ကျနော် မရေးဖြစ်တာကြာပါပြီ။မအားချင်ယောင်ဆောင်နေတာပါ ။အမှန်ပြောရရင် ရေးချင်စိတ်မရှိတာလည်းပါတယ်။ဒီနေ့တော့ Myanmar Bloggerများဆီ စိတ်လိုလက်ရ လျှောက်သွားလိုက်တယ်ဗျာ။ရောက်တတ်ရာရာ သွားရင်း တစ်ယောက်ဆီရောက်တော့ သူရေးထားတဲ့စာသားတွေဖက်မိသဗျ ။သူဘယ်သူဘယ်ဝါဆိုတာ ကျနော်မသိပါဘူး။သူ့ဆီကို ကျနော် ရောက်ဖူးပါတယ် ။ဒီစာကို သတိမထားမိခဲ့ဘူးဗျ။ဒါပေမဲ့ဒီ တခေါက် အလည်ရောက်ရင်း သူ့စာကိုဖက်ပြီး တော်တော်စိတ်မကောင်းဖြစ်မိသလို ၀မ်းလည်းနည်းသွားတယ်ဗျာ။သူ့ရေးတဲ့စာရဲ့လိုရင်းအတွေးကိုကျနော် သဘောပေါက်ပါတယ်။ဒီလိုရှုပ်ထွေးလှတဲ့ အချိန်မှာနိုင်ငံရေးဆိုတဲ့လောကနဲ့ကင်းကင်းရှင်းရှင်းနေလိုတဲ့သဘော၊အေးအေးဆေးဆေးနေလိုတဲ့ သဘောဆိုတာ နားလည်ပါတယ်။သူဟာ နည်းပညာသမား လူတော်တစ်ဦးလို့မြင်ပါတယ်။ဒါပေမဲ့ကျနော်တို့မွေးဖွားရာမြေ၊နေထိုင်ရှင်သန်ရာနိုင်ငံရဲ့ ကောင်းကျိုးဆိုးကျိုး ဘယ်သူနဲ့ဆိုင်မလဲ။ ဘယ်သူတွေထိခိုက်ခံစားရလဲ။
ရှင်းရှင်းလေးပါ ကျနော်တို့လူမျိုး၊ကျနော်တို့နိုင်ငံ၊ အခံစားရဆုံးကတော့ အခြေခံ လက်လုပ်လက်စား လူတန်းစားတွေ ပါပဲ။အခြေခံလူတန်းစားတွေထဲမှာ ဘယ်အဆင့်လောက်ထိ အခြေခံလူတန်းစားတွေ ဖြစ်နေပြီလဲ ဆိုတာ တော်တော် အသိရခက်ပါတယ်။ ရိုးရိုးသားသားပဲ နေတတ်ကြတဲ့အစိုးရ၀န်ထမ်းတွေလည်း ပါနေလိမ့်မယ်။မလိမ့်တပတ် ခပ်တည်တည်နဲ့ ခိုးဆိုး လုယက်နေတဲ့လူကြီးလူကောင်းယောင်တွေ မပါဘူး။ခေတ်ဆိုးကြီးရဲ့ နင်းပြားဖြစ်နေတဲ့ ရိုးသားကြသူ လူတန်းစားပေါင်းစုံက မြန်မာတွေ ဘယ်လောက် အကြပ်ရိုက်နေမလဲ။စဉ်းစားသာကြည့်ပါတော့ဗျာ။ခင်ဗျားရဲ့ ဘေးပတ်ဝန်းကျင်မှာ တနေ့စာ တနေ့တောင် လောက်ငှ ၀လင်မှု မရှိတဲ့ လူတွေဝိုင်းဝိုင်းလည်နေတယ်။ အဲဒီအချိန် ခင်ဗျားတစ်ယောက်ထဲ ပြည့်စုံကြွယ်ဝပြီး စည်းစိမ်ခံစားနိုင်တယ် ဆိုပါတော့။ ခင်ဗျား စိတ်ချမ်းသာနိုင်လား ။ခင်ဗျားရဲ့ အဖြေဟာ ခင်ဗျားရဲ့ လူသားအဖြစ်ရပ်တည်တဲ့အဆင့်အတန်းပဲ။ပညာမတတ်ပေမဲ့ အသိဥာဏ်ရှိတဲ့ လူတွေ အများကြီးနော်။ဘ၀အခြေအနေအရသာ ကြွားကြွားဝါ၀ါ ဘွဲ့ တွေ ဘာတွေ မရချင်ရှိမယ်။ကြိုးစားနေကြတဲ့လူတွေ အများကြီး။ရှာဖွေလေ့လာနေကြသူတွေ အများကြီးပဲ ။မိဘ ရှာဖွေတာ အခန့်သားသုံးစွဲပြီး ပညာကို ကြွားဝါစရာဂုဏ်ပုဒ်အဖြစ် ၀တ်တန်းကျေ သင်တယ်ဆိုရင်တော့ ခင်ဗျားထက် အဆင့်မြင့်တဲ့ လူဆင်းရဲတွေ တပုံကြီးဆိုတာ ခေါင်းထဲထည့်ထားလိုက်ပါ။မိဘဆိုတာရှိရင် ဆွေမျိုးအသိုင်းအ၀ိုင်းဆိုတာရှိတယ်။နောက် လူမျိုးဆိုတာရှိမယ်။နိုင်ငံဆိုတာရှိမယ်။လူရဲ့ အသက်နဲ့ ယှဉ်ပြီး အနာဂတ်ဆိုတာရှိတယ်။မနက်ဖြန်မှာ ခင်ဗျားလမ်းလျောက်လို့မရတော့ဘူးဆို ခင်ဗျား ဒီနေ့မှာဘာလုပ်မလဲ။မနက်ဖြန်မှာ ဘာဖြစ်မယ်ဆိုတာ မသိတော့ အေးအေးဆေးဆေးပေါ့ ဟုတ်တယ်ဟုတ် ။လိုအင်ဆန္ဒတွေ ကိုတော့ မနက်ဖြန်မှာ ဖြစ်ချင်တယ်မို့လား။အဲဒီ မနက်ဖြန် ဆိုတာ မတရားမှုတွေရဲ့ ပိတ်ဆို့ တားဆီးခံရပြီဆိုရင် ဘာလုပ်မလဲ။ဒေါသတွေ မဖြစ်နဲ့ အခုမြန်မာ့အနာဂတ်ဟာ အဲဒီ အခြေအနေမှာပဲ။ခင်ဗျား ဘာလုပ်မလဲ။အေးအေးဆေးဆေးပဲမို့လား။အဲဒါ ခင်ဗျားရဲ့စိတ်ကူးပါပဲ။ဘာလုပ်မယ်စိတ်ကူးလဲ ။အိမ်ထဲမှာ အိပ်နေမှာပေါ့...နော့။ဘယ်ကောင်မှ သိပ်အဆင့်ရှိတဲ့ကောင်တွေ မဟုတ်ဘူးနော်။နောက်ဆုံးပေါ်ပစ္စည်းတွေကိုလည်း မသိ ၊ဖုန်းလည်းမကိုင်နိုင်၊ကားလည်းမစီးနိုင်၊ကွန်ပျူတာလည်း မသုံးနိုင် အင်တာနက်ဆိုလည်းဘာမှန်းသိတဲ့ကောင်တွေ မဟုတ်...ဆိုတော့ အပေအတေတွေပါ ဟင်းဟင်းဟင်း။အဲဒီလို ကျဉ်းမြောင်းနေရင်တော့ဘ၀တွေထဲကိုတိုးဝင်ကြည့်လိုက်ပါ။သွေးပျက်ပြီး ငယ်ငယ်ရွယ်ရွယ် လေဖြတ်သွားလိမ့်မယ် သတိတော့ထားသွားပေါ့။အဲဒါ ခင်ဗျားနေတဲ့၊ ခင်ဗျားမွေးတဲ့နိုင်ငံ ဘာတွေဖြစ်နေလဲဆိုတာသိလိမ့်မယ် ။ဒီပို့ကို မြန်မာလူငယ် လူတော် တယောက် အတွက် စိတ်မကောင်းခြင်းကြီးစွာရင်နာနာနဲ့ရေးရင်းဒီလောက်နဲ့ပဲ အဆုံးသတ်ပရစေ။ ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment
ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။