နိုင်ငံတော်မှ သင့်ကို အလိုရှိသည်...
ကျနော် အခုလို ပြည်တွင်းမှာ ပစ်တာ ခတ်တာတွေ ဖြစ်နေတဲ့ အချိန်မှာ တစ်ခုပဲ အရမ်းခံစားရတယ်။ အဲဒါဟာ ဘာလဲ ဆိုတော့ ပြည်သူတွေဟာ ဘာမှကို ပြန်မလုပ်နိုင်ပဲ ပစ်ခံနေကြရတာကိုပါပဲ။ ကျနော်တို့ ဖက်က တစ်ယောက်ပြီး တစ်ယောက် ကျသွားကြတယ်။ ဒါပေမဲ့ ဟိုဖက်က တစ်ယောက်မှာ မကျဘူး။ ကျနော်တို့ ဖက်က ပြေးလွှားကြတယ်၊ သေကျေကြတယ်၊ ဟိုဖက်က အေးဆေးပဲ။
ကျနော်တို့ အဲဒီလို Non-violence နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြကြရင် နိုင်ငံတကာက လက်ခုပ်တီးကြတယ် ဆိုတာ မှန်တယ်။ တကယ်လဲ လက်ခုပ်တီးကြတယ်။ ကျနော်တို့ ဖက်ကရဲဘော် ကျရင် သူတို့လည်း ၀မ်းနည်းကြတယ်။ ဒါပေမဲ့ action ယူသလား ဆိုတော့ အခုထိ ဘာမှ မလုပ်ကြသေးပါဘူး။ အဲဒီတော့ ကျနော်တို့ ဖက်က ဘာလုပ်သင့်သလဲ။ အခုအတိုင်းပဲ ဆက်ပြီး အသေခံနေကြမှာလား...
လွတ်မြောက်ရေး အတွက် တိုက်ခိုက်ခဲ့ကြရတဲ့ မြန်မာ့သမိုင်းမှာ ကျနော်တို့ လက်နက်နဲ့ ကင်းခဲ့တာ ဘယ်နှစ်ခါ ရှိခဲ့ပါသလဲ။ လက်နက် မပါဘဲ အောင်မြင်ခဲ့တာမျိုး ဘယ်နှစ်ပွဲ ရှိခဲ့ပါသလဲ။ ကျနော်တို့ သမိုင်းမှာ အင်္ဂလိပ်ကို တိုက်တယ်၊ ကျနော်တို့ လက်နက်နဲ့ ထုတ်လိုက်နိုင်တယ်။ နောက်ကျ ဂျပန်ကို တိုက်ထုတ်တယ်။ ကျနော်တို့ လက်နက်နဲ့ပဲ တိုက်ထုတ်ရတာပဲ။ နောက်ကျ အင်္ဂလိပ်က သိပ်မစမ်းရဲတော့ဘဲ လွတ်လပ်ရေး ပေးလိုက်ရတယ်။ နောက် စစ်တပ်က လက်နက်နဲ့ အာဏာသိမ်းတယ်။ အဲဒါကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့ အပြောင်းအလဲ တိုင်းမှာ လက်နက် ပါဝင်နေတာကို တွေ့ကြရမှာပါ။ နောက် တော်လှန်ရေး ကာလကြီးထဲ အအောင်မြင်ဆုံး အချိန်ဟာ ဗကပနဲ့ ကရင်တော်လှန်ရေး တပ်များ အင်းစိန်အထိ ရောက်လာခဲ့တဲ့ ပွဲပါပဲ။ အဲဒါလည်း လက်နက်ကိုင် တိုက်ခိုက်ပွဲပါ။
ကျနော်တို့ မြန်မာတွေ အဲဒီသမိုင်းကို ပြောင်းပြန်လှန်နိုင်ဖို့ လက်နက် မကိုင်ပဲ ကြိုးစားခဲ့ကြပါတယ်။ ၆၂၊ ၈၈၊ ၉၆ ကြားထဲမှာ ရှိပါသေးတယ်။ ထားပါတော့... အဲဒီဟာတွေ တစ်ခုမှ မအောင်မြင်ခဲ့ပါဘူး။ ပြည်သူတွေပဲ အပျက် အပျက်နဲ့ နှာခေါင်းသွေးထွက် ခဲ့ကြရပါတယ်။ အဖြေကတော့ ကျနော်တို့က လက်နက်ကို မေတ္တာနဲ့ တိုက်ခဲ့ကြလို့ ဖြစ်ပါတယ်။ တစ်ခါတလေကျတော့ မေတ္တာဟာ ဘယ်လိုမှ အသုံးမ၀င်တာမျိုး ဖြစ်တတ်ပါတယ်။ ခွေးက အတင်း လာကိုက်လို့ ကျနော် မပြေးဘဲ၊ ပြန်မရိုက်ဘဲ မေတ္တာပဲ ထိုင်ပို့နေရင် အကျိုးဆက်ကတော့ ခွေးကိုက်ခံရလို့ ကာကွယ်ဆေး ထိုးရမှာသာဖြစ်ပါတယ်။
ကုလသမဂ္ဂဆိုတာက ရှင်းရှင်းပြောရရင် အခုချိန်ဟာ ဦးသန့် ခေတ်လည်း မဟုတ်တော့ပါဘူး။ ကုလသမဂ္ဂကို အလှုငွေ အများဆုံး ထည့်နိုင်တဲ့ နိုင်ငံထဲလည်း မြန်မာ မပါပါဘူး။ ရှင်းရှင်းပြောရရင် အမေရိကန် မျက်စိကျစရာ သံယံဇာတတွေလည်း မြန်မာပြည်မှာ ရှားပါးကုန်ပါပြီ။ ဒါဟာ သူတို့နိုင်ငံလဲ မဟုတ်ပါဘူး။ ဘယ်သူမှ လာပြီး မကယ်နိုင် တော့ပါဘူး။ ကျနော်တို့ နိုင်ငံရဲ့ ကံကြမ္မာကို ကိုယ့်ဟာကိုယ်သာ ဖန်တီးရတော့မဲ့ အခြေအနေကို ရောက်နေပါပြီ။
လက်နက်ကိုင် တော်လှန်ရေးဟာ အမှန်တကယ်ကို လိုအပ်နေတဲ့ အခြေအနေကို ရောက်နေပါပြီ။ ရဲရင့်တဲ့ ပြည်သူ့ သူရဲကောင်းများကို နိုင်ငံတော်က အလိုရှိနေပါတယ်။ လက်နက်ကိုင် တော်လှန်ရေးဆိုတာ ကမ္ဘာက အကြမ်းဖက်၊ Terrorism ဆိုပြီး ဆန့်ကျင်ကြပါတယ်။ ဒါပေမဲ့ ဒါဟာ ကျနော်တို့ အတွက်တော့ တော်လှန်ရေးသာ ဖြစ်ပါတယ်။ အချို့ကလည်း လက်နက်ကိုင် တော်လှန်ရေး ဆိုတော့ ဘယ်မလဲ လက်နက် ဆိုပြီး ပျက်ရယ်ပြုချင် ကြပါလိမ့်မယ်။ ကျနော်တို့မှာ လက်နက်တွေ ရှိကြပါတယ်။ ၈ လေးလုံး ကတည်းက လက်နက်တွေ ရှိခဲ့ကြတာပါ။ ဂျင်ဂလိ ဘယ်လို လုပ်ရမယ် ဆိုတာကို ကျနော်လို ကောင်က လာရေးပြနေရင်တော့ အရေးအခင်း အတွေ့အကြုံရှိပြီးသား ပြည်သူတွေက ၀ါးလုံးကွဲအောင် ရယ်ချလိုက် ကြမှာပါပဲ။ ကျနော် ထပ်ရှာတွေ့ထားတဲ့ အထောက်အကူလေးတွေ တင်ပေးထားပါမယ်။
Molotov cocktail (ဗုံး) လုပ်နည်း။
လက်နက်ကိုင် တော်လှန်ရေးရဲ့ အနိမ့်ဆုံး အဆင့်အနေနဲ့ ကိုယ့်တိုက်ရှေ့ကနေ စစ်သားတွေ ချီတက်ရင် ခေါင်းပေါ် အုတ်ခဲ ပစ်ချတာတို့၊ အခြား လေးလံတဲ့ (အထိနာမဲ့) ပစ္စညှ်းတွေ ပစ်ချတာတို့၊ ဘေးမှာ ရောက်နေရင် ဂျင်ဂလိနဲ့ ပစ်တာတို့၊ လူတစ်ယောက်ကို ၀ိုင်းဆွဲနေရင် ဘေးမှာရှိတဲ့ လူတွေက ထွက်ရိုက်တာတို့၊ ခဲနဲ့ ၀ိုင်းပေါက်တာတို့ လုပ်နိုင်ပါတယ်။ တိုက်ခန်းတွေမှာ လေးခွတွေ ဆောင်ထားစေချင်ပါတယ်။ တိုက်ပေါ်ကနေ လှမ်းပစ်နိုင်ပါတယ်။ ဘာပဲပြောပြော တစ်နေရာက တစ်ယောက်ယောက်ကို ဖမ်းဖို့ သွားတဲ့အချိန် ခများတို့ရဲ့ ပစ်ချက်တွေကြောင့် နှောင့်နှေးသွားမယ် ဆိုရင် တော်တော် ကောင်းတဲ့ ကိစ္စပါ။
အခုဆို နေရာလဲတဲ့ ချင်းစစ်သားတွေ၊ အခြားမြို့က စစ်သားတွေထက်ဆို နယ်ခံတွေက ဘယ်လိုပဲ ပြောပြော လမ်းပိုကျွမ်းပါတယ်။ ကျနော်တို့ မြို့တွင်း ပျောက်ကြား စစ်ပဲ ဆင်နွှဲလို့ ရနိုင်ပါတယ်။ အဲဒီအခါမှာ ဘယ်နေရာကမှန်း မသိပဲ လည်ပင်းထဲကို ဂျင်ဂလိ သံချောင်း စိုက်ဝင်သွားတာမျိုးတွေ လုံထိန်းနဲ့ စစ်သားတွေ ကောင်းကောင်း ကြုံကြရတော့မှာပါ။ အဲဒီတော့မှ ဦးနေ၀င်း ပြောခဲ့တဲ့ ဓါးဓါးခြင်း လှံလှံခြင်း ဆိုတာ အကောင်အထည် ပေါ်လာမှာပါ။ ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေး စနိုင်ပြီဆိုရင် ပြည်သူနဲ့ ပူးပေါင်းတဲ့ တပ်မတော် သားကောင်းတွေ ပါဝင်တဲ့ တပ်တွေလည်း လက်နက်တွေနဲ့ တကွ ပူးပေါင်းကြ စေချင်တယ်။
အခု စစ်သား ငါးသိန်း ရှိတယ် ထားပါတော့၊ အဲဒါ ၀င်ပူးပေါင်းလာမဲ့ တပ်မတော် သားကောင်းတွေကိုပါ ထည့်တွက် ထားတာပါ။ အဲဒီတော့ ဒီ ငါးသိန်းက လူတွေ လျော့ဦးမှာပါ။ ပြည်သူက သန်း ၆၀ ခန့် ရှိပါတယ်။ အချိုးနဲ့ ကြည့်ရင် အရမ်းကွာပါတယ်။ ကျနော်တို့က သူတို့လက်ထဲက သေနတ်ကို ကြောက်တာပါ။ သူတို့ကကျတော့ ကျနော်တို့ကို ကြောက်တာပါ။ သူတို့ လက်ထဲမှာ လက်နက်မရှိတော့ရင် သူတို့ ဘ၀ ဆုံးပေမဲ့ ကျနော်တို့မှာက လူမသေသ၍ သူတို့ကို ဒုက္ခပေးနိုင်ပါသေးတယ်။
သေနတ်သမားတွေကို ငှက်ကြီးတောင် ဓါးနဲ့ ထချခဲ့တဲ့ တောင်သူလယ်သမား ကြီးတွေ၊ အခြား မြန်မာ့ သူရဲကောင်းကြီးတွေနဲ့ မြန်မာတွေ ရဲရင့်ခဲ့ကြတယ် ဆိုတာဟာ အိပ်ရာဝင် ပုံပြင်တွေပဲ ဖြစ်ကြတော့မှာလား။
Thanks comrade!
ReplyDelete