လူဦးရေ အစာ ကမ္ဘာက ငိုနေတာကြာပြီလေ
သီရေခက်နီ ရီနေသောမျက်ရည်
ကမ်းမနေပါနဲ့ မင်းလက်တွေ ပေကျန်ပါ့မယ်
တိုးနေတဲ့ အလိုဆန္ဒ..နည်းလာတဲ့ အသိတရား
မတွေးလေနဲ့တော့ နေတောင် အတော်စောင်းခဲ့ပြီမို့
နေမ၀င်မီ ကိုယ် စိုက်သမျှ ရိတ်သိမ်းဖို့လိုလာပြီ...။
အနမ်းနှုတ်ခမ်းမဲ့ တဖွဲဖွဲ..လွင့်..လွမ်းရဲတယ် စကားကျွံမှတော့
အလွမ်းလည်း ရင်ထဲ သည်းသည်းမဲမဲပေါ့...။...
အခုဒီမှာ
ရှိတဲ့ ရွှေရည်လူး အနာဂတ်တွေ...
အသွင်ပြောင်းတေးကို ရင်ဘတ်ကို ရိုက်ချိုးလို့ ဟစ်ကြွေးသီ...
မျက်နှာပြင်ပေါ်ဖြတ်ရိုက်
အရှက်စိုထိုင်းဆများများ ပူလောင်မှု
အရှက်စိုထိုင်းဆများများ ပူလောင်မှု
ခပ်ရိုင်းရိုင်းအချဉ်မျိုးက ကိုင်းချိုးလို့ အချိုပြောင်ခြင်း...။...
ပကတိအမြင်တွေ က ခေါင်းငုံ့ဆိတ်ငြိမ်ခြင်း...
ငါ့ခံတွင်းတွေ က လေးသီတဲ့ရိုသေခြင်း...
နှလုံးသားက တဆစ်ဆစ် ကြုံလှီငုပ်လျှိုး...
ငါ့စွန်လေးရယ်...
ကြိုးကုန်လွှတ်လိုက်ပြီးမှ
လေလည်းပျောက် နေလည်းပျောက်ချိန်
ကိုယ့်ကြိုးစ ကိုယ်ပြန်သိမ်းရသလို....
ကိုယ့်ဂုတ် ကိုယ်ချိုး..ငါ့ဝိညာဉ် ငါပြန်ပျိုး ရ..
ငါ့အရိုးနဲ့ ငါ့ပြန်ထိုးပါဦးမယ်..
အိုး...
ကြိုးကုန်လွှတ်လိုက်ပြီးမှ
လေလည်းပျောက် နေလည်းပျောက်ချိန်
ကိုယ့်ကြိုးစ ကိုယ်ပြန်သိမ်းရသလို....
ကိုယ့်ဂုတ် ကိုယ်ချိုး..ငါ့ဝိညာဉ် ငါပြန်ပျိုး ရ..
ငါ့အရိုးနဲ့ ငါ့ပြန်ထိုးပါဦးမယ်..
အိုး...
ငါ က မနေ့ က ....
နေကြဲကြဲတောက် သာတဲ့ အညာမြေ...
ငါ့ရဲ့ မနေ့က .....
ဟောဒီကလူတွေ....မသိတဲ့ ရင်ကွဲနာတွေ...
အိုး....ငါ့ရဲ့ မနေ့က
ခရေကို မြေလို နှင်းချစ် သစ္စာတရားသာအရင်းရှိရဲ့လေ...
ငါ့ရင်ဘတ်အိုထဲမတော့..
အကြည်ဓာတ်လေးတစ်ရပ်...
အကြည်ဓာတ်လေးတစ်ရပ်...
အပြင်ကမ္ဘာနဲ့ ကင်းကွာတဲ့ညီမလေးရေ...
ဘာတွေပဲ ဖြစ်နေနေပေါ့ကွယ်...
မင်းဟာ ငါ့ဘ၀ဇာတ်ခုံမှာ အမြင့်ဆုံးဇာတ်ရှိန်
မင်းဟာ ငါ့ဘ၀ဇာတ်ခုံမှာ အမြင့်ဆုံးဇာတ်ရှိန်
မင်းဟာ....................... ငါကိုယ်စားပြုတဲ့ ခရေ
မင်းခန္ဓာနဲ့ ဘာဆိုင်သလဲ....
ငါ...အစ ကတည်းက မတမ်းမျှော်တာ
ခပ်ကြမ်းကြမ်း အမှန်တရားတွေကြား
ဟောဒီရင်ဘတ်မှာ မကင်းကွာခဲ့ပါဘူးကွယ်..
ဒီကမ္ဘာမှာ မင်းရှိနေတာကကို
ခပ်ကြမ်းကြမ်း အမှန်တရားတွေကြား
ဟောဒီရင်ဘတ်မှာ မကင်းကွာခဲ့ပါဘူးကွယ်..
ဒီကမ္ဘာမှာ မင်းရှိနေတာကကို
ငါနေပျော်ရခြင်း အကြောင်းပါကွယ်...။ ။
နွေလှိုင်ဿုန်း
(၃.၉.၂၀၁၃)
No comments:
Post a Comment
ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။