| ||||||
ကျနော်ဒီသတင်းကြားကတည်းက ရေးဖို့စိတ်ကူးရှိပေမဲ့ အခြေအနေအရ မရေးနိုင်ခဲ့ပါဘူး ။ဒီနေ့တော့ အချိန်လေးရလာတာရယ်၊ သူ့ကိစ္စကို သတင်းတွေမှာပါ တော်တော်ပျံ့နှံ့လာတော့ ကျနော့်ကိုယ်ပိုင်အမြင်ပါရေးဖို့စိတ်ကူးရလာလို့ရေးဖြစ်တာပါ ။
အခုလက်ရှိမြန်မာပြည် ဂီတလောကအခြေအနေဟာ ပျက်စီးနေပြီလို့ပြောလို့ရပါတယ် ။ထုတ်လုပ်သူတွေ ဘယ်လိုမှ နလန်မထူနိုင်အောင် ခိုးကူးတွေက တားမရဆီးမရ မှိုလိုပေါနေတာပါပဲ ။ဒါကလည်း ပရိသတ်ရဲ့ အနေအထားတစ်ခုပါ ။အနုပညာကို မြတ်နိုးတန်ဖိုးထားတဲ့သူတွေရဲ့ ၀င်ငွေအဆင့်အတန်းပါပဲ ။ တရားဝင်ခွေတစ်ခွေထွက်ဖို့ကလည်း ကုန်ကျစရိတ်ကြီးတာ အားလုံးအသိပါ ။အခုကိစ္စက ဂျောက်ဂျက်ရဲ့သီချင်းတွေပျံ့နှံ့ပုံမှာ Online ကပြန့်တာနဲ့ခိုးကူးအရောင်းသမားတွေဖြန့်တာ.. ဒီ၂ ခုပါပဲ ။Online က ရတာကတော့ ပြည်တွင်းထက် ပြည်ပမှာ ပျံ့နှံ့အားပိုများမှာပါ ။ဒီကို သူတို့ဘယ်လိုမှ ခန့်မှန်းလို့မရသလို ပြည်ပရောက်နေသူတွေကလည်း အရွယ်ရောက်ပြီးသူတွေများတာမို့ ဒီကိစ္စက ဝေဖန်ရေးသားသူ သိမြင်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး ။ပြည်တွင်းမှာ လူငယ်တွေကြား ရေပန်းစားနေတာလည်း ကလည်း လူငယ်တွေ ခံစားချက်နဲ့တိုက်ဆိုင်နေလို့ပါ ။မဟုတ်ရင် သူဒီလောက်ကြမ်းကြမ်းတမ်းတမ်းရွတ်နေတာ ခံစားချက်မရှိပဲနားထောင်လို့ရနိုင်စရာ အကြောင်းမရှိပါဘူး ။ဒီ သီချင်းတွေကြောင့်အရွယ်မရောက်သေးတဲ့ ကလေးတွေအတွက်စိုးရိမ်ပါတယ်ဆိုရင်တော့ ခိုးကူးလောကကြီး ပျက်စီးသွားအောင် လုပ်ကြပေတော့ ။ဂျောက်ဂျက်ရဲ့အခွေမှ မဟုတ်ပါဘူး ။ဟန်ထူးလွင်(ကျားပေါက်)ရဲ့ တရားမ၀င်အခွေလည်းထွက်တာပါပဲ ။သူလည်း စာသားကြမ်းတာပါတာပဲ ။ဂျောက်ဂျက်ရဲ့ အခွေတွေက ပိုပြီးပေါက်တယ် ။နောက်ပြီး သူသီချင်းထဲမှာ ကောင်းကောင်းကြီး ထောပနာပြုခံရတဲ့သူတွေက ကျေနပ်နိုင်စရာအကြောင်းမမြင်ပါဘူး ။သူ့သီချင်းထဲမှာ အောက်ခြေလွတ် မောက်မာနေတဲ့သူတွေ ၊ အနုပညာအတုလုပ်ပြီး ပရိသတ်ကို လိမ်စားနေတဲ့သူတွေ...ပါပါတယ် ။ အဲဒီလူတွေကပေါင်းပြီး ဒီခြိမ်းခြောက်သတင်းကိုပူးပေါင်းကြံစည်တာ မဟုတ်ပါဘူးလို့ ဘယ်သူပြောနိုင်လဲ ။အရွယ်မရောက်သေးတဲ့လူငယ်တွေ လမ်းမှားမှာစိုးရိမ်ရတယ်ဆိုတာမျိုး စကားကြီး စကားကျယ်သုံးတယ် ။ဒီလိုဆိုပြန်မေးစရာရှိပါတယ် ။သက်ဆိုင်ရာ လူကြီးမိဘတွေ၊ဆရာသမားတွေ ၊နိုင်ငံကိုချုပ်ကိုင်ထားတဲ့သူတွေက လူငယ်တွေရဲ့ အနာဂတ်ကို ဘယ်လိုလမ်းခင်းဖန်ဆင်းပေးထားပါသလဲ ။အရွယ်မရောက်တဲ့ကလေးတွေအတွက် တားမြစ်ချက်တွေကရော ဘယ်လောက်ပေါက်မြောက်ထိရောက်မှုရှိပါသလဲ ။ ဒီ တစ်ချက်ထဲနဲ့ ပွဲပြီးပါတယ် ။လူငယ်တွေ အနာဂတ်ပျောက်နေရတယ် ။သက်ဆိုင်ရာ ပညာရေးပြီးဆုံးသည့်တိုင် အလုပ်လက်မဲ့တွေဖြစ်နေရတယ် ။မိသားစုတွေ နားထောင်ဖို့မသင့် တာ မကြားဝံ့ မနာသာ တွေ ပါပါတယ် ။စာသားကြမ်းတာ ရိုင်းတာကို လက်ခံပါတယ် ။ဒါပေမဲ့ ဒါက လီဆယ်ပြီးမဟုတ်သုတ်ခတွေ ရေးတာ အော်တာလား ဆိုတာ KTV တွေ Night Club ၊ Massage တွေမှာ အဖိုးကြီးတွေ ကဲနေကြတာ ဘာကြောင့်တွေ့မြင်နေရသလဲ ။သူတို့တွေအားလုံးမှာ မိသားစုမရှိဘူးလား ။ရန်ကုန်မြို့လမ်းမတွေပေါ်ကကိစ္စတွေတော့ အသေးစိတ် မရေးလိုပါဘူး ။အလုပ်လုပ်ကိုင်နေတဲ့ လက်ရှိ မြန်မာမိန်းမပျိုလေးများရဲ့(အားလုံးကို မဆိုလိုပါ) အခြေအနေ အကျိုးအကြောင်း သေသေချာချာ သိချင်ရင်တော့ လမ်းမပေါ်မှာ ကွင်းဆင်းလေ့လာပါလို့ တိုက်တွန်းလိုပါတယ် ။မြန်မာ့ယဉ်ကျေးမှုကိုထိခိုက်စော်ကားတယ် ။ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ယဉ်ကျေးမှုတော်လှန်းရေးတစ်ခုထိတောင် ဖြစ်နိုင်ပါတယ် ။ယဉ်ကျေးမှုဝန်ကြီးဌာနကရော မြန်မာ့ယဉ်ကျေးမှုကို ခေတ်နဲ့အညီ အမှီလိုက် ဆန်းသစ်တီထွင်နိုင်ပါရဲ့လား ။ဘယ်သူမှ ဘာမှမစွမ်းဆောင်နိုင်ပဲ လူငယ်တွေ လမ်းသစ်ရှာပြီးသူတို့ရဲ့မွန်းကြပ်ပိတ်မှောင်နေတဲ့ လက်ရှိဘ၀အခြေအနေကို ကြမ်းကြမ်းတမ်းတမ်းဖောက်ခွဲတော့ ထောင်ချပါမယ်လုပ်တယ် ။လူကြီးက လမ်းပြတဲ့နေရာက ဒါလား လို့ပဲမေးစရာရှိပါတယ်။ နားထောင်တဲ့သူတိုင်းနားလည်ပါတယ် ။ဒီစာသားတွေ ကြမ်းတယ် ရိုင်းတယ် ဆိုတာ ။ဘာကြောင့်သူ့အခွေ ဒီလောက်အောင်မြင်သလဲ...ဘာကြောင့်လူငယ်တွေ သဘောကျသလဲ ဆိုတာကို ထည့်သွင်းစဉ်းစားရမှာပါ ။ဒီဂီတအမျိုးအစားရဲ့သမိုင်း နဲ့သဘောသဘာဝကိုလည်း ကောင်းကောင်းနားမလည်ပဲ ဘာကြောင့်ဒီလို တရားဝင်ခွေတောင်မထွက်ရသေးတဲ့ Underground Rapper တစ်ယောက်ကိုပဲ ဥပဒေကြောင်းတွေနဲ့ ကျယ်ကျယ်လောင်လောင် ဝေဖန်ခြိမ်းခြောက်သလဲဆိုတာတော့ မေးစရာဖြစ်နေပါတယ် ။ကြမ်းကြမ်းတမ်းတမ်း စာသားတွေ မသုံးရဲအောင် စံပြ နမူနာသဘော လုပ်ပြတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဒါက ရေစီးပါ ။အရှိန်အဟုန်ကောင်းလာပြီဖြစ်တဲ့ ခေတ်ရေစီးပါ ။ကျနော်တို့ရှုင်သန်ကြီးပြင်းခဲ့ရတာ နိုင်ငံတကာက သီချင်းတွေကို မြန်မာလို ခိုးယူတုပ ဆိုထားတဲ့ သီချင်းတွေနဲ့ ကြီးပြင်းခဲ့ရတာပါ ။အဲသလို ဆိုလာကြတာ ကျနော်တို့ တစ်သက်မကတော့ပါဘူး ။အခု ဒီလူငယ်လေးတွေက အဲဒီသူများသီချင်းခိုးဆိုတဲ့လောကကြီးကို တော်လှန်ခဲ့တာမို့ မြန်မာဂီတလောကအတွက် လိုအပ်တဲ့ ကွက်လပ်ဖြည့်တာလို့မြင်ပါတယ် ။နောက် ...လူမှုဘ၀ အခြေအနေမှန်တွေကိုလည်း တိုက်ရိုက်ပုံဖော်နိုင်တဲ့ ဂီတအမျိုးအစားပါ ။လူတွေ ဘယ်အခြေအနေ ဘယ်ပုံစံရှင်သန်နေထိုင်ကြရသလဲဆိုတာ သေသေချာချာ စမ်းစစ်လေ့လာရင် ဒီစာသားတွေထွက်လာတာ မဆန်းဘူးဆိုတာ မြင်နိုင်ပါလိမ့်မယ် ။လွန်ခဲ့တဲ့ အနှစ် (၂၀)နဲ့မယှဉ်ပဲ ပြီးခဲ့တဲ့ (၁၀)နှစ်ဆိုတဲ့အချိန်အတိုင်းအတာနဲ့ပဲ နှိုင်းယှဉ်ကြည့်ရင် အစစအရာရာ အလှမ်းကွာသွားပါပြီ ။ လူတန်းစားအဆင့်အတန်း အင်မတန်ကွာသွားသလို လူတွေရဲ့စားဝတ်နေရေးအတွက်ဖန်တီးရတဲ့ပုံစံတွေကလည်း အင်မတန်ခြားနားပြောင်းလဲသွားပါပြီ ။ဘာပဲဖြစ်ဖြစ် အရှိန်အဟုတ်နဲ့ရေစီးဆိုတာ ရတဲ့နည်းနဲ့စီးဆင်းနိုင်တဲ့အားအင် သက်ဝင်နေတာမို့ ရပ်တန့်သွားဖို့ မရှိကြောင်းပြောရင်း ကျနော့် အတွေးအမြင်ကို အဆုံးသတ်လိုက်ပါတယ် ။ မြန်မာ့အနုပညာလောကကြီး ကမ္ဘာ့အလယ်တင့်တယ်နိုင်ပါစေ ။
ကျွန်တော်လည်း အဲဒီ့ ဂျောက်ဂျက်ရဲ့ ကြမ်းတဲ့ စာသားတွေမကြိုက်ပါဘူး။
ReplyDeleteအနုပညာအနေနဲ့ လည်း (ကျွန်တော့် အမြင်အရ)တော်တော်ကြမ်းလို့ လက်မခံပါဘူး။ ဒါပေမယ့် လူငယ်တွေကို နားလည်ပေးပြီး ကိုယ်မကြိုက်တာ မလုပ်သင့်ဘူးထင်တာကို အေးအေးဆေးဆေးပြောဖို့ လိုတယ်လို့ ထင်တယ်ဗျာ။ လူငယ်တွေ ကို အချိန်ပေးဖို့  လိုပါလိမ့်မယ်။ အခုဟာက တိုင်းပြည်ကိုဖျက်တော့မယ့် တရားခံတစ်ယောက်အဖြစ်ထိ ယဉ်ကျေးမှုကိုပဲ ဖျက်ဆီးပစ်နေတဲ့ တရားခံတစ်ယောက်အထိ တစ်ချို့ ကမြင်နေကြလို့ ဗျာ။ ဒါတွေ လျော့သွားစေချင်ရင်၊ လူငယ်တွေကို ဒီလို ဟာတွေနဲ့ အချိန် မကုန်စေချင်ရင် ကိုယ်က လူငယ်တွေ နှစ်သက်မယ့် ဒီ့ထက်ကောင်းတာတွေ နဲ့  လွှမ်းမိုးနိုင်အောင် ကြိုးစားရမှာပေါ့ဗျာ။ (ဝေဖန်တဲ့လူတိုင်းတော့လည်း မဆိုးပါဘူး။ တစ်ချို့ ကတော့ တော်တော်ပြင်းထန်တယ်လို့ ထင်တယ်ဗျာ။)
သူများသီချင်းတွေကို ခိုးချနေတာကမှ နိုင်ငံတကာမှာ ပိုပြီးရှက်ဖို့ ကောင်းပါတယ်။ ဟို အော်ရင်ဂျင်နယ်က သီချင်းတစ်ပုဒ်ဆို ကျွန်တော်တို့ နိုင်ငံက သုံးလေးပုဒ်၊ နဂိုအနုပညာရှင်ကို လုံးဝအားမနာပဲနဲ့  ကြော်ငြာနဲ့ လည်း သီချင်းတွေကို အပြိုင်အဆိုင် ဖျက်ပစ်ကြသေးတယ်။
ကျွန်တော် ဂျောက်ဂျက်တို့ လို စာသားမျိုးတွေကိုတော့ အားမပေးချင်ပါ။ ဒါပေမယ့် သူတို့ ကို ဝေဖန်တဲ့နေရာမှာ စေတနာမှန်စေချင်ပြီး သူ့ အသက်ကိုလည်း ထည့်တွက်ဖို့ လိုမယ်လို့ ထင်ပါတယ်။ ပြီးတော့ သိပ်ပြီးမပြင်းထန်ဖို့ လဲလိုပါတယ်။ ယဉ်ကျေးမှုကို ဖျက်ဖို့  ဆိုတာက အာဏာရှင်တွေကလွဲရင် တစ်ဦးတစ်ယောက်တည်းနဲ့ ဘယ်သူမှ မစွမ်းနိုင်ပါဘူး။ အများက လက်ခံမှ ပျက်မှာပါ။
ပို့ စ်လေးအတွက် ကျေးဇူးပါဗျာ။
သူ့ဒီခွေတွေက အကြီးအကျယ်ပေါက်သွားလို့ ထိတ်လန့်သွားကြတာပါ ။သူတို့တွေက လမ်းမတွေပေါ်မှာလူးလွန့်လှုပ်ရှားသွားလာနေကြတဲ့လူငယ်ချာတိတ်တွေလေ ။နောက်တစ်ခုက ဒီလိုကြမ်းကြမ်းရိုင်းရိုင်းတွေကို သဘောမကျတာ မြန်မာပြည်တွင်း အခြေအနေတွေနဲ့ မထိတွေ့တာကြာပြီဖြစ်ကြတဲ့ ပြည်ပရောက်မြန်မာ အများစု ခါးခါးတူးတူး ငြင်းဆန်နေကြတာပါ ။အထူးသဖြင့် အသက် ၃၀ ကျော် မြန်မာတွေပေါ့နော် ။မိန်းကလေးတွေ http://cuteburmesegirl.zinmedia.net/ ဒီလိုနေရာတွေမှာ ရောက်နေတာ နှစ်တွေအတော်ကြာပါပြီ ။ဒီထက်ကြမ်းတာတွေလည်း ရှိပါသေးတယ် ။ ဒါတွေကရော ဘယ်အခြေအနေဆီ ဦးတည်နေတာလဲ ။ဘာကြောင့် ဒါတွေကို မအော်ကြတာလဲ ။ ကျနော်ပြောခဲ့ပြီးပါပြီ ။သူတို့သီချင်းကို တရားဝင်ဖြန့်နိုင်တာ မဟုတ်ပါဘူး ။အရမ်းပေါက်သွားတော့ လုပ်စားတဲ့ သူတွေလက်ထဲရောက်သွားရော အဲဒီမှာ ရှုပ်ကုန်တာပါ ။Imeem.com မှာ ရှာကြည့်ပါ ။သူ့လိုပဲ ကြမ်းကြမ်းရိုင်းရိုင်း အော်ထားတာတွေ အများကြီးပါ ။သူတို့ရည်ရွယ်တာ သူတို့Hip Hop နဲ့ ဂီတလောက အတုအပကင်းစင်ရေးကို အဓိကထားပါတယ် ။နောက် လက်တွေ့ ပတ်ဝန်းကျင် အခြေအနေပေါ့ ။ဒါကို လူထုသိအောင် ဖွင့်ထုတ်တယ် ။အပုပ်ဖော်တာပေါ့နော် ။ သာမန်မိန်းကလေးတွေ နားမခံသာတဲ့ ခပ်ကြမ်းကြမ်းတွေပါပါတယ် ။လူငယ်လေးတွေ လက်ရှိခံစားထိတွေ့နေတဲ့ အခြေအနေတွေမို့ နည်းလမ်းရှာရမှာက အေးချမ်းလုံခြုံတဲ့ အခြေအနေဖန်တီးပေးနိုင်ဖို့ပါ ။သူတို့ရဲ့ တင်ပြပုံကိုအစား ရည်ရွယ်ချက်လိုရင်းကိုရှာကြည့်ရင် သိနိုင်ပါတယ် ။
ReplyDeleteအနုပညာဟာခေတ်ရဲ့အခြေအနေကိုပြပါတယ်။
ReplyDeleteခုကိစ္စကလဲခေတ်ရဲ့ပြရုပ်တစ်ခုပါပဲ။ဒါကြောင့် နွေလှိုင်ဿုန်းရဲ့ အမြင်နဲ့ တင်ပြထားတာတွေကို ညီမလက်ခံပါတယ်။
ဒါပေမယ့်မျက်နှာမွဲ၊မျက်နှာကြီးတော့ကွဲသွားသေးတာက
ချွင်းချက်တစ်ခုပေါ့လေ။
အစ်ကို့စာမျက်နှာကိုမြင်ရုံနဲ့လဲ လန့်လဲ မလန့်ပါဘူး။
အမြင်မတူလို့လဲ ရန်သူလို့မသတ်မှတ်ပါဘူး။
မိတ်ဆွေဖြစ်လို့လဲ ၇ပါတယ်။
စကားမစပ်၊ခုမှ ထူးထူးခြားခြားရောက်လာပြီး မန့်သွားတာကို ကျေးဇူးအထူးတင်ကြောင်းပါ။
လေးစားခင်မင်လျက်
ReplyDeleteညီမ
mirror