Search This Blog

Mar 2, 2009

မင်းမသိတဲ့ အာရှသား


အားတဲ့အချိန်လေး အားပါးတရ ၀င်ရေးလိုက်ပါရစေ ။ကိုယ့်BLOG ထိုင်ကြည့်ပြီးရေးနိုင်တဲ့သူတွေထဲမှာ မပါလို့ အရေးအသားက ခပ်ကျဲကျဲပါးပါးလေးပါ ။ဒါပေမဲ့ မနေနိုင်တဲ့အခါတော့ ပြောဖြစ်အောင် ပြောတတ်ပါတယ် ။ အခုတစ်လော ကြားနေရတဲ့ အခွေသစ်လေ ။ကြက်ရိုးဆိုလား ..ငှက်ရိုးဆိုလား..အဲဒီ...အရိုးရေးတဲ့ အာရှသားလူလည်ဆိုတဲ့သီချင်းလောက်တော့ ကျုပ်တို့ကပျင်းဖို့တောင်ပျင်းတယ်ကွလို့ပြောရမလိုပဲ... ။မင်းမကျေနပ်လို့ယှဉ်တေးစပ်မယ်ဆိုလည်း အချိန်မရွေးပဲ သွေးမနည်းတဲ့သူတွေ အများကြီးရှိတယ် ။ဘ၀ပေးအခြေအနေအရ ပုဆိုးမရှိလို့ မင်းသားကမကရတဲ့သူတွေ အများကြီးရှိတယ်ဆိုတာ နားလည်ရမှာ..။တချို့ကောင်တွေကတော့ ဘာမသိညာမသိ လူတွင်ကျယ်လုပ်အဓိပ္ပါယ်ဖွင့်ဆိုချက်တောင် ရှင်းပြတာတွေ ဘာတွေ...နဲ့ ချပြကြတယ် ။ခနော်ခနဲ့..နဲ့...ဟိုကောင့်ကိုကြည့်မရသလို ...ဒီကောင့်ကြည့်မရသလို...ရိထေ့ထေ့ သီချင်းနဲ့ လူကြားအောင်အော်နေလည်း မင်းက ကျန်နေတော့မှာဆိုတာ သတိမထားမိဘူးထင်ပါ့ ။ပြည်တွင်းမှာ အလုပ်လုပ်ပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့ခက်တာ နားလည်နေလျက် ဒီလို ရိထေ့ထေ့လုပ်ချင်တဲ့ကောင်...။ ပြောစရာရှိတာ ရေးစရာရှိတာကို ဟာသနှောပြီး နားဝင်အောင် ပြောတာမျိုးလက်ခံနိုင်တယ် ။ အောက်ခြေလွတ်သွားတဲ့ အူကြောင်ကြောင်ကောင်တွေကို ပြောချင်လည်း ရှင်းအောင် ရေးလို့ရတယ် ။ဟိုလိုလို ဒီလိုလို ၀ါးလုံးသိမ်းရမ်းတာမျိုးတော့ ဘယ်နည်းနဲ့မှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး ။ငါရေးတာက ငါ့အမြင်ပဲ ..ဘာကိုမှ ကိုယ်စားမပြုဘူး..။...ပြည်တွင်းမှာ ဘယ်လိုမှလုပ်စားလို့မရလို့ အပြင်ထွက် ငွေရှာရတဲ့ ဘ၀တွေကို သရော်သလို စော်ကားတဲ့ကောင်လောက်တော့...နွေလှိုင်ဿုန်းလို့.... ကိုယ့်ကိုယ်ကို သတ်မှတ်ထားတဲ့ကောင်က မင်းကို အနုပညာသမားစာရင်းက လစ်လျှူရှူ့ထားလိုက်ပြီဆိုတာ နားလည်ထားပေါ့ ။နောက်တစ်ခု... အရှက်မရှိပဲ သီချင်းမမည်တဲ့သီချင်းဆိုတာတွေကိုလည်း Online ပေါ်မတင်ဘူးကွ နားလည်လား.. ။ကိုယ့်အဆင့်ကိုယ် နားလည်နိုင်အောင် အရင်ကျင့်ဦီးကွ..။မင်းအချိန်တွေ သိပ်ပိုနေရင် ရင့်ကျက်အောင် လေ့ကျင့်နေပေါ့ ။...အသက်မွေးဝမ်းကျောင်းမှု...အင်း ...ဘာပြောရမလဲ ။ဒီဇယ်ဆီ ပီပါလိုက်ရောင်းတာကို တစ်ပီပါမှာ ဓာတ်ဆီ ၅ ဂါလံလောက်ရောရောင်းတာ ဘာဖြစ်လဲ...။ကိုယ့်စီးပွားကိုယ် လုပ်တာပါပဲ....ကဲ...ဘယ်လိုလုပ်မလဲ...။အင်း ကမ္ဘာ့လူဦးရေ အဆမတန်တိုးပွားလာလို့ ငါ့တို့အိမ်ထောင်ပြုမဲ့အရေးပျက်ရမလား..။အိမ်ထောင်ပြုတာက ပြုတာပါပဲ... ငါ့မှာGtalk girlfri တွေအများကြီးပဲလေ...ကြူစရာ ကျုံးစရာ တွေက အများကြီးကျန်ရှိနေသေးတာပဲ ။နည်းနည်းလောက်လူသိသွားတာလောက်တော့ ငါလိုသောက်ရှက်မရှိတဲ့ကောင်အတွက် အေးဆေးပဲလေ...။မင်းလိုနောက်ပေါက်ဂွတီးဂွကျကောင်က ဖြဲနေလည်း ငါ့အတွက်ဆော်တွေနဲ့ လူပေါလေးတွေ အများကြီး အများကြီး ကျန်နေဦးမှာကွ ။တက်လာနေဦးမှာကွ...ဟင်းဟင်း....။...ဒီလိုပဲ လူဆိုတာ တဏှာနောက်လိုက်ရင်း အတ္တတွေဦီးစားပေးကြရင်း.....လောဘတွေဦးစားပေးရင်း....မောဟတွေ ဖိစီးရင်း ....အခုတော့ ..ကမ္ဘာကြီး ဒုက္ခတွေပြည့်လျှံရင်း... ဒီလိုနဲ့ပဲ...စိတ်ပျက်စရာ လူ့အောက်ခြေမဲ့ကောင်တွေ ပေါလာတာပဲပေါ့ ။ ပျိုမြစ်တက်ကြွနေခဲ့သော လူငယ်လေးတစ်ယောက်.....အခုတော့ အုံ့မှိုင်းတုံ့နှေး လေးကန်အတွေးများစွာဆူနေတဲ့ လူကြီးတဲ့ ။မင်းပြန်ရဦးမလား....စွန့်လွတ်ခဲ့ရတာမဟုတ်ဘူး ။အဲဒါ ကုန်ဆုံးသွားပြီးသား အသက် ။အသက်နဲ့မှီအောင် ရင့်ကျက်မှုမရှိခဲ့တော့လည်း အရွယ်နဲ့ ရုပ်ကိုမှုန်တေတေ ထားပြီး လူလေးစားအောင် ပေါက်ကရတွေရေး ၊ပြော ၊လုပ် ...နေလည်း သိတဲ့လူတွေက ကြည့်ပြီးပြုံးချည် ဟားချည် လုပ်နေရမယ်ဆိုတာ နားမလည်ဘူး ။ ဘယ်နေ့သေမှာလဲ ဆိုတာလည်း မင်း မတွက်ပါဘူး ။ အပိုမပြောနဲ့ ကိုယ့်အကြောင်းကို ကိုယ်သိအောင် လေ့ကျင့်ပေါ့ကွာ ။လူသိများတာနဲ့ ရင့်ကျက်တာ ဘာမှမဆိုင်တာ နားလည် ။ ဘာမှမဟုတ်တဲ့ကောင်က မင်းကိုပြောတယ်ဆိုတော့ မင်းက တင်းချင်မှာပေါ့ ။ဟင်းဟင်း.... မင်းထက်တော့ အောက်သက်ကြေတယ်ဆိုတာ နားလည်အောင်ကြိုးစားထားပေါ့ ။............
ဇော်ဇော်အောင်နှင့် အနုပညာ ဝေဖန်ရေးစက်တင်္ဘာ ၂၃၊ ၂၀၀၈ - ဒီတပတ် အနုပညာမိုးကောင်းကင် အစီအစဉ်မှာတော့ ဝေဖန်ရေးနဲ့ ပါတ်သက်ပြီး တင်ဆက်ပေးမှာပါ။ ဝေဖန်ရေးဟာ အနုပညာကိစ္စတွေမှာ သာမကပဲ လူ့အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုး ရေးမှာပါ အရေးကြီးတဲ့ကိစ္စ ဖြစ်တဲ့အကြောင်း၊ မြန်မာ့အနုပညာ လောကမှာရော မြန်မာ့လူမှုအသိုင်းအ၀ိုင်း မှာပါ စံနစ်ကျတဲ့ ဝေဖန်ရေး ထွန်းကားမှု အားနည်းနေတယ်လို့ စာရေးဆရာ ဇော်ဇော်အောင်က ပြောပါတယ်။ ဆရာဇော်ဇော်အောင်ဟာ တက္ကသိုလ်မှာ မြန်မာစာပေနဲ့ ဝေဖန်ရေး ပညာရပ်ကို သင်ကြားပို့ချခဲ့တဲ့ ဆရာတဦး၊ လက်ရှိလည်း အနုပညာစံနှုန်းတွေ၊ ကမ္ဘာ့စာပေရေစီးကြောင်း တွေကို မိတ်ဆက်ပေးနေသူတဦးလည်း ဖြစ်ပါတယ်။ ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားတာပါ။

မျှော်လင့်ချက်တွေ ရပ်လိုက်တော့လေ
ဒီလောက်ဆို နာကျင်ခြင်းအတွက် လုံလောက်ပါပြီ
အချိန်တန်တော့ ဘ၀ပေးကုသိုလ် အတိုင်းတွေ့မှာပေါ့

ဘ၀ဆိုတာ ဘယ်လိုလူတွေဘာကောင်တွေပဲဖြစ်ဖြစ်
အဆုံးသတ် သေခြင်းနဲ့ အပြီးသတ်ရမှာပဲလေ ။
တစ်ခုတော့ ရှိတယ် ....
ရေရှည်ခံတဲ့အရိပ်ကောင်းနဲ့
ယုတ်ခနဲ့ပျောက်ပျယ်မဲ့ထင်ယောင်ထင်မှားအတုအယောင်...
ပျိုမြစ်ခြင်းတွေကျော်လွန်ရင် ဇရာဘက်နှင်းလျှောက်လိုက်
နောင်တမရနဲ့ အိုကြီးအိုမနဲ့ မင်းအတွက် အထီးကျန်မှုတွေထဲမှာ

မင်းမက်ခဲ့တဲ့ စံချိန်ညွှန်းမိန်းမပျိုတွေကလည်း
သူတို့လိုရာတွေးကြရွေးခဲ့ကြတာပဲမဟုတ်လား....။.....

ရှာဖွေခြင်းလမ်းကို ကျောခိုင်းစွန့်ခွာတော့ ကိုယ့်ကိုယ်ပြန်သုံးသပ်ပေါ့...
ဟောဒီ လူသားအဖြစ်မှာ....ငြီးငွေ့ခြင်းကို တည့်တည့်ကြီးရင်ဆိုင်ရခြင်းက ဘယ်လောက်ခက်ခဲလိုက်ပါသလဲ ။ ဖျော်ဖြေရေးတွေ ပိုမိုများပြားလာတော့ ပျင်းရိခြင်းက ဟားတိုက်ရီမောရဲ့ ။ လူသားတွေ သူ့ကိုလွန်ဆန်နိုင်ဖို့ အသေအကြေကြိုးစားနေကြတာလေ ။တချို့က လမ်းလျှောက်တယ် ။ တချို့က ရေသောက်တယ် ။ တချို့က အလုပ်လုပ်တယ် ။ တချို့က ဆေးလိပ်သောက်တယ် ။ တချို့က ရည်းစားထားတယ် ။ တချို့က အရက်သောက်တယ် ။ တချို့က တွေးတောစိတ်ကူးတယ် ။ တချို့ကတော့ အချိန်ကြာတာနဲ့အမျှ အရူးရင့်ကြတယ် ။တချို့..တချို့...က..တချို့..... ။တစ်ခါတစ်ရံမှာ................နာကျင်နေရခြင်းကပဲ ဘ၀မှာ မောင်းနှင်အား အဖြစ်ဖန်ဆင်းနေလေသလား....???? ။ ငါ့အမှန်တရားကိုခင်းကျင်းပြဖို့ ဂုဏ်သိက္ခာရှိတဲ့နှစ်တွေ အသေသတ်ခံရသည့်တိုင် အကျွန်ုပ်ဆိုသောသူမှာ အမှတ်မရှိမိုက်လုံးကြီးလှ၏။ အဲဒီအကြောင်းကိုပဲ ထပ်ပြောရတာ ယောက်ျားတစ်ယောက် ငါ.......ရှက်သည် ။ ၀ဋ်ကြွေးကလည်း ကြီးတယ် ။ ကိုယ့်မီး ကိုယ်ပျိုးပြီး လွန်လွန်ကျူးကျူးလေး လောင်ကျွှမ်းပစ်လိုက်တယ် ။ ဒါပေမဲ့ တသက်စာ မက အိမ်မက် မက်ခွင့် မရှိရဘူးလား ......ပြောပါ ။၁ နှစ်မှာ ၁၀ လ အခမဲ့နာကျင်ရူးသွပ်ပွဲကြီး ခင်းကျင်းပြသခဲ့ရပြီးတာကို အားမရဘူး ။တစ်သက်စာရူးမဆုံးအောင် နွယ်နေတုန်းလား ။အဲဒီဒုက္ခမှာပဲ ကျင့်သားရပြီး နေပျော်နေပြီလား မသိ ။ ကိုယ် ကိုယ်ကို ၀ှက်ပြီး သီချင်းနဲ့ အန်ထုတ်ရတာလည်း ရေရှည်တော့ မကောင်းနိုင် ။ ဒဏ်ရာတွေ ပြန်မနွေးပဲ အေးခဲစေတာ သက်သာမယ် ။ သီချင်းဆိုတာ ရင်းတွင်းပေါက်ကွဲမှုရဲ့ သီးသန့်ကမ္ဘာက ခံစားချက်လွယ်အိတ် တစ်လုံးပါကွယ် ။ဒါပေမဲ့ ငါတို့အဖြစ်အပျက်တွေ ခြုံငုံပြည့်စုံစေမဲ့ သီချင်းမျိုးတော့ မွေးဖွားဖို့မဖြစ်နိုင်တော့ပါဘူး ။ဒီလိုနဲ့ပဲ....

ထပ်ပြီးစိတ်ကို အလိုမလိုက်တော့ဖို့ ရောဂါတွေက တောင်းဆိုလာကြပေါ့ ။ရေးစရာရှိတာတွေ ရေးလို့ ပြောစရာ ရှိတာတွေ ပြောဖို့ကျန်နေပါစေတော့ ။ ကြယ်တံခွန် တစ်လင်းစာ ဘ၀မှာ ငါရော နင် ပါ ...ကြီးပြင်းသေဆုံးဦးမှာပါ ။ ဒီခေတ် ဒီလှိုင်းထဲမှာ ပျော်ဝင်စီးဆင်းပြီး အဆုံးသတ်ဖို့ ငါတို့ အကြောင်းရှိခဲ့တယ် ။ငါတို့ ရှင်သန်ရမယ် ။ ရုန်းကန်ရမယ် ပြီးတော့ ...သေဆုံးရမယ် ။အခုထိ အလင်းမသိတဲ့ဝေဒနာတွေနဲ့ လမ်းမမြင်၊ကမ်းမမြင် လျှောက်ဆဲမို့ နောက်ဆုတ်ဖို့ မတွေးတော့ဘူးကွယ် ။


ငါရှေ့ဆက်မယ် ။မင်းလိုက်ခဲ့ချင်လိုက်ခဲ့ မလိုက်ခဲ့ချင်လည်း ငါမတားဘူး ။မင်းသဘောပဲလေ ။ငါတို့က လူ့ဘ၀ကို လူတွေအပေါ်ကနေဖို့သက်သက် ရှင်သန်နေတာမှ မဟုတ်တာ ။လူပေါတွေနဲ့တော့ လာမနှိုင်းနဲ့ ။အောက်ခြေမလွတ်တာတော့ အသေအချာပဲ ။လေသံမြှင့်ပြီးလေထဲလွင့်နေတဲ့ကောင်တွေ မဟုတ်ဘူး ။ ဘေးကကြက်တွေ ခြေပြင်းနေကြတော့လည်း အဲဒီအထဲ ငါမပါရဲတော့ဘူး ။ လူဆိုတာ သေဖို့ရှင်ရတာပဲ ။အဲဒီကြားထဲ ကိုယ်ဆက်သွားမဲ့လမ်းကို ကိုယ်ရွေးကြတာလေ ။နောက်ထပ် ဘယ်လို ဘ၀နဲ့ ခရီးဆက်မလဲ ။မင်းကိုယ်မင်း အသိဆုံးပဲ ။

ဇော်ဝင်းထွဋ်က ဂျစ်ပစီမိုးတိမ် တစ်ခွေပဲ ဆိုခဲ့ပြီး ................လေးဖြူကလည်း လိပ်ပြာ တစ်ခွေပဲထွက်ခဲ့တယ် ....။ဘ၀ရဲ့ပြဌာန်းချက်.........ဘယ်မလဲ...ဘာလဲ ။ငါဆိုတဲ့ လူတစ်ယောက်ရဲ့ အနှစ်သာရ.........အထွဋ်အထိပ် ပြဌာန်းချက်.....။ငါ့ဘ၀ ငါ့အတ္တရဲ့နောက်ဆုံးခရီး.....ဘယ်လိုပြီးမှာလဲ ။ဒွိဟလမ်းမထက်က ငါ့စကားတွေကတော့ လေထဲမှာပဲ သူလို ငါလို ပျက်ပျယ်သွားမှာပါပဲ ။၇ တန်းနှစ်သားဘ၀တည်းကသီချင်းတွေ နဲ့ကျောင်းပွဲတွေမှာ မြူးကြွခဲ့တာ... ဂီတာတီးပျော်ခဲ့ကြ....ကိုယ်ပိုင်သံစဉ်တွေရှာ ရေးခဲ့ရ.....အဲဒီအတွက်နဲ့ပဲ ငါ့ဘ၀က အချိုးအဆစ်တွေ များခဲ့ရတယ် ။အဲဒီလိုနဲ့ အရင်းအနှီးကြီးခဲ့တယ် ။ဒါပေမဲ့ ....ငါ ဘာဖြစ်ခဲ့သလဲ မေးရင် ဘာမှ မဖြစ်မြောက်ခဲ့ဘူးလို့ ဖြေရမယ် ။ ဖြစ်ခဲ့တာ သိခဲ့တာ ရခဲ့တာကတော့ ငါ့သမိုင်းနောက်ခံ ပန်းချီကားတစ်ခုလေ ။မိုက်မဲမှုတွေပြုခဲ့ပါတယ်ဆိုလည်း ဒါဟာ ငါ့မှတ်တမ်းပါပဲ ။ ဘာကိုမှ ဖုံးကွယ်နေစရာ အကြောင်းမရှိ ။ ဖြတ်သန်းခဲ့ရပုံချင်းမတူ တွေ့ကြုံရင်းနှီးရပုံချင်း မတူလို့ ဝေဖန်ထိုးနှက်မယ်ဆိုလည်း မင်းအလိုပဲပေါ့ ။ငါကတော့ ငါ့လမ်း ငါဆက်လျှောက်နေမှာပဲ ။မင်းသိထားတဲ့ ဘ၀အကြောင်း လုပ်ကိုင်ရန် ကျန်ရှိနေသေးတဲ့ အချိန်တွေနဲ့ အမှုကိစ္စတွေ အရာရာ ခြားနားကောင်း ခြားနားမယ် ။သေကြရမှာကတော့ အတူတူပဲ ။


Jan 19, 2009

ဝှက်ဖဲများနဲ့ တိုက်ခိုက်ခံရသည့် Underground Hip-Hop



The New Era Journal: "19 January 2009

ဂျောက်ဂျက် ၀န်ခံကတိထိုးရ ဆင်ဆာမဲ့ခွေနှင့် မပတ်သက်ဟု ပြော
NEJ/ ၁၉ ဇန်န၀ါရီ ၂၀၀၉
line


Bi Weekly Eleven ဂျာနယ်က ရေးသားသည့်သတင်းကြောင့် ဟစ်ဟော့အဆိုရှင် ဂျောက်ဂျက်အား စာပေစိစစ်ရေးနှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ခေါ်ယူ၍ ခံဝန်ကတိလက်မှတ်ထိုးခိုင်းကြောင်း ဟစ်ဟော့သတင်းရပ်ကွက်က သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ (၁၅) ရက် ဈေးကွက်တွင်း ဖြန့်ချိခဲ့သော အဆိုပါဂျာနယ်တွင် “မြန်မာ့ယဉ်ကျေးမှု အစဉ်အလာနှင့် လူနေမှုစနစ်အား ထိခိုက်နိုင်သော ဆင်ဆာမဲ့ မြန်မာသီချင်း ညစ်ညမ်းခွေများ သိန်းနဲ့ချီထိ ပျံ့နှံ့လျက်ရှိ၊ နာမည်ရလူငယ်အဆိုတော်အချို့နှင့် တီးဝိုင်းအချို့ ပတ်သက်မှုရှိ၊ ဖန်တီးသူ ထုတ်လုပ်သူ၊ ဖြန့်ချိသူနှင့် လက်ဝယ်ထားရှိသူ မည်သူမဆို ဆင်ဆာဥပဒေ၊ ညစ်ညမ်းဥပဒေနှင့် အရေးယူခံရနိုင်” ခေါင်းစဉ်ဖြင့် ရေးသားထားခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ကာယကံရှင် ဂျောက်ဂျက်အား ဆက်သွယ်မေးမြန်းရာ ၀န်ခံကတိ ထိုးရသည်မှာ ဟုတ်မှန်ကြောင်း၊ သို့သော် အဆိုပါသတင်းတွင် ပါသော ၎င်း၏သီချင်းများအား အခွေအဖြစ်ထုတ်၍ ရောင်းချသူမှာ မိမိနဲ့ မပတ်သက်ကြောင်း၊ လောလောဆယ် သီချင်းခွေထုတ်ခြင်းကို ရပ်ထားရကြောင်း ပြောသည်။

စာပေစိစစ်ရေး၏ ၀န်ထမ်းတဦးက “ကျမတို့ စာပေစိစစ်ရေးရုံးကတော့ ဂျောက်ဂျက်နဲ့ ပတ်သက်တဲ့ အင်တာဗျူး၊ သတင်း၊ ဆောင်းပါးတွေကို ရပ်ဆိုင်းထားဖို့ ညွှန်ကြားထားတယ်” ဟု ဆိုသည်။

ဟစ်ဟော့ နှစ်သက်သူ လူငယ်တဦးက “ဝေဖန်ရေးလုပ်တယ်ဆိုတာ ဝေဖန်မယ့် Subject ကို နားလည်မှ ဝေဖန်သင့်တယ်။ နိုင်ငံတကာမှာ ဟစ်ဟော့တွေရဲ့ သီဆိုမှုဟာ မကျေနပ်တာတွေ၊ စိတ်ထဲရှိတာတွေကို ပေါက်ကွဲတာပဲ။ အာဖရိကက လူမည်းတွေဆီကတဆင့် ဒီ ဟစ်ဟော့ဂီတဆိုတာ စီးဝင်လာခဲ့တာ လူသားတွေကြားကို၊ ဒါ တော်လှန်ရေးဂီတပဲ။ ဂျောက်ဂျက်သီဆိုတဲ့ ဟစ်ဟော့မှာ ညစ်ညမ်းတာပါတယ်၊ ဟုတ်တယ်၊ ဒါ သူ့အသိုင်းအ၀န်းနဲ့ နီးစပ်တဲ့ အရာတွေထဲက သူရထားတဲ့ အတွေ့အကြုံပဲ။ ဘာပဲဖြစ်ဖြစ် ဒီလို သီဆိုမှုတွေကို ဂျောက်ဂျက် တကောင်တည်း ဆိုတာမဟုတ်ဘူး။ မြန်မာ Underground သီဆိုခဲ့သူတွေ၊ ခု နာမည်ရနေတဲ့ ကောင်တွေလည်း လုပ်ခဲ့တယ်။ ဂျောက်ဂျက်က အခုမှ အဆိုတော်တောင် မဖြစ်သေးဘူးဗျာ၊ ဒီကောင့်တယောက်တည်းကို ပစ်မှတ်ထားသလိုဖြစ်နေတဲ့အတွက်တော့ ကျနော် စိတ်မကောင်းဘူး” ဟု ပြောသည်။

ဟစ်ဟော့ တေးသံရှင်များစွာရှိသည့်အနက် ဂျောက်ဂျက်အား လူငယ်အများ နှစ်သက်ကြကြောင်း၊ ဟစ်ဟော့နှစ်သက်သည့် လူငယ်များ၏ ပြောဆိုမှုကို ကိုးကား၍ သိရသည်။

ဂျောက်ဂျက်သည် ဟစ်ဟော့လောကထဲသို့ ၂၀၀၄ ခုနှစ်က စတင်ရောက်ရှိလာကာ Underground အခွေများ ဝေပြီးချိန်မှစ၍ နာမည်ရလာပြီး VIP အဖွဲ့တွင် Ah.Boy၊ ထိန်ဝင်း၊ ကျော်ထွဋ်ဆွေတို့နဲ့အတူ သီဆိုသူတဦးဖြစ်သည်။

Rock Star အဖြစ် ပြောင်းလဲလိုက်ကာ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ အကုန်တွင် တေးစီးရီးထွက်ရန် ရှိကြောင်း၊ ယခု အဆိုပါ တေးစီးရီး ထွက်လာနိုင်တော့မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

ဂျောက်ဂျက်၏အမည်ရင်းမှာ ဇင်မင်းလွင်ဖြစ်ပြီး အသက် (၂၂) နှစ်ခန့်သာရှိကာ တရုတ်-ဗမာ ကပြား လူမျိုးဖြစ်သည်။ ရန်ကုန် ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူဖြစ်သည်ဟု ရုပ်ရှင်အမြုတေမဂ္ဂဇင်းအရ သိရသည်။





ကျနော်ဒီသတင်းကြားကတည်းက ရေးဖို့စိတ်ကူးရှိပေမဲ့ အခြေအနေအရ မရေးနိုင်ခဲ့ပါဘူး ။ဒီနေ့တော့ အချိန်လေးရလာတာရယ်၊ သူ့ကိစ္စကို သတင်းတွေမှာပါ တော်တော်ပျံ့နှံ့လာတော့ ကျနော့်ကိုယ်ပိုင်အမြင်ပါရေးဖို့စိတ်ကူးရလာလို့ရေးဖြစ်တာပါ ။
အခုလက်ရှိမြန်မာပြည် ဂီတလောကအခြေအနေဟာ ပျက်စီးနေပြီလို့ပြောလို့ရပါတယ် ။ထုတ်လုပ်သူတွေ ဘယ်လိုမှ နလန်မထူနိုင်အောင် ခိုးကူးတွေက တားမရဆီးမရ မှိုလိုပေါနေတာပါပဲ ။ဒါကလည်း ပရိသတ်ရဲ့ အနေအထားတစ်ခုပါ ။အနုပညာကို မြတ်နိုးတန်ဖိုးထားတဲ့သူတွေရဲ့ ၀င်ငွေအဆင့်အတန်းပါပဲ ။ တရားဝင်ခွေတစ်ခွေထွက်ဖို့ကလည်း ကုန်ကျစရိတ်ကြီးတာ အားလုံးအသိပါ ။အခုကိစ္စက ဂျောက်ဂျက်ရဲ့သီချင်းတွေပျံ့နှံ့ပုံမှာ Online ကပြန့်တာနဲ့ခိုးကူးအရောင်းသမားတွေဖြန့်တာ.. ဒီ၂ ခုပါပဲ ။Online က ရတာကတော့ ပြည်တွင်းထက် ပြည်ပမှာ ပျံ့နှံ့အားပိုများမှာပါ ။ဒီကို သူတို့ဘယ်လိုမှ ခန့်မှန်းလို့မရသလို ပြည်ပရောက်နေသူတွေကလည်း အရွယ်ရောက်ပြီးသူတွေများတာမို့ ဒီကိစ္စက ဝေဖန်ရေးသားသူ သိမြင်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး ။ပြည်တွင်းမှာ လူငယ်တွေကြား ရေပန်းစားနေတာလည်း ကလည်း လူငယ်တွေ ခံစားချက်နဲ့တိုက်ဆိုင်နေလို့ပါ ။မဟုတ်ရင် သူဒီလောက်ကြမ်းကြမ်းတမ်းတမ်းရွတ်နေတာ ခံစားချက်မရှိပဲနားထောင်လို့ရနိုင်စရာ အကြောင်းမရှိပါဘူး ။ဒီ သီချင်းတွေကြောင့်အရွယ်မရောက်သေးတဲ့ ကလေးတွေအတွက်စိုးရိမ်ပါတယ်ဆိုရင်တော့ ခိုးကူးလောကကြီး ပျက်စီးသွားအောင် လုပ်ကြပေတော့ ။ဂျောက်ဂျက်ရဲ့အခွေမှ မဟုတ်ပါဘူး ။ဟန်ထူးလွင်(ကျားပေါက်)ရဲ့ တရားမ၀င်အခွေလည်းထွက်တာပါပဲ ။သူလည်း စာသားကြမ်းတာပါတာပဲ ။ဂျောက်ဂျက်ရဲ့ အခွေတွေက ပိုပြီးပေါက်တယ် ။နောက်ပြီး သူသီချင်းထဲမှာ ကောင်းကောင်းကြီး ထောပနာပြုခံရတဲ့သူတွေက ကျေနပ်နိုင်စရာအကြောင်းမမြင်ပါဘူး ။သူ့သီချင်းထဲမှာ အောက်ခြေလွတ် မောက်မာနေတဲ့သူတွေ ၊ အနုပညာအတုလုပ်ပြီး ပရိသတ်ကို လိမ်စားနေတဲ့သူတွေ...ပါပါတယ် ။ အဲဒီလူတွေကပေါင်းပြီး ဒီခြိမ်းခြောက်သတင်းကိုပူးပေါင်းကြံစည်တာ မဟုတ်ပါဘူးလို့ ဘယ်သူပြောနိုင်လဲ ။အရွယ်မရောက်သေးတဲ့လူငယ်တွေ လမ်းမှားမှာစိုးရိမ်ရတယ်ဆိုတာမျိုး စကားကြီး စကားကျယ်သုံးတယ် ။ဒီလိုဆိုပြန်မေးစရာရှိပါတယ် ။သက်ဆိုင်ရာ လူကြီးမိဘတွေ၊ဆရာသမားတွေ ၊နိုင်ငံကိုချုပ်ကိုင်ထားတဲ့သူတွေက လူငယ်တွေရဲ့ အနာဂတ်ကို ဘယ်လိုလမ်းခင်းဖန်ဆင်းပေးထားပါသလဲ ။အရွယ်မရောက်တဲ့ကလေးတွေအတွက် တားမြစ်ချက်တွေကရော ဘယ်လောက်ပေါက်မြောက်ထိရောက်မှုရှိပါသလဲ ။ ဒီ တစ်ချက်ထဲနဲ့ ပွဲပြီးပါတယ် ။လူငယ်တွေ အနာဂတ်ပျောက်နေရတယ် ။သက်ဆိုင်ရာ ပညာရေးပြီးဆုံးသည့်တိုင် အလုပ်လက်မဲ့တွေဖြစ်နေရတယ် ။မိသားစုတွေ နားထောင်ဖို့မသင့် တာ မကြားဝံ့ မနာသာ တွေ ပါပါတယ် ။စာသားကြမ်းတာ ရိုင်းတာကို လက်ခံပါတယ် ။ဒါပေမဲ့ ဒါက လီဆယ်ပြီးမဟုတ်သုတ်ခတွေ ရေးတာ အော်တာလား ဆိုတာ KTV တွေ Night Club ၊ Massage တွေမှာ အဖိုးကြီးတွေ ကဲနေကြတာ ဘာကြောင့်တွေ့မြင်နေရသလဲ ။သူတို့တွေအားလုံးမှာ မိသားစုမရှိဘူးလား ။ရန်ကုန်မြို့လမ်းမတွေပေါ်ကကိစ္စတွေတော့ အသေးစိတ် မရေးလိုပါဘူး ။အလုပ်လုပ်ကိုင်နေတဲ့ လက်ရှိ မြန်မာမိန်းမပျိုလေးများရဲ့(အားလုံးကို မဆိုလိုပါ) အခြေအနေ အကျိုးအကြောင်း သေသေချာချာ သိချင်ရင်တော့ လမ်းမပေါ်မှာ ကွင်းဆင်းလေ့လာပါလို့ တိုက်တွန်းလိုပါတယ် ။မြန်မာ့ယဉ်ကျေးမှုကိုထိခိုက်စော်ကားတယ် ။ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ယဉ်ကျေးမှုတော်လှန်းရေးတစ်ခုထိတောင် ဖြစ်နိုင်ပါတယ် ။ယဉ်ကျေးမှုဝန်ကြီးဌာနကရော မြန်မာ့ယဉ်ကျေးမှုကို ခေတ်နဲ့အညီ အမှီလိုက် ဆန်းသစ်တီထွင်နိုင်ပါရဲ့လား ။ဘယ်သူမှ ဘာမှမစွမ်းဆောင်နိုင်ပဲ လူငယ်တွေ လမ်းသစ်ရှာပြီးသူတို့ရဲ့မွန်းကြပ်ပိတ်မှောင်နေတဲ့ လက်ရှိဘ၀အခြေအနေကို ကြမ်းကြမ်းတမ်းတမ်းဖောက်ခွဲတော့ ထောင်ချပါမယ်လုပ်တယ် ။လူကြီးက လမ်းပြတဲ့နေရာက ဒါလား လို့ပဲမေးစရာရှိပါတယ်။ နားထောင်တဲ့သူတိုင်းနားလည်ပါတယ် ။ဒီစာသားတွေ ကြမ်းတယ် ရိုင်းတယ် ဆိုတာ ။ဘာကြောင့်သူ့အခွေ ဒီလောက်အောင်မြင်သလဲ...ဘာကြောင့်လူငယ်တွေ သဘောကျသလဲ ဆိုတာကို ထည့်သွင်းစဉ်းစားရမှာပါ ။ဒီဂီတအမျိုးအစားရဲ့သမိုင်း နဲ့သဘောသဘာဝကိုလည်း ကောင်းကောင်းနားမလည်ပဲ ဘာကြောင့်ဒီလို တရားဝင်ခွေတောင်မထွက်ရသေးတဲ့ Underground Rapper တစ်ယောက်ကိုပဲ ဥပဒေကြောင်းတွေနဲ့ ကျယ်ကျယ်လောင်လောင် ဝေဖန်ခြိမ်းခြောက်သလဲဆိုတာတော့ မေးစရာဖြစ်နေပါတယ် ။ကြမ်းကြမ်းတမ်းတမ်း စာသားတွေ မသုံးရဲအောင် စံပြ နမူနာသဘော လုပ်ပြတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဒါက ရေစီးပါ ။အရှိန်အဟုန်ကောင်းလာပြီဖြစ်တဲ့ ခေတ်ရေစီးပါ ။ကျနော်တို့ရှုင်သန်ကြီးပြင်းခဲ့ရတာ နိုင်ငံတကာက သီချင်းတွေကို မြန်မာလို ခိုးယူတုပ ဆိုထားတဲ့ သီချင်းတွေနဲ့ ကြီးပြင်းခဲ့ရတာပါ ။အဲသလို ဆိုလာကြတာ ကျနော်တို့ တစ်သက်မကတော့ပါဘူး ။အခု ဒီလူငယ်လေးတွေက အဲဒီသူများသီချင်းခိုးဆိုတဲ့လောကကြီးကို တော်လှန်ခဲ့တာမို့ မြန်မာဂီတလောကအတွက် လိုအပ်တဲ့ ကွက်လပ်ဖြည့်တာလို့မြင်ပါတယ် ။နောက် ...လူမှုဘ၀ အခြေအနေမှန်တွေကိုလည်း တိုက်ရိုက်ပုံဖော်နိုင်တဲ့ ဂီတအမျိုးအစားပါ ။လူတွေ ဘယ်အခြေအနေ ဘယ်ပုံစံရှင်သန်နေထိုင်ကြရသလဲဆိုတာ သေသေချာချာ စမ်းစစ်လေ့လာရင် ဒီစာသားတွေထွက်လာတာ မဆန်းဘူးဆိုတာ မြင်နိုင်ပါလိမ့်မယ် ။လွန်ခဲ့တဲ့ အနှစ် (၂၀)နဲ့မယှဉ်ပဲ ပြီးခဲ့တဲ့ (၁၀)နှစ်ဆိုတဲ့အချိန်အတိုင်းအတာနဲ့ပဲ နှိုင်းယှဉ်ကြည့်ရင် အစစအရာရာ အလှမ်းကွာသွားပါပြီ ။ လူတန်းစားအဆင့်အတန်း အင်မတန်ကွာသွားသလို လူတွေရဲ့စားဝတ်နေရေးအတွက်ဖန်တီးရတဲ့ပုံစံတွေကလည်း အင်မတန်ခြားနားပြောင်းလဲသွားပါပြီ ။ဘာပဲဖြစ်ဖြစ် အရှိန်အဟုတ်နဲ့ရေစီးဆိုတာ ရတဲ့နည်းနဲ့စီးဆင်းနိုင်တဲ့အားအင် သက်ဝင်နေတာမို့ ရပ်တန့်သွားဖို့ မရှိကြောင်းပြောရင်း ကျနော့် အတွေးအမြင်ကို အဆုံးသတ်လိုက်ပါတယ် ။ မြန်မာ့အနုပညာလောကကြီး ကမ္ဘာ့အလယ်တင့်တယ်နိုင်ပါစေ ။

Dec 4, 2008

မိမိကိုယ် ကို မောင်းနှင်ခြင်း

ငါလည်း မင်းလို ကမ္ဘာကြီးနဲ့အတူ မွန်းကြပ်နေသူပါ...
ဆုံးရှုံးနာကျင်မှုဆိုတာ မင်းလိုပဲ ကြုံနေရဦးမှာပဲ ။
ရှုပ်ထွေးအီလည်နေတဲ့ ကြီးပြင်းရခြင်းတွေ
ငါ့ကိုလည်း မမေးနဲ့...။...ဘာပဲဖြစ်ဖြစ် အသက်ရှင်ရဦးမှာ....
လူဆိုတဲ့ ရှင်သန်ခြင်းအသိ ခဏလေးမှာ...

အကောင်းဆုံးတွေးပြီး ရင်ဆိုင်လိုက်ပေါ့...
ရင့်ကျက်မှုရဖို့ဆိုတာတော့
တွေ့ကြုံမှတ်သားရတာနဲ့ချိန်ထိုးလေ...။
ခေါင်းမာတယ်ဆိုတာ လူတွေ မကြိုက်တတ်ပေမဲ့
အကြိုက်လိုက်ရင်တော့ အသက်သေလည်း ပြေလည်မှာ မဟုတ်ဘူး ။
သက်သာသလို မျှောစီးဆင်းချင်တယ်ဆို အနားကို မကပ်နဲ့...
တစ်ဘ၀စာမှ အိမ်မက်မရှိရင် မင်း.....
ဘာလုပ်ဖို့ အသက်ရှင်လဲ...??? ။
မနက်ဖြန် ဘာဖြစ်မလဲ မမေးနဲ့
ဒီနေ့ ဘာလုပ်လို့ရမလဲပဲ တွေးပါ ။
ဒဏ်ရာတွေ ရေပြီး ငိုပြနေမလား....
ကြမ်းတမ်း နာကျင်x-xခါးသီး မွန်းကြပ်x...x ခြောက်ခြားထိတ်လန့်
တုန်လှုပ်ဖွယ်ဘ၀ရဲ့ အရသာတွေ
မင်း တွေဝေနေပလား....
ငါ့အဘိဓာန်မှာ
ယောက်ျားဆိုတာ မျက်ရည် မပါဘူး ။ ။

နွေလှိုင်ဿုန်း

Nov 8, 2008

privateCam_v0.1.exe Virus လေ..ကိုယ်တွေ့ဗျ..ကိုယ်တွေ့

ကျနော့်ကို နှိပ်စက်သွားတဲ့ ချစ်စရာGoogleTalk Virus လေးကို ဒီလိုရှင်းခဲ့ရပါကြောင်း.....ဒါလေးကိုhttp://www.myanmarchatonline.org လုပ်တာပါ ။ဖက်ကြည့်ပြီး စမ်းပြင်လိုက်ပေါ့ဗျာ ။ အဆင်ပြေမှာပါ ။
ဤ ClearPrivateCamVirus ဖိုင်လေးအား နှိပ်ပြီး download လုပ်ပါ။ ၎င်းဖိုင်လေးက လက်ရှိ Run နေတဲ့ Virus process ကို kill လုပ်ပြီးတော့ Virus Action တွေကို ရပ်တန့် ပေးပါတယ်။ ဖျောက်ထားခဲ့သော Virus ကို ပြန်ဖော်ပြီး ဖျက်ပေးပါတယ်။ Virus ကပြင်သွားတဲ့ Registry ထဲမှ Value လေးတွေကို ပြင်ပေးပါတယ်။ (ပိတ်နေတာတွေကို ပြန်ပွင့်ပေးတာပေါ့ဗျာ) အဲ့ဒီ ဖိုင်လေးကို Run ပြီးသွားလို့ Virus Action တွေရပ်သွားပြီဆိုရင်တော့ download လုပ်မိထား တဲ့ မူရင်း privateCam_v0.1.exe ကို ဖျက်ပေး ရပါမယ်။ သင့်တွင် အသုံးပြုသော AntiVirus Software ကို ခဏ ပိတ်ထား လိုက်ပါ။ ပြီးလျှင် Zip ဖိုင်အတွင်းမှ ClearPrivateCamVirus ဆို သော ဖိုင်လေးကို နှစ်ချက်နှိပ်ပြီး Run လိုက်ပါ။ သင်၏စက်ကို Restart ချပေးလိုက်ပါ။ ၎င်း နောက် မူလက မိမိ download လုပ်မိထားသော privateCam_v0.1.exe ကို ရအောင် ရှာ၍ ဖျက်ပေး လိုက်ရပါမည်။ ထိုသို့ ပြုလုပ်မှသာ စိတ်ချရမည် ဖြစ်ပါသည်။ မဖျက်နိုင်ပါက အဆို ပါ privateCam_v0.1.exe ကို ထပ်နှိပ်မိပါက ထပ်၍ ဗိုင်းရပ်စ် ဝင်နေမည် ဖြစ်ပါသည်။

ကျနော် တွေ့ပါတယ်။ဒီVirusကို သတ်နည်းတွေပေါ့ ။Combofix တို့၊ bitdefender Antivirus တို့ စသည်ဖြင့်ပေါ့ ။ကျနော် စမ်းကြည့်တာပေါ့နော် ။ သူတို့တွေရဲ့နည်းလမ်းတွေလည်း ကောင်းပါတယ် ။ကျနော်နဲ့ အဆင်မပြေတာဖြစ်မှာပါ ။ဘာပဲဖြစ်ဖြစ် Virus ကိုက်ခံနေရသူအတွက် ဒီနည်းလမ်းကလည်း အဆင်ပြေရာ ပြေကြောင်းဖြစ်မှာပါ ။Online ကို လွတ်လပ်ပွင့်လင်း အန္တရာယ် ကင်းကင်း သုံးစွဲနိုင်ကြပါစေ ။

Oct 16, 2008

ပွက်ထနေဆဲ ရေပြင်

အပုပ်ဖော်တဲ့ပါးစပ်က ယုတ်ညံ့သလား ။
မပြောသင့်ဘူးထင်တဲ့...စကားလုံးတွေ ကြမ်းပေမဲ့...
ဒါဟာ လူတွေမသိတဲ့လူတွေရဲ့အော်ကလီဆန် အန်ချင်စရာတွေ..×..×..။
ဟန်တွေ ပန်တွေနဲ့ ကြိတ်ပုပ်ပွနေတာ များနေပြီလေ ။
အပုပ်တွေ ပေါ်တာနဲ့ အတွင်းသရုပ်မှန်က ဖော်စရာ မလိုပဲ ပေါ်လာပေါ့...
ဒါပေမဲ့ကွယ်...ငါတို့ကမ္ဘာကြီးက...
လူတွေရဲ့အမှားတွေနဲ့ အသားကျနေပါပြီ...။
ငါ့အမှားတွေများပေမဲ့ ငါ့အမှားတွေမှာ ကျေနပ်နေပါတယ် ။
မင်းကရော.....မင်းရဲ့အမှန်ထင်ခဲ့တဲ့ အမှားမှာ..........
မင်းထက်လှတဲ့ မိန်းမတွေ အများကြီးပါ ကောင်မလေးရယ်...

ဒါပေမဲ့....မင်းနဲ့တော့ မတူဘူးပေါ့လေ..။
ငါ့ရွက်တွေက လေလာလို့လွင့်တာလား??
စွန့်လွှတ်ဆုံးရှုံးခံခြင်းတွေကပဲ ငါ့လှေကို ကမ်းပျောက်စေသလား??
အဆုံးထိနှစ်လိုက်တဲ့နွံ ရူးနေတော့လည်း ရွံစရာဆိုတာ နားမ၀င်ဘူး...။

ထန်းသီးကြွေခိုက် ကျီးနင်းခိုက် မဟုတ်တာသေချာတယ်...
အခုတော့ တသောသော ...တမျောမျော..
ဘ၀ဆိုတာ အရှုံးတွေနဲ့သီကုံးထားတဲ့ခရေပန်းကြိုးပေါ့ကွယ်....
ရနံ့မွှေးရပေမဲ့ ဘယ်သူမှ အလေးမထားပါဘူးလေ ။
ဒီလိုနဲ့ပဲ သင်ခန်းစာတွေ များခဲ့တယ် ။
ငါ့တဏှာက ပွဲသိမ်းချိန် မရောက်ခင်ထိ ...
မင်းအနားမှာ ရှိနေချင်သေးတယ်...။..
မင်း အယူအဆတွေထက် တည်ငြိမ်တဲ့ မိန်းမတွေ အများကြီးပါ ကောင်မလေးရယ်..
ဒါပေမဲ့...မင်းနဲ့တော့ မတူဘူးလေ...။

ငါလည်း မင်းလို ပုထုဇဉ်မို့ ရာဂမီး တဟုန်းဟုန်းနဲ့ပဲ
ဘ၀တွေကူးလူးနေဦးမဲ့သူ....
အကျနာခြင်းတွေနဲ့ ထုသားပေသားကျနေတော့လည်း ကွယ်....
ဘ၀ကို ခင်ရင်းနဲ့ပဲ အရှုံးကိုဖက်ပြီး အိမ်မက်တွေ မက်နေဆဲလေ...
အမှောင်ဖုံးတိုင်း ဖရောင်းတစ်တိုင်စာလောက် ဖြန့်ကျက်ခွင့်ရချင်သေးတယ် ။

ဒီထက်မပိုချင်တော့ဘူးလေ........။........ဘာမှမတည်ငြိမ်တဲ့အချိန်အခါမှာ ငါတို့တွေကြီးပြင်းလာတော့ ဘယ်အရာက ခိုင်မာစွာယုံကြည်ကိုးစားသင့်လဲ ဆိုတာ အမြင်တွေ ယိုင်လဲပြောင်းရွှေ့သွားတာပေါ့လေ ။ငါဆိုတဲ့ကောင်ကလည်း ဟိုးအရင်ကတည်းက ခွင့်လွှတ်နားလည်ရင်း ချစ်ခဲ့မိသူကိုး ။ကျေနပ်သာယာနိုင်ပါစေ ချစ်သူ..........။ ။

Oct 8, 2008

ဖရောင်းတိုင် အတုနဲ့ အခန်း

လူအ၀င်အထွက် မများပေမဲ့ ငါ့တံခါးက ယိုင်နဲ့နဲ့လေးပါ...၀င်သမျှလူ မူးမေ့သွားလောက်တဲ့ မှိုင်းတွေအပြည့်...နဲ့အခန်းပဲ။တိတ်ဆိတ်တယ် မပြောနဲ့ ။...ငါ့ညတွေထဲ ဘယ်လိုကြယ်တွေမှ မကရဘူး ။ ချော့သိပ်မဲ့ပုံပြင်တစ်ပုဒ် တစ်လေမှ မြင်ရမယ်မထင်တော့... .။..ငါ့နှုတ်ကိုက ဆွံ့အသူပဲကိုး....။......စိုထိုင်းဆများတဲ့ အတွေးတွေနဲ့မို့ မိုးရာသီလည်း မလိုအပ်လေသူပဲလေ...ကိုယ့်ဒဏ်ရာကို ကြည့်လို့ရတဲ့ စိတ်ပုတီးတော့ရှိတယ် ။......ကိုယ့်ကိုယ်ကို ပြန်ကြည့်ဖို့မလိုလို့ မှန်မထားဘူး ။
ငါ့ဧည့်ခန်းကတော့ ကျဉ်းတယ် ။ ခရမ်းရောင်ခန်းဆီးက လူတွေကိုကြောက်သတဲ့လေ ။ အဲဒီလို.....မကောင်းမှုတွေ သာဓုခေါ်တဲ့ နေရာလည်းဖြစ်တတ်တယ် ။ ခေတ်သစ်လူမိုက်တွေရဲ့ အပြုံးတွေက နံရံမှာ မြင်မကောင်းအောင် တွဲလီတွဲလောင်းပဲ ။ ...တကယ်ပဲ...လူစွန့်စားတွေချည်း ၀င်ထွက်သွားလာကြတယ် ...။....မှန်တယ်ဆိုတာ ထောက်ခံဖို့ ပုတ်သင်ညို အကောင် တစ်ရာလည်း ၀ယ်ထားတယ် ။ ..။.မလိုချင်တာတွေ.......။..လိုချင်တာတွေ..၊....ရှိတယ် ။ စကြာဝဠာနဲ့ ကမ္ဘာရွာအကြောင်းသတ်ပွဲ မှာ ခင်ဗျားပါချင်ရင် ကြိုတင်စာရင်းပေးသွင်းပါ ။ ခြောက်ကပ်ကပ် အသံတွေထဲမှာ ငါ့နာမည် ပါနေတာပဲ ခက်တယ်...။.
..ဟောဒီအခန်းရဲ့အရိုးကွဲဆောင်းတွေနဲ့ပဲ ငါ အချမ်းခံနိုင်ခဲ့ပေါ့ ...။..တခြားဂြိုလ်စုမှာ အခန်းပြောင်းတာကောင်းပါတယ်...။....နံရိုးတစ်ချောင်းက ဒုက္ခပေးလိုက်တာ...ဒီကမ္ဘာက စကားလုံးတွေကြပ်ပြီး မွန်းခဲ့ပြီလေ ။
နွေလှိုင်ဿုန်း

Oct 6, 2008

မစဉ်းစားရဲတဲ့ အသိဥာဏ်အကန့်

ငါဟာ နာဂစ်လို အမေ့ခံဘ၀ ရောက်ခါစ လူသားပါ ။

အခုလောက်ဆို...

အေးစက်ထုံကျင်လောက်ပြီပေါ့..တောင်တန်းကြီးရေ...။

နေသားတကျ ဒုက္ခတွေက ငယ်ထိပ်ရောက်...

သိမ်ငယ်ရတာတွေ မခံချင်လေတော့ စိတ်ကျရောဂါလည်း စွဲခဲ့တယ်။

အပြင်မှာရော ပျော်နေနိုင်မယ် မင်းထင်နေလား ..။..???

အချစ်ဆိုတာ ဝေဒနာပဲမို့...

ဘယ်လိုပဲ လွတ်မြောက်ပါတယ်ပြောလည်း...

အရိပ်ဆိုတာ ထပ်ကြပ်မကွာလိုက်နေမှာပဲ ။

အချစ်ရေ...

ငါ့ရင်ခုန်သံနဲ့ ကျောက်ဆောင်ကွဲလိမ့်မယ် ။

ထိန်းချုပ်မရခြင်းကို ထိန်းချုပ်နေဆဲပဲ ။

လူကို စိတ်ကနိုင်စားတယ် ။

အချစ်ရေ...

ဟိုတုန်းကကဗျာလေးတွေ...ရယ်

သဲသောင်ကမ်းခြေနဲ့ ခရမ်းပြာနုတ်ခမ်း၊

အရောင်နွမ်းသွားတဲ့ ရေတမာအနမ်းအောက်မှာ

ညိုရော်တဲ့ ကျောက်ခင်းလမ်းတွေလည်း ပြီးခဲ့ပေမဲ့မှတ်တမ်းလေ ။

အချစ်ရေ...

ငါ့ဘ၀မှာ ဘာတွေများများစားစားတောင့်တ ဖူးသလဲ ။

လက်တစ်ဆုပ်စာ ငြိမ်းချမ်းရေးနဲ့

ငါ့ ပရိတ္ခရာ နည်းနည်းလေးပါကွယ် ။

အချစ်ရေ...

အုံ့မှိုင်းမှိုင်းယုတ္တိဗေဒနဲ့ ..

ဘ၀ကို စေစားတော့မယ်လား ။....???

အဲဒီမျိုးစေ့ကို ဘယ်သူကြဲခဲ့သလဲ စဉ်းစားပါ..။..

ငါဟာ မင်းအတွက် သိုးမည်းဖြစ်ပေမဲ့...

အကြွင်းမဲ့ယုံကြည်ခွင့်ပေးခဲ့ပါတယ် ။

သေခြင်းတရားရဲ့နောက်ကွယ်မှာ...

ဘယ်လိုအရာမှ မရှိတော့ရင်ပေါ့ ။

နွေလှိုင်ဿုန်း

Sep 9, 2008

၄၅ ကားမီးလောင်တဲ့ပုံပါ












ကျနော် ဒီနေ့ရတဲ့သတင်းပါ ။ပြည်တွင်းက ဓာတ်ငွေ့အစားထိုးကားတစ်စီးရဲ့ ပေါက်ကွဲမှု မှတ်တမ်းပါ။

သတင်းအပြည့်အစုံ ရေးဖို့ အချိန်မပေးနိုင်လို့ ရောက်လာဖက်ရှူ့သူကို တောင်းပန်ပါတယ် ။ဒါပေမဲ့ ဒီအချိန်သတင်းမီဒီယာတွေမှာ ရောက်ရှိနေလောက်ပါပြီ ။အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ် ။