Search This Blog

Aug 12, 2008

အလွမ်းမဲ့အလွမ်း

အိမ်ပြန်ချိန်တမ်းတတဲ့ ငါ့လမ်းမ
မနေ့ညက လက်ထိုးအန်ကြတဲ့မွန်းပိတ်မှုတွေ
ဘာကိုမှ...ပြောမနေချင်တော့ဘူး...။
ကမ်းလှမ်းစရာမဲ့အရာရာက မပီပြင်.....ေ၀၀ါး
ပါးစပ်ပိတ်အံကြိတ်ရပေါင်း မနည်းတော့...
ကော်ဖီခွက်ပေါင်း မနည်းတော့...
စိတ်ကူးအတွေးပေါင်း မနည်းတော့...
အိမ်မက်အို တွေက မှိုတက်ခဲ့ပြီးသားလေ
ဘာကိုမှ....ပြောမနေချင်တော့ဘူး...။
အရေတွန့်လာတဲ့ အသက်တွေ
မျိုးဆက်ပြောင်းလာတဲ့ ဆံပင်တွေ...

ရုန်းထတဲ့လေပြေတွေ ခါးချိပူလောင်နေတော့
အဆုံးမဲ့လမ်းမှာ....
ကန့်လန့်ဖြတ်မျဉ်းတွေပဲ ခေတ်ကောင်းတယ်...။
မသိမှုနဲ့စုဆောင်းတဲ့နှောင်ကြိုးတွေဖြတ်မရလည်း...
ခေါင်းနဲ့တိုက်တဲ့ ကျောက်ဆောင်တွေ မပြိုလည်း...
ရုပ်ဝတ္ထုနောက်လိုက်တဲ့ ရမ္မက်တွေ မပြတ်လည်း...
ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ဟောဒီကမ္ဘာပျက်မယ်
မွေးရပ်မြေဟာ ဘူမိနတ်သန်....ငါပြန်မယ် မသေခင်..။....

နွေလှိုင်ဿုန်း



Jul 25, 2008

ဝမ်းနည်းစရာ မြန်မာ့ခေတ်ကာလတစ်ခု


ကြည့်တော်မူကြပါ ။Dr ကျော်သက် လို့ နာမည်တပ်ထားတဲ့ ၁၉၅၇ ခုနှစ် ရန်ကုန်တက္ကသိုလ် Lecture ခန်းတစ်ခုက မြန်မာ့ပညာရေးမြင်ကွင်းတစ်ခုပါ ။ ဒါ မြန်မာတက္ကသိုလ်ကျောင်းတော်ကြီးရဲ့ ဆွေးနွေးခန်းတစ်ခုပါ ။အခုလက်ရှိအချိန်နဲ့ ဘယ်လောက်များ ကွာခြားလိုက်ပါသလဲလို့ဗျာ ။ရေးရင်းတောင် ဝမ်းနည်းလာပါတယ် ။ကိုယ်တွေက ဒီဘဝ ဒီအခြေအနေမှာမှ ကြီးပြင်းခဲ့ကြတာကိုး ။

လွတ်လပ်မှု...............။လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်၊ရုန်းကန်ကြိုးစားနိုင်ခွင့်.........။ဒီလိုအချိန်မျိုးမှာ ကျနော်တို့ ဘယ်လောက်များ ရရှိ ခံစားနိုင်ကြပါသလဲ ။အခုအပေါ်မှာ ပြသထားတဲ့ ဒီမှတ်တမ်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ကျော်က ပါ ။ဘယ်လောက်များလွတ်လပ်ပွင့်လင်းခွင့် ရှိခဲ့ကြသလဲဆိုတာ မြင်သာထင်သာ ရှိပါတယ် ။မခံချင်လွန်းလို့သာ ရေးဖြစ်တာပါ တကယ်တော့ ကျနော် ရေးစရာအများကြီး မရှိပါဘူး ။ဒါပါပဲ ဖက်ပေးတယ်ဆို ကျေးဇူးပါ ။ နာဂစ်မှတ်တမ်းတွေလည်း အောက်က ပြထားတဲ့ Utube ကနေကည့်နိုင်ပါတယ် ။

Jul 9, 2008

ကျွန်တော် ဟစ်ပီ



(၄) ရက်နေ. ။
ကိုဝမ်းတင်က ကျောင်းသူဆောင်တစ်ဆောင် ရှေ့မှာ သူ့ရဲ့ပျောက်သွားတဲ့ကဗျာနဲ့ဘဝကို ပြန်ရှာဖွေနေတယ် ။အကို...အခု ကျနော် ဘာလုပ်ပေးရမလဲဗျ??? ပလက်ကင် တီးကွာ ငါ ရင်ဖွင့်မယ်..။...ဟုတ်...အကို ဘာသီချင်းလဲဗျ ။ငါ့ကိုယ်ပိုင် သီချင်းကွာ မင်းတီးချင်တာ တီး ငါ့သီချင်းက တီးလုံးမရွေးဘူးကွ ။ဩော်... အိုကေဗျာ ဖြစ်တယ်။ ရှာဖွေနေရတာလည်း ကြာလှပါပြီ ။ခြေသလုံးအိမ်တိုင်ဖြစ်သော ကျွန်ုပ်သည် မွေးကတည်းက ယခုထိ အိမ်မရှိပါချေ ။နေထိုင်ရာ အတည်တကျ မရှိပါလေ ။ဘာနဲ့ ခပ်ဆင်ဆင်တူသလဲဆိုတော့ ဆယ်နှစ်ပွဲဈေးသည်နဲ့ တူတယ် ထင်တယ် ။ဒီပွဲတော်ရက်က (၁၀)ရက် ရှိတယ်လေ ။ကျွန်ုပ်၏ အသက်ထက်ပိုမို တန်ဖိုးထားချစ်ခင်မြတ်နိုးတွယ်တာ စုံမက်ရပါသော အိုဘယ့် ချောသိင်္ဂီရတနာခိုင်စုလှိုင်သင်းပျံ့ပျံ့မွှေး ရေ....မင်းရောတွေ့လား ။ဘုရားကြီးပွဲဈေးမှာ မင်းရဲ့ ခြေလက်အတက်လေးတွေ ငါ့ကိုမြင်တော့ ခပ်ဝေးဝေးက ရှောင်ပြေးကြတယ် ။ငါလည်း အကောင်းဆုံးရှာဖွေနေတာပါပဲလေ ။မင်းဘယ်နားမှာ ပစ်ချထားခဲ့တာလဲ ။တစ်ခါတစ်လေ ခဏတာ မျက်နှာငယ်ရတတ်ပေမဲ့ ........တစ်ခါတစ်ခါ မျက်နှာငယ်ရခြင်းဟာ တစ်ဘဝစာ ဖြစ်သွားတတ်တယ် ။မင်းကတော့ မင်းဘဝကို အလှဆုံးဆင်ယင်နေချိန်မှာ တစ်ပါးသူတွေ ဘာလုပ်နေကြလဲ မင်းအဝေးမြင်အသိဥာဏ်နဲ့ မျှော်ကြည့်တတ်ပါစေ ။ကိုညီလင်းဆက်တို့ကို လေးစားပါ၏။မြို့ပြလူသားများကဲ့သို့ဟန်ပန်မာယာမရှိပဲ ရိုးသားပြီး လူနေမှုအဆင့်အတန်းအသိပညာ နိမ့်သော်လည်း အမှန်တကယ်ဒုက္ခရောက်နေ၍ အမှန်တကယ်ပင် စိတ်ရှည်သည်းခံကာ ကိုယ်ဖိရင်ဖိ ပြုစုထူမပေးနေခြင်းအား ဦးညွှတ်ဂုဏ်ပြုပါ၏။ လူ့ဘဝမှာ ဘယ်အရာက တန်ဖိုးအဖြစ်ရှင်သန်ခွင့် ပေးတာလဲ ။ဘုရားသခင်ပဲ သိမှာလား ။ခင်ဗျားလည်း ဖြေလို့ရပါတယ် ။ငါ့စာတွေ ဘယ်သူမှ ကြည့်မရဘူး....ဟုတ်လား...ဩော် ...ဒါများ ထူးဆန်းသလား ။သဘာဝကျကျ ဖြစ်တဲ့အပြုအမူပဲလေ ငါကျေနပ်ပါတယ် ။ခင်ဗျားက ခပ်ညံ့ညံ့စာတွေ ရေးတာကိုး ။ကျွန်ုပ်၏စာမျက်နှာထံသို့ ချောင်းမြောင်းကြည့်ရှူ့သူများ နေထိုင်ကြ၏။မင်းထင်တာတွေ အမှန်တကယ် မှားမှန်းသိရင် ဘာလုပ်မလဲ ။မင်းကိုယ် မင်း ရင့်ကျက်ပြီလို့ မြင်ထားရင်တော့ ပြန်စီစစ်လိုက်ပေါ့ ကွယ်။ကြည့်မြင်တတ်တဲ့ အလေ့အထ ရှိရင်တော့ ဘယ်သူမှ ပြောစရာမလိုဘုး ။မင်းကိုယ်တိုင် က ရေလို ပျော့ပျောင်းနေပြီလေ ။အချိုးအကွေ့ လေး တွေကို အသာအယာ စီးဆင်းနိုင်ပြီပေါ့ ။

မနက်ဖြန် မင်းလာမှာလား ။အေး...ဆက်ဆက် လာခဲ့ပါမယ်ကွ ။မင်းသာ အိပ်ရာထ နောက်မကျစေနဲ့ ။အင်း.. ပြီးတာပဲလေ ။ကျနော်က အိပ်ရာထပဲ နောက်ကျတာပါ.. စိတ်ဓာတ်တော့ နောက်မကျပါဘူးဗျ ။အေးပါကွာ ထားပါတော့ ....မင်းကတော့ လေပဲ ။ပြီးရင် လာကြပါ ကြည့်ရှူ့ကြပါ မအော်နဲ့ ။အဲဒါတွေကြောင့် မင်းကို စိတ်ပျက်တာ ကြာပြီ ။ကိုယ့်တန်ဖိုးလေးနဲ့ ကိုယ်နေစမ်းပါကွာ ။လူတွေက.. အထင်ကြီးတယ် အထင်သေးတယ် ဆိုတာတွေ မင်းကို ဘယ်လောက်ပြောင်းလဲပေးနိုင်လို့လဲ ။ဒါတွေက အပေါ်ယံ ခဏတာတွေပါ ။ကျနော် စီးဆင်းတဲ့မြစ် အကြောင်း ရေးဖို့ရှိတယ် ။အဲဒါဟာ လူမျိုးစု တစ်စုသာဖြစ်မယ် ။ဘဝတစ်ခုစာ မျက်နှာဖြစ်တယ် ။ပြောင်းလဲ မရတဲ့ အကြောင်းတရား ဖြစ်မယ် ။တကယ်တော့ ကမ္ဘာကြီးက အဟောင်းကြီးပါကွာ ။အရာရာ ဟောင်းနွမ်းနေတာပဲလေ ။မကြားဖူးတာ မတွေ့ကြုံဖူးတာ အသစ်လား ။ကျနော့်ချစ်သူ၏ အကြောင်းများသည် သူသေဆုံးသွားသည့်တိုင် အမြဲသစ်လွင်နေပါ၏။ ကျနော်သည် ရူးသွပ်နေတဲ့ ရွက်သင်္ဘောတစ်စီး ဖြစ်သည် ။


Jul 5, 2008

တောက်တိုမယ်ရ ဝက်ျများ


ကျေးငှက်သာရကာတို့ မြည်တွန်သံ ကြားရပြီ ။မျက်ဝန်းတို့သည်ကား အိပ်စက်ခြင်းသို့ ခရီးမရောက်နိုင်သေးချေ ။တောက်တိုမယ်ရ စာသားများကိုရေးသောသူမှာ ကျွန်ုပ်ဖြစ်သည်။ခင်မင်သူများကို မခင်ပါ ။ခင်သောသူများသည်လည်း မခင်တစ်လှည့် ခင်တစ်လှည့်ဖြစ်သည် ။မခင်က ပဲပြုတ်ရောင်းသူဖြစ်၍ လင်ယူသားမွေးပြုသူ ဖြစ်၏။ကျွန်ုပ်တို့ အသုံးပြုသည့် Email ကို ကုလားတစ်ယောက်က ထုလုပ်ပေး၏။ ဤလူအား မြန်မာပြည်က စာပို့သမားများ တောင်းရမ်းသကဲ့သို့ ငွေ ၂၀၀ ကျပ်လောက်ပေးချင်ပါသည် (စေတနာ ပါပါနှင့်)။ဤအရာမှာ ရေမျောကမ်းတင်နှလုံးသား ဖြစ်သည် ။လေနှင်ရာလွင့်မျောတဲ့ အခိုးအငွေ့ဖြစ်သည် ။စူပါကြိုးမျှင် သီအိုရီ ဖြစ်သည် ။ကျွန်ုပ်အား ဗြောင်မုန်းသူများနှင့် တိတ်တိတ်ပုန်း ကြိတ်မုန်းသူများဖြစ်သည် ။လိုအင်ဆန္ဒ ပြည့်ဝကြပါစေ ။ငါ့ရဲ့ A4 နဲ့စာမျက်နှာအပြည့်ရေးတဲ့ ရည်းစားစာစက္ကူထုပ်ကြီး ပြန်လိုချင်တယ် ။တကယ်ရေကြီးလာတော့ အပေါ့အပါး လေးတောင် ခက်ခဲလိုက်တာဗျာ ။သက္ကရာဇ်တွေ စကားပြောလာရင်တော့ သူမ စကား ပြောနိုင်တော့မည်မဟုတ်ပါ ။ ဤအရာသည် သဘာဝနှင့် ယုတ္တိဗေဒလွန် အကြောင်းအရာများလား ။အကောင်းစား ဖုန်းလိုင်းတစ်ခု မြန်မာပြည်အသုံးပြုရန် လိုအပ်သည်။ အသုံးပြုရန် မြန်မာပြည်လိုအပ်သည် ။လိုအပ်သည်မှာ မြန်မာပြည် လိုအပ်သည်။

အောင်ရင် အနုကြမ်းမှုနဲ့ စိခံရတယ်ကွ ။ဘာဖြစ်တာလဲ ..ဘာလို့တဲ့လဲကွ ။အာ ပြောရရင် အရှည်ကြီးကွ ။ကွန်နက်ရှင်လည်း မကောင်းဘူး ။ဓါတ်ဆီဈေးက ၅၂၀၀ တဲ့ ။ခြေလျှင်တောင်တက်အသင်း ကို သင်တန်းပို့ချပေးဖို့ ဖိတ်ခေါ်ပါသည် ။ဆိုင်ကယ်တွေ လိုင်စင်လုပ်ပေးနေတာလေ ။ဆီစာအုပ် မရဘူးကွ ။ဒီလိုပါပဲကွာ အရင်းရှင်နဲ့ စစ်တပ်ပေါင်းပြီးလုပ်တာပေါ့ ။မလိုရင် မလိုသလို လိုင်စင်လုပ်ခွင့်ပိတ်ထားမှာပဲလေ ။အဲဒါတွေ စဉ်းစားမနေပါနဲ့တော့ကွာ ။အနုပညာဈေးကွက်လည်း ပျက်ပါပြီ ။ဘာများ အကောင်းကျန်သေးလဲ ။မင်းထက် အရင် သူတို့က ကြည့်ပြီးနေပြီ ။အကောင်းကျန်သေးရင် ရောင်းစားဦးမှာပဲ ။
နောက်ထပ်ရှိဦးမှာလား ။မိုးတွေ အရမ်းသည်းနေတယ် ။ဒေါက်တာဘွဲ့ယူချင်သေးသတဲ့လား ။ဂုဏ်ယူပါတယ်ကောင်မလေး ။ဖဲရိုက်ရန် ငွေလိုတယ် ။ချဲထိုးရန် ငွေလိုတယ် ။ထီထိုးရန်ငွေလိုတယ် ။ လိုတယ် ...လိုတယ် ...လိုတယ်....။လောဘရယ် ဒေါသရယ် မောဟရယ်ကျွန်ုပ်နှင့် အတူနေထိုင်စားသောက်ကြ၏။မနာလိုတတ်သော အကျင့်တော့ထိန်းသိမ်းနိုင်ပါသည် ။ဘာကိုမှ ဂရုမစိုက်ဘူးလား ။လူတွေကို ဂရုမစိုက်တဲ့ ချာတိတ်တစ်ယောက်

Jun 30, 2008

ပြည်တွင်း၌ ဒီပဲယင်း အမှတ်တရ ကဗျာ တရားဝင်ထုတ်ဝေခြင်း


ဒီနေ့ ၃၀.၆.၂၀၀၈ တနင်္လာနေ့မှာ အပေါ်က ကဗျာလေးကို ချယ်ရီမဂ္ဂဇင်းမှာ ပါလာတဲ့အတွက် မဂ္ဂဇင်း အယ်ဒီတာ နှစ်ယောက်ဖြစ်တဲ့ဒေါ်သပြေနဲ့ လင်းထိပ်သျှင်တို့ကို အလုပ်မှထုတ်ပယ်ခဲ့ပါတယ် ။စာပေစီစစ်ရေးက လွှတ်လိုက်သော်လည်း သေသေချာချာ ဖက်ကြည့်တော့မှ ဒီပဲယင်း အရေးနဲ့ ညှိ့နေပါတယ် ။ကဗျာဆရာ အောင်ချိမ့်ရဲ့တူဖြစ်တဲ့ဆရာကြည်မောင်သန်း ကိုတော့အရေးယူခြင်း တစုံတရာ မရှိသေးဘူးလို့သိရပါတယ် ။မဂ္ဂဇင်း စာအုပ်တွေကို လိုက်သိမ်းနေတယ်လို့ သိရပါတယ် ။စာပေစီစစ်ရေးက ခွင့်ပြုပြီးသား ဖြစ်နေပြီမို့ ကဗျာဆရာကိုတော့ အရေးယူနိုင်ဖွယ်မရှိဘူးလို့ မျှော်လင့်ရပါတယ် ။ဥပဒေဆိုတာ သူတို့ပါးစပ်မှာကိုးဗျ ။ဒီသတင်းအကြောင်းကို

ဧရာဝတီ မှာလည်း တင်နေပါပြီ ။ဒါပေမဲ့ အယ်ဒီတာ နှစ်ယောက်ကို တစ်ယောက်လို့ မှားယွင်းနေတာတွေ့ရပါတယ် ။နောက်ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့က ကဗျာဆရာ စောဝေ ရဲ့ (ဧရာဝတီတွင် လျှပ်တပြတ် လို့ဖော်ပြထားပါတယ် )အချစ်ဂျာနယ်မှာပါတဲ့ ဖေဖော်ဝါရီ ဆယ့်လေး "အာဏာရူးကြီး သန်းရွှေ" စကားလုံးပါတဲ့ ကဗျာနဲ့ ဆရာ စောဝေကို ဖမ်းဆီးခဲ့ပြီး ယခုချိန်ထိ ပြန်မလွှတ်ပေးသေးကြောင်း ရုံးထုတ်တာ ၃ ကြိမ်ရှိပါပြီ ။ချယ်ရီမဂ္ဂဇင်းက တော့ပုံမှန်ထုတ်ဝေခွင့်ရပါသေးတယ် ဇူလိုင်လဆန်း ၃ ၊ ၄ ရက်မှာ ထွက်လာမှာပါ ။

မျက်ရည်စက်များရှာဖွေခြင်း

ငါ့ကိုယ် ငါ ဖော်ထုတ်ဖို့ ကဗျာ လုပ်သလား...???
အပြောမတတ်ရင် မိတ်ပျက်တယ်..။..
ငါ့အမှားတွေကိုလည်း အမှား အတိုင်းသာထားခဲ့ပါရဲ့ ။
ငါ့နောက်ကြောင်းမှာ နောင်တ မပါဘူး ။ ။


ဖမ်းဆုပ်လို့မရတဲ့ E-Bookတွေမှာ အခုထိ အာရုံစိုက် မရ
အချိန်မရွေးပျောက်ရှမဲ့ စာမျက်နှာထက်
စက္ကူပေါ်မှာသာ အား ပါတယ် ။
ပြန်ဆုံရာလမ်းမရှိတဲ့ ချစ်သူရယ်..
ရွှေဈေးနဲ့ လောင်စာဆီဈေးတွေ...တွေ...တက်တယ် ။
မက်ရင်းလွတ်ကျရတဲ့ အိပ်မက်
ဘာမှမလိုဘူး ။
မနက်ဖြန်အတွက် အသက်ကယ်ဆေးပေးပါ ။
ပျော်ရွှင်ခြင်းနဲ့ ချုပ်လုပ်တဲ့ဝတ်စုံပေးပါ ။
ရင်ဘတ်ကြီး ဟတ်တက်ကွဲနေပါစေ ။
ဘာမှမလိုဘူး ။
ငါ့ကိုယ်ငါ ဝှက်ထားဖို့ နေရာတစ်ခုပေးပါ ။
လူသားအတွက် လိုအင် ကင်းပျောက်တဲ့ဆေးပေးပါ ။
ဒုက္ခက ဘာတွေမွေးထုတ်ပေးလဲ..???
အာရုံစိုက် စောင့်ကြည့်လိုက်ပါ ။
သူရဲကောင်းများရဲ့ သမိုင်းအသစ်
လူရဲ့အခန်းဂဏ္ဍ
အစွမ်းအစတွေပြဖို့ကောင်းတဲ့
ဟောဒီမှာ
ခေတ်ပျက်ကြီး... ငါတို့ ကမ္ဘာလေ ။

Jun 26, 2008

တံခါးပေါက်ဝသို့ လှည့်ပြန်ခြင်း


သတိရခြင်းနှင့်စပ်လျှဉ်း​၍ သည် စပ်လျှဉ်း၍ဖြစ်သော အကြောင်းဖြစ်၏။ဤစာကို သင်ဖက်လိုက ဖက်နိုင်၍ မဖက်လိုက ကျော်ခွသွားပါ ။ကျွန်ုပ် ရေးစရာရှိသည်အား ရေးမည်ဖြစ်သည် ။လူ့ဘ၀လမ်းသည်ကား စုပ်ပြတ်နေသောယန္တရားစက်အိုကြီးနှင့်တူလေ၏။အဆိုကို ငြင်းဆိုလည်း သင်၏ သဘောသာဖြစ်သည်။ ဖင်လန်နိုင်ငံသည် မြန်မာပြည်၏ ဟာသပြတ်လုံးထဲတွင်သာ ရှိ၍ ယင်းနိုင်ငံသည်ကား ကမ္ဘာ့ပညာတတ်အများဆုံး ထွန်းပေါက်မွေးထုတ်နိုင်သောနိုင်ငံများ၌ ပါဝင်လေ၏။မြန်မာ့အင်္ဂျင်နီယာအသိုင်းအ၀ိုင်း၌ နည်းပညာသည် တချို့ တချို့ အနှိပ်သည်ဘ၀သို့ မကြာခဏရောက်တတ်ကြရသည် ။လုပ်ပိုင်ခွင့်အာဏာသာ မရှိရင် မန်နေဂျာဆိုလည်း သန့်ရှင်းရေးသမားက အစ လူမထင်ဘူးလေ ။နီဂရိုးများ ကပ္ပလီများကဲ့သို့ ပြောလိုရာပြောနိုင်ရန် Fruityloops နဲ့ ကာရန်စကားပြောတွေ သင်ယူရပေမည် ။လူမှန်နေရာမှန် ရွှေ့နိုင်ဖို့ ဘာလိုနေလဲ ။ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရမှာကြောက်သလား ။ငါဟာ ဘာကောင်လဲ စီစစ်ရမှာကြောက်သလား ။ငါကတော့ ငါ့ကိုယ်ငါပဲ တော်တည့်မှန်ကန်တယ် မြင်တယ် ။မယုံရင် ကိုယ့်ကိုယ် ကိုယ်မေးကြည့်လေ ။မနက်ဖြန် ငါ ဦးဘိုးလှိုင်ကိုခေါ်ပြီး နာဂစ်ကို နွားဖားကြိုးထိုးမယ် ။အသေအကြေ ကြိုးစားပြီးမှ စိတ်ပျက်စရာတွေ တသီတတန်းကြီးကြုံရရင် ဘာဆက်လုပ်မလဲ ။မိုးပြိုမှာကြောက်နေရင် ဘာမှမလုပ်နဲ့တော့ ။စိတ်ဝင်စားရင် ဆက်ဖက်နိုင်ပါတယ် ။မကျေနပ်ရင်လည်း ဆဲသွားပေါ့ ။အခွင့်အရေးရှိပါတယ် ။

အပေါ်ယံတွေပါကွာ ။ရုပ်ဝတ္ထုပစ္စည်းတွေတိုးတက်တာနဲ့ လူတွေရဲ့စိတ်ဓာတ်က မြင့်တက်ရောလား ။ဆင်ခြင်ဥာဏ် အသိတရားတွေ ကျယ်ပြန့်ရောလားကွာ ။ကိုယ်တိုင်လုပ်မှ ဖြစ်မဲ့ဟာက သူတပါးဆောင်ကြဉ်းပေးလို့ရရိုးလား ။သူက ဇော်ဝင်းထွဋ်ထက် အသံကောင်းတယ်လေ ။အကိုကြီးတို့...အမကြီးတို့.......ထမင်းလေးဟင်းလေး ကျန်ရင် သနားပါ.....။အဲဒါသူ့ကိုယ်ပိုင်သံစဉ်နဲ့ စာသားပဲ ။"သင်၏တုတ်ကို လွတ်လပ်စွာ ဝှေ့ယမ်းနိုင်ပါသည် ။ဒါပေမဲ့ ကျွန်ုပ်၏ခေါင်းကိုတော့ မထိခိုက်ပါစေနဲ့ ။"ဆိုတာ လူပြိန်းနားလည်နိုင်တဲ့ ဒီမိုကရေစီ အခြေခံမူဝါဒလေ ပေါက်ကရအတွေးတွေလား ။လူတွေ သတ်မှတ်ထားတဲ့ တန်ဖိုးတွေ လိုက်စုဆောင်းပြီး ကိုယ်တိုင် တန်ဖိုးပျောက်နေရင်တော့ဘာတွေ ဘယ်လိုဆက်လုပ်မလဲ ။မင်းအသက်က နေထိုင်ခွင့်အတွက် ဘယ်လောက်ကျန်နေသေးသတဲ့လဲ ။တမ်းတမက်မောစွာ မျှော်လင့်အိပ်မက်ဆန္ဒလက်ကျန်လေးတွေ ဘ၀မသေခင် အပြတ်ရှင်းခဲ့ပါ ။ဟောဒီကမ္ဘာက မထင်တာတွေ မမျှော်တာတွေ တသောသော ၀င်တတ်တဲ့မြေကြီးလေ ။၃၇ သောနတ်မင်းကြီးများကို မမြင်ဘူးရင် အချစ်ဆိုတာကိုလည်း ယုံစရာမလိုဘူး ။မမြင်ရလို့မယုံဘူးဆို ရှိသမျှအပေါက် အကုန်ပိတ်ပြီး အသက်မရှူပဲသေလေ ။အဲဒီကောင်တွေကို မင်းမြင်ဖူးလား ။မြန်မာပြည်မှ ပိုးမွှားတိရစ္ဆာန်ကြွက်၊ပိုးဟပ်၊ခြင် ၊ယင် အစရှိသည်တို့မှာ ချမ်းသာစွာ နေထိုင်နိုင်ကြကုန်၏။ သာဓု ၊သာဓု၊ သာဓု ။ငါတို့သစ်ပင်တွေက အသီးအပွင့်တွေကို ခူးယူစားသောက် ခံနေရတဲ့ဘ၀က ဘယ်တော့လွတ်မလဲ ။ငါ့ကိုယ် ငါပဲလောင်ကျွမ်းနေပါရစေ ။မင်းထင်နေလို့ပါ သိပ်မခက်ဘူး ။သဘာဝနဲ့တော့ ကန့်လန့်မတိုက်နဲ့လေ ။မွေးကတည်းက မင်းခေါင်းပေါ်မှာ ကောင်းကင်က အုပ်မိုးပြီးသားပါ ။မင်းမလွတ်မြောက်တာ သေချာတယ် ။အောင်မြင်ကျော်ကြားတဲ့ လူတွေအများကြီး ။သီချင်းတွေအများကြီး ။ ကဗျာတွေ အများကြီး ။စာတွေအများကြီး ။ဖန်တီးမှုတွေ အများကြီး ။ဒါနဲ့ ယဉ်ကျေးမှု နဲ့ လူ့သမိုင်းက တိုးတက်ရောတဲ့ ။ဘယ်ကောင်ပြောခဲ့သလဲ မမှတ်မိတော့ဘူး ။ကမ္ဘာကြီးတိုးတက်လာတာ လူတွေက ပျင်းလို့ပါတဲ့ ။ကောင်းလိုက်တဲ့ သုံးသပ်ချက်ပဲ ။ဘာလို့ထောက်ခံလဲ ။ငါလည်း ငပျင်းမို့လို့ပေါ့ ။မနေ့ညက ငါဖျားသွားတယ် ချစ်သူရေ။
စိတ်ဓာတ်တွေလည်း ဘုံးဘုံးလဲပြိုလို့ကျဲပြန့်နေတဲ့ ငါ့ဘ၀ကို တစ်စစီလိုက်ကောက်ရတယ် ။အခုထိ မပြီးသေးဘူး ။ကြာရင် အိပ်မက်ကို ငါပြန်မက်မိမယ် ။တစ်ခါက အချစ်စစ်ရှာကြည့်ဖူးတယ် ။အကုန်လုံးနဲ့ အလဲအထပ် လုပ်ဖူးတယ် ။တစ်ခါက မိုးလင်းညတွေ နှစ်နဲ့ချီဖူးတယ် ။အမြဲလို အသံကွဲနာအက်ကြေဖူးတယ် ။တစ်ခါက ဘ၀ကို ဘ၀လို မသတ်မှတ်ပဲ ရူးမိုက်ခဲ့တယ် ။တစ်ခါက ကျောင်းတံခါးဝမှာနောင်တမဲ့ အပျော်ကြူး ရင်း နာကျည်းဖူးတယ် ။တစ်ခါက ဘာမှမဖြစ်ခဲ့တာတွေအကုန် ဘာမှမဟုတ်မှန်း သိခဲ့ဖူးတယ် ။အမျိုးအစား ကို ငါကခွဲတာလား ။ငါ့ကိုခွဲတာလား ။ဒါက ငါ့အလုပ်မဟုတ်ဘူး ။ကောင်မလေးရယ်...ငါမှစပျစ်သီးမဖြစ်ချင်ခဲ့တာပဲ ။နင် ပန်းသီးစားမယ်ဆိုလို့လေ ။အခုတော့သူ့ကိုမုန်းထားလိုက်ပြီ ။သူငါ့ကို လိမ်တယ်လေ ။လောကမှာ ဒူးရင်းသီး အနံ့နဲ့ ခပ်ညံ့ညံ့ အသိဥာဏ်တွေကို မုန်း၏။အင်း လမ်းလျှောက်ထွက်လာတယ်ဆိုပါတော့ ။ကျွန်ုပ်သည် နာဂစ်ဟူသော ကမ္ဘာကျော်လှိုင်းလုံးတစ်ခုဖြစ်သည် ။(သို့မဟုတ်) မဖြစ်ပါ ။အချိန်ကြာလာတာနဲ့ အမျှ လူတွေဟာ လူတွေရဲ့ အမေ့ခံဘ၀ဖြစ်သည် ။အခန်းတွင်း၌ဆေးလိပ်ငွေ့နှင့်Air Fresher ရှိသည် ။သောက်လက်စ ကော်ဖီ ၊အရက်နဲ့ နွားနို့ရှိသည် ။စက္ကူတချို့နှင့် ကောင်းစွာနားနည်သော ဘာသာစကားတို့ရှိကြသည် ။ကဗျာသီးများပွင့်လာရန် ပျိုးပင်တချို့ ၀ယ်ထားသည် ။Weed ကို ကုလားများက အ၀တ်အထည် ပြုလုပ်ရန်စိုက်ပျိုး၏။မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံး သတ္ထုတွင်းကြီးက အသို့နည်း ။၎င်းတွင် လုပ်ကိုင်နေကြဆဲ လုပ်သား ပြည်သူများရော အဘယ်သို့ရှိအံ့နည်း ။ကလေးတွေက ကျောင်းပိတ်ရက်တွေမှာ စက်ရုံဘေးက သံတိုသံစတွေ လိုက်ကောက်ပြီး မိသားစုဝမ်းရေးကို တစ်ဖက်တစ်လမ်းက ၀င်ဖြေရှင်းပေးရတယ် ။ရဲမိရင် အချုပ်ထဲ တစ်ညအိပ်ရတယ် ။ငွေတစ်သောင်းပေးပြီး မိဘက ရွေးထုတ်ရတယ် ။ကျောင်းသားပဲ အဖမ်းမခံရပါဘူး ဆိုသွားကြည့်ပါချေ ။ ။မကောင်းတာရော ကောင်းတာရော အကုန်ကောက်ပြီး ဈေးပေါပေါနဲ့ သွားရောင်းရတယ် ။စစ်တပ်နဲ့ တရုတ် အရင်းရှင်နဲ့ ပေါင်းစားတယ် ။စီးပွားရေးလုပ်ငန်းကောင်းမွန်စွာမရှိသော အဲဒီမြေက အခြေခံလူထုတွေ ကမ္ဘာကြီးနဲ့တင် မဟုတ်ဘူး ။မြန်မာပြည်နဲ့ပါ အဆက်အသွယ်ပြတ်တယ် ။လမ်းပန်းဆက်သွယ်ရေး ခက်တယ် ။မြေပြန့်ကလူတွေ ပင်စင်ရပြီး ပြည်မကို ပြန်စရာ စရိတ်မရှိ ၊ကိုယ်ပိုင် အိမ်ယာမရှိ ၊အရာရှိဘ၀နဲ့ ပင်စင်ရပြီး ဆွေမျိုးတွေဆီ မျက်နှာငယ်လေးနဲ့ ကပ်နေရမဲ့ ဘ၀မဖြစ်ချင်ကြလို့ အကြံပေးအရာရှိ ဆိုပြီး နေ့စားလစာနဲ့ ပြန်ဝင်လုပ် ၊အစိုးရက ပြောင်းရွှေ့ပေးတဲ့ ခပ်စုပ်စုပ်အိမ်ငယ်လေး ပြောင်းနေရင်း ဘ၀နေ၀င်ချိန်ကိုနာနာကျင်ကျင်နဲ့ အဆုံးသတ်ကြရသူတွေ ဒုနဲ့ ဒေး လေ။
အဲဒီမှာ ဗြိတိသျှခေတ်က အုပ်ချုပ်သူလူတန်းစားရဲ့လက်ျန်ခမ်းနားမှုမှိန်ပျပျလေးကို မြင်နိုင်သေးတယ် ။အဲဒီမှာ ပင်လယ်ရေမျက်နှာပြင်အောက် ရောက်နေတဲ့မြေအောက်မိုင်းကြီး -အဲဒီမှာ မကြာခဏ အခန်းရိုက်ထားတဲ့ သတ္ထုရိုင်းတွေ ပြိုကျတဲ့-အဲဒီမှာ လူသားတွေနဲ့ ၀ိညာဉ်တွေ အပြည့်ပဲ ။ပျားဘုရင်မအတွက် အသက်ပေးရတဲ့ လုပ်သားပျားတွေအကြောင်း မင်းသိမှာပါ ။ဤလမ်းကို လျှောက်၍ ဤပန်းကို ချစ်ပါ ချောသိင်္ဂီရတနာ....။ခရေတွေဟာ သူ့ရနံ့အတွက် သစ္စာအမြဲဆုံးမို့ သူ့ကိုသာ ငါ့ကိုယ်စား နမ်းလိုက်ပါ...။ငါ့ကို နားလည်သလို ကြည့်ခဲ့တဲ့ မျက်ဝန်းတွေကို ကျောခိုင်းသွားသည့်တိုင် ယုံကြည်နေလိုက်ပါ့မယ် လေ ။ဒါ Dominant shift လား ။မသိပါ ။Surrealism လား ။ဟာကွာ လာပြန်ပီ မသိပါဘူး ဆိုမှကွာ ။သေဒဏ်စီရင် ရာမှာ မနီလာ လျှော်ကြိုးသုံးသတဲ့ လေ ။၈'၆"ကြိုးတစ်ချောင်းက အမဲဆီသုပ် နေလှန်းထားပြီးပြီတဲ့ ။ကျနော့်ကိုစောင့်နေတာလား ။ယင်ကောင် အမျိုးအစားပေါင်း ၃၅၀၀၀ကျော်ထဲက တစ်မျိုးက Louis Pasteurရဲ့ အရက်ခွက်ထဲမှာမူးနေတာ တွေ့တယ် ။နြူထရွန်ဓာတ်က အဆိုးဆုံးဆိုဗျ ။အေရးထဲ ညေနစာ ဆန္မရွိပါဘူးဆို ဒီေ-ာက္ရူးက တစ္မ်ိဳး..။ကျွန်ုပ်လေးစားကြည်ညိုရသောပုဂ္ဂိုလ်များသည် မည်သည့်အချိန်၌ပျောက်ကွယ်တိမ်းပါးကြမည်နည်း ။ ခင်ဗျားရဲ့စိတ်ဖောက်ပြန်မှုကို ပြန်ဖက်ကြည့်စမ်းပါ ။နောက်ပြန်လှည့်လို့မရတဲ့ဘ၀ဆိုတာ တကယ့်ကို တိုတိုလေးမဟုတ်လားဗျ ။
ဩော်.........တကယ်တော့ စိတ်ဆိုတာ မိတ္တူစက် တစ်လုံးထက်တော့သာပါသေးတယ်လေ........။ ။ဤသို့သော စာရေးရန်လူခြေတိတ်ချိန်တိုင် စောင့်မျှော်၍ ရေးသား၏။ယခု စာဖက်သူ၏ မေတ္တာပို့ခြင်းနှင့်အတူ အိပ်ရေးပျက်ခြင်းများ ထပ်တူထပ်မျှခံစားရပါ၏။ သို့ပါသောကြောင့်ကျေးဇူးတင်ပါသည် ။

Jun 23, 2008

အခန်း ။(၀).....။.....မင်းမကြားဖူးဘူး မဟုတ်လား ...။...
ရာဇ၀င်အသစ်ဆိုတာ ပါဝင်ရတာပျော်ရဲ့လား..။...
အခန်း ။(၁).....။.....မင်းစိတ်ပျက်နေပြီလား ကလေး

အလှမ်းကွာခြင်းတွေကို လိုက်ကောက်နေလည်း
မင်းတစ်ယောက်ထဲပဲ ကလေး
လူတွေ မကောင်းတာ သိလည်း
ကောင်းစေချင်သေးတော့ ခက်တယ် ကလေး
မင်းကိုယ်တိုင်က ကျွန်မဖြစ်ချင်တဲ့ ကျွန် ပဲလေ ။......



မှားတွေကတစ်ခု တစ်နေရာမက
လက်ညိုးတွေ အလွယ်ထိုးကြတယ်
လူတွေ မကောင်းတာ သိလည်း
ကောင်းစေချင်သေးတော့ ခက်တယ် ကလေး
မင်းကိုယ်တိုင်က ကျွန်မဖြစ်ချင်တဲ့ ကျွန်ပဲလေ ။.....


Jun 21, 2008

Party Night

အဲဒီည က ကျွန်တော်...က...တယ် ။........

အနုပညာဖန်တီးဖို့တော့....ဟင်းလင်းပြင်တစ်ခုပဲလိုတယ် ။
ဝမ်းနည်းပါတယ်...။..အတုနဲ့ဖြစ်တည်နေရတဲ့ ဘ၀က
တစ္ဆေတွေနဲ့ စကားပြောရင်း... က......
ငါ့ဘ၀လည်း ငါမကယ်နိုင်ဘူး ။
တယောထိုးတဲ့အရူးနဲ့ နားရွက်ပြတ်နေတဲ့ လူတွေအကြောင်း
အူခြောက်နေတဲ့ ကမ္ဘာဒုက္ခသည်တွေအကြောင်း
Eကွဲနေတဲ့ဝိုင်ခွက်ထဲမှာပြောကြတယ်...။..
အဲဒီည က ကျွန်တော်...က...တယ် ။ ။