ငါတို. ရှေ.ကိုတက်လာပြီ~~~
ဘယ်သူလိုက်မလဲ မေးမယ်မထင်နဲ.။
ဘယ်လိုနေရာမျိုးမှ ဦးထားလိုသူတွေ မဟုတ်တာ
သေချာတယ်။
မနေ.တနေ.ကမှ သိရတဲ့သမိုင်းအစစ်အတွက်
အခုမှထပြီး သွေးဆူမနေတော့ဘူး။
အသိတရားမဲ့တွန်.လိမ်နေတဲ့ ကိုယ်.ကိုယ်ကိုပဲ
ဖြန်.ကျက်လိုက်ကြမယ်။
ဘယ်သူဘာမှမလိုဘူး
ကိုယ်.အလုပ်ကိုယ်လုပ်ပြီး
မှန်ကန်တဲ့ရပ်တည်ချက်နဲ.
အဆင်ပြေပြေ ရှင်သန်နေထိုင်ချင်သူတွေပဲလေ။
ဘယ်လိုဖိနှိပ်ပြီးလိမ်လိမ် အမှန်ဆိုတာအမြဲတိမ်မြုပ်မနေဘူး
ကိုယ့်သမိုင်းကိုယ် ရေးကြရသူချည်းပဲ။
ထုံထိုင်းနေတဲ့မျက်ဝန်းများ
ရေကန်အစပ်က မီးတောက်အနမ်းတွေ
ပြိုယိုင်မှုသာ ဘ၀ဖြစ်နေတဲ့ကမ်းခြေ
ပူလောင်ခြောက်ခမ်းလွန်းရင် အဆိပ်ကလည်းပြင်းတတ်တယ်။
ဥပမာ နမူနာတွေအများကြီး
သက္ကရာဇ်သမိုင်းဟာရာဇ၀င်အထူကြီးပါ
မမြင်မစမ်း ရမ်းကားခဲ့တာလည်းကြာပြီ
လက်ထဲကအုန်းသီးက ထမင်းနဲ.ရောချက်ရင်
အရသာကောင်းထွက်ပါတယ်။
အငြိုးတွေပေါ်က အမုန်းထက်
အတ္တနဲ.လောဘတွေခင်းကျင်းတဲ့ပွဲလေ
စင်ပေါ်တက်ပြီးတန်ဖိုးဖြတ်ခံ
သေတဲ့အခါ ဘာမှမပါဘူး သမိုင်းသာကျန်ခဲ့မယ်
ဘယ်လိုကောင်ဆိုတာxxx
အိပ်မနေနဲ. နေ၀င်တော့မယ်။ ။
သထ္တုရိုင်းတွေအရည်ကြိုဖို.(သို.) ငါ့တို.ကိုယ်ငါတို. ဖျော်ချလိုက်ဖို.
ငါတို. ရှေ.ကိုတက်လာပြီ~~~ ။ ။
ကိုနွေလှိုင်ရဲ့ ဒီကဗျာကို ကျွန်မဘလောဂ့်က စာပေအိုးအောက် ပြန်ဖော်ပြလိုက်ပါတယ် ။ ကြိုက်လွန်းလို့ ။ တခြားကဗျာတွေလည်း ကောင်းတယ် ။ လာအားပေးနေပါတယ် ။
ReplyDeleteကျေးဇူးတင်ပါတယ် မဂျစ်တူး။အခုမှblogလောကထဲ ရမ်းသမ်းလျှောက်နေတော့ မှားတာ လိုတာလေးတွေရှိရင်လည်း ပြောဆို ဆုံးမနိုင်ပါကြောင်း
ReplyDelete