ငယ်ငယ်တုန်းက လူကြီးတွေစကားဝိုင်းထဲ ၀င်ပါတဲ့အခါတိုင်း ကလေးက ကလေးနေရာနေစမ်းပါလို.အပြောခံရဖူးလား။ကျနော်တော့ မကြာခဏပါလို. မကြာခဏပဲ အပြောခံရတယ်။အဲဒီလိုဝင်ပြောနိုင်မှလည်း လူရာဝင်တယ်လို. ထင်ခဲ့သကိုးဗျ။လူကလည်း လူကြီးစီးတဲ့ စက်ဘီးရဲ့ ဖင်ထိုင်ခုံပေါ်တက်စီးနိုင်လာပြီကိုး။ဒီတော့ငါလည်း လူတော်တော်ကြီးနေပါပြီပေါ့။ဘာလို.ကလေးလို.မြင်ကြတာလဲ။ဘာညာပေါ.ဗျာ။စဉ်းစားလာပြီ။ကောင်မလေးတွေ မြင်ရင် စပ်ဖြီးဖြီးနဲ.နောက်ချင်ပြောင်ချင်နေပြီပေါ.။ဘာမှန်းညာမှန်းတော. မသိသေးဘူးလေ။ဒါပေမဲ့ လူကြီးဖြစ်ချင်လှပြီ။သိပ်လွတ်လပ်ချင်နေပြီ။ တခါတလေ အိပ်တာအဆင်မပြေလို. ကယောင်ချေက်ချားအိမ်မက်မက်ရင်တော. "အမေ." ဆိုပြီး မိဘတွေကြားထဲ ပြန်ဝင်တိုးအိပ်တတ်တာပေါ.။ဟီး ဟီး ...ဒီလိုနဲ. ဟိုမရောက်ဒီမရောက်အရွယ် လူကြီးမိဘတွေရဲ့ အုပ်ထိန်းမှုအောက်မှာ တရွတ်တိုက်လိုက်ပါရင်း ကျနော်လိုချင်လှတဲ့ လူလားမြောက်လို. "မင်းလိုရာမင်းသွားနိုင်ပြီ" "မင်းဘ၀ကို မင်းထူထောင်တော့ ..." ဆိုတဲ့နေ.ကိုတိတ်တိတ်လေး စောင်.နေမိတယ်လေ။အချိန်ဆိုတာ ငြိမ်မှမဟုတ်ပဲကိုးဗျာ ရောက်လာတာပေါ့။ဒီလိုနဲ့ ကြီးပြင်းလာတဲ့ အရွယ်နဲ့အတူ အတော်အတန်လည်း လောကဓံကို မြည်းစမ်းခဲ့ရပြီလေ။သိပ်လွတ်လပ်ချင်တော့ သူများတွေ တော်ရုံတန်ရုံမှားလေ.မရှိတဲ့နေရာတွေမှာလည်း အမှားတွေ ကြုံခဲ့ရတာပေါ.။ဒီလိုဘဲ....ရှာဖွေရင်း၊ လေ့လာရင်း၊သင်ယူရင်း၊မှားယွင်းရင်း၊မှတ်သားရင်းနဲ....ဖြစ်ချင်တာ၊ဖြစ်နေတာ၊ဖြစ်နိုင်တာ၊ဖြစ်သင့်တာ၊ဖြစ်ရမှာ၊ဖြစ်လာတာတွေရဲ့ကြား....။ဘ၀ဟာ တဖြည်းဖြည်း ခါးသက်လာပါတယ်။တာဝန်ဝတ္တရားတွေနဲ. ချုပ်နှောင်ခံလာရတယ်။ဆန္ဒတွေနဲ. လူဟာပူလောင်မောဟိုက်လာရဲ့။ကန်.သတ်ထိန်းချုပ်ရတာတွေနဲ. မွန်းကျပ်လာတယ်။ဒီတော. ကျနော် လွတ်လပ်မှု ဆိုတဲ့အပေါ်မှာ သံသယ၀င်လာပါတော.တယ်။ဘာလဲပေါ့။ကျနော့ ရည်မှန်းချက်ပန်းတိုင်လည်း ဆုံးရှုံးလွဲမှားခြင်းတွေနဲ. ထိတွေ့....။ဘ၀မှာ မရေရာ၊မသေချာတာတွေ တွေ.ကြုံရပါများလာတော့ ဘယ်ကိုဆက်သွားပြီးရှာဖွေလဲ ဆိုတော့ သိကြတဲ့ အတိုင်းပါပဲ။ဘာသာတရားမှာ ရှာကြည့်တော့တာပါပဲ။လောကကြီးက ရိုက်သွင်းပေးလိုက်တဲ့ ကျနော့ရင်ဘတ်က သံသယတွေနဲ.ပေါ့။ကျနော် ကံကောင်းတယ်လို. ဆိုရပါမယ်။ဘယ်လိုရှူ.ထောင့်ကပဲ ကြည့်ကြည့် အစမ်းသပ်ခံနိုင်အောင် အဖက်ဖက်ကပြည့်စုံတဲ့ ဘာသာတရားဟာ ကျနော့်ရဲ့ မိရိုးဖလာကိုးကွယ်ယုံကြည်တဲ့ဘာသာဖြစ်နေပါတယ်။အဲဒီမှာ ကျနော်သိချင်တဲ့ လွတ်လပ်ခြင်းကို ရှာဖွေပါတယ်။သိပ်ကျယ်ပြန်.လွန်းတော. အားလုံးနားလည်သိရှိနိုင်စွမ်းမရှိပါဘူး။သိရင်တော့ ရဟန်းဝတ်တောထွက်ပြီး တရားကျင်.နေမှာပေါ့နော။ဘာလို. ဒီမှာလာပြီး လေပေါနေမလဲ။ဟုတ်ဖူးလား။ဒါပေမဲ့ ကျနော်လိုချင်တဲ့ လွတ်လပ်မှုကိုတော့ ကျနော့် အတိုင်းအတာလေးနဲ. ကျနော် ပြန်ရှာတွေ.ခဲ့ပါတယ်။လူငယ်တစ်ယောက်ရဲ့ စိတ်ဓာတ်ခံယူချက်၊ ရပ်တည်ချက်တွေပေါ်မှာ လောကဓံနဲ. ကြုံဆုံတိုင်း စိတ်ကိုအတန်အသင့်ငြိမ်အောင် ဘာသာရေးရှူ.ထောင့်ကနေအာရုံပြောင်းတတ်လာပြီပေါ.ဗျာ။ဘာရယ်မဟုတ်ပါဘူး။ကျနော်ဖြတ်သန်းခဲ့တဲ့ အချိုးအကွေ.၊အတက်အကျတွေထဲက ကျနော် ကောက်ရခဲ့တဲ့ ကျနော့်ဘ၀ဒဿန တချို.ပါ။ဖက်ရှူ.ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ကြိုးစားပါဦးမည်။ပေါ့ဗျာ ...ဘယ်သူသုံးတဲ့စကားလုံးလည်းတော့ မသိဘူး။ဆွဲသုံးလိုက်ပြီဗျာ...ဟဲဟဲ ...တ တာ
No comments:
Post a Comment
ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။