Search This Blog

May 17, 2008

Global Action Day for Burma's Cyclone Victims (17-5-2008)

ဒေါက်တာလွဏ်းဆွေ ရဲ့ စာမျက်နှာမှ ကူးဖော်ပြပါသည်။
ကုလသမဂ္ဂ၏ စစ်ရေးအရ ၀င်ရောက်စွက်ဖက်ပိုင်ခွင့်
(Responsibility to Protect)
“အစိုးရတရပ်အနေဖြင့် မိမိပြည်သူများအပေါ် ကာကွယ်နိုင်စွမ်း မရှိတော့လျှင် လူမှုရေးကိစ္စ အခြေခံပြီး နိုင်ငံတကာ အသိုင်းအ ၀ိုင်းက စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်ခွင့် ရှိသည်။”


“ အစိုးရတရပ်အနေဖြင့် မိမိပြည်သူများအပေါ် ကာကွယ်နိုင်စွမ်း မရှိတော့လျှင် လူမှုရေးကိစ္စ အခြေခံပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းက စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်ခွင့် ရှိသည်ဆိုသည့် ကုလသမဂ္ဂလုပ်ပိုင်ခွင့် (Responsibility to Protect) သည် အစိုးရတရပ်က မိမိပြည်သူများအတွက် ကယ်ဆယ်ရေး အကူအညီများ လက်မခံဘဲ ငြင်းဆန်နေလျှင်လည်း အကျုံးဝင်သည်”
(သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း Gareth Evans ၏ ပြောကြားချက် - မေလ ၁၃၊ ၂၀၀၈)

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း Gareth Evans သည် အစိုးရတရပ်အနေဖြင့် မိမိ ပြည်သူများအပေါ် ကာကွယ်နိုင်စွမ်း မရှိတော့လျှင် လူမှုရေးကိစ္စ အခြေခံပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းက စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်နိုင်ခွင့်ရှိသည်ဆိုသည့် ကုလသမဂ္ဂလုပ်ပိုင်ခွင့် (Responsibility to Protect) ကို ၂၀၀၅ နှစ်တွင် ချမှတ်နိုင်အောင် ဦးဆောင်စည်းရုံးခဲ့သူဖြစ်သည်။

“သဘာဝဘေးအန္တရာယ် ကျရောက်သည့် ကိစ္စမျိုးတွင် ထိုကုလသမဂ္ဂ လုပ်ပိုင်ခွင့်ကို အသုံးချနိုင်သလား ဆိုသည့် BBC Channel 4 ၏ အမေးကို စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်ရန် ဖြစ်နိုင်သည်ဟု ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး David Miliband က အင်္ဂါနေ့တွင် ဖြေကြားခဲ့သည်။”
(ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး David Miliband - မေ ၁၃၊ ၂၀၀၈)

Save Our People by Forced Humanitarian Intervention Immediately!!!
ကျွန်ုပ်တို့၏ နာဂစ်မုန်တိုင်းဘေးဒုက္ခသည် မြန်မာနိုင်ငံသားများကို အင်အားသုံး ၀င်ရောက်ကယ်တင်ရန် နိုင်ငံတကာ ကယ်ဆယ်ရေးတပ်များ အဆင်သင့် ဖြစ်နေပါပြီ။
အင်အားသုံး ၀င်ရောက်ကယ်တင်ပေးရေးအတွက် နိုင်ငံတကာရောက် မျိုးချစ်မြန်မာများအားလုံး မနက်ဖြန် Global Action Day for Burma's Cyclone Victims (17-5-2008) တွင် အင်တိုက်အားတိုက် တက်ညီလက်ညီ တောင်းဆို
ဆန္ဒပြကြပါစို့။

No comments:

Post a Comment

ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။