနိုင်စွမ်းမရှိပါဘူး။သိရင်တော့ ရဟန်းဝတ်တောထွက်ပြီး တရားကျင်.နေမှာပေါ့နော။ဘာလို. ဒီမှာလာပြီး လေပေါနေမလဲ။ဟုတ်ဖူးလား။ဒါပေမဲ့ ကျနော်လိုချင်တဲ့ လွတ်လပ်မှုကိုတော့ ကျနော့် အတိုင်းအတာလေးနဲ. ကျနော် ပြန်ရှာတွေ.ခဲ့ပါတယ်။လူငယ်တစ်ယောက်ရဲ့ စိတ်ဓာတ်ခံယူချက်၊ ရပ်တည်ချက်တွေပေါ်မှာ လောကဓံနဲ. ကြုံဆုံတိုင်း စိတ်ကိုအတန်အသင့်ငြိမ်အောင် ဘာသာရေးရှူ.ထောင့်ကနေအာရုံပြောင်းတတ်လာပြီပေါ.ဗျာ။ဘာရယ်မဟုတ်ပါဘူး။ကျနော်ဖြတ်သန်းခဲ့တဲ့ အချိုးအကွေ.၊အတက်အကျတွေထဲက ကျနော် ကောက်ရခဲ့တဲ့ ကျနော့်ဘ၀ဒဿန တချို.ပါ။ဖက်ရှူ.ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ကြိုးစားပါဦးမည်။ပေါ့ဗျာ ...ဘယ်သူသုံးတဲ့စကားလုံးလည်းတော့ မသိဘူး။ဆွဲသုံးလိုက်ပြီဗျာ...ဟဲဟဲ ...တ တာ

Jul 16, 2007

အမိမြေအတွက် အတွေးများ

ကျနော်တို့မှာ ရန်သူရှိလား။တိုင်းတပါးသား လက်အောက်များကျရောက်နေလား။သူ့ကျွန်ဘ၀၌ ကျရောက်နေခြင်း မဟုတ်ပါလျင် ဘာကြောင့် တမျိုးသားလုံး၏ လူချင်းတူတူ သူချင်းမျှမျှ လူ့အခွင့်အရေးများ ဘာကြောင့်ပျောက်ပျက်ဆုံးရှုံးနေပါသနည်း။ ဘယ်သူတွေက ကျနော်တို့ဘ၀တွေကို ရက်ရက်စက်စက် လုပ်ကြံနေပါလိမ့်ဗျာ။လူ့အသက်သေသွားတာထက် ဘ၀တွေရှင်လျက် သေနေကြရတယ်။တမျိုးသားလုံးညီညွတ်နေကြရင် ငတ်ပြတ်နေလည်း အတူ၊ စည်ဝေပြည့်ဝလာလည်း အတူ ခံစားပျော်ရွှင်နိုင်ကြမှာပါ။လူသားအားလုံး အတူတူပါပဲ။ ဘယ်လူမျိုးမှ ထူးပြီး သိမ်ငုပ်ညံ့ဖျင်းနေတာ မရှိပါဘူး။အားလုံးဟာ ဖန်တီးပြုပြင် ပြောင်းလဲလို့ရနိုင်ပါရက် တဖက်သတ် ဖိနှိပ်ရက်စက်နေတာတော့ တရားလွန်လှပါရဲ့။ပိုင်ဆိုင်ထားတဲ့ ကိုယ့် ဘ၀ ဒုက္ခမခံချင်လို့၊ အခြေမယိုင်ဖို့၊ တိုးတက်မြင့်မားဖို့၊ တခြားသူတွေထက် အဆင်ပြေသာယာဖို့၊ ဘာကြီးဖြစ်ဖို့၊ ညာကြီးဖြစ်ဖို့၊.......ဖို့......ဖို့........ရှိနိုင်ပါတယ်။ရှိကြပေါ့။ဒါပေမဲ့....... ကိုယ့်လူမျိုး ဘာညာ..စကားကြီးစကားကျယ် သုံးမနေပါဘူး။ တပါးသူကို မထိခိုက်ပဲ ကိုယ်စွမ်းကိုယ်စနဲ့ ကြိုးစားကြရမှာပါ။ အခုတော့ ငါ့အတွက်ဆို ဘာကိုမဆို၊ ဘယ်သူ့ကိုမဆို ချနင်းလိုက်ဖို့ လွယ်ကူကြတယ်။ဘာကိုမှ မငဲ့ကွက်ပဲ ရက်စက်ကြတယ်။အခုလိုတစ်တိုင်းပြည်လုံး ဒုက္ခသုတ္ခ အတိရောက်နေချိန်မှာ အတ္တလေးတွေ ကိုယ်စီ ဘေးချပြီးရင်ဆိုင်ကြသင့်ပါပြီ။ငါက ဘယ်သူဘယ်ဝါ၊ ဘယ်လိုကောင် ဆိုတာလေးတွေလည်း မေ့ထားလိုက်ပါ။ တမြေထဲနေ၊တရေထဲသောက်ကြတဲ့ ညီအကိုမောင်နှမတွေချည်းပဲဗျာ။စတေးခံရသူတွေထဲမှာ အလွှာပေါင်းစုံကနေ ပုံစံအမျိုးမျိုး နဲ့ ပါဝင်နေတာ အားလုံးအသိပါ။တချို့လည်း စတေးခံနေရမှန်းသိရက် နေသာ သလိုနေကြတာ၊ အနေချောင်သလို နေကြတာတွေဟာ ဒီလိုအချိန်မှာ မဖြစ်သင့်တော့ပါဘူး။ဒီအခက်အခဲတွေကနေ လွတ်မြောက်အောင် စုပေါင်းပြီး ကြိုးစားရုန်းကန်ဖို့ အချိန်တန်နေပါပြီ။ အခုလို တနိုင်ငံလုံး၊ တမျိုးသားလုံး ဆင်းရဲမွဲတေ ငတ်မွတ်နေချိန်မှာ ခင်ဗျားတစ်ယောက်တည်း ထူးပြီး အောင်မြင်ပေါက်မြောက်နေ၊ တော်နေတတ်နေ၊ ပြည့်စုံသာယာနေ တော့ရော ခင်ဗျား စိတ်ချမ်းသာပျော်ရွှင် နေနိုင်ရဲ့လား။သိပ်ပြီး အတ္တကြီးလွန်းသူဖြစ်မယ်ဆိုရင်တောင် အနည်းဆုံးတော့ ခင်ဗျား ဘာလူမျိုးလဲ ဆိုတဲ့မေးခွန်းမျိုးတွေ မေးလာတဲ့အခါတော့ စိတ်မချမ်းမသာဖြစ်ရမှာပဲလေ။စနစ်အမျိုးမျိုးရဲ့ နာမည်တွေ အမျိုးမျိုး ပြောင်းခဲ့ပြီးပါပြီ။အသံပဲရှိတယ် အဆံမပါခဲ့ဘူး။သူ့ကျွန်ဘ၀က လွတ်မြောက်ပြီးကတည်းက ကျွန်တော်တို့နိုင်ငံ ဘယ်နှစ်ကြိမ်များ ဦးမော့ ခေါင်းထောင်ခဲ့ပါသလဲဗျာ။ကျနော်တို့ သိမှီသမျှ တော့ တစ်ကြိမ်တစ်ခါမျှ တိုးတက်ဖွံ့ ဖြိုးလာတာ မရှိခဲ့ပါ။အခု ကျနော်တို့ မမှီလိုက်တဲ့ သမိုင်းအစစ်အမှန်တွေ သိရှိပြန်တော့လည်း တိုင်းပြည်တစ်ပြည်ရဲ့ အတိုင်းအတာနဲ့ ဘက်စုံ၊ ဂဏ္ဍစုံမှာ တိုးတက်ပြောင်းလဲမှုမတွေ့ရပါ။ အဘယ်ကြောင့်ပါနည်း။ ဒီအခြေအနေတွေကို မခံမရပ်နိုင်ကြတဲ့ကျောင်းသားကျောင်းသူ ၊လူငယ် ၊ လူကြီးတွေ ပြည်ထောင်စုသား ညီအကိုမောင်နှမများစွာ အချိန်တွေနဲ့ရင်း၊ဘ၀တွေနဲ့ရင်း၊အသက်တွေနဲ့ရင်း၊ အစစအရာရာ ရင်းနှီးပေးဆပ်လို့ တော်လှန်ဖြိုဖျက်ကြတယ်။သူတို့ ဖြိုဖျက်နေကြတာ တော်လှန်နေကြတာ စနစ်ကိုပါ။ အဲဒီစစ်အာဏာရှင်စနစ် မှာ မိဘ မရှိ၊သွေးချင်းသားချင်း မရှိ၊ညီအကိုမောင်နှမ မရှိ၊ဓမ္မ မရှိ၊ ညီမျှခြင်း မရှိ၊ လူသားဦးနှောက် မရှိ၊ ချင့်ချိန်နိုင်ခြင်း မရှိ၊ စာနာနိုင်ခြင်း မရှိ၊ အမှန်တရား မရှိ၊ အသိတရား မရှိ။ အဓမ္မ အတ္တ၊ တဖတ်သတ်အမြင်နှင့် ဆိုးယုတ်ခြင်းသာတည်၏။ဤစနစ်ဆိုး အမြစ်မကျန် လုံးလုံးလျားလျား ပျက်ဿုန်းမှသာ တမျိုးသားလုံးချမ်းသာရာ ရမည်ဟု ယုံကြည်ပါသည်။ဤစနစ်ပျက်ဿုန်းသည့်နောက်ပင် တမျိုးသားလုံး၏ စနစ်ဆိုးမှပေးအပ်ခဲ့သော အကျင့်စာရိတ္တဆိုးများကို ပြုပြင်တော်လှန်ပစ်ရဦးမည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း မြန်မာလူငယ် လူပြိန်းတစ်ဦး၏ အမြင်တချို့အနေဖြင့် ရေးသားလိုက်ပါသည်။