ခေတ်ပေါ်နံက်စာ ဗိုက်ဟောင်းလောင်းတစ်ပွဲနဲ့
အကြွေစောတဲ့ မနက်ခင်းတစ်ခု
ကိုယ်ထူကိုယ်ထ လမ်းမပေါ်...မှာ
ပစ္စလက်ခက် ဒဏ်ရာတွေနဲ့ ဟောဒီညတွေက
မှောင်သထက်သာ နက်နေဆဲလေ...။
လက်သည်းကြားထဲဝှက်ထားတာ ကြေးညှော်တွေပါ
လက်သည်းကြားထဲဝှက်ထားတာ ကြေးညှော်တွေပါ
ထိန်းမနိုင်သိမ်းမရ ပြိုလဲမှုတွေကြား
လရိပ်ခိုလို့ အေးမြလိုပေမဲ့...
ကိုယ့်ကိုယ်ကို တန်ဖိုးတွေ နင်းချေနေမိခဲ့
အိမ့်မက်ခွင့်မရှိအောင် အတွေးတွေ ထိုးထောင်ဖြူဖွေး..
အလင်းချို့ ပင်ပျိုတွေထက်
ချိနဲ့တဲ့ အတောင်ပံတွေလေ...။...
ကောင်မလေးရေ..
မင်းဆရာ တစ်ခါက ပြောဖူးတဲ့စကားလိုပေါ့
သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားမှာထက်
ငှက်တစ်ကောင်က...
အပင်တစ်သောင်းဖြစ်ရမယ်ဆိုတာလေ
ပစ္စုပ္ပန်ကို လက်ခံရင်း
ငှက်တစ်ကောင် ဖန်ဆင်းမယ်။ ။