Search This Blog

Mar 28, 2008

မိုးအကြောင်း၊မျောလွင်.နေတဲ့ခြေရာတစုံ၊ကမ္ဘာမကြေသီချင်း

ခွင့်လွတ်ချင်လွတ်၊ မလွတ်ချင်နေတော့ ချစ်သူ။ဘ၀ကိုယ်စီ ပိုင်ဆိုင်နေတဲ့လူသားတွေပဲလေ။ဆန္ဒရှိရာ ပျံသန်းဖို. တောင်ပံတွေရှိတာမို. ယုံကြည်ရာကိုယ်စီလမ်းတွေပေါ် စီးမျောကြမှတော.ကွယ်။....ငါမရောက်ဖြစ်တော့မဲ့လမ်းထဲ မှာ....မိုးတွေရွာလာပြန်ပြီလားချစ်သူ...။ဝမ်းသာအားရ ငိုချလိုက်တော့လေ ဟိုအရင်က ရီသံတွေရဲ့ အစားထိုးရမဲ့ကွက်လပ်နေရာမှာ........

ဟေ့ကောင် ...ကွာ...
မင်းဘာတွေရေးနေတာလဲ။အူကြောင်ကြောင်နဲ.ကွာ။အဲဒီလိုပါပဲဗျာ ပျိုမြစ်ခြင်းရာသီကုန်ချိန် တဖြည်းဖြည်း ရောက်လာတော့လည်း အတိတ်ကိုပြန်လွမ်းရတဲ့ အိုမင်းလာသောနာရီတွေအောက်ကို တိတ်တိတ်လေးရောက်ရပြီပေါ့။မနေ.ကမိုးတွေရွာတယ်။ကိုယ့် ကိုယ်ကိုတည်ဆောက်နေခြင်းဟာ အားလုံးအတွက် အကောင်းဆုံးပေးဆပ်ခြင်းပါလို.ကျောင်းတွေ အမျိုးမျိုးလျှောက်တက်ပြီး ခဏခဏစာမေးပွဲ ကျနေတဲ့ကောင်မလေးတစ်ယောက်က အသက်မမွေး နဲ့ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေမှာ ဖွင့်လှစ်သင်ကြားနေတဲ့ကျူရှင်တော်လှန်ရေးလုပ်နေတာပါလို့ ပြောဖူးတယ်ခင်ဗျားထင်သလား။ဘာတွေရေးမှန်းမသိတဲ့ ခင်ဗျားစာကြောင်းတွေက ရှည်လိုက်တာဗျာ။ချစ်သူရေ နင်သိရဲ့လား။မိုးစက်များသည် ကမ္ဘာမြေကိုဆေးကြောပေး၏။ကိုယ်စီအသိစိတ်ဓာတ် ရှိနေရင် ဒါတွေက ပြောစရာမလိုတဲ့ အပိုစကားတွေပဲ။ကျွန်ုပ်တို.၏လူမျိုးများသည် စည်းလုံးညီညွှတ်ကြပါသလား။ချစ်ခြင်းမေတ္တာသည် မိုးစက်များကဲ့သို. အေးမြသည်။အေးမြသည် ကမ္ဘာမကြေသီချင်းဆိုရပါသလား။ဖရဲသီးများက အေးမြကို အေးမြစေသည်။အမျိုးသ္မီးဆောင်ရှေ.မှာ ကျောင်းသားတချို.မူးပြီး ကမ္ဘာမကြေသီချင်းကို အော်ဟစ်နေကြ၏။တချို.သစ်သီးများသည် မစားရပဲချိုမြိန်ကြောင်း သစ်သီးရောင်းသူက ပြော၏။ကျနော် စပိန်လို လေးလုံးခန်.သိကြောင်း ကလေးမလေး တစ်ယောက်က သိသည်။ရီစရာပြောမှ ရီပါ။ရဲများသည် ရီနေသောအေးမြနှင့် ကျောင်းသားများကို စခန်းသို. ခေါ်သွားကြ၏။ချစ်သူရေ နိဂုံးရေးရန်အချိန်ရောက်ပြီလား။အခါများစွာ၌ လူသည်ကိုယ်.အားကို မကိုးပါ။အကယ်၍ ကျွန်ုပ်တို.၏ အားကိုးယုံကြည်သူများမရှိလေသော် သင်ဘာလုပ်ရမည်နည်း။အကယ်၍ မရှိမဖြစ်လူ မရှိလျှင် မည်သို.ရှေ.ဆက်ရမည်နည်း။ချစ်သူသည် မရှိမဖြစ်ဆိုလျှင် သင်ဘ၀ကို ရေစက်ချ အမျှဝေလိုက်ပါ။အကယ်၍ မနက်ဖြန်များကို ပါးပါးလှီး၍ မျောက်တစ်ကောင်ကို ကျွေးလိုက်သောအခါ ကြယ်တွေကို တောက်တောက်စားတဲ့စုန်းမတစ်ကောင်သည်ကျနော့်ချစ်သူ ဖြစ်သွား၏။အကယ်၍ အတွေးအခေါ်မည်မျှ တိုးတက်သည်မသိပါ။အကယ်၍ ဆံပင်များသည် တစ်နေ.တခြား ဖြူလာလေ၏။အဲဒါကြောင့် ပြောတာပေါ့။အကယ်၍အခုတော့ ကိုခင်ဝမ်းရဲ့ နှင်းဆီဖြူကသူမဖြစ်သွားလေပြီ။မိုးအကြောင်း ကမ္ဘာမကြေ သီချင်းထဲမှာပါလို.လား။မျောလွင့်နေတဲ့ခြေတစုံဟာ မိုးအကြောင်းမဟုတ်သလို ကမ္ဘာမကြေသီချင်းလည်း မဟုတ်ပါ။တကယ်တော့ ပျော်ရွှင်စရာဖြစ်ဖြစ်၊၀မ်းနည်းစရာဖြစ်ဖြစ် လူဟာခံစားမှုမှာ မိန်းမောသာယာနေတတ်တယ်လေ။အကယ်၍ ကျွန်ုပ်သည် စက်ဝိုင်းတစ်ခုကို အလျှားလိုက်ရေးဆွဲနေလေ၏။တချို.မနက်ဖြန်များကျနော်ကို ချေးငှားကြပါ။အကယ်၍ မနက်ဖြန်မိုးရွာဦးမည်လား။မိုးရေထဲမှာသာ ငိုရတော့မည့်သူအတွက် အကယ်၍ ရွာပေးလိုက်ပါ။အကယ်၍သည် သူမဖြစ်သောအခါ သူတို.ပျော်ကြလေပြီကို မင်းလူရေးသားခဲ့ပါသည်။ကိုတာ ကတော့ မုံရွေးမှာနေချင်သေးပါသလား ၊ မသိပါ။လမ်းလျှောက်နေသော်လည်း ရှေ.မရောက်သူကို နွေလှိုင်ဿုန်းဟုခေါ်တွင်ပါသလား။မသိပါ...။ကျင်လည်ရာ ရပ်ဝန်းတွေမှာ ဘယ်လောက်ထိကျွမ်းကျင်လဲ..။ဘယ်လောက်ထူးချွန်ပြောင်မြောက်လဲ ။ဘယ်အတိုင်းအတာထိ နှံ့စပ်သိမြင်လဲ ။ဖြစ်နိုင်သလား....မဖြစ်နိင်လား ဆိုတာစဉ်းစားတတ်အောင် ရင့်ကျက်ခဲ့ရင် ခင်ဗျား အလိမ်မခံရနိုင်တော့ပါဘူး ။ဒါပဲဗျာ ။

အိမ်မက်အိမ် မှ စာစဉ်အား ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

Mar 26, 2008

မျောလွင့်နေတဲ့ ကမ္ဘာ

မနေ့ကလို အမှောင်ထဲမှာနေဖို.နိုးတဲ့မနက်
လူငယ်တစ်ယောက်ပါလို့ပြောရမှာ ....အားနာတယ်
အချစ်ကိစ္စနဲ့ အတင်းအဖျင်းအမှားတွေဘဲ
မြင်ကြားနေရတဲ့~~~~~ ဟောဒီ
နား၊မျက်စိတွေသာ ဖောက်ဖျက်လိုက်ချင်ရဲ့
မလောက်မငှဝမ်းစာအတွက်
မချိမဆန့် ရုန်းကန်နေရ~~~
စာရိတ္တထိန်းတဲ့ အစာအိမ်က xxxမီးတောက်ပြာကျ
ပညာတတ်တစ်ယောက်ပါလို့
ပြောရမှာရှက်လာတယ်။ ။
တတိယလှိုင်းထဲမှာ ငါတို့စီးမျော
အမှိုက် ဒိုက်သရိုက်တွေလို
ဟောဒီမှာ ထုံကျင်နေပေါ့ ဒုက္ခထဲ
အခွင့်အလမ်းအတွက်
လှည့်ပတ်ချောင်းမြောင်းခံနေ၇တဲ့
နေ့ရက်တွေကိုအားနာလှချည်ရဲ့ ။ ။
ငါတို့ကမ္ဘာမှာ......
နေသာသလိုပျော်တယ်။
ငါတို့ကမ္ဘာမှာ.......
မွန်းလှောင်ပိတ်တဲ့ပြူတင်းပေါက်အတုဟာ
ရီဝေရစ်မူးတယ်။
ငါတို့ကမ္ဘာမှာ.........
မနက်ဖြန်တွေက မှောင်တယ်။
ငါတို့ကမ္ဘာမှာ .....အလင်းလိုက်မုဆိုးတွေ.......မြားဆိပ်သင့်တယ်..........။......။။။......။...။।။။।။.။....ငါတို့ကမ္ဘာမှာ..။။..။.။..။.။..။...။ကိုယ့်လည်ပင်းကို ကြိုးကွင်းပြန်စွပ်ရမဲ့ ဒီရွေးကောက်ပွဲကို သွေးချင်းတို့ရေ.....




Mar 23, 2008

ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်က ဆန္ဒပြမှု တစ်မျိုး



ရွှေတိဂုံဘုရားပေါ်မှာ ကိုယ့်ကိုယ်ကို မီးရှို့ခဲ့တဲ့ ဇင်နိုင်(ခ) အောင်ကြီး လို့ အမည်ရတဲ့ အသက်(၂၅)နှစ် အရွယ် တစ်ဦးရဲ့ ပုံပါ။ကျန်တဲ့ သတင်းတွေကတော့ မီဒီယာတော်တော်များများမှာ ရေးပြီးလောက်ပါပြီ။ဧရာဝတီက သတင်းတချို့ကိုတော့ ကူးယူတင်ပြလိုက်ပါတယ်။

ရန်ကုန်မြို့ ရွှေတိဂုံဘုရားပေါ်တွင် တပေါင်းလပြည့်နေ့ညက လူတဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၈ 7နာရီ 30 မိနစ် ခန့်က ရွှေတိဂုံဘုရား သောကြာထောင့်၌ အသက် 25 ကျော် လူငယ်တဦး ဆီမီးခွက်မှ မီးဖြင့် ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်းကာ မီးရှို့ခြင်းဖြစ်ကြောင်း ရွှေတိဂုံဘုရားရှိ ပန်းသည်များက ပြောသည်။

“အခင်းဖြစ်တဲ့အချိန်က ဘုရားပေါ်မှာ လူတွေအများကြီးရှိနေတယ်၊ ပထမ လူတွေက မီးလောင်တယ်ဆိုပြီး ပြေးကြတယ်၊ ကျမတို့လည်းမီးဆိုတော့ ရေပုံးတွေဆွဲပြီး ပက်ဖို့ပြေးကြတယ်၊ ရဲတွေ၊ မီးသတ်တွေ ရောက်လာပြီး ဘုရားမုခ်တွေအကုန် ပိတ်လိုက်တယ်၊ နောက်တော့မှ သိတယ်၊ ကိုယ့်ကိုယ်ကိုယ်မီးရှို့တာဆိုတာကို”ဟု ရွှေတိဂုံ မြောက်ဘက်မုခ်တွင် ပန်းရောင်း နေသူတဦးက ဆိုသည်။

ရွှေတိဂုံဘုရား တံမြက်စည်းလှည်းအသင်းဝင် တဦးကလည်း“မီးလောင်တာ ၁၀ မိနစ်လောက်တော့ ရှိမယ်၊ လူတွေက အကုန်ရုတ်ရုတ်သဲသဲပြေးကြတယ်၊ ရဲတွေကလည်း ပထမ ဆန္ဒပြတယ်ထင်ပြီး ၀ီဆီတွေမှုတ်ပြီး ဘုရားကိုပိတ်လိုက်တာ၊ နာရီဝက်လောက်ကြာမှ ဘုရားကို ပြန်ဖွင့်တယ်၊ ဘုရားပေါ်မှာ နာရီဝက် လောက် ပိတ်မိနေတဲ့ ဘုရားဖူး 30000လောက်တော့ ရှိမယ်ထင်တယ်”ဟု ဆိုသည်။

ကိုယ့်ကိုယ်ကိုယ် မီးရှို့သူမှာ အင်္ကျီအဖြူလက်ရှည်နှင့် ယောပုဆိုးကို ၀တ်ဆင်ထားကြောင်း မျက်မြင်တွေ့ရှိသူ ပန်းသည် တဦးက ဆိုသည်။

အဆိုပါ မီးရှို့သူမှာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေပြီး အသက်အန္တရာယ် စိုးရိမ်ရ၍ ရဲအစောင့်အရှောက်များနှင့် ထားရှိကြောင်း ရန်ကုန်ဆေးရုံဝန်ထမ်းတဦးက ဆိုသည်။
ယင်းကိုယ့်ကိုယ်ကိုယ် မီးရှို့သူကို ဗဟန်းမြို့နယ်ရဲစခန်းက အများပြည်သူအထိတ်တလန့်ဖြစ်စေမှုဖြင့် ပုဒ်မတပ် အရေးယူ ထားပြီး အသေးစိတ်စစ်ချက်များကို ၄င်းပြန်လည်သတိရလာမှ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ဗဟန်း ရဲစခန်းမှ ရဲတပ်ကြပ် တဦးက ပြောသည်။

ဒဂုံတက္ကသိုလ် သင်ပုန်းကြီး ဖက်စာ

















Mar 17, 2008

မြန်မာ့ကိုယ်ပိုင်သံစဉ် ခရောင်းလမ်းထက်မှကြွေလွင့်သူ










ကျနော် သိသလောက် မြန်မာ့ကိုယ်ပိုင်သံစဉ် သူရဲကောင်းတွေဟာ ကဒ် စနစ် ကနေ စတူဒီယိုခေတ်ဦး ၊အဲဒီကနေဒီကနေ့ထိ သူများသီချင်းကို ကူးဆို၊ကူးရေး ကြတဲ့သူတွေလောက်တောင် ထိုက်တန်တဲ့ နေရာမရခဲ့ကြပါဘူး။အဲဒါ မင်းနဲ့ဘာဆိုင်လဲမေးရင်တော့

နိုင်ငံနဲ့ ချီပြီး၊ တမျိုးသားလုံးနဲ့ချီပြီး ရှက်ရွှံ့စရာကောင်းလှတဲ့အဖြစ်ပါ ။ကျနော်တစ်ယောက်ထဲ ဆိုင်တာမဟုတ်ပါဘူးလို့ပဲ ပြောရမှာပေါ့ ။အခုဆို အင်မတန်ရှားပါးတဲ့ ကိုယ်ပိုင်သံစဉ် သူရဲကောင်းတွေ တစ်ယောက်ပြီး တစ်ယောက် ကြွေလွင့်နေကြတယ်။........ဒိုးလုံး...၊အယ်လ်ဖြူ....၊ထူးအိမ်သင်.....၊...အခု...စိုင်းထီးဆိုင်....။ကဲ လက်တစ်ဆုပ်စာတောင် မရှိတဲ့ကိုယ်ပိုင်သံစဉ်သမားတွေ တဖြုတ်ဖြုတ် ကြွေနေလိုက်ကြတာ။မြန်မာပြည်နဲ့ သူရဲကောင်းတွေနဲ့ မထိုက်တန်ဘူးထင်ရဲ့။

Link

Mar 10, 2008

တိမ်စားတဲ့ ငါး

ရစ်ပလ္လင်ထက်က ငြီးငွေ့စိတ်ပျက်ခြင်း
ကျိန်စာတွေငိုတဲ့ ဘ၀မှာ ရှင်သန်ခြင်းရဲ့လက္ခဏာ


အပေါင်း-တစ် အနုတ်-တစ် နဲ့.......
လိုချင်တာတွေ ပြန်မလာကြတော့.........။.....
အဓိပ္ပါယ်ဖွင့်မနေပါနဲ့။ ...ဒါ...
ပညတ်တွေချည်းပဲ

Mar 7, 2008

ရွေးကောက်ပွဲ


မေးလ်စစ်ရင်းနဲ့ မြန်မာပြည်က ပို့လိုက်တဲ့ ဆော်ဩသံ လေးကို လက်ဆင့်ကမ်းလိုတာနဲ့ တင်ဖြစ်တာပါ။ကျနော်ကလည်း အခုနောက်ပိုင်း မရေးတာများတာမို့ မတော်တဆ ရောက်ရှိလာတဲ့မိတ်ဆွေကိုတက်စွမ်းသမျှ လက်ဆင့်ကမ်း အသိပေးကြဖို့တိုက်တွန်းလိုပါတယ် ခင်ဗျာ။ကျေးဇူးတင်ပါတယ် ။

Feb 25, 2008

၂၅.၂.၂၀၀၈ ရဲ့ ရန်ကုန် နှင့် မန္တလေး ဒုက္ခလှိုင်း








ကြည့်တော်မူကြပါ အရပ်က တို့...ရေ....ဒီပုံတွေက မန္တလေးမြို့ရဲ့ ရတနာပုံဈေးကြီး မီးစွဲလောင်နေတဲ့ ပုံတွေပါ ။ယခု သတင်းရေးနေချိန်ထိ မငြိမ်းသေးဘူးလို့ သိရပါတယ်။နံနက် (၇း၃၀) က စတင်ခဲ့တာပါ ။ဘယ်လိုလုပ်မလဲဗျာ အားလုံးပြာကျမှ ငြိမ်းမဲ့ အနေအထားလား ။စာရေးသူနဲ့တော့ ဘာမှ မဆိုင်ပါဘူး ။ရလာတဲ့ထူးခြားသတင်းအပေါ်မှာတော့ တော်တော် စိတ်မကောင်းဖြစ်မိပါတယ် ။

ကျနော် ဒီစာမျက်နှာမှာ မရေးဖြစ်တာ ကြာပါပြီ ။ စိတ်လေလွင့်နေတာရော...စိတ်ပျက်နေတာရောပေါ့ဗျာ .။
ကြားဖြတ်သတင်း ဖေဖေဝါရီ ၂၅ ရက် ၂၀၀၈ ခုနှစ်
မဇ္ဈိမသတင်းဌာန
Monday, 25 February 2008 10:00 - မြန်မာစံတော်ချိန်
လှိုင်သာယာမီးလောင် လူ ၃ ထောင် အိုးအိမ်မဲ့သွား
မန္တလေး ရတနာပုံဈေး မီးလောင်
မန္တလေး ရတနာပုံဈေးတွင် လောင်ကျွမ်းသော မီးမှာ လွန်ခဲ့သည့် နာရီဝက်ခန့် (မြန်မာစံတော်ချိန် ၁၈း၀၀ နာရီ) က လုံးဝ ငြိမ်းသွားပြီ ဖြစ်သည်။

ပြင်ဦးလွင်၊ ကျောက်ဆည်၊ စစ်ကိုင်းတို့မှလည်း မီးသတ်ကားများ ရောက်ရှိ ငြိမ်းသတ်ခဲ့ရသည်။

မန္တလေးဆေးရုံကြီး အရေးပေါ်ဌာနသို့ မီးလောင်ဒဏ်ရာ ရရှိသူများ ရောက်ရှိလာခဲ့ကြသည်။ အသေအပျောက် ဆုံးရှုံးမှု အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပေ။

မန္တလေးမီးလောင်ရာတွင် လုယက်မှုများ ရှိခဲ့
“ကူညီ မယောင်မယောင်နဲ့ သယ်ပြေးတာတွေတော့ ရှိတယ်။ အထည်တွေပျောက် ကျတယ် ပြောတယ်။” ဟု မန္တလေး ရတနာပုံဈေး မီးလောင်ရာတွင် သွားရောက် ကြည့်ခဲ့သူတဦးက ပြောသည်။

“ဆိုင်ခန်းတွေက ပြွတ်သိပ်ခင်းတာရော ဆောက်တာ စနစ်မကျတာရောကြောင့် မလောင်သင့်ဘဲ လောင်ကုန်တာ၊ အထည်တွေက လောင်စာလို ဖြစ်နေတော့ ဖြည်းဖြည်းချင်း ငြိမ်းနေကျတယ် လုံခြုံရေးတွေ ချထားတော့ နည်းနည်းသက်သာပါတယ်။ ညဆိုရင်တော့ မလွယ်ဘူး။” ဟု သူက ထပ်ပြောသည်။

လွှင့်တင်ချိန်။ ။ ဖေဖေါ်ဝါရီ ၂၅ ရက် ၂၀၀၈ ခုနှစ်။ ၁၀:၃၀ - မြန်မာစံတော်ချိန်

မန္တလေး ရတနာပုံ ဈေးကြီးတွင် ယနေ့ နံနက် ၈းဝဝ နာရီမှစ၍ မီးလောင်မှု ဖြစ်ပွားရာ သတင်းပေးပို့ချိန် နံနက် ၉းဝဝ နာရီအထိ ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်သည်။ မန္တလေးမြို့တွင် တပတ်အတွင်း နှစ်ကြိမ်မြောက် မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်သည်။

မီးဆက်လက် လောင်ကျွမ်းဆဲဖြစ်ပြီး နာမည်ကျော် အမ်ကေ ဖက်ရှင် အဝတ်အစား ဆိုင်ဘက်သို့ မီးကူးစက် လာနေသည်။ “နောက် တနာရီလောက် ကြာရင် အကုန်ကုန်မှာပဲ” ဟု မီးလောင်ရာနေရာတွင် ရောက်ရှိနေသူ တဦးက ပြောသည်။

ရတနာပုံ တယ်လီပေါ့တ်သည်လည်း မီးသင့်နေသည်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း ၈၄ လမ်းမပေါ်ရှိ ၂၅-၂၆ လမ်းတွင် မီးလောင်ရာ လူအသေအပျောက်ပင် ရှိခဲ့သည်။

ဈေးဖွင့်ကာစမှာပင် မီးစတင်လောင်ကျွမ်းမှု ဖြစ်သည်။ လျှပ်စစ်ဝိုင်ယာကြိုး ရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်သည်ဟု ကနဦး သတင်းများက ပြောသည်။

မီးခိုးလုံးများ ထူထပ်နေသောကြောင့် မီးသတ်သမားများမှာ အထဲဝင်၍ မရနိုင်ဘဲ ဖြစ်သည်။

“ဆိုင်ရှင်တွေကော လူတွေကော စိတ်ပျက်လက်ပျက်နဲ့ ရပ်ကို ကြည့်နေကြရတာ” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

ရတနာပုံဈေးသည် ၃၂ လမ်းနှင့် ၇၈ လမ်းထောင့်တွင် တည်ရှိပြီး နာမည်ကျော် မန္တလေး MICT park ကွန်ပြူတာဈေး၊ှုSkywalk အရောင်းဆိုင်များ၊ Orange ဆူပါမားကက်၊ စနူကာဆိုင်များ၊ စားသောက်ဆိုင်များနှင့် ရာပေါင်းများစွာသော ဆိုင်ခန်းများ ပါဝင်သည်။ ဈေးချိုဈေးအကြီးအပြီး ဒုတိယအကြီးဆုံးသော ရတနာပုံဈေးကို ၂ဝဝ၃ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။

မြန်မာစံတော်ချိန် ၁၁ နာရီခန့်တွင် မီးလောင်စရာ မကျန်တော့၍ မီးညွှန့် ကျိုးသွားပြီ ဖြစ်ကြောင်း သတင်းပေးပို့သည်။

စားသောက်ဆိုင်များမှ ဓာတ်ငွေ့အိုးများ ပေါက်ကွဲသည်ကို အတိုင်းသား ကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။



မန္တလေးမြို့ ရတနာပုံဈေးတွင် တင်္နလာနေ့ ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၀၈ ခုနှစ်က မီးလောင်ရာ မီးခိုးလုံးများ ထိုးတက်နေစဉ်။ ဓာတ်ပုံ- နေးတစ်မြန်မာဖိုရမ်။
နောက်ဆုံးလွှင့်တင်ချိန်။ ။ ဖေဖေါ်ဝါရီ ၂၅ ရက် ၂၀၀၈ ခုနှစ်။ ၁၈:၁၀ - မြန်မာစံတော်ချိန်

မန္တလေး ရတနာပုံဈေးတွင် လောင်ကျွမ်းသော မီးမှာ လွန်ခဲ့သည့် နာရီဝက်ခန့် (မြန်မာစံတော်ချိန် ၁၈း၀၀ နာရီ) က လုံးဝ ငြိမ်းသွားပြီ ဖြစ်သည်။

ပြင်ဦးလွင်၊ ကျောက်ဆည်၊ စစ်ကိုင်းတို့မှလည်း မီးသတ်ကားများ ရောက်ရှိ ငြိမ်းသတ်ခဲ့ရသည်။

မန္တလေးဆေးရုံကြီး အရေးပေါ်ဌာနသို့ မီးလောင်ဒဏ်ရာ ရရှိသူများ ရောက်ရှိလာခဲ့ကြသည်။ အသေအပျောက် ဆုံးရှုံးမှု အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပေ။
ကူညီ မယောင်မယောင်နဲ့ သယ်ပြေးတာတွေတော့ ရှိတယ်။ အထည်တွေပျောက် ကျတယ် ပြောတယ်။” ဟု မန္တလေး ရတနာပုံဈေး မီးလောင်ရာတွင် သွားရောက် ကြည့်ခဲ့သူတဦးက ပြောသည်။

“ဆိုင်ခန်းတွေက ပြွတ်သိပ်ခင်းတာရော ဆောက်တာ စနစ်မကျတာရောကြောင့် မလောင်သင့်ဘဲ လောင်ကုန်တာ၊ အထည်တွေက လောင်စာလို ဖြစ်နေတော့ ဖြည်းဖြည်းချင်း ငြိမ်းနေကျတယ် လုံခြုံရေးတွေ ချထားတော့ နည်းနည်းသက်သာပါတယ်။ ညဆိုရင်တော့ မလွယ်ဘူး။” ဟု သူက ထပ်ပြောသည်။
Sent at 10:21 PM on Tuesday
maw: မန္တလေး ရတနာပုံ ဈေးကြီးတွင် ယနေ့ နံနက် ၈းဝဝ နာရီမှစ၍ မီးလောင်မှု ဖြစ်ပွားရာ သတင်းပေးပို့ချိန် နံနက် ၉းဝဝ နာရီအထိ ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်သည်။ မန္တလေးမြို့တွင် တပတ်အတွင်း နှစ်ကြိမ်မြောက် မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်သည်။

မီးဆက်လက် လောင်ကျွမ်းဆဲဖြစ်ပြီး နာမည်ကျော် အမ်ကေ ဖက်ရှင် အဝတ်အစား ဆိုင်ဘက်သို့ မီးကူးစက် လာနေသည်။ “နောက် တနာရီလောက် ကြာရင် အကုန်ကုန်မှာပဲ” ဟု မီးလောင်ရာနေရာတွင် ရောက်ရှိနေသူ တဦးက ပြောသည်။

ရတနာပုံ တယ်လီပေါ့တ်သည်လည်း မီးသင့်နေသည်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း ၈၄ လမ်းမပေါ်ရှိ ၂၅-၂၆ လမ်းတွင် မီးလောင်ရာ လူအသေအပျောက်ပင် ရှိခဲ့သည်။

ဈေးဖွင့်ကာစမှာပင် မီးစတင်လောင်ကျွမ်းမှု ဖြစ်သည်။ လျှပ်စစ်ဝိုင်ယာကြိုး ရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်သည်ဟု ကနဦး သတင်းများက ပြောသည်။

မီးခိုးလုံးများ ထူထပ်နေသောကြောင့် မီးသတ်သမားများမှာ အထဲဝင်၍ မရနိုင်ဘဲ ဖြစ်သည်။

“ဆိုင်ရှင်တွေကော လူတွေကော စိတ်ပျက်လက်ပျက်နဲ့ ရပ်ကို ကြည့်နေကြရတာ” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

ရတနာပုံဈေးသည် ၃၂ လမ်းနှင့် ၇၈ လမ်းထောင့်တွင် တည်ရှိပြီး နာမည်ကျော် မန္တလေး MICT park ကွန်ပြူတာဈေး၊ှုSkywalk အရောင်းဆိုင်များ၊ Orange ဆူပါမားကက်၊ စနူကာဆိုင်များ၊ စားသောက်ဆိုင်များနှင့် ရာပေါင်းများစွာသော ဆိုင်ခန်းများ ပါဝင်သည်။ ဈေးချိုဈေးအကြီးအပြီး ဒုတိယအကြီးဆုံးသော ရတနာပုံဈေးကို ၂ဝဝ၃ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။

မြန်မာစံတော်ချိန် ၁၁ နာရီခန့်တွင် မီးလောင်စရာ မကျန်တော့၍ မီးညွှန့် ကျိုးသွားပြီ ဖြစ်ကြောင်း သတင်းပေးပို့သည်။

စားသောက်ဆိုင်များမှ ဓာတ်ငွေ့အိုးများ ပေါက်ကွဲသည်ကို အတိုင်းသား ကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။


ရန်ကုန်သတင်းက ဒီလိုတဲ့ဗျာ
ယနေ့နံနက် ၈နာရီခန့် ကပင် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် စက်မှုဇုန် ၃ နှင့် ၄ အနီးရှိ ရေအုတ်ကန် ကျေးရွာမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာ ၁၀နာရီခန့်တွင် မီးညွှန့်ကျိုးကာ ၁၁နာရီခန့်တွင် မီးငြိမ်းသတ်နိုင် ခဲ့သည်ဟု ရန်ကုန်တိုင်း မီးသတ်ဌာနက ပြောဆိုသည်။

အဆိုပါ ရေအုတ်ကန်ကျေးရွာ၌ လူနေအိမ်မှ ထင်းမီးနှင့် ထမင်းချက်ရင်း မီးစတင်လောင်ကျွမ်းခဲ့သည်ဟု သိရပြီး စတင်လောင်ကျွမ်းချိန်၌် စက်ရုံများတွင်အလုပ်ဆင်းသောအချိန်ဖြစ်သောကြောင့် လူနေအိမ် အများ စုတွင် လူမရှိဘဲ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသာ အများဆုံးကျန်ရစ်ခဲ့သည်ဟု သိရသည်။

“တဲအိမ်တွေက တခုနဲ့တခု အရမ်းဆက်နေတော့ မီးက လောင်လောင်ခြင်းပဲ ချက်ခြင်းကြီးသွားတယ်၊ မီးသတ် ကားတွေ အရောက်နောက်ကျတာလည်း ပါမှာပေါ့။ ကျနော်တို့မြင်တဲ့အချိန်မှာ မီးကတော်တော် များနေပြီ” ဟု စက်မှုဇုန် ၃ ရှိ အထည်ချုပ်စက်ရုံ ၀န်ထမ်းတဦးက ပြောဆိုသည်။

နံနက် ၈နာရီ ၀န်းကျင်မှ စတင်ကာ အဆိုပါ ကျေးရွာအတွင်းရှိ ဆိပ်ကမ်းသာလမ်းသွယ်၊ အောင်သုခ လမ်း သွယ်၊ ခရေလမ်းသွယ်၊ သီးသန့်လမ်းသွယ်နှင့် ဗိုလ်ချုပ်လမ်းသွယ်တ၀က်ကျော်တို့တွင်ရှိသော လူနေအိမ် များအားလုံးကိုလောင်ကျွမ်းခဲ့ပြီး နံနက် ၁၁နာရီဝန်းကျင်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၂၅၀ ကျော်ခန့် ပြာကျခဲ့ပြီး မိသားစု ၇၀၀ ကျော်ခန့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည် ဟုလည်း သိရသည်။

လက်ရှိ မီးငြှိမ်းသတ်ပြီးအချိန်အထိ ကလေးငယ် ၇ ဦးနှင့် အဘွားအို ၃ ဦး စုစုပေါင်း ၁၁ ဦးခန့် ပျောက်ဆုံး နေသည်ဟုသိရပြီး လူအသေအပျောက်စာရင်းကိုလည်း စာရင်းပြုစုလျက် ရှိကြောင်း သိရသည်။

“ရေအုတ်ကန်ရွာထဲမှာနေတဲ့ သူတွေအားလုံးကိုတော့ စက်ရုံတွေက အလုပ်ဆင်းပေးကြတယ်၊ တခြားမှာ နေတဲ့သူတွေတော့မပါဘူးပေါ့၊ ကျနော်တို့ရောက်သွားပေမယ့် ဘာပ္စစည်းမှ မရလိုက်ပါဘူး။ လောင်နေတာကို
အဝေးကပဲမြင်ရတယ်။ လုံခြုံရေးအတွက် ဘယ်သူမှ အနားကပ်လို့မရဘူး”ဟု စက်မှုဇုန်ု၂ တွင် အလုပ်လုပ် သော အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတဦးက ၎င်း၏မိသားစုဝင်များကို လိုက်လံရှာဖွေနေရင်း ပြောဆို သည်။

အဆိုပါ ရေအုတ်ကန်ကျေးရွာတွင် နေထိုင်ကြသူများမှာ လှိုင်သာယာ စက်မှုဇုန်တွင် အလုပ် လုပ်ကိုင် လျက်ရှိကြသော အလုပ်သမားလူတန်းစား အများဆုံး နေထိုင်ကြသည်ဟု သိရသည်။

ယင်းကျေးရွာတွင် အများစုမှာ ဓနိမိုး၊သက်ငယ်မိုး၊ ထရံကာအိမ်များဖြစ်ပြီး အိမ်ခြေပေါင်း ၃၀၀ ကျော်ခန့် ရှိကာ မိသားစု ၇၀၀ ကျော်၊ လူဦးရေ ၁၀၀၀ ကျော်ခန့် နေထိုင်ကြသည်ဟု ကျေးရွာမှအိမ်ထောင်စု စာရင်း များအရ သိရသည်။

“မီးလောင်ပြီး မိနစ် ၄၀ လောက်ကြာမှ မီးသတ်ကား ၃ စီးရောက်လာပြီး ဒီစက်မှုဇုန်တွေဘက် ကွန်ကရိလမ်း မ ပေါ်ကနေ လှမ်းပက်တာ၊ သူတို့ စပက်တော့လည်း စက်ရုံနားကလမ်းတွေကို ကာပြီးစပက်ကြတော့ ရွာ တရွာလုံး မီးထဲပါကုန်တာပေါ့” ဟု လှိုင်သာယာစက်မှုဇုန်၎ ရှိ ၀န်ထမ်းတဦးက ပြောသည်။

လှိုင်သာယာစက်မှုဇုန်တွင် နေထိုင်သူတဦးကလည်း မီးသတ်ကားများသည် စက်ရုံများဘက်ကို မီးကူး လာမှာစိုးရိမ်ပြီး ထိုစက်ရုံများနှင့် အနီးဆုံးလမ်းမများပေါ်ကနေကာပြီးပက်သောကြောင့် ယခုကဲ့သို့ မီးလောင်ချိန်ကြာမြင့်ရခြင်းဖြစ်ကြောင်း ပြောဆိုသည်။

မီးသတ်ကားများမှာမီးလောင်ကျွမ်းနေသောလမ်းသွယ်များအတွင်းဝင်ရန်အခက်အခဲ ရှိသောကြောင့်စက်ရုံ ဘက်အခြမ်း ကွန်ကရိလမ်းမကြီးပေါ်ကနေ လှမ်းပက်နေရခြင်းဖြစ်သည်ဟု မီးသတ်ဝန်ထမ်းတဦးကဆိုသည်။

မီးလောင်နေစဉ် ရန်ကုန်တိုင်းအတွင်းရှိ မီးသတ်ကားပေါင်း ၁၂ စင်းလာရောက် မီးငြိမ်းသတ်ခဲ့သည်ဟု ၎င်းက ပြောသည်။ ယခုအခါ အဆိုပါ မီးဘေးဒုက္ခသည်ပေါင်း ၁၀၀၀ ၀န်းကျင်ခန့်ကို စက်မှုဇုန် ၃ အနီးမှ ဘုန်းတော်ကြီး ကျောင်းနှင့် စာသင်ကျောင်းများတွင် မီးဘေးဒုက္ခသည်စခန်းဖွင့်လှစ်၍ ထားရှိကြောင်း သိရသည်။

Jan 16, 2008

မကြာမကြာ ပေါက်ကွဲနေသော တို့ရွှေမြေ(သို့)စိတ်ညစ်ညူးဖွယ်ရာ မြန်မာပြည်သတင်း

ဒီကနေ့ (၁၆.၁.၂၀၀၈)မနက်ပဲ ပဲခူးတိုင်း ပျဉ်ပုံကြီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပါတယ်။အခြေအနေ အသေးစိပ်ကိုတော့ မသိရသေးပါဘူး ။ဒီလို ပေါက်ကွဲမှုတွေဟာ မကြာမကြာ ဖြစ်လာနေပါတယ် ။မပြန်ဖြစ်တဲ့ ရွှေမြန်မာတွေ တစ်ခါတစ်ခေါက်လောက် အရောက်ပြန်ကြည့်ပါ။ မျက်လှည့်ဆရာ ဘယ်လောက် အစွမ်းထက်သလဲဆိုတာ မျက်ဝါးထင်ထင် တွေ့မြင်ကြရမှာပါ။ရင်ထုမနာ မဖြစ်ကြပါနဲ့ ။အပေါ်ယံ ရုတ်တရက်ကြည့်ရင် ပုံမှန်လည်ပတ်နေကြသလိုရှိပေမဲ့ကုန်ဈေးနှုန်းက လည်မြိုကို ညှစ်သတ်နေပါပြီ ။တပ်တွင်းမှာလည်း အခြေအနေမှန်ကိုသိနေရက်နဲ့အားမတန်လို့မာန်လျော့ပြီး ငြိမ်နေကြရသူတွေ အများကြီးပါ ။လက်နက်အားကိုးနဲ့ လူတွေကို ရက်စက်ဖိနှိပ်နေပုံများဗျာ......

မြန်မာပြည်ကြီး အရှိန်အဟုန်ကောင်းစွာ ပျက်စီးခြင်းမျိုးစုံ ဆိုက်ရောက်မွှေနှောက်နေချေပြီ။ပြည်တွင်းကလူငယ်တွေ ကိုယ့်ကိုယ်ကို ကယ်ဆယ်ဖို့ကြိုးစားရုန်းထွက်နေကြရပါတယ် ။အားလုံးကလည်း ကုန်ဈေးနှုန်းနောက်ကို မမှီမကမ်း ၀ရုန်းသုန်းကား အပြေးလိုက်နေကြရပါတယ် ။လက်ရှိအာဏာကိုင်အဖွဲ့အစည်းများနှင့် ၎င်းတို့ အပေါင်းအပါများကတော့ဖြင့် လေလေးတချွန်ချွန်နဲ့ နားမလည်ပါးမလည်ပဲ တိုင်းပြည်က အဆီအနှစ်တွေကို ပေါပေါပဲပဲ ရောင်းစားလို့ ကောင်းစားနေကြလေရဲ့။မီးပွိုင့်တွေမှာလည်း ဒင်းတို့လာရင် နီနေတဲ့မီးကို ပြန်စိမ်းပေးရတဲ့ အထိ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ ထင်သလိုလုပ်နေကြပါတော့တယ် ။ပြည်သူတွေကိုလည်း နိုင်ငံရေးကလွဲလို့ မဟုတ်တာ ကြိုက်တာလုပ် အဆင်ပြေနှိင်ပါတယ် ။ကျနော်တို့ မြန်မာလူငယ်တွေမှာလည်း ပြည်ပကို ထွက်ပြီး အလုပ်လုပ်ဖို့ပဲ ကြိုးစားနေကြရပါတော့တယ် ။အင်မတန် ၀မ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်တွေပါ ။တနိုင်ငံလုံး အတိုင်းအတာနဲ့ လူငယ် အများစု အလုပ်လက်မဲ့ဖြစ်နေပါတယ် ။အလုပ်ရှိနေတဲ့သူမှာလည်း သူရတဲ့လစာနဲ့ ရပ်တည်လို့မရတာလေးပါပဲ ။ဒါဟာ ယောက်ျားလေး တွေ အတွက် ဘ၀နဲ့ရင်းပြီး အကြီးအကျယ်မထိခိုက်နိုင်လောက်ပေမဲ့ မိန်းကလေးတွေ အတွက် ရေရှည်မှာ ပျက်စီးစေတဲ့ လမ်းကြောင်းပါ ။လူတစ်ဦး ကိုယ့်ကိုယ်ကို ရပ်တည်နိုင်ဖို့မြန်မာပြည်ရဲ့ ၀င်ငွေအဆင့်အတန်းဟာ တော်တော်ကြီးနိမ့်ကျ နေပါတယ် ။ဒီတော့လည်း စိတ်လေလွင့်ပြီး ပျက်စီးတဲ့ဖက်ဦးတည်တာ ဆန်းမှ မဆန်းတာပဲလေ ။လူတန်းစားခါးပြတ်လာတဲ့ သဘောပါ ။လူလတ်တန်းစားတော်တော်နည်းပါးလာပြီး လူတန်းစားကွာဟမှု အရမ်းကြီးနေပါပြီ ။အရက်ဆိုင်များ အင်မတန် အလုပ်ဖြစ်ပါတယ် ။ဟိုတယ်တွေ နိုက်ကလပ်တွေ KTVတွေ အလုပ်ဖြစ်ပါတယ် ။အာဏာကိုင် အဖွဲ့အစည်းနဲ့ မပတ်သတ်တဲ့ ပုံမှန်စီးပွားရေးလုပ်ငန်းတွေ ကတော့ လည်ပတ်မှုနှေးရာကနေ ရပ်တန့်သွားဖို့ပဲကျန်ပါတော့တယ်။ဂြိုလ်တု စလောင်းသုံးတဲ့သူတွေကို အခွန် (၁၀)သိန်း ကောက်ခံဖို့ရှိနေပါတယ် ။နိုင်ငံတကာ သတင်းမီဒီယာတွေကို လုံးဝပိတ်ပင်မဲ့အစီအစဉ်ပါပဲ ။ပြည်တွင်းမှာတင် တစ်နေရာနဲ့ တစ်နေရာ ဘာဖြစ်လို့ ဖြစ်နေမှန်းမသိရတဲ့ အခြေအနေပါ ။ဘိလပ်မြေစက်ရုံတွေ တည်ဆောက်နေပါတယ် ။လမ်းတွေကလည်း ပျက်သထက် ပျက်လာပါတယ် ။အဟောင်းကိုတောင် ကောင်းအောင် မပြင်နိုင်ပဲ နှစ်ရက်နဲ့တပိုင်းလောက်သာခံမဲ့လမ်းအသစ်တွေ ဖောက်ပြပါရဲ့ ။ကတ္တရာရှားပါးလာလို့ ဘိလပ်မြေနဲ့ လမ်းခင်းမဲ့ အနေအထားမှာရှိပါတယ် ။တာယာအရောင်းဆိုင်တွေတော့ လုပ်ငန်း အဆင်ပြေလာဦးမဲ့ အနေအထားပေါ့ဗျာ ။ကားလောကသမားတွေ တော့ငိုပြီပေါ့ ။ပြောလို့မဆုံးတဲ့ ၀ရုန်းသုန်းကား အခြေအနေပါ ။တစ်နှစ်ဆို တစ်နှစ်ကွာခြားလှစွာ ဆုတ်ယုတ်မှုအား ကြီးထွားနေပါကြောင်း ၀မ်းနည်းခြင်းကြီးစွာ တင်ပြလိုက်ပါတယ်။စိတ်ညစ်ခံပြီး ဖက်ရှူ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။ ။ဒီမှာထပ်ရေး

Dec 6, 2007

မြန်မာ့အရေး ငါနဲ့ မဆိုင်ဆိုသူများ ကြမ်းတပြေးတည်း မထိုင်ရ

ကျနော် မရေးဖြစ်တာကြာပါပြီ။မအားချင်ယောင်ဆောင်နေတာပါ ။အမှန်ပြောရရင် ရေးချင်စိတ်မရှိတာလည်းပါတယ်။ဒီနေ့တော့ Myanmar Bloggerများဆီ စိတ်လိုလက်ရ လျှောက်သွားလိုက်တယ်ဗျာ။ရောက်တတ်ရာရာ သွားရင်း တစ်ယောက်ဆီရောက်တော့ သူရေးထားတဲ့စာသားတွေဖက်မိသဗျ ။သူဘယ်သူဘယ်ဝါဆိုတာ ကျနော်မသိပါဘူး။သူ့ဆီကို ကျနော် ရောက်ဖူးပါတယ် ။ဒီစာကို သတိမထားမိခဲ့ဘူးဗျ။ဒါပေမဲ့ဒီ တခေါက် အလည်ရောက်ရင်း သူ့စာကိုဖက်ပြီး တော်တော်စိတ်မကောင်းဖြစ်မိသလို ၀မ်းလည်းနည်းသွားတယ်ဗျာ။သူ့ရေးတဲ့စာရဲ့လိုရင်းအတွေးကိုကျနော် သဘောပေါက်ပါတယ်။ဒီလိုရှုပ်ထွေးလှတဲ့ အချိန်မှာနိုင်ငံရေးဆိုတဲ့လောကနဲ့ကင်းကင်းရှင်းရှင်းနေလိုတဲ့သဘော၊အေးအေးဆေးဆေးနေလိုတဲ့ သဘောဆိုတာ နားလည်ပါတယ်။သူဟာ နည်းပညာသမား လူတော်တစ်ဦးလို့မြင်ပါတယ်။ဒါပေမဲ့ကျနော်တို့မွေးဖွားရာမြေ၊နေထိုင်ရှင်သန်ရာနိုင်ငံရဲ့ ကောင်းကျိုးဆိုးကျိုး ဘယ်သူနဲ့ဆိုင်မလဲ။ ဘယ်သူတွေထိခိုက်ခံစားရလဲ။

ရှင်းရှင်းလေးပါ ကျနော်တို့လူမျိုး၊ကျနော်တို့နိုင်ငံ၊ အခံစားရဆုံးကတော့ အခြေခံ လက်လုပ်လက်စား လူတန်းစားတွေ ပါပဲ။အခြေခံလူတန်းစားတွေထဲမှာ ဘယ်အဆင့်လောက်ထိ အခြေခံလူတန်းစားတွေ ဖြစ်နေပြီလဲ ဆိုတာ တော်တော် အသိရခက်ပါတယ်။ ရိုးရိုးသားသားပဲ နေတတ်ကြတဲ့အစိုးရ၀န်ထမ်းတွေလည်း ပါနေလိမ့်မယ်။မလိမ့်တပတ် ခပ်တည်တည်နဲ့ ခိုးဆိုး လုယက်နေတဲ့လူကြီးလူကောင်းယောင်တွေ မပါဘူး။ခေတ်ဆိုးကြီးရဲ့ နင်းပြားဖြစ်နေတဲ့ ရိုးသားကြသူ လူတန်းစားပေါင်းစုံက မြန်မာတွေ ဘယ်လောက် အကြပ်ရိုက်နေမလဲ။စဉ်းစားသာကြည့်ပါတော့ဗျာ။ခင်ဗျားရဲ့ ဘေးပတ်ဝန်းကျင်မှာ တနေ့စာ တနေ့တောင် လောက်ငှ ၀လင်မှု မရှိတဲ့ လူတွေဝိုင်းဝိုင်းလည်နေတယ်။ အဲဒီအချိန် ခင်ဗျားတစ်ယောက်ထဲ ပြည့်စုံကြွယ်ဝပြီး စည်းစိမ်ခံစားနိုင်တယ် ဆိုပါတော့။ ခင်ဗျား စိတ်ချမ်းသာနိုင်လား ။ခင်ဗျားရဲ့ အဖြေဟာ ခင်ဗျားရဲ့ လူသားအဖြစ်ရပ်တည်တဲ့အဆင့်အတန်းပဲ။ပညာမတတ်ပေမဲ့ အသိဥာဏ်ရှိတဲ့ လူတွေ အများကြီးနော်။ဘ၀အခြေအနေအရသာ ကြွားကြွားဝါ၀ါ ဘွဲ့ တွေ ဘာတွေ မရချင်ရှိမယ်။ကြိုးစားနေကြတဲ့လူတွေ အများကြီး။ရှာဖွေလေ့လာနေကြသူတွေ အများကြီးပဲ ။မိဘ ရှာဖွေတာ အခန့်သားသုံးစွဲပြီး ပညာကို ကြွားဝါစရာဂုဏ်ပုဒ်အဖြစ် ၀တ်တန်းကျေ သင်တယ်ဆိုရင်တော့ ခင်ဗျားထက် အဆင့်မြင့်တဲ့ လူဆင်းရဲတွေ တပုံကြီးဆိုတာ ခေါင်းထဲထည့်ထားလိုက်ပါ။မိဘဆိုတာရှိရင် ဆွေမျိုးအသိုင်းအ၀ိုင်းဆိုတာရှိတယ်။နောက် လူမျိုးဆိုတာရှိမယ်။နိုင်ငံဆိုတာရှိမယ်။လူရဲ့ အသက်နဲ့ ယှဉ်ပြီး အနာဂတ်ဆိုတာရှိတယ်။မနက်ဖြန်မှာ ခင်ဗျားလမ်းလျောက်လို့မရတော့ဘူးဆို ခင်ဗျား ဒီနေ့မှာဘာလုပ်မလဲ။မနက်ဖြန်မှာ ဘာဖြစ်မယ်ဆိုတာ မသိတော့ အေးအေးဆေးဆေးပေါ့ ဟုတ်တယ်ဟုတ် ။လိုအင်ဆန္ဒတွေ ကိုတော့ မနက်ဖြန်မှာ ဖြစ်ချင်တယ်မို့လား။အဲဒီ မနက်ဖြန် ဆိုတာ မတရားမှုတွေရဲ့ ပိတ်ဆို့ တားဆီးခံရပြီဆိုရင် ဘာလုပ်မလဲ။ဒေါသတွေ မဖြစ်နဲ့ အခုမြန်မာ့အနာဂတ်ဟာ အဲဒီ အခြေအနေမှာပဲ။ခင်ဗျား ဘာလုပ်မလဲ။အေးအေးဆေးဆေးပဲမို့လား။အဲဒါ ခင်ဗျားရဲ့စိတ်ကူးပါပဲ။ဘာလုပ်မယ်စိတ်ကူးလဲ ။အိမ်ထဲမှာ အိပ်နေမှာပေါ့...နော့။ဘယ်ကောင်မှ သိပ်အဆင့်ရှိတဲ့ကောင်တွေ မဟုတ်ဘူးနော်။နောက်ဆုံးပေါ်ပစ္စည်းတွေကိုလည်း မသိ ၊ဖုန်းလည်းမကိုင်နိုင်၊ကားလည်းမစီးနိုင်၊ကွန်ပျူတာလည်း မသုံးနိုင် အင်တာနက်ဆိုလည်းဘာမှန်းသိတဲ့ကောင်တွေ မဟုတ်...ဆိုတော့ အပေအတေတွေပါ ဟင်းဟင်းဟင်း။အဲဒီလို ကျဉ်းမြောင်းနေရင်တော့ဘ၀တွေထဲကိုတိုးဝင်ကြည့်လိုက်ပါ။သွေးပျက်ပြီး ငယ်ငယ်ရွယ်ရွယ် လေဖြတ်သွားလိမ့်မယ် သတိတော့ထားသွားပေါ့။အဲဒါ ခင်ဗျားနေတဲ့၊ ခင်ဗျားမွေးတဲ့နိုင်ငံ ဘာတွေဖြစ်နေလဲဆိုတာသိလိမ့်မယ် ။ဒီပို့ကို မြန်မာလူငယ် လူတော် တယောက် အတွက် စိတ်မကောင်းခြင်းကြီးစွာရင်နာနာနဲ့ရေးရင်းဒီလောက်နဲ့ပဲ အဆုံးသတ်ပရစေ။ ကျေးဇူးတင်ပါတယ်။