ထုံပေကပ်တဲ့ပုံစံထက်မပိုတဲ့---
ပွဲကြည့်ပရိသတ်တစ်ဦးသာ...
ဘ၀ဟာ ဘယ်နှစ်ခါပျက်ခဲ့ပြီလဲ ။
ဒဏ်ရာဆိုတာ ဘာကိုခေါ်လဲ ????
အဆုံးကို အမြဲမျှော်နေတဲ့ ငှက်တကောင်ပဲ.......။ ။
ငြီးငွေ.ခြင်းတွေချည်း မော့သောက်နေရ
အတ္တတွေဘယ်တော့ အလင်းဝင်မလဲ???
ကျောက်စရစ်ခဲတွေ ရေတွက်ရင်း
အရသာမရှိတဲ့ သီချင်းတစ်ပုဒ်===
အနှစ်မဲ့ ကဗျာတွေ++++
ရေထဲမှာ ဘာမှမထင်ခဲ့ဘူး။ ။
ပိုးနုပ၀ါ ကတ္တီပါလွမ်းချင်း
သတိရခြင်းနဲ.စပ်လျဉ်းတဲ့မီးတွေ~~~
ငါရေးတဲ့သီချင်းလေ မင်းကြားဖူးလား???
ငါ့အသိဥာဏ်ရှိသလောက် နှလုံးသားကကြည့်နေတယ်
လူသားနဲ. ဘာသာဗေဒတွေ ပြည့်စုံအခြေ ဘယ်တော့ရောက်မလဲ???
ဖက်ရုံပဲ ဖက်ပါ ...ဦးနှောက်အလင်းမပျောက်ပါစေနဲ.။
ဒီလိုပဲ---လိမ်ရင်း ညာရင်း.....
သေဦးမယ်။ရှင်ဦးမယ်။
ထုံပေကပ်တက်ပုံစံထက် မပိုxxx
ဟောဒီကမ္ဘာမှာ~~~
ငါဟာ ပွဲကြည့်ပရိသတ်
စက္ကူပေါ်မှာ ကမ္ဘာပတ်ရှာရတာပျင်းစရာ
ငြီးငွေ.သောလက်များ ရဲ့ အေးစက်စက်ထွေးဖက်မှုအောက်
အလင်းတံခါးဆီသွားဖို. အားရှိသေးလား။
လွမ်းလိုက်တာကောင်မလေးရယ် လို.ပြောဖို.
အားမရှိတော.တာ သေချာတယ်။
မနက်ဖြန်ဆီ အလည်သွားပရစေဦး~~~ xxx~~
စောင့်ကြည့်နေလိုက်မယ် မျောက်တစ်ကောင်ကို+++
လိပ်ပြာကို ဘယ်တော.ဖမ်းစားလိုက်မလဲလို.။ ။ ။
အသည်းမာတဲ့ ပေတေကပ်တက် ပွဲကြည့်ပရိသတ်ကြီးရေ ...
ReplyDeleteလိပ်ပြာကလေး ဖမ်းစားခံရမဲ့ အချိန်ကို စောင့်ကြည့်နေနိုင်ရက်သလားဗျာ ...
အဲဒီမျောက်ကို ဦးအောင် ဖမ်းစားလိုက် ... မစားခင် ရောဂါကင်း မကင်းဆိုတာတော့ အရင် စစ်ဆေးကြည့်ဖို့တော့လိုတယ်ဗျ ...
ကိုနွေလှိုင် ... ကဗျာ တွေ ကြိုက်တယ်ဗျာ ... ရေးပါဦး ... ကျေးဇူး ...