Search This Blog

Dec 1, 2012

ရက်စက်ပါစေ

ငါဟာ တစ်မျက်နှာပဲ ရှိတယ်..
နောက်ထပ်တစ်မျိုးဖြစ်နိုင်ဖို့ဆို
ငါ့နောက်ကြောင်းအေး ငြိမ်းချမ်းလေမှ ဖြစ်မယ်...။
မဖြစ်...
မဖြစ်သေးဘူးလေ...
ဘယ်တော့လဲ...ငါ့နိုင်ငံ...
နောက်ကြောင်းမအေးတာ ငါမဟုတ်ဘူး...
ဒါပေမဲ့...
ငါ့နောက်ကျောနဲ့ ရင်တွေပါပူတယ်...
နောက်ကျောမလုံတာ ....ငါမဟုတ်ဘူး... 
ဒါပေမဲ့...ငါ့အိမ်မက်တွေပျက်စီးခဲ့ရတယ်...
ငါ့ပျိုရွယ်မှုတွေ ပျက်စီး ....အကြည်ဓာတ်တွေ ပျက်စီး...
ငါတို့ရဲရင့်မှု...တက်ကြွမှု....နိုးကြားမှုတွေ...ကြည်လင်မှုတွေ...
အရွယ်ရောက်ခြင်းနဲ့အတူ...တလွင့်လွင့် မျောပါပျက်စီးခဲ့ကြရ...
ခွင့်လွှတ်တော့....ချောသိဂီင်္ရတနာရယ်...
ငါဟာလေ....ငါ့ကိုယ်ငါ နာကျင်စေခဲ့သလို 
အားလုံးကိုလည်း ခံစားမိစေခဲ့သူပါပဲ....
ငါဟာ............ခေတ်စနစ်က ထုဆစ်တဲ့ အပြစ်သား သာပဲ...။