Search This Blog

Jan 16, 2008

မကြာမကြာ ပေါက်ကွဲနေသော တို့ရွှေမြေ(သို့)စိတ်ညစ်ညူးဖွယ်ရာ မြန်မာပြည်သတင်း

ဒီကနေ့ (၁၆.၁.၂၀၀၈)မနက်ပဲ ပဲခူးတိုင်း ပျဉ်ပုံကြီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပါတယ်။အခြေအနေ အသေးစိပ်ကိုတော့ မသိရသေးပါဘူး ။ဒီလို ပေါက်ကွဲမှုတွေဟာ မကြာမကြာ ဖြစ်လာနေပါတယ် ။မပြန်ဖြစ်တဲ့ ရွှေမြန်မာတွေ တစ်ခါတစ်ခေါက်လောက် အရောက်ပြန်ကြည့်ပါ။ မျက်လှည့်ဆရာ ဘယ်လောက် အစွမ်းထက်သလဲဆိုတာ မျက်ဝါးထင်ထင် တွေ့မြင်ကြရမှာပါ။ရင်ထုမနာ မဖြစ်ကြပါနဲ့ ။အပေါ်ယံ ရုတ်တရက်ကြည့်ရင် ပုံမှန်လည်ပတ်နေကြသလိုရှိပေမဲ့ကုန်ဈေးနှုန်းက လည်မြိုကို ညှစ်သတ်နေပါပြီ ။တပ်တွင်းမှာလည်း အခြေအနေမှန်ကိုသိနေရက်နဲ့အားမတန်လို့မာန်လျော့ပြီး ငြိမ်နေကြရသူတွေ အများကြီးပါ ။လက်နက်အားကိုးနဲ့ လူတွေကို ရက်စက်ဖိနှိပ်နေပုံများဗျာ......

မြန်မာပြည်ကြီး အရှိန်အဟုန်ကောင်းစွာ ပျက်စီးခြင်းမျိုးစုံ ဆိုက်ရောက်မွှေနှောက်နေချေပြီ။ပြည်တွင်းကလူငယ်တွေ ကိုယ့်ကိုယ်ကို ကယ်ဆယ်ဖို့ကြိုးစားရုန်းထွက်နေကြရပါတယ် ။အားလုံးကလည်း ကုန်ဈေးနှုန်းနောက်ကို မမှီမကမ်း ၀ရုန်းသုန်းကား အပြေးလိုက်နေကြရပါတယ် ။လက်ရှိအာဏာကိုင်အဖွဲ့အစည်းများနှင့် ၎င်းတို့ အပေါင်းအပါများကတော့ဖြင့် လေလေးတချွန်ချွန်နဲ့ နားမလည်ပါးမလည်ပဲ တိုင်းပြည်က အဆီအနှစ်တွေကို ပေါပေါပဲပဲ ရောင်းစားလို့ ကောင်းစားနေကြလေရဲ့။မီးပွိုင့်တွေမှာလည်း ဒင်းတို့လာရင် နီနေတဲ့မီးကို ပြန်စိမ်းပေးရတဲ့ အထိ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ ထင်သလိုလုပ်နေကြပါတော့တယ် ။ပြည်သူတွေကိုလည်း နိုင်ငံရေးကလွဲလို့ မဟုတ်တာ ကြိုက်တာလုပ် အဆင်ပြေနှိင်ပါတယ် ။ကျနော်တို့ မြန်မာလူငယ်တွေမှာလည်း ပြည်ပကို ထွက်ပြီး အလုပ်လုပ်ဖို့ပဲ ကြိုးစားနေကြရပါတော့တယ် ။အင်မတန် ၀မ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်တွေပါ ။တနိုင်ငံလုံး အတိုင်းအတာနဲ့ လူငယ် အများစု အလုပ်လက်မဲ့ဖြစ်နေပါတယ် ။အလုပ်ရှိနေတဲ့သူမှာလည်း သူရတဲ့လစာနဲ့ ရပ်တည်လို့မရတာလေးပါပဲ ။ဒါဟာ ယောက်ျားလေး တွေ အတွက် ဘ၀နဲ့ရင်းပြီး အကြီးအကျယ်မထိခိုက်နိုင်လောက်ပေမဲ့ မိန်းကလေးတွေ အတွက် ရေရှည်မှာ ပျက်စီးစေတဲ့ လမ်းကြောင်းပါ ။လူတစ်ဦး ကိုယ့်ကိုယ်ကို ရပ်တည်နိုင်ဖို့မြန်မာပြည်ရဲ့ ၀င်ငွေအဆင့်အတန်းဟာ တော်တော်ကြီးနိမ့်ကျ နေပါတယ် ။ဒီတော့လည်း စိတ်လေလွင့်ပြီး ပျက်စီးတဲ့ဖက်ဦးတည်တာ ဆန်းမှ မဆန်းတာပဲလေ ။လူတန်းစားခါးပြတ်လာတဲ့ သဘောပါ ။လူလတ်တန်းစားတော်တော်နည်းပါးလာပြီး လူတန်းစားကွာဟမှု အရမ်းကြီးနေပါပြီ ။အရက်ဆိုင်များ အင်မတန် အလုပ်ဖြစ်ပါတယ် ။ဟိုတယ်တွေ နိုက်ကလပ်တွေ KTVတွေ အလုပ်ဖြစ်ပါတယ် ။အာဏာကိုင် အဖွဲ့အစည်းနဲ့ မပတ်သတ်တဲ့ ပုံမှန်စီးပွားရေးလုပ်ငန်းတွေ ကတော့ လည်ပတ်မှုနှေးရာကနေ ရပ်တန့်သွားဖို့ပဲကျန်ပါတော့တယ်။ဂြိုလ်တု စလောင်းသုံးတဲ့သူတွေကို အခွန် (၁၀)သိန်း ကောက်ခံဖို့ရှိနေပါတယ် ။နိုင်ငံတကာ သတင်းမီဒီယာတွေကို လုံးဝပိတ်ပင်မဲ့အစီအစဉ်ပါပဲ ။ပြည်တွင်းမှာတင် တစ်နေရာနဲ့ တစ်နေရာ ဘာဖြစ်လို့ ဖြစ်နေမှန်းမသိရတဲ့ အခြေအနေပါ ။ဘိလပ်မြေစက်ရုံတွေ တည်ဆောက်နေပါတယ် ။လမ်းတွေကလည်း ပျက်သထက် ပျက်လာပါတယ် ။အဟောင်းကိုတောင် ကောင်းအောင် မပြင်နိုင်ပဲ နှစ်ရက်နဲ့တပိုင်းလောက်သာခံမဲ့လမ်းအသစ်တွေ ဖောက်ပြပါရဲ့ ။ကတ္တရာရှားပါးလာလို့ ဘိလပ်မြေနဲ့ လမ်းခင်းမဲ့ အနေအထားမှာရှိပါတယ် ။တာယာအရောင်းဆိုင်တွေတော့ လုပ်ငန်း အဆင်ပြေလာဦးမဲ့ အနေအထားပေါ့ဗျာ ။ကားလောကသမားတွေ တော့ငိုပြီပေါ့ ။ပြောလို့မဆုံးတဲ့ ၀ရုန်းသုန်းကား အခြေအနေပါ ။တစ်နှစ်ဆို တစ်နှစ်ကွာခြားလှစွာ ဆုတ်ယုတ်မှုအား ကြီးထွားနေပါကြောင်း ၀မ်းနည်းခြင်းကြီးစွာ တင်ပြလိုက်ပါတယ်။စိတ်ညစ်ခံပြီး ဖက်ရှူ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။ ။ဒီမှာထပ်ရေး

Dec 6, 2007

မြန်မာ့အရေး ငါနဲ့ မဆိုင်ဆိုသူများ ကြမ်းတပြေးတည်း မထိုင်ရ

ကျနော် မရေးဖြစ်တာကြာပါပြီ။မအားချင်ယောင်ဆောင်နေတာပါ ။အမှန်ပြောရရင် ရေးချင်စိတ်မရှိတာလည်းပါတယ်။ဒီနေ့တော့ Myanmar Bloggerများဆီ စိတ်လိုလက်ရ လျှောက်သွားလိုက်တယ်ဗျာ။ရောက်တတ်ရာရာ သွားရင်း တစ်ယောက်ဆီရောက်တော့ သူရေးထားတဲ့စာသားတွေဖက်မိသဗျ ။သူဘယ်သူဘယ်ဝါဆိုတာ ကျနော်မသိပါဘူး။သူ့ဆီကို ကျနော် ရောက်ဖူးပါတယ် ။ဒီစာကို သတိမထားမိခဲ့ဘူးဗျ။ဒါပေမဲ့ဒီ တခေါက် အလည်ရောက်ရင်း သူ့စာကိုဖက်ပြီး တော်တော်စိတ်မကောင်းဖြစ်မိသလို ၀မ်းလည်းနည်းသွားတယ်ဗျာ။သူ့ရေးတဲ့စာရဲ့လိုရင်းအတွေးကိုကျနော် သဘောပေါက်ပါတယ်။ဒီလိုရှုပ်ထွေးလှတဲ့ အချိန်မှာနိုင်ငံရေးဆိုတဲ့လောကနဲ့ကင်းကင်းရှင်းရှင်းနေလိုတဲ့သဘော၊အေးအေးဆေးဆေးနေလိုတဲ့ သဘောဆိုတာ နားလည်ပါတယ်။သူဟာ နည်းပညာသမား လူတော်တစ်ဦးလို့မြင်ပါတယ်။ဒါပေမဲ့ကျနော်တို့မွေးဖွားရာမြေ၊နေထိုင်ရှင်သန်ရာနိုင်ငံရဲ့ ကောင်းကျိုးဆိုးကျိုး ဘယ်သူနဲ့ဆိုင်မလဲ။ ဘယ်သူတွေထိခိုက်ခံစားရလဲ။

ရှင်းရှင်းလေးပါ ကျနော်တို့လူမျိုး၊ကျနော်တို့နိုင်ငံ၊ အခံစားရဆုံးကတော့ အခြေခံ လက်လုပ်လက်စား လူတန်းစားတွေ ပါပဲ။အခြေခံလူတန်းစားတွေထဲမှာ ဘယ်အဆင့်လောက်ထိ အခြေခံလူတန်းစားတွေ ဖြစ်နေပြီလဲ ဆိုတာ တော်တော် အသိရခက်ပါတယ်။ ရိုးရိုးသားသားပဲ နေတတ်ကြတဲ့အစိုးရ၀န်ထမ်းတွေလည်း ပါနေလိမ့်မယ်။မလိမ့်တပတ် ခပ်တည်တည်နဲ့ ခိုးဆိုး လုယက်နေတဲ့လူကြီးလူကောင်းယောင်တွေ မပါဘူး။ခေတ်ဆိုးကြီးရဲ့ နင်းပြားဖြစ်နေတဲ့ ရိုးသားကြသူ လူတန်းစားပေါင်းစုံက မြန်မာတွေ ဘယ်လောက် အကြပ်ရိုက်နေမလဲ။စဉ်းစားသာကြည့်ပါတော့ဗျာ။ခင်ဗျားရဲ့ ဘေးပတ်ဝန်းကျင်မှာ တနေ့စာ တနေ့တောင် လောက်ငှ ၀လင်မှု မရှိတဲ့ လူတွေဝိုင်းဝိုင်းလည်နေတယ်။ အဲဒီအချိန် ခင်ဗျားတစ်ယောက်ထဲ ပြည့်စုံကြွယ်ဝပြီး စည်းစိမ်ခံစားနိုင်တယ် ဆိုပါတော့။ ခင်ဗျား စိတ်ချမ်းသာနိုင်လား ။ခင်ဗျားရဲ့ အဖြေဟာ ခင်ဗျားရဲ့ လူသားအဖြစ်ရပ်တည်တဲ့အဆင့်အတန်းပဲ။ပညာမတတ်ပေမဲ့ အသိဥာဏ်ရှိတဲ့ လူတွေ အများကြီးနော်။ဘ၀အခြေအနေအရသာ ကြွားကြွားဝါ၀ါ ဘွဲ့ တွေ ဘာတွေ မရချင်ရှိမယ်။ကြိုးစားနေကြတဲ့လူတွေ အများကြီး။ရှာဖွေလေ့လာနေကြသူတွေ အများကြီးပဲ ။မိဘ ရှာဖွေတာ အခန့်သားသုံးစွဲပြီး ပညာကို ကြွားဝါစရာဂုဏ်ပုဒ်အဖြစ် ၀တ်တန်းကျေ သင်တယ်ဆိုရင်တော့ ခင်ဗျားထက် အဆင့်မြင့်တဲ့ လူဆင်းရဲတွေ တပုံကြီးဆိုတာ ခေါင်းထဲထည့်ထားလိုက်ပါ။မိဘဆိုတာရှိရင် ဆွေမျိုးအသိုင်းအ၀ိုင်းဆိုတာရှိတယ်။နောက် လူမျိုးဆိုတာရှိမယ်။နိုင်ငံဆိုတာရှိမယ်။လူရဲ့ အသက်နဲ့ ယှဉ်ပြီး အနာဂတ်ဆိုတာရှိတယ်။မနက်ဖြန်မှာ ခင်ဗျားလမ်းလျောက်လို့မရတော့ဘူးဆို ခင်ဗျား ဒီနေ့မှာဘာလုပ်မလဲ။မနက်ဖြန်မှာ ဘာဖြစ်မယ်ဆိုတာ မသိတော့ အေးအေးဆေးဆေးပေါ့ ဟုတ်တယ်ဟုတ် ။လိုအင်ဆန္ဒတွေ ကိုတော့ မနက်ဖြန်မှာ ဖြစ်ချင်တယ်မို့လား။အဲဒီ မနက်ဖြန် ဆိုတာ မတရားမှုတွေရဲ့ ပိတ်ဆို့ တားဆီးခံရပြီဆိုရင် ဘာလုပ်မလဲ။ဒေါသတွေ မဖြစ်နဲ့ အခုမြန်မာ့အနာဂတ်ဟာ အဲဒီ အခြေအနေမှာပဲ။ခင်ဗျား ဘာလုပ်မလဲ။အေးအေးဆေးဆေးပဲမို့လား။အဲဒါ ခင်ဗျားရဲ့စိတ်ကူးပါပဲ။ဘာလုပ်မယ်စိတ်ကူးလဲ ။အိမ်ထဲမှာ အိပ်နေမှာပေါ့...နော့။ဘယ်ကောင်မှ သိပ်အဆင့်ရှိတဲ့ကောင်တွေ မဟုတ်ဘူးနော်။နောက်ဆုံးပေါ်ပစ္စည်းတွေကိုလည်း မသိ ၊ဖုန်းလည်းမကိုင်နိုင်၊ကားလည်းမစီးနိုင်၊ကွန်ပျူတာလည်း မသုံးနိုင် အင်တာနက်ဆိုလည်းဘာမှန်းသိတဲ့ကောင်တွေ မဟုတ်...ဆိုတော့ အပေအတေတွေပါ ဟင်းဟင်းဟင်း။အဲဒီလို ကျဉ်းမြောင်းနေရင်တော့ဘ၀တွေထဲကိုတိုးဝင်ကြည့်လိုက်ပါ။သွေးပျက်ပြီး ငယ်ငယ်ရွယ်ရွယ် လေဖြတ်သွားလိမ့်မယ် သတိတော့ထားသွားပေါ့။အဲဒါ ခင်ဗျားနေတဲ့၊ ခင်ဗျားမွေးတဲ့နိုင်ငံ ဘာတွေဖြစ်နေလဲဆိုတာသိလိမ့်မယ် ။ဒီပို့ကို မြန်မာလူငယ် လူတော် တယောက် အတွက် စိတ်မကောင်းခြင်းကြီးစွာရင်နာနာနဲ့ရေးရင်းဒီလောက်နဲ့ပဲ အဆုံးသတ်ပရစေ။ ကျေးဇူးတင်ပါတယ်။

Nov 13, 2007

ရင့်ရာက နုတဲ့ အလွမ်း


အဲဒီလိုနဲ့....
အလွမ်းတွေ ရင့်ရာကနုတယ်။
အိမ်ရာမဲ့လမ်းမထက်ကခြေရာ
လွမ်းတဲ့ငါးတွေရေချိုးတာပဲလေ။
အသားစားပန်းကို
ရင်ခွင်မှာပွေ့ပိုက်ထားရင်း
ထိုင်ခုံပေါ်မှာဘ၀တွေကိုရှာဖွေခြောက်ခြား
စကားလုံးတွေနဲ့ပစ်ခက်လည်း ငါမသေတော့
ကြွက်ထောင်ချောက်မှာ လူ မိတယ်....
အဲဒီလူဟာ လူ မဟုတ်ဘူး ။
မနက်ဖြန်ဟာ မျှော်လင့်ချက်ဆို
အဲဒီမနက်ဖြန်
ငါမလိုဘူး။
တိမ်တွေက ကျောက်ဆောင်ကိုတိုက်စားရဲ့
အချိန်တွေကလည်း ငါ့ကဗျာတွေကို
ကုတ်ဖဲ့နင်းခြေတယ်။
အဲဒီလိုနဲ့
အလွမ်းတွေ ရင့်ရာကနုတယ်။
ငါဟာ ငါလား?????
မစဉ်းစားတာကြာပြီ....
လိုလို့လား။
တက်မက်စရာဘာရှိလဲ
အားလုံးဟာ အတုအယောင်တွေချည်းပဲလေ။
အဲဒီလိုနဲ့
အလွမ်းတွေ ရင့်ရာကနုတယ်..။..
သိမ်းထားတဲ့သေတ္တာပျက်ထဲမှာ ဘာမှမရှိဘူး။
မရှိခြင်းထဲမှာ အရာရာရှိတယ်။
အဲဒီလိုနဲ့
အလွမ်းတွေ...သေသွားတယ်။ ။ ။

Nov 12, 2007

လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ၏ အစိတ်အပိုင်းတချို့

အမှန်တကယ်ကြီးပြင်းလာအောင်ကလေးတွေကိုဘယ်လိုပြုစုပျိုးထောင်မလဲ

Tuesday, May 22. 2007


မည်သူ့ဘိန်းစားကမှ ဘိန်းစားဖြစ်ချင်လို့ ဘိန်းစားသည်မဟုတ်၊ စမ်းကြည့်ရင်းစွဲလို့ ဘိန်းစားဖြစ်တာချည့်ဖြစ်ပါသည်။ လူကြီးများက ကိုင်တွယ်တတ်ဖို့သာလိုပါသည်။ ကလေးမို့လို့ လူကြီးပြောသမျှယုံမယ်ထင်ရင် လူကြီးမှားပါသည်...
. . .


ကျွန်မ မြန်မာပြည်မှာ ကလေးဘ၀နေခဲ့စဉ်က မိမိကိုပျိုးထောင်ခံရပုံနဲ့ သူတပါးတွေပျိုးထောင်ခံခဲ့ရပုံ တွေကို ခုထိမှတ်မိနေပါသေးတယ်။ အမြင့်မတက်နဲ့၊ ပြုတ်ကျမယ်၊ ညနေဆိုအပြင်မထွက်နဲ့၊ သူရဲကိုက်လိမ့်မယ်။ ကြောင်ကြီးလာပြီ၊ စလောင်းဖုံး၂ချပ်ကိုရိုက်ရင်ကျားကိုက်မယ်။ ညဘက်အိမ်ထဲမှာ ခြေသည်းလက်သည်း မညှပ်ကောင်းဘူး၊ ဟဲ့ဆော့လှချည့်လား..ငါရိုက်လိုက်ရ။ ဟိုကလေးကိုကြည့်စမ်း.. ငြိမ်နေတာပဲ.. ဘယ်လောက်လိမာလဲ.. နင်တို့ကတော့ တုတ်စာနဲ့မှငြိမ်မယ့်ဟာတွေ.. အစရှိသဖြင့်။ သည်လိုဆုံးမမှုမျိုးအောင်မြင်သလားဆိုတော့... ဟုတ်ကဲ့။ သရဲကိုမြင်ဖူးချင်လို့ သင်္ချိုင်းကုန်းကို မနက်စောစောသွားပြီး ချောင်းပါတယ်။ ဥစ္စာစောင့်ကိုမြင်ဖူးချင်လို့ ညနေစောင်းမှာ ပြာထုပ်တွေကိုင်ပြီး ခြောက်သည်လို့နာမည်ကြီးသောနေရာကို အစ်ကိုဝမ်းကွဲတွေနဲ့ အတူ သွားချောင်းပါသည်။ ကြောင်ကိုအလွန်ချစ်ပါသည်။ ဘုရားပေါ်ကို ကုတ်ကပ်တက်တာ ခေါင်းလောင်းမှောက်ထိ ရောက်ပါသည်။ ဘုရားရှေ့က ခြင်္သေ့ကြီးကို ဂုတ်ခွစီးပါသည်။ မလုပ်နဲ့ပြောလေ၊ လုပ်ချင်လေဆိုသည်မှာ ကလေးတိုင်းတို့ရဲ့ ဖြူစင်သောဗီဇစိတ်ပါ။ စူးစမ်းသောစိတ်သည် တော်လှန်သောစိတ်မဟုတ်ပါ။ ကလေးတိုင်း၊ လူငယ်တိုင်း စူးစမ်းလိုသောစိတ်ရှိကြပါသည်။ မည်သူ့ဘိန်းစားကမှ ဘိန်းစားဖြစ်ချင်လို့ ဘိန်းစားသည်မဟုတ်၊ စမ်းကြည့်ရင်းစွဲလို့ ဘိန်းစားဖြစ်တာချည့်ဖြစ်ပါသည်။ လူကြီးများက ကိုင်တွယ်တတ်ဖို့သာလိုပါသည်။ ကလေးမို့လို့ လူကြီးပြောသမျှယုံမယ်ထင်ရင် လူကြီးမှားပါသည်။ လူကြီးပြောတာ ဟုတ်လားမဟုတ်လားသိချင်လို့စူးစမ်းသောကလေး ပိုများပါသည်။

ကမ္ဘာ့အရှေ့ခြမ်းက အနောက်နိုင်ငံ (အရှေ့ခြမ်းမှာရှိပြီး အနောက်နိုင်ငံကစနစ်ကိုကျင့်သုံးပြီး အနောက် နိုင်ငံသားများတဲ့နိုင်ငံ ) တစ်ခုမှာတိုက်ခန်းအရောင်းပြခန်းတစ်ခုကို ရောက်သွားဖူးပါတယ်။ တိုက်ဝယ်ဖို့ လာကြသူတွေအများကြီးပေါ့။ ထူးခြားတာက မြန်မာနိုင်ငံလို လူကြီးတွေချည့်လာကြည့်ကြတာ မဟုတ်ပါ ဘူး။ ကလေးတွေရော၊ အဘိုးကြီးအဘွားကြီးတွေနဲ့ လက်တွန်းလှည်းသုံး ဒုက္ခိတတွေလည်းပါပါတယ်။ အဘိုးကြီးအဘွားကြီးများနဲ့ လက်တွန်းလှည်းသမားတွေပါ ကိုယ့်အားကိုယ်ကိုးပြီး နေလို့ရမယ့်အိမ် ပုံစံ များကိုလည်း စနစ်တကျ သုတေသနလုပ်ပြီးဆောက်ထားတဲ့အိမ်များကိုတွေ့ရပါတယ်။ လူတိုင်းကိုယ့် အား ကိုယ်ကိုးနေလို့ရမယ့်နည်းတွေကိုချည့် စိတ်ဝင်စားကြတာကို အားတက်ဖွယ်တွေ့လိုက်ရပါတယ်။ နည်းနည်းစပ်စုလိုက်ကြည့်လိုက်တော့မှ မထင်မှတ်တာကိုတွေ့မိပါတော့တယ်။

စောင်းငန်းစောင်းငန်းလေး လမ်းလျှောက်တတ်ကာစ ကလေးကိုအမေဖြစ်သူက တိုက်ရွေးခိုင်းနေတာပါ။ ကလေးကိုတိုက်ထဲမှာလမ်းလျှောက်ခိုင်းတယ်၊ လျှောက်ကိုင်ကြည့်ခိုင်းတယ်။ ကလေးက တိုက်နံရံက ဇောင်းကလေးတစ်ခုကိုပွတ်သပ်လိုက်ပြီး အမေကိုကြည့်နေတော့ အမေက အင်း.. တော်လိုက်တဲ့သား.. နောက်တိုက်တလုံး သွားကြည့်ကြစို့လို့ ပြောပြီး ကလေးကိုလက်ဆွဲပြီး ထွက်သွားတော့တာပါပဲ... ပြောချင်တာက အနောက်နိုင်ငံသားတွေဟာ သူတို့သားသမီးကို ၁၈နှစ်ပြည့်ရင် အိမ်ကထွက်သွားခိုင်း တယ် ဆိုတာ ထွက်သွားခိုင်းနိုင်လောက်တဲ့ အသိပညာနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်ကိုးစားစိတ်တွေကို သည်လိုအရွယ်လေးကတည်းက မွေးထည့်ပေးထားပြီးသားဖြစ်ပြီး လူကြီးဖြစ်စအရွယ်မှာ ကိုယ့်အား ကိုယ်ကိုးတတ်အောင် တမင်အိမ်ကထွက်ခိုင်းလိုက်တာဖြစ်လို့ပါပဲ။ အခုလိုတစ်နှစ်သားလေးကို တိုက် တစ်လုံးကို လိုက်ကြည့်ခိုင်းသလို ကလေးကလည်း သူလမ်းလျှောက်ရင်း လဲကျလို့ ဆောင့်မိနိုင်တဲ့ နေရာလေးကိုပြနိုင်ခဲ့ပါတယ်။ စိတ်ဝင်စားလွန်းလို့ သူတို့နောက်ကလိုက်ကြည့်တော့ နံရံ အနားစောင်း တွေကို ချွန်မနေစေဘဲဇောင်းလုံးထားတဲ့၊ လှေကားကိုလည်း ကလေးအတွက်အဆင်ပြေအောင် တပ် ဆင်ထားတဲ့ နောက်ဆုံးအိမ်တလုံးကို သူတို့ဝယ်လိုက်ကြပါတယ်။ သူတို့က သူတို့ရဲ့ တစ်နှစ်သား ကလေးကို အိမ်တစ်လုံးရွေးချယ်ခွင့်ပေးလိုက်ကြပါတယ်။

ကျွန်မတို့ မြန်မာပြည်မှာ ဘယ်အရွယ်သားသမီးက အိမ်တလုံးကိုစိတ်ကြိုက် ရွေးချယ်ခွင့်ရကြပါသလဲ။ ကိုယ့်အ၀တ်အစားကိုတောင် ကိုယ်တိုင်စိတ်ကြိုက်ဝယ်ဝတ်ခွင့် ရကြသလား။ အမေအဖေခိုင်းသမျှလုပ်ပြီး ထားတဲ့အတိုင်းနေတဲ့ကလေးကို လူလိမ်မာလို့ ထင်ကြချီးမွမ်းခန်းဖွင့်နေကြချိန်မှာ သည်ကလေးဘယ်လောက် စိတ်ဓာတ်ရေးရာ အညွန့်ကျိုးနေမလဲဆိုတာ သိကြရဲ့လား။ ကိုယ့်မသိစိတ်ထဲမှာ အာဏာရှင်စိတ်ဝင်နေပြီး သူများရဲ့ ရွေးချယ်ခွင့်တွေကို ပိတ်ပင်နေမိပါပကောဆိုတာကို ကိုယ့်သားသမီးကိုယ်ချစ်လို့ အစစအရာရာ စီစဉ်ပေးနေတာပါဆိုတဲ့ ဆင်ခြေလေးနဲ့ ကာတတ်ကြပါတယ်။ သားသမီးကိုချစ်ရာရောက်ရဲ့လား၊ စိတ်ရောလူပါ ကြီးပြင်းခွင့်ပေးရာရောက်ရဲ့လား လို့ မိဘများတွေးမိကြပါသလား။ ကလေးရဲ့ စိတ်ထဲမှာ ရွေးချယ်ချင်စိတ် ပျင်းသွားရင်း၊ မိမိရဲ့ရွေးချယ်မှုအတွက်တာဝန်ယူရကောင်းမှန်းသိတဲ့စိတ် ပျင်းသွားရင်း တဖြည်းဖြည်းအသက်တွေကြီးလာတဲ့ ကြီးပျင်းသူများကို မွေးထုတ်သင့်သလား။ မှန်ကန်တဲ့ရွေးချယ်မှုကို ပြုလုပ်ရင်း မိမိရဲ့ရွေးချယ်မှုအတွက် ဖြစ်ပေါ်လာတဲ့အကြောင်းကိစ္စအရာရာကို မှန်မှန်ကန်ကန် ရင်ဆိုင်တတ်၊ ရင်ဆိုင်ရဲတဲ့ ပြင်းထန်တဲ့စိတ်ထားနဲ့ တာဝန်ယူလိုစိတ်၊ တာဝန်ယူလိုမှုတို့နဲ့အတူ ကြီးလာတဲ့ ကြီးပြင်းသူမျိုးကို မွေးထုတ်သင့်သလား။ မင်းတို့ဘာသိလို့လဲ၊ ကလေးတွေ ကလေးနေရာနေစမ်း၊ လူကြီးတွေကြားဝင်မရှုပ်ချင်စမ်းပါနဲ့၊ စတဲ့ စတဲ့စကားတွေကြားမှာ လူငယ်တွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်စိတ် ပျောက်ဆုံးပျက်သုဉ်း ခဲ့ကြရပါ တယ်။ ရွေးချယ်ခွင့်တွေဆုံးရှုံးခဲ့ကြရာက အကောင်းအဆိုးကို ရွေးချယ်တတ်ခြင်း၊ ရွေးချယ်ရဲခြင်းဆိုတဲ့ လူရည်လူသွေးများပါ ပျောက်ဆုံးခဲ့ကြရပါတယ်။ သူငယ်ချင်းတစ်ယောက်က ၀မ်းပန်းတနည်းပြောဖူး ပါတယ်။

သူ့ရဲ့အဘွားအသက်၇၀ကျော်ပျောက်လို့သူကအိမ်ထဲမှာလိုက်ရှာပါသတဲ့။ နောက်အဘွားရဲ့အမေ အသက်၉၀ကျော်အဘေးရဲ့အခန်းထဲမှာ နွေနေ့လည်ကြီးခြင်ထောင်ချလို့ ခြင်ထောင်လှုပ်နေလို့ မြစ်ဖြစ်သူကသွားချောင်းပါတယ်တဲ့။ သည်တော့မှ အဘေးဖြစ်သူကအဘွားကို သူ့စကားနားမထောင်ဘဲ (သူ့ရဲ့အတည်ပြုချက်ကိုမတောင်းဘဲ) သူ့မြေးမြစ်တွေကို သင်တန်းတက်ခိုင်းလို့ ခြင်ထောင်ထဲခေါ်ပြီး ပေါင်တွင်းကြောဆွဲလိမ်ကာ အပြစ်ပေးနေခြင်းဖြစ်ကြောင်းသိရပါသတဲ့။ သည်တော့မှ သူငယ်ချင်းလဲ သူ့အခြေအနေက ဥထဲမှာပဲရှိသေးပါလား၊ အကောင်တောင်မဖြစ်သေးတဲ့ အခြေအနေလောက်ပဲ ရှိပါလားလို့ စိတ်ဓာတ်ကျပြီး ပြန်ထွက်ခဲ့တာအသံတောင်မထွက်ရဲခဲ့ပါဘူးတဲ့။ လက်ရှိမြန်မာပြည်က အဖြစ်မှန် အခြေအနေတစ်ရပ်ပါ။ မြန်မာလူငယ်တိုင်း သည်လိုအဖြစ်အပျက်မျိုး ကြုံခဲ့တယ်လို့မဆိုလိုပါ။ လူတစ်ယောက်ဇာတ်လမ်းတစ်ပုဒ်စီဖြစ်ပေမယ့် အများစုအနေနဲ့ ကိုယ့်ဖြစ်ရပ်နဲ့ကိုယ် ပြန်လည်နှိုင်းယှဉ် စဉ်းစားမိစေဖို့သာ ရည်ရွယ်ပါတယ်။

ဒါ့အပြင် တိုင်းတပါးမှာ ပွေလီတဲ့ကလေး မျက်နှာကောင်းရပါတယ်။ creative mind ရှိတယ်ဆိုပြီး မြေတောင်မြှောက်ခံရပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ "ဟဲ့မျောက်လောင်းလေး.. ပွေလီပါ့တော်.. အငြိမ်ကိုမနေနိုင်ဘူး.. သည်နေ့ဈေးကပြန်လာမှ ထားဝယ်ကြိမ်နဲ့တွေ့မယ်"လို့ ချီးမြှောက်တတ်ကြ ပါတယ်။

သည်တော့ သူများနိုင်ငံက အသက်၁၈နှစ်အရွယ်လူတစ်ယောက်က လူကြီးတစ်ယောက်လို ရွေးချယ် တတ်၊ ရွေးချယ်ရဲနေပြီး အလုပ်များကိုလုပ်ကိုင်ဆောင်ရွက်ရင်း တိုင်းပြည်တာဝန်ထမ်းဆောင်နေချိန်မှာ မြန်မာပြည်ထဲက အသက် ၂၅နှစ်ကျော်တဲ့ သူငယ်ချင်းလိုလူတွေက အဘေးထံမှာ အမိန့်တောင်းရင်း ခွင့်ပြုချက်ယူနေရမှတော့ သက်တူရွယ်တူချင်း ဘယ်လိုလူရည်လူသွေးချင်းပြိုင်နိုင်ကြပါ့မလား။ သူငယ်ချင်းကို နှိမ်တာမဟုတ်သလို မြန်မာပြည်ထဲက လူငယ်တွေကို နှိမ်တာလဲမဟုတ်ရပါ။ ကိုယ့်မြန်မာလူငယ်တွေကို နိုင်ငံတကာက ရွယ်တူလူငယ်တွေထက် ပိုမိုထက်မြက်တော်တတ်နေစေ ချင်တဲ့ စိတ်နဲ့ သူတို့တွေနှိုင်းယှဉ်တတ်လာအောင်၊ ကြိုးစားတတ်လာအောင် မြင်ဖူးတာလေးကို ပြန်ဝေမျှခြင်းသာဖြစ်ပါတယ်။ စာရေးသူကလည်း ကိုယ့်ကိုယ်ကို ပြန်သတိပေးတဲ့အနေနဲ့ ရေးဖြစ်တာလဲ ပါတာပေါ့လေ။ အိပ်မက်ပရိသတ်နဲ့ မြန်မာလူငယ်တွေလည်း ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတကာက လူငယ်တွေထက် ဉာဏ်ရည်လူရည် ခေါင်းတစ်လုံးသာသူတွေဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

: KhunMyaHlaing

Nov 8, 2007

ခြေရာမဲ့ ဒဏ်ရာ





Now playing: ProgName-BUR-2007-1108-0830
via FoxyTunes ဘယ်လိုမှမလုံခြုံတဲ့ဘဝ
ဘယ်အခါက၀ဠ်ကြွေးလဲမသိ....

မနေတတ်တဲ့အသိတရား
လူသားပီပီနေထိုင်ချင်တယ်။ ။
ကြပ်တည်းကျဉ်းမြောင်းစွာ
ငါတို့အသက်တွေကုန်ခဲ့
ချို့တဲ့မွတ်သိပ်ခြင်းနဲ့
အိမ်မက်သာ ငါတို့ကမ္ဘာလား ဟောဒီဖန်ခွက်ထဲမှာ ။ ။
ပျော်ရွှင်ဖွယ်အတွေး
ဘယ်တော့များချရေးခွင့်ရမလဲ လက်ရှိဘဝ
အချစ်အကြောင်းစဉ်းစားဦးမလို့လား
ငါ့လက်ကို တွဲရဲမှတွဲ
ဘ၀ကိုလည်း သရဏဂုဏ်တင်ခဲ့လေ။

ကြမ်းတမ်းတယ်ပြောမလား
ဟောဒီခေတ်ကကြမ်းတမ်းတဲ့လမ်းပဲ
လွမ်းလို့လည်း မငိုနဲ့
ကြွမ်းလို့လည်း အပိုပဲမဟုတ်လား။
ရင်းနှီးပေးရမဲ့အချိန်မှာကြီးပြင်းတဲ့ငါတို့
ဒီမိုကရေစီဆိုတာ
မဆိုင်သလိုနေလို့တော့
အလိုလိုရောက်မလာတာသေချာတယ်။
သူရမ်းလို့ကိုယ်ကြမ်းရင်
ပြည်တွင်းအနိဌာရုံသာမြင်တယ် ။
ဓမ္မနဲ့ အဓမ္မ မှန်ရာရပ်လို့
ဒဏ်ရာမတွက်ပဲညီညွတ်စို့ရဲ့သွေးချင်းတို့ရေ။ ။ ။

Nov 5, 2007

ပြည်တွင်းလှုပ်ရှားမှု


ကျနော်ရေးဖို့အချိန်မရှိတာနဲ့ သတင်းဖြန့်ဝေရေးပဲ လုပ်လိုက်ပါတယ်။


Nov 2, 2007

Khaleej Times Online - Myanmar Internet access severely limited

Khaleej Times Online - Myanmar Internet access severely limited: "Myanmar Internet access severely limited
(AFP)

2 November 2007

YANGON - Internet connections in Myanmar have been severely limited, with online users restricted from accessing international websites for more than 24 hours, a government telecoms official said Friday.

The apparent cut came shortly before the arrival of UN envoy Ibrahim Gambari, who will be in Myanmar Saturday to again press the country’s rulers for reform after a violent crackdown on anti-government protests in late September left 13 people dead.

‘Internet users can open only local sites and local mail. For overseas sites and mail, the Internet has been down since 8:00 am Thursday,’ said an official from the state-owned telecoms provider Myanmar Teleport.

‘It happened because the gateway is down. We don’t know yet when it will be back up,’ the official told AFP without elaborating.

Myanmar dissident websites and blogs have been particularly active in the lead-up to Gambari’s visit, condemning the junta for its suppression of demonstrators and urging the international community to ramp up pressure on the regime.

‘Since the world witnessed the brutality of the military, the reputation of the junta has suffered an irreparable damage, especially at home, and also abroad,’ said a commentary posted Friday on the anti-junta website Mizzima News.

‘Even though the soldiers are still present the people of Burma do not run away to other countries ... They are outgunned for the moment but every indication is pointing to their determination to remain defiant,’ it said.

Dissident websites are also frequently the quickest means of relaying information from within the isolated country.

They were a key source of news on a march on Wednesday by Buddhist monks in central Myanmar, the first such demonstration since the September crackdown.

‘We have lost our Internet connection completely and have to rely on the fax machine to make contact with the outside world,’ said one tour company operator who did not want to be named.

Internet cafe staff also confirmed that their web connections had been drastically reduced.

‘The Internet has been down since (Thursday). We have only limited access and have to ask customers to come back again and again,’ one cafe worker said.

At the height of the unrest in September, Myanmar’s Internet connections were cut as the military regime tried to stop the flow of news and images of its suppression of mass protests.

Paris-based media rights group Reporters Without Borders at the time condemned Myanmar as a ‘paradise for censors’ and listed the country as one of the world’s most restrictive for press freedoms.

In early October following the interruption of Internet services, UN telecommunications agency chief Hamadoun Toure said in Geneva that no government had the right to cut their citizens off from the Internet.

Nov 1, 2007

မြန်မာပြည်Internet connection(၂)ကြိမ်မြောက်ဖြတ်တောက်ခြင်း


ကျနော် မနေ့ကရေးခဲ့တဲ့စာအတိုင်း သေငယ်ဇောနဲ့အသက်ငင်ရမ်းကားနေတဲ့ စစ်အစိုးရဟာပြည်တွင်းရေးအမှန်ကို ကမ္ဘာကသိမှာကြောက်လှသကိုးဗျ။ အဲဒါနဲ့ပဲ ဒီနေ့မနက်မှာပဲမြန်မာပြည်ရဲ့ Internet connection ကို ဖြတ်တောက်လိုက်ပြန်ပါတယ်။ဒီလိုရေတိုနည်းနဲ့ပြဿနာကို ရှင်းလို့တော့ဘယ်တော့ပြေလည်မှာလဲဗျာ။


Oct 31, 2007

ဘာတွေဖြစ်ဦးမလဲ မြန်မာပြည်


ပခုက္ကူကသံဃာတော်တွေကတော့ တုန်လှုပ်ခြင်း အလျဉ်းမရှိ မေတ္တာပို့လမ်းလျောက်ကြွချီကြပြန်ပါပြီ။တရားမျှတမှုအတွက် တဖန်တိုက်ပွဲဝင်ကြပြန်ပါပြီ။စစ်မှန်မျှတတဲ့ ဒီမိုကရေစီရေးကို ကိုယ့်အသိစိတ်နဲ့ကိုယ် ချီတက်နေကြတာမို့လူသာသေမယ်။စိတ်ဓာတ်တွေကတော့ မယိုင်မလဲ မားမားမတ်မတ်ရပ်တည်နေမှာပါ။မြန်မာပြည်မှာ တရားမျှတမှုမရှိသရွှေ့တော့

ဒီလိုပဲ အကြမ်းမဖက်တိုက်ပွဲတွေ ရှိနေဦးမှာပါ။

Oct 28, 2007

အချစ်နဲ့မကင်းသည့်လူသားနှင့်သာမန်ထက်ပိုသည့် အဖြစ်ဆိုးများ၊အရောင်မှိန်အိမ်မက်

ဒါဟာ
အရောင်တွေရောထွေးနေတဲ့စုပ်ချက်မပီပန်းချီကားတစ်ချပ်ပဲ။
တင်ထားတဲ့အရောင်တွေကတော့ ကောင်းမွန်လိမ့်မယ်လို့ ထင်မြင်ယူဆချက်နဲ့ ပက်ဖျန်းလိုက်တာပဲ။မတူညီမှုရဲ့ အလှတရားတစ်ခုဟာ ပန်းချီမို့လားဗျ။အတိတ်ဆိုတဲ့ ပန်းချီကားဟာ ထုတ်ကုန်ပေါ့။အခုတော့ရေးလက်စ ပန်းချီကို အရောင်တွေ တင်နေတုန်းပဲ။ဒါဟာ ကျနော်ရေးခဲ့တဲ့ ပန်းချီကားတချို့ကို ခင်းကျင်းပြသရာ ဧည့်ခန်းတစ်ခုပါ။လူတွေမှာ အားနည်းချက်ကိုယ်စီနဲ့မို့ ကျနော်လည်း
အားနည်းချက်နဲ့လူပါပဲ။ ဒီလိုပါပဲ...

အချစ်ရေ တို့တွေဝေးကွာခြားနားခဲ့ကြပေမဲ့ ဘယ်တော့မှ သေဆုံးခြင်းမရှိ၊ပျောက်ပျယ်ခြင်းမရှိတာ ငါတို့ကြားက စကားလုံးမဲ့သစ္စာ ။အဲဒါ အသေချာဆုံး ရှင်သန်ရာ အကြောင်းရင်းပဲလေ။ရောက်ရာနေရာမှာ တတ်စွမ်းနိုင်သမျှ လူသားကမ္ဘာကြီး သာယာဖို့ ဖြည့်ဆည်းရင်းအသက်ရှင်ရတဲ့ အဖြစ်မှာကျေနပ်တတ်ခဲ့တာ...ငါ။ငါ့မှာ နိမ့်ကျခြင်း၊ မြင့်မားခြင်းတွေ မရှိ ။ဂုဏ်ပကာသနတွေလည်း ခံစားချက်မရှိ ။နောက် မင်းနဲ့ နီးရခြင်း၊ဝေးရခြင်းတွေဟာ ခံစားနေစရာ မဟုတ်တော့ပါဘူးကွယ်။ငါ အကျင့်ပါနေအောင်လွမ်းဆွတ်ခဲ့ရပါသော အချစ်ရေ...ငါဟာ စွန့်လွတ်ပြီးသား လူတစ်ယောက်ဖြစ်ခဲ့ပြီလေ။ထမင်းစားပြီးပြီလား။ဟန်လေးနဲ့သွားလာနေထိုင်ရပေမဲ့ တစ်နေ့တခြား တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့မို့ဘ၀က တစ်နေ့ထက်တစ်နေ့ အသက်ရှူကြပ်လာတယ်။ပူပန်သောကများနဲ့ ကျနော်ဖြစ်သည်။

ခင်ဗျားပြောတတ်တယ်လေဗျာ။နုတ်ခမ်းလေးတွန့်ရုံပြုံးရင်း လူတွေဟာသိပ်ရီစရာကောင်းတယ်လို့။အခုတော့ ခင်ဗျားကိုယ်ခင်ဗျားလည်းပြန်သရော်နေရပြီပေါ့။ဟန်ဆောင်ပန်ဆောင်အပြုံးများ၊ဘာမဟုတ်ပဲချဲ့ကားမှုတွေကို ပျင်းရိငြီးငွေ့နေပြီမဟုတ်လား ။တစ်ယောက်တည်းလည်းနေတတ်ခဲ့တာကြာပြီမို့လားဗျ။ခင်ဗျားက လောကကြီးထဲမှာ စူးစမ်းလေ့လာဖို့အလည်ရောက်လာတာပါလို့လည်း ခင်ဗျားကိုယ် ခင်ဗျားသုံးသပ်တတ်ရဲ့။အသိုင်းအ၀ိုင်း၊ပတ်ဝန်းကျင်များစွာမှာ ကျင်လည်ဖြတ်သန်းခဲ့ပေမဲ့ အားလုံးက တစိမ်းသက်သက်၊အတ္တသားကောင်တွေချည်းလို့ ပြောကောင်းပြောတတ်တယ်။မြေခွေးကစပျစ်သီးကိုချဉ်တယ်ပြောသလို ဖြစ်မှာစိုးလို့ အရာများစွာကိုကြိုးစားရယူ ပိုင်ဆိုင်ပြီးမှ အလကားပါကွာလို့ပြောတတ်တယ်။ဥပမာ -ခင်ဗျားယူထားတဲ့ဘွဲ့တို့၊ မိန်းမတို့စသည်ဖြင့်ပေါ့လေ။

ဟုတ်တယ်မို့လား။မင်းဟာ အချိန်ဒါးစက်အောက်က လှပတဲ့ပန်းလေးတပွင့်ပဲလေ။ဘယ်သူကဲ့ရဲ့တာကိုမှ ဂရုမစိုက်တဲ့ ရဲရင့်နှင်းဆီလေးပေါ့။လရောင်ဟာ မင်းအလှမှာ ရူးသွပ်ယိုင်ထိုးလို့ ကကြိုးပြောင်းတဲ့အချိန် ငါရှိမှာ မဟုတ်ဘူး။အိမ်ပြန်ပြီ။ဆက်သာ က ပါမရွှေချော ။မင်းသမီးဖြစ်မှတော့ ကကြိုးတွေမှာ မမောပါနဲ့တော့လေ။ကာရန်လှလှ စကားလုံးကြွကြွ ကဗျာတွေလည်း ရေးဖြစ်မှာမဟုတ်ဘူး။ကြာပြီပဲလေ...။ရေသေအိုင်ဟာ ညစ်နွမ်းပြီးကြောက်ဖို့ကောင်းပါတယ်။ကိုမွန်းအောင်ရဲ့ သီချင်းခွေတွေ ဘယ်မှာလဲ။သိမ်းမထားပါနဲ့နောက်လူမြည်းလည်းချိုမှာပါ။မဖြစ်နိုင်တာ ဘာမှမရှိဘူး။ဘာလုပ်မလဲ။မနက်ဖြန်တွေကိုစောင့်လာခဲ့တဲ့ ခင်ဗျား အသက် ဘယ်လောက်ရှိပြီလဲ။လူဟာ မလွတ်မြောက်ပေမဲ့ လွတ်မြောက်ဖို့ စိတ်လိုတယ်။တခါတရံလည်း လောကကြီးမှာ တစ်ခုကို လိုချင်တာနဲ့ အရင်းအနှီးအများကြီးပေးပြီးမှ လွဲချော်တတ်သေးသလား ?????ကျနော်မသိပါ။ကျနော်သည် သေးမွှားလှသော အစက်အပြောက်လေးဖြစ်သည်။ ။မနက်ဖြန် အားလပ်မည်မဟုတ်ပါ။ ။ ။