Search This Blog

Jul 24, 2007

အိမ်ပြန်မရောက်တော့တဲ့ကျနော်


တိတ်တဆိတ်စီးဆင်းလိုပေမဲ့ အကွေ့အကောက်အနိမ့်အမြင့်တွေနဲ့


လမ်းခရီးက ကြမ်းတမ်းလှတယ်။.....


မနက်ခင်းတစ်ခု ရောက်လာတော့ ပွင့်လာတဲ့ မျက်လုံးတွေနဲ့အတူ ကပ်ပါလာတဲ့အတွေးပေါင်းစုံကို ခဏထား ...မိုးလင်းကာရှိသေးတယ်။ကောင်းရာကောင်းကြောင်းတွေး ဘုရားတရားလေးနဲ့ သတိကပ်စမ်း။ရေအိုးစင်က ရေတစ်ဖလားကို အသက်အောင့် ပြီး မော့သောက်လိုက်တယ်။(အဲဒါ ဂျပန်တွေရဲ့ ကျန်းမာရေးအတွက် လျှို့ဝှက်ဆေးနည်း ဆိုလားပဲ။ ) မျက်နှာသစ်ရေချိုးပြီး အ၀တ်အစားပြောင်း၊ နည်းနည်းဟောင်းနေပေမဲ့ မဆိုးပါဘူး။ ဒီနေ့ သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်။ထုံးစံအတိုင်း မြန်မာပြည်ရဲ့ လ္ဖက်ရည်ယဉ်ကျေးမှုအရ ဆိုင်တစ် ဆိုင်မှာ စုကြတယ်။ ပြောကြ ဆိုကြရင်း အစီအစဉ်တစ်ခု ရလာရဲ့။ အဲဒီနေ့ ကတည်းက ကျနော်ပျောက်ဆုံးသွားတော့တယ်။

မနက်ဖြန်တွေ မနေ့ လို့ ဖြစ်သွားတော့လည်း

အချစ်က အချစ် မဖြစ်နိုင်တော့ဘူးပေါ့လေ...




ငါ့လမ်းကို ငါလျောက်နေတာ ဘာလို့တခြားလမ်းတွေထဲရောက်သွားရတာလဲ???။ရည်ရွယ်ချက် မခိုင်မာတာလား။ငါ့လမ်းရှိတယ် လို့ထင်နေခဲ့တာလား။အားကိုးရှာတာလား။ပေါပေါသွမ်းသွမ်း ဖြစ်နေခဲ့ တယ်ဆိုရင် အချိန်တွေ နှမြောစရာ....။ဘ၀ဟာ ဘယ်လောက်ကြာလဲ။ အသက်ရှူရတာ ပင်ပန်းလိုက်တာနော်။ငါဘယ်သူ့ ကိုမှီရရင်ကောင်းမလဲဆိုတာ လိုက်ရှာလိုက်ပါဦးမယ်လေ။သူ့ကို အသက်ပါ အဌားရှူခိုင်းရမယ်။အတုံ့အလှည့် မမျှော်လင့်ပါဘူးကွယ်။ ဘယ်ပခုံးပေါ်မှာ မှေးစက်နေနေ ငါဆိုတဲ့ ကောင်ဟာ ဘ၀ရပ်တည်ရာ အတွေးအခေါ် ခံယူချက် မဲ့သူမှ မဟုတ်တာ။ခေတ်အခါက အပြစ်အနာအဆာတွေများလှတယ်။ဒီလိုနဲ့ပဲ အချစ်ရေ......တို့တွေ ဝေးဝေးနေကြရတာပဲ ကောင်းပါတယ်။




ဒါဟာထွက်ပေါက်လား....။

မှားသွားမယ်xxx

ဒါဟာ လောကငရဲကို သွားရာလမ်းကွဲ့---။



ရာသီဥတုက မကောင်းဘူးလေ။တခါတလေလည်း ဒီလိုပါပဲ...ကွန်နက်ရှင်က အင်တာနက် သုံးရတာအဆင်မပြေပါဘူးဗျာ။ဒီလိုနဲ့ ချိန်းထားတဲ့ အချိန်တွေ ခဏခဏ လွဲလွဲနေတော့ ကျနော်ရဲ့ (၂၇)ယောက်မြောက် အွန်လိုင်းကချစ်ကြူလေး နဲ့ ပြတ်ဆဲ ပါလေရော။တော်သေးတာပေါ့ နောက်(၅) ယောက်ကျန်သေးလို့ ။ဒီလိုပဲ စိတ်ညစ်ညစ်နဲ့ ၀ီစကီသောက်( တမျိုးမထင်ပါနဲ့ ၀ီစကီမှာ ပါဝင်တဲ့ တဆေးတစ်မျိုးဟာ နှလုံးရောဂါ ပျောက်တယ်ဆိုလို့ပါ)၊ ဟော်တယ်ပေါ်အရောက်သွားပြီး ကလိုက်တယ်။ သီးနှံထွက်နုန်းက ညံ့လာတော့ လယ်ယာလုပ်ငန်းမှာလုပ်နေရတဲ့ ကျုပ်တို့တွေအတွက် လက်ခလုပ်ခနဲ့ စားသောက်လို့မရပေဘူးဗျ။အဲဒီတော့ ကြုံရာကျရာ ရှိတဲ့အလုပ် လိုက်ရှာ လုပ်ရတာပေါ့ဗျာ။အင်း....အသားကျနေတဲ့ ငတ်မသေရုံတမယ် စားသောက်ရတာပ။ကျန်တာ ဘာမှ မသိမြင်နိုင်ဘူးဗျို။ ကျုပ်တို့အတွက်တော့ ဒီဘ၀မှာ ဒါမျိုးတွေက မထူးဆန်းတော့ပါဘူး။အဲဒီနေရာမှာ ကျနော် အိပ်စက်ခဲ့တယ်။



ဇာတ်ခုံပေါ်မှာ အလိုကျ က ပြဖို့

ရုပ်သေးတော့ မဖြစ်လို။



အိမ်က ထွက်လာပြီးနောက် ကျောင်းတစ်ကျောင်းကို ရောက်ခဲ့ပါသေးတယ်။၉၁ဌာန အုပ်ချုပ်ရေးလို တနယ်စီခွဲပြီးကျောင်းတွေ ဗွက်ပေါက်အောင်ဖွင်.၊ မတူခွဲခြားတဲ့ ကျောင်းသားများရဲ့ အခွင့်အရေး၊လုပ်ပိုင်ခွင့်တွေ ၊အရေးယူမှုတွေ တွေ့ ကြုံခဲ့တယ်။ကျောင်းသားများရဲ့ ရပိုင်ခွင့် ၊လုပ်ပိုင်ခွင့် တွေဟာ တနေ့ တခြား ကန့်သတ်၊ထိန်းချုပ်တားမြစ်မှုတွေသာ တိုးမြင့်လာရဲ့ ။အဲဒီနေရာမှာ ကျနော် ဆိုတဲ့ ဗုံးတစ်လုံးကို ကျယ်ကျယ်လောင်လောင် ဖောက်ခွဲပြီး အသက်ရှူလို့ မ၀တာနဲ့ ကြာကြာမနေပဲ လက်ဗလာနဲ့ လှည့် ပြန်ခဲ့တယ်။ခင်မင်ကြတဲ့ သူငယ်ချင်းတွေကိုတော့ အားနာပါရဲ့ ။အိမ်မှာ အမေက မျှော်နေမှာလေ။လူမိုက်လို့ လည်း ဝေဖန်ကြပစေ ကျနော့် ယုံကြည်ချက်ခိုင်မာခဲ့ ပြီ အမေ။ယုံကြည်ချက်ရဲ့ လမ်းပြတဲ့ အလင်း အတိုင်းသာ လျှောက်ပရစေတော့ ......။ခွင့် ပြုပါ အမေ။

နျူးကလီးယားအိမ်မက်နဲ့ ချောက်နက်ထဲက ကဗျာ

နာရေးကြော်ငြာမှာ မျိုးဆက်ဆိုတာပါသလား...???

မနက်ဖြန်မှာ စိန်ခေါ်ပွဲ ရှိတယ်။လောကဓံနဲ့ ကျနော့် ကောင်မလေး ကြိုးဝိုင်းထဲမှာ တွေ့ ကြမယ်။ ကျနော်ကို စိန်ခေါ်ထားတဲ့ ပွဲစဉ်တွေ ခဏနားရင် သူ့ ပွဲကို သွားကြည့် ဖြစ်မယ်။ ပွဲကြည့် ပရိသတ်တစ်ဦးပဲ ဖြစ်ခွင့် ရှိတယ်။သူ့ အစား ၀င်ယှဉ်ပြိုင်ပေးလို့မှ မရတာပဲ။ကို့ယ် အရှုပ်ကိုယ် ရှင်းကြရကြေးလေ။လောကကြီးကတော့ ဘယ်သူ့ ကိုမှ မျက်နှာသာ မပေးဘူး။ ခေတ်တစ်ခေတ်က ခင်ဗျားရဲ့ ပခုံးပေါ်တင်ထားတဲ့ ထမ်းပိုးစရာတာဝန်ကို ဘယ်လိုများ သယ်ပိုးမလဲဗျာ။အသက်(၄၀)ရောက်ရင် မူကြိုကျောင်းတက်မယ်လို့ ဂျက်လန်ဒန်က မပြောခဲ့ပါ။မနက်ဖြန် ကျနော် ခရီးဆက်ရပါဦးမည်။ကိုယ့်ကိုယ်ကို ၀ှက်မထားပဲ ရှင်ဖို့ နေမလား ။နေဖို့ ရှင်မလား ....ဆိုတာ ခင်ဗျားလည်း ပြန် သုံးသပ်သင့် တဲ့ မေးခွန်းပါ ။ ။





Jul 22, 2007

အပြာရောင်လမ်း

တဏှာမဖြတ်တဲ.ဥပါဒါန်


ရမ္မက်နဲ.မပတ်သတ်တဲ.မေတ္တာရဲ.ကြမ္မာ


အရောင်မရှိတဲ.အရောင်ရဲ.အလင်း


အာဏာတွေလိုချင်လှတဲ.မတော်အတ္တနဲ့


တကယ်.နေ.တွေ~~~~မလိုအပ်ပဲအမှောင်အတိကျဲလေပြီ~ ~~


အလင်းတွေပျိုးထောင်ခဲ.သော စာမျက်နှာများ


ဝင်လာသမျ မြား ဒါး ကျည်တွေ~~~~


ဘ၀လဲကျပစေ မာန်မသေဘူး


လူသားရဲ.ဦးနှောက်နဲ. နှလုံးသားဟာ


ဘာသာဗေဒသက်သက်မှ မဟုတ်ရပါဘဲလေ ~~~~။ ။




အနှစ်မဲ့တော၌လမ်းလျောက်ထွက်ခြင်း

ခင်ဗျားရင်ဘတ်ကို ဆွဲဖွင့်လိုက်စမ်းပါ

သောက်သုံးနေတဲ့ ပျော်ရွှင်မှုဟာ ပေးဆပ်ခြင်းကြောင့်လား။

ဟောဒီမြေကြီးမှာ ........... လူဆိုတဲ့ သတ္တ၀ါ အားလုံးအတူတူပါ။ ။

အသီးတွေမှာတောင် အချိန်နဲ့အမီ ရင့်မှည့်ရလေရဲ့

ဒါပေမဲ့~~~

ဘယ်တော့မှ မကြီးရင့်တဲ့ သတ္တ၀ါတွေ.....

သူတို့ရဲ့ ကွန်တိုမျဉ်းတွေအောက်

တို့ဘ၀မှာ......အယ်လ်နီညိုဟာ သဘာဝဘဲ~~~

အိမ်မက်ဟာ တရံမလပ် ရီဝေခုန်ပေါက်

အမှန်တည်ရာမှာ အသိတရားကျက်စားတယ်~~~~

ထုသားပေသားကျ ရင့်ကျက်သွားတဲ့မျက်ရည်

ဒါဟာ......... ၀ိညဉ်ထိရိုက်သွင်းခံရတဲ့သံမှို+++

စည်းလုံးမှုမှာ မာန်မာနပါသလား???

လိုသလိုမတွေးနဲ့ လုပ်ရပ်ပဲလိုတယ်။

ကိုယ့်ကိုယ်ကို ပြန်မေးပြီးရှေ့ဆက်မယ်

စကားလုံးတွေက အပိုဘဲxxx

ထပ်ပြောမယ် ဟောဒီမြေကြီးမှာ.........

စကားလုံးတွေက အပိုဘဲxxxx။ ။xxx





ကျနော်ကောက်ရခဲ့တဲ့ လွတ်လပ်မှု

ငယ်ငယ်တုန်းက လူကြီးတွေစကားဝိုင်းထဲ ၀င်ပါတဲ့အခါတိုင်း ကလေးက ကလေးနေရာနေစမ်းပါလို.အပြောခံရဖူးလား။ကျနော်တော့ မကြာခဏပါလို. မကြာခဏပဲ အပြောခံရတယ်။အဲဒီလိုဝင်ပြောနိုင်မှလည်း လူရာဝင်တယ်လို. ထင်ခဲ့သကိုးဗျ။လူကလည်း လူကြီးစီးတဲ့ စက်ဘီးရဲ့ ဖင်ထိုင်ခုံပေါ်တက်စီးနိုင်လာပြီကိုး။ဒီတော့ငါလည်း လူတော်တော်ကြီးနေပါပြီပေါ့။ဘာလို.ကလေးလို.မြင်ကြတာလဲ။ဘာညာပေါ.ဗျာ။စဉ်းစားလာပြီ။ကောင်မလေးတွေ မြင်ရင် စပ်ဖြီးဖြီးနဲ.နောက်ချင်ပြောင်ချင်နေပြီပေါ.။ဘာမှန်းညာမှန်းတော. မသိသေးဘူးလေ။ဒါပေမဲ့ လူကြီးဖြစ်ချင်လှပြီ။သိပ်လွတ်လပ်ချင်နေပြီ။ တခါတလေ အိပ်တာအဆင်မပြေလို. ကယောင်ချေက်ချားအိမ်မက်မက်ရင်တော. "အမေ." ဆိုပြီး မိဘတွေကြားထဲ ပြန်ဝင်တိုးအိပ်တတ်တာပေါ.။ဟီး ဟီး ...ဒီလိုနဲ. ဟိုမရောက်ဒီမရောက်အရွယ် လူကြီးမိဘတွေရဲ့ အုပ်ထိန်းမှုအောက်မှာ တရွတ်တိုက်လိုက်ပါရင်း ကျနော်လိုချင်လှတဲ့ လူလားမြောက်လို. "မင်းလိုရာမင်းသွားနိုင်ပြီ" "မင်းဘ၀ကို မင်းထူထောင်တော့ ..." ဆိုတဲ့နေ.ကိုတိတ်တိတ်လေး စောင်.နေမိတယ်လေ။အချိန်ဆိုတာ ငြိမ်မှမဟုတ်ပဲကိုးဗျာ ရောက်လာတာပေါ့။ဒီလိုနဲ့ ကြီးပြင်းလာတဲ့ အရွယ်နဲ့အတူ အတော်အတန်လည်း လောကဓံကို မြည်းစမ်းခဲ့ရပြီလေ။သိပ်လွတ်လပ်ချင်တော့ သူများတွေ တော်ရုံတန်ရုံမှားလေ.မရှိတဲ့နေရာတွေမှာလည်း အမှားတွေ ကြုံခဲ့ရတာပေါ.။ဒီလိုဘဲ....ရှာဖွေရင်း၊ လေ့လာရင်း၊သင်ယူရင်း၊မှားယွင်းရင်း၊မှတ်သားရင်းနဲ....ဖြစ်ချင်တာ၊ဖြစ်နေတာ၊ဖြစ်နိုင်တာ၊ဖြစ်သင့်တာ၊ဖြစ်ရမှာ၊ဖြစ်လာတာတွေရဲ့ကြား....။ဘ၀ဟာ တဖြည်းဖြည်း ခါးသက်လာပါတယ်။တာဝန်ဝတ္တရားတွေနဲ. ချုပ်နှောင်ခံလာရတယ်။ဆန္ဒတွေနဲ. လူဟာပူလောင်မောဟိုက်လာရဲ့။ကန်.သတ်ထိန်းချုပ်ရတာတွေနဲ. မွန်းကျပ်လာတယ်။ဒီတော. ကျနော် လွတ်လပ်မှု ဆိုတဲ့အပေါ်မှာ သံသယ၀င်လာပါတော.တယ်။ဘာလဲပေါ့။ကျနော့ ရည်မှန်းချက်ပန်းတိုင်လည်း ဆုံးရှုံးလွဲမှားခြင်းတွေနဲ. ထိတွေ့....။ဘ၀မှာ မရေရာ၊မသေချာတာတွေ တွေ.ကြုံရပါများလာတော့ ဘယ်ကိုဆက်သွားပြီးရှာဖွေလဲ ဆိုတော့ သိကြတဲ့ အတိုင်းပါပဲ။ဘာသာတရားမှာ ရှာကြည့်တော့တာပါပဲ။လောကကြီးက ရိုက်သွင်းပေးလိုက်တဲ့ ကျနော့ရင်ဘတ်က သံသယတွေနဲ.ပေါ့။ကျနော် ကံကောင်းတယ်လို. ဆိုရပါမယ်။ဘယ်လိုရှူ.ထောင့်ကပဲ ကြည့်ကြည့် အစမ်းသပ်ခံနိုင်အောင် အဖက်ဖက်ကပြည့်စုံတဲ့ ဘာသာတရားဟာ ကျနော့်ရဲ့ မိရိုးဖလာကိုးကွယ်ယုံကြည်တဲ့ဘာသာဖြစ်နေပါတယ်။အဲဒီမှာ ကျနော်သိချင်တဲ့ လွတ်လပ်ခြင်းကို ရှာဖွေပါတယ်။သိပ်ကျယ်ပြန်.လွန်းတော. အားလုံးနားလည်သိရှိနိုင်စွမ်းမရှိပါဘူး။သိရင်တော့ ရဟန်းဝတ်တောထွက်ပြီး တရားကျင်.နေမှာပေါ့နော။ဘာလို. ဒီမှာလာပြီး လေပေါနေမလဲ။ဟုတ်ဖူးလား။ဒါပေမဲ့ ကျနော်လိုချင်တဲ့ လွတ်လပ်မှုကိုတော့ ကျနော့် အတိုင်းအတာလေးနဲ. ကျနော် ပြန်ရှာတွေ.ခဲ့ပါတယ်။လူငယ်တစ်ယောက်ရဲ့ စိတ်ဓာတ်ခံယူချက်၊ ရပ်တည်ချက်တွေပေါ်မှာ လောကဓံနဲ. ကြုံဆုံတိုင်း စိတ်ကိုအတန်အသင့်ငြိမ်အောင် ဘာသာရေးရှူ.ထောင့်ကနေအာရုံပြောင်းတတ်လာပြီပေါ.ဗျာ။ဘာရယ်မဟုတ်ပါဘူး။ကျနော်ဖြတ်သန်းခဲ့တဲ့ အချိုးအကွေ.၊အတက်အကျတွေထဲက ကျနော် ကောက်ရခဲ့တဲ့ ကျနော့်ဘ၀ဒဿန တချို.ပါ။ဖက်ရှူ.ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ကြိုးစားပါဦးမည်။ပေါ့ဗျာ ...ဘယ်သူသုံးတဲ့စကားလုံးလည်းတော့ မသိဘူး။ဆွဲသုံးလိုက်ပြီဗျာ...ဟဲဟဲ ...တ တာ

Jul 19, 2007

မျိုးဆက်သစ်သို့တပ်လှန့်သံ


လာပါ သူငယ်ချင်းရေ.....
အမှောင်ထဲမှာ အလင်းသစ်ရှာရအောင်
ရုပ်ဝတ္ထုတွေဖျောက်ဖျက်လို့ သားရေနားစားတဲ့ခွေးအ
ငါတို့ဝိညာဉ်က အသက်သွေးချွေးနဲ့ရေးတဲ့
အာဇာနည်တွေရဲ့ သမိုင်းပုံရိပ်တွေက
ဖျောက်ဖျက်လို့ မရ စံပြတွေပါ။
လာပါ သူငယ်ချင်းရေ.....
အဆိုးတွေကြားမှာ အငြိုးတွေရှာဖျက်စီးရအောင်
စကားလုံးလှလှတွေ ကာရန်ညီရွေးမနေပါနဲ့
အာဇာနည်နေ့မှာတိုင်တည် ကတိသစ္စာဆိုကြမယ်လေ
ငါတို့တွက်မပါ တိုင်းပြည်သာဖို့
ရဲဝင့်တွန်းလှန် အမှန်ရှင်သန်ရေး
ငါတို့အသက်ကို စတေးပေးပါမည်။
လာပါ သူငယ်ချင်းရေ.....
တွေဝေငေးမော လွင့်မျောလို့လေ မနေပါနဲ့တော့
တို့နိုင်ငံအတွက် ရှေ့သို့ချီတက် မားမားရပ်၍
အရှုံးနိုင်မတွက်ပဲ ရဲဝင့်တော်လှန် တပ်လှန့်သံမို့
လာပါ သူငယ်ချင်းရေ....
ငါတို့လက်တွေ မြဲစေ တွဲစေ။ ။
နွေလှိုင်ဿုန်း။ဂျူလိုင် ၁၉၊၂၀၀၇။


မှတ်ချက်။ ။ယခုဓာတ်ပုံကို http://thitsarforce.org/ မှကူးယူသုံးစွဲထားခြင်း ဖြစ်ပါကြောင်း

Jul 16, 2007

အမိမြေအတွက် အတွေးများ

ကျနော်တို့မှာ ရန်သူရှိလား။တိုင်းတပါးသား လက်အောက်များကျရောက်နေလား။သူ့ကျွန်ဘ၀၌ ကျရောက်နေခြင်း မဟုတ်ပါလျင် ဘာကြောင့် တမျိုးသားလုံး၏ လူချင်းတူတူ သူချင်းမျှမျှ လူ့အခွင့်အရေးများ ဘာကြောင့်ပျောက်ပျက်ဆုံးရှုံးနေပါသနည်း။ ဘယ်သူတွေက ကျနော်တို့ဘ၀တွေကို ရက်ရက်စက်စက် လုပ်ကြံနေပါလိမ့်ဗျာ။လူ့အသက်သေသွားတာထက် ဘ၀တွေရှင်လျက် သေနေကြရတယ်။တမျိုးသားလုံးညီညွတ်နေကြရင် ငတ်ပြတ်နေလည်း အတူ၊ စည်ဝေပြည့်ဝလာလည်း အတူ ခံစားပျော်ရွှင်နိုင်ကြမှာပါ။လူသားအားလုံး အတူတူပါပဲ။ ဘယ်လူမျိုးမှ ထူးပြီး သိမ်ငုပ်ညံ့ဖျင်းနေတာ မရှိပါဘူး။အားလုံးဟာ ဖန်တီးပြုပြင် ပြောင်းလဲလို့ရနိုင်ပါရက် တဖက်သတ် ဖိနှိပ်ရက်စက်နေတာတော့ တရားလွန်လှပါရဲ့။ပိုင်ဆိုင်ထားတဲ့ ကိုယ့် ဘ၀ ဒုက္ခမခံချင်လို့၊ အခြေမယိုင်ဖို့၊ တိုးတက်မြင့်မားဖို့၊ တခြားသူတွေထက် အဆင်ပြေသာယာဖို့၊ ဘာကြီးဖြစ်ဖို့၊ ညာကြီးဖြစ်ဖို့၊.......ဖို့......ဖို့........ရှိနိုင်ပါတယ်။ရှိကြပေါ့။ဒါပေမဲ့....... ကိုယ့်လူမျိုး ဘာညာ..စကားကြီးစကားကျယ် သုံးမနေပါဘူး။ တပါးသူကို မထိခိုက်ပဲ ကိုယ်စွမ်းကိုယ်စနဲ့ ကြိုးစားကြရမှာပါ။ အခုတော့ ငါ့အတွက်ဆို ဘာကိုမဆို၊ ဘယ်သူ့ကိုမဆို ချနင်းလိုက်ဖို့ လွယ်ကူကြတယ်။ဘာကိုမှ မငဲ့ကွက်ပဲ ရက်စက်ကြတယ်။အခုလိုတစ်တိုင်းပြည်လုံး ဒုက္ခသုတ္ခ အတိရောက်နေချိန်မှာ အတ္တလေးတွေ ကိုယ်စီ ဘေးချပြီးရင်ဆိုင်ကြသင့်ပါပြီ။ငါက ဘယ်သူဘယ်ဝါ၊ ဘယ်လိုကောင် ဆိုတာလေးတွေလည်း မေ့ထားလိုက်ပါ။ တမြေထဲနေ၊တရေထဲသောက်ကြတဲ့ ညီအကိုမောင်နှမတွေချည်းပဲဗျာ။စတေးခံရသူတွေထဲမှာ အလွှာပေါင်းစုံကနေ ပုံစံအမျိုးမျိုး နဲ့ ပါဝင်နေတာ အားလုံးအသိပါ။တချို့လည်း စတေးခံနေရမှန်းသိရက် နေသာ သလိုနေကြတာ၊ အနေချောင်သလို နေကြတာတွေဟာ ဒီလိုအချိန်မှာ မဖြစ်သင့်တော့ပါဘူး။ဒီအခက်အခဲတွေကနေ လွတ်မြောက်အောင် စုပေါင်းပြီး ကြိုးစားရုန်းကန်ဖို့ အချိန်တန်နေပါပြီ။ အခုလို တနိုင်ငံလုံး၊ တမျိုးသားလုံး ဆင်းရဲမွဲတေ ငတ်မွတ်နေချိန်မှာ ခင်ဗျားတစ်ယောက်တည်း ထူးပြီး အောင်မြင်ပေါက်မြောက်နေ၊ တော်နေတတ်နေ၊ ပြည့်စုံသာယာနေ တော့ရော ခင်ဗျား စိတ်ချမ်းသာပျော်ရွှင် နေနိုင်ရဲ့လား။သိပ်ပြီး အတ္တကြီးလွန်းသူဖြစ်မယ်ဆိုရင်တောင် အနည်းဆုံးတော့ ခင်ဗျား ဘာလူမျိုးလဲ ဆိုတဲ့မေးခွန်းမျိုးတွေ မေးလာတဲ့အခါတော့ စိတ်မချမ်းမသာဖြစ်ရမှာပဲလေ။စနစ်အမျိုးမျိုးရဲ့ နာမည်တွေ အမျိုးမျိုး ပြောင်းခဲ့ပြီးပါပြီ။အသံပဲရှိတယ် အဆံမပါခဲ့ဘူး။သူ့ကျွန်ဘ၀က လွတ်မြောက်ပြီးကတည်းက ကျွန်တော်တို့နိုင်ငံ ဘယ်နှစ်ကြိမ်များ ဦးမော့ ခေါင်းထောင်ခဲ့ပါသလဲဗျာ။ကျနော်တို့ သိမှီသမျှ တော့ တစ်ကြိမ်တစ်ခါမျှ တိုးတက်ဖွံ့ ဖြိုးလာတာ မရှိခဲ့ပါ။အခု ကျနော်တို့ မမှီလိုက်တဲ့ သမိုင်းအစစ်အမှန်တွေ သိရှိပြန်တော့လည်း တိုင်းပြည်တစ်ပြည်ရဲ့ အတိုင်းအတာနဲ့ ဘက်စုံ၊ ဂဏ္ဍစုံမှာ တိုးတက်ပြောင်းလဲမှုမတွေ့ရပါ။ အဘယ်ကြောင့်ပါနည်း။ ဒီအခြေအနေတွေကို မခံမရပ်နိုင်ကြတဲ့ကျောင်းသားကျောင်းသူ ၊လူငယ် ၊ လူကြီးတွေ ပြည်ထောင်စုသား ညီအကိုမောင်နှမများစွာ အချိန်တွေနဲ့ရင်း၊ဘ၀တွေနဲ့ရင်း၊အသက်တွေနဲ့ရင်း၊ အစစအရာရာ ရင်းနှီးပေးဆပ်လို့ တော်လှန်ဖြိုဖျက်ကြတယ်။သူတို့ ဖြိုဖျက်နေကြတာ တော်လှန်နေကြတာ စနစ်ကိုပါ။ အဲဒီစစ်အာဏာရှင်စနစ် မှာ မိဘ မရှိ၊သွေးချင်းသားချင်း မရှိ၊ညီအကိုမောင်နှမ မရှိ၊ဓမ္မ မရှိ၊ ညီမျှခြင်း မရှိ၊ လူသားဦးနှောက် မရှိ၊ ချင့်ချိန်နိုင်ခြင်း မရှိ၊ စာနာနိုင်ခြင်း မရှိ၊ အမှန်တရား မရှိ၊ အသိတရား မရှိ။ အဓမ္မ အတ္တ၊ တဖတ်သတ်အမြင်နှင့် ဆိုးယုတ်ခြင်းသာတည်၏။ဤစနစ်ဆိုး အမြစ်မကျန် လုံးလုံးလျားလျား ပျက်ဿုန်းမှသာ တမျိုးသားလုံးချမ်းသာရာ ရမည်ဟု ယုံကြည်ပါသည်။ဤစနစ်ပျက်ဿုန်းသည့်နောက်ပင် တမျိုးသားလုံး၏ စနစ်ဆိုးမှပေးအပ်ခဲ့သော အကျင့်စာရိတ္တဆိုးများကို ပြုပြင်တော်လှန်ပစ်ရဦးမည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း မြန်မာလူငယ် လူပြိန်းတစ်ဦး၏ အမြင်တချို့အနေဖြင့် ရေးသားလိုက်ပါသည်။


Jul 14, 2007

ဒဏ်ရာများအားကြိုဆိုခြင်း

ငါတို. ရှေ.ကိုတက်လာပြီ~~~
ဘယ်သူလိုက်မလဲ မေးမယ်မထင်နဲ.။
ဘယ်လိုနေရာမျိုးမှ ဦးထားလိုသူတွေ မဟုတ်တာ
သေချာတယ်။
မနေ.တနေ.ကမှ သိရတဲ့သမိုင်းအစစ်အတွက်
အခုမှထပြီး သွေးဆူမနေတော့ဘူး။
အသိတရားမဲ့တွန်.လိမ်နေတဲ့ ကိုယ်.ကိုယ်ကိုပဲ
ဖြန်.ကျက်လိုက်ကြမယ်။
ဘယ်သူဘာမှမလိုဘူး
ကိုယ်.အလုပ်ကိုယ်လုပ်ပြီး
မှန်ကန်တဲ့ရပ်တည်ချက်နဲ.
အဆင်ပြေပြေ ရှင်သန်နေထိုင်ချင်သူတွေပဲလေ။
ဘယ်လိုဖိနှိပ်ပြီးလိမ်လိမ် အမှန်ဆိုတာအမြဲတိမ်မြုပ်မနေဘူး
ကိုယ့်သမိုင်းကိုယ် ရေးကြရသူချည်းပဲ။
ထုံထိုင်းနေတဲ့မျက်ဝန်းများ
ရေကန်အစပ်က မီးတောက်အနမ်းတွေ
ပြိုယိုင်မှုသာ ဘ၀ဖြစ်နေတဲ့ကမ်းခြေ
ပူလောင်ခြောက်ခမ်းလွန်းရင် အဆိပ်ကလည်းပြင်းတတ်တယ်။
ဥပမာ နမူနာတွေအများကြီး
သက္ကရာဇ်သမိုင်းဟာရာဇ၀င်အထူကြီးပါ
မမြင်မစမ်း ရမ်းကားခဲ့တာလည်းကြာပြီ
လက်ထဲကအုန်းသီးက ထမင်းနဲ.ရောချက်ရင်
အရသာကောင်းထွက်ပါတယ်။
အငြိုးတွေပေါ်က အမုန်းထက်
အတ္တနဲ.လောဘတွေခင်းကျင်းတဲ့ပွဲလေ
စင်ပေါ်တက်ပြီးတန်ဖိုးဖြတ်ခံ
သေတဲ့အခါ ဘာမှမပါဘူး သမိုင်းသာကျန်ခဲ့မယ်
ဘယ်လိုကောင်ဆိုတာxxx
အိပ်မနေနဲ. နေ၀င်တော့မယ်။ ။
သထ္တုရိုင်းတွေအရည်ကြိုဖို.(သို.) ငါ့တို.ကိုယ်ငါတို. ဖျော်ချလိုက်ဖို.
ငါတို. ရှေ.ကိုတက်လာပြီ~~~ ။ ။




Jul 9, 2007

အမှောင်ကလာတဲ့မျက်လုံး

  • အလင်းတွေက တောက်ပလွန်းတယ်~~~
  • အမှောင်နံရံထဲကအသံတွေလှန်းဆွဲနေဆဲ....
  • ငါ့လက်ထဲက တောင်ပံတဖျက်ဖျက်နဲ.
  • အလင်းတချို.ကျိန်းစပ်လို.ပေါ့----
  • ဗလာသက်သက်နဲ. ချီတက်လာခဲ့တာ
  • ဦးနှောက်နဲ. နှလုံးသားပဲပါတယ်=
  • ယုံကြည်ချက် လက်တစ်ဆုပ်နဲ. အသက်ဆက်မယ်....
  • ဘယ်လိုရိက္ခာမှ မသယ်ခဲ့ဘူး။
  • ချန်ထားခဲ့ပြီ
  • ပေးနေပါတယ်ဆိုတဲ့ လက်ဗလာနဲ.လုပ်ကြံဇာတ်~~~
  • ဆုံးရှုံးဒဏ်ရာxx မိုက်လိုက်တာဆိုတဲ့
  • ပတ်ဝန်းကျင်ရဲ့အဌာ+++
  • လူတွေကို လက်တလုံးကြားလှည့်စားဖို.
  • လက်ဗလာကြီးရဲ့ ဟန်ဆောင်ဂုဏ်ပုဒ်အခွံကို ချိတ်မနေချင်ဘူး။
  • အခုတော့........
  • အလင်းတွေ အထုပ်ဖြေ ဖြန်.ဝေနိုင်ဖို. စုနေတယ်။
  • ရိုးသားဆဲအမှောင်တွေဖို.ပါ
  • အဖြူရောင်သုတ်လိမ်းဖို.ပါ
  • အလင်းရှာနေကြသူတွေဖို.ပါ.....
  • ခင်ဗျားစုဆောင်းထားတဲ့ အလင်းတွေက
  • ဘာလုပ်ဖို.လဲ??? ဘယ်လိုပြန်သုံးမလဲ???
  • ဦးနှောက်နဲ. နှလုံးသားပဲ ပါတယ်။
  • ယုံကြည်ချက်လက်တစ်ဆုပ်နဲ. အသက်ဆက်မယ်
  • ဘယ်လိုရိက္ခာမှမသယ်ခဲ့ဘူး။ ။ ။

Jul 5, 2007

အရူး

ဂီတာကြိုးတွေနဲ. RUMအပြားတွေ
Unicolor Exercise Books Sizeကြီးနှစ်ဒါဇင်နဲ.
Uniballအချောင်းသုံးဆယ်
ခရေပန်းကုံးတွေနဲ.
ထွက်လာခဲ့တဲ့ဆံပင်ဖြူ အချောင်းနှစ်ဆယ်ကျော်
နေခြည်ဆေးပေါ့လိပ်တွေနဲ.
မိုးလင်းခဲ့လေးနှစ်ကျော်အချိန်တွေ
သွေးသောက်ခဲ့တဲ့ ခြောက်ကြိုးဂီတာ
မိုးရေထဲက သီချင်းကိုနားထောင်ဖူးလား???
ယုံစရာမရှိဘူး မူးရစ်စေတဲ့အရိပ်
အခုထိငါ.......နာရီတွေနောက်ပြန်ရွှေ.တိုင်း
သေမလောက်ခံစားရဆဲ~~~
နင်လည်း သေမလောက်ပဲ---
ပျော်နေမှာ ။
ထောင်သောင်းမက တေးများ
ငါ့လည်ချောင်းတွေ ကင်ဆာဖြစ်တဲ့ထိ
လေအေးစက်အောက်မှာ အလုပ်လုပ်မဲ့မိန်းကလေး~~~
ကမ္ဘာကြီးလုံးကြောင်း အသက်ကိုစတေးပြောသွားတဲ့သူကိုမမှတ်မိရင
ငါဟာ ကမ္ဘာမြေမှာမြင်ခဲ့ဖူးသူလားဆိုတာ
မင်းဦးနှောက်ထဲရောက်မဲ့ မေးခွန်းမဟုတ်တာ
သေချာရဲ့။
ပုပ်သိုးနေတဲ့ရင်ဘတ်ကြီးနဲ.
နင်မသိပဲ အသဲကွဲခြင်းအလုပ်ကိုလုပ်နေရတာ
နေ.မအား၊ညမအား
ဒါနောက်ဆုံးပဲ
ဒါနောက်ဆုံးပဲ
ဒါနောက်ဆုံးပဲ............ဒါနောက်ဆုံးပဲ...
ငါ့ရဲ့ ....မဆုံးတဲ့နောက်ဆုံးပဲ..........။ ။......

ရေငုံထားတဲ့ လိပ်ပြာ

ထုံပေကပ်တဲ့ပုံစံထက်မပိုတဲ့---
ပွဲကြည့်ပရိသတ်တစ်ဦးသာ...
ဘ၀ဟာ ဘယ်နှစ်ခါပျက်ခဲ့ပြီလဲ ။
ဒဏ်ရာဆိုတာ ဘာကိုခေါ်လဲ ????
အဆုံးကို အမြဲမျှော်နေတဲ့ ငှက်တကောင်ပဲ.......။ ။
ငြီးငွေ.ခြင်းတွေချည်း မော့သောက်နေရ
အတ္တတွေဘယ်တော့ အလင်းဝင်မလဲ???
ကျောက်စရစ်ခဲတွေ ရေတွက်ရင်း
အရသာမရှိတဲ့ သီချင်းတစ်ပုဒ်===
အနှစ်မဲ့ ကဗျာတွေ++++
ရေထဲမှာ ဘာမှမထင်ခဲ့ဘူး။ ။
ပိုးနုပ၀ါ ကတ္တီပါလွမ်းချင်း
သတိရခြင်းနဲ.စပ်လျဉ်းတဲ့မီးတွေ~~~
ငါရေးတဲ့သီချင်းလေ မင်းကြားဖူးလား???
ငါ့အသိဥာဏ်ရှိသလောက် နှလုံးသားကကြည့်နေတယ်
လူသားနဲ. ဘာသာဗေဒတွေ ပြည့်စုံအခြေ ဘယ်တော့ရောက်မလဲ???
ဖက်ရုံပဲ ဖက်ပါ ...ဦးနှောက်အလင်းမပျောက်ပါစေနဲ.။
ဒီလိုပဲ---လိမ်ရင်း ညာရင်း.....
သေဦးမယ်။ရှင်ဦးမယ်။
ထုံပေကပ်တက်ပုံစံထက် မပိုxxx
ဟောဒီကမ္ဘာမှာ~~~
ငါဟာ ပွဲကြည့်ပရိသတ်
စက္ကူပေါ်မှာ ကမ္ဘာပတ်ရှာရတာပျင်းစရာ
ငြီးငွေ.သောလက်များ ရဲ့ အေးစက်စက်ထွေးဖက်မှုအောက်
အလင်းတံခါးဆီသွားဖို. အားရှိသေးလား။
လွမ်းလိုက်တာကောင်မလေးရယ် လို.ပြောဖို.
အားမရှိတော.တာ သေချာတယ်။
မနက်ဖြန်ဆီ အလည်သွားပရစေဦး~~~ xxx~~
စောင့်ကြည့်နေလိုက်မယ် မျောက်တစ်ကောင်ကို+++
လိပ်ပြာကို ဘယ်တော.ဖမ်းစားလိုက်မလဲလို.။ ။ ။