Search This Blog

Jun 29, 2007

ရွင္သန္ဆဲ... အလြမ္းေသမ်ားအေႀကာင္း

ဦးစြာ---ပထမ===ငါဒီစာမ်က္နွာေလးေပၚမွာ လြတ္လြတ္လပ္လပ္ေရးပရေစေတာ့....မိေရႊေခ်ာရယ္။နင္တို.လည္း ဒီစာမ်က္နွာကို အရင္လိုေနာက္တစ္ႀကိမ္ ဖက္ၿပီး မရီေမာနိုင္ေတာ.ဘူး မဟုတ္လားကြယ္.။ေလနွင္ရာလြင္.ေနတဲ့ဘ၀ ....အင္အားမဲ့ေနွာင္တဲသည့္ႀကိဳး၊ ေၿခမသန္တဲ့ငွက္လို နားခိုရာမဲ့ပ်ံသန္းၿခင္းမွာ.... ဒီလိုေကာင္ကို ယံုႀကည္ကိုးစားၿခင္းဟာ အဆိပ္ၿဖစ္သြားနိဳင္တာ အခ်ိန္မေရြးေလ။လိုရာသြားပါေတာ့ေလ အခ်ိန္မေနွာင္းခင္...။ လြမ္းတဲ့နာရီေတြဟာ ေသေနတဲ့ေကာင္းကင္.....။မတည္ၿငိမ္တဲ့စိတ္နွလံုးနဲ.ညေတြက ေနဆယ္ကမၻာအလင္းလို ...ငါ႕ရင္ေတြ ပူေလာင္လြန္းလို႕ ႀကြမ္းၿပာက်ပေစ ....မ်ဥ္းၿဖတ္နွစ္ေႀကာင္းပါပဲခ်စ္သူေရ....။မင္းေတာ.ဘယ္လိုရွိမယ္ မေၿပာတတ္ဘူးကြယ္။မင္းအတြက္...ငါ..ရွာေဖြရင္း၊စုေဆာင္းရင္း၊ရင္းနွီးေပးဆပ္ရင္း၊သိမ္းဆည္းရင္း၊ေပးေ၀ရင္းနဲ....ငါ့အေတြးအေခၚေတြ အသားမာတည္ခဲ့ၿပီကြယ္။အခ်ိန္ေတြ ပ်ိဳရြယ္စဥ္တုန္းက....သြားလာေနတဲ့လူသံမ်ားနဲ. ဆူညံေနေသာ ေဟာဒီလမ္းမႀကီးရဲ့ေဘး ေန.တိုင္းေငးေမာေနက် အရိပ္တစ္ခု..(သို.မဟုတ္) သူမ...။ဇာတ္လမ္းေလးကေတာ့ ထံုးစံအတိုင္း မိဘလုပ္စာ အခန္.သားစားသံုးရင္း လြတ္လပ္ၿခင္းဆိုတာကို အလြန္အက်ဴး စားသံုးမိတဲ့လူတစ္ေယာက္ ေက်ာင္းသားလို. အမည္နာမကိုခံယူေနစဥ္ကေပါ့ဗ်ာ။လိုခ်င္တာကို ရခ်င္ၿဖစ္ခ်င္္္တဲ့အတိုင္း ၿဖစ္ေအာင္လုပ္မယ္၊ ရေအာင္ယူမယ္၊ ေရာက္ေအာင္သြားမယ္ ဆိုတဲ့ ေခါင္းမာမာ ခ်ာတိတ္တစ္ေယာက္ေပါ. ေကာင္မေလးရယ္။ေလာကႀကီးကမ်က္နွာသာမေပးခ်င္လို႕ ၀ွက္သိုဖံုးဖိထားၿခင္းခံရတဲ႕ ငါတို႕ လူငယ္ေက်ာင္းသားေတြရဲ႕ ေအာ္ဟစ္ၿမည္တမ္းေႀကြးေႀကာ္ေတာင္းဆိုသံေတြ ေလထဲမွာ အခုတိုင္ ထင္က်န္ေနလိမ္႕ ဦးမယ္။မၿမင္နိုင္ေအာင္ဖံုးဖိကာရံထားလည္း အမွန္တရားဆိုတာ ေရြ႕လ်ားလွည္႕ေၿပာင္းတတ္တာမ်ိဳးမွ မဟုတ္ရပါပဲကြယ္။ ရလာသမွ်ဒဏ္ရာအားလံုးကို ငါတို႕ ေတြေက်နပ္တယ္ ။"အားလံုးၿဖစ္လာရမယ္ ႀကိဳးစားအားထုတ္ၿခင္းသာ အဓိက"ဆိုတဲ့ ခံယူခ်က္ေလးေတြနဲ. တဇြတ္ထိုးခ်ာတိတ္ေတြ စုေပါင္းမိရင္း အဲဒီေခတ္အခါက အဲဒီပတ္၀န္းက်င္ရဲ့ ဆိုးရြားစြာကာရံထားတဲ့ ေက်ာက္ေဆာင္ေတြကို ေခါင္းေတြနဲ. ဘ၀မဲ့လူသားေတြအလား ေပ်ာ္ေပ်ာ္ႀကီးတိုက္ခိုက္ရံွဳးနိမ္.ႀကရင္း.ေပါ.။....ရွာေဖြစုေဆာင္းရင္းေတြ.ရွိလာသမွ် ေပးေ၀ဖို. အရင္ဆံုးသတိရတတ္သူကေတာ. က်ေနာ္.ရဲ့အိမ္မက္က အရွင္သခင္....။ေသြးေသာက္ညီအကိုေတြ၊ သူငယ္ခ်င္းေတြ နဲ.အတူ သူမတစ္ေယာက္ဟာ အဲဒီပတ္၀န္းက်င္မွာ က်ေနာ္ေမႊ.ေပ်ာ္ရာ က်ေနာ္. ရဲ့အိုေအစစ္တစ္ခုၿဖစ္လာခဲ့ပါေရာဗ်။ရင္ဘတ္ထဲက မြန္းႀကပ္ပိတ္ဆို.ေနသမွ် ဖြင္.ထုတ္ေဖာက္ခြဲရာ က်ေနာ္.ကမၻာေလးလည္းၿဖစ္ခဲ့။ သံသရာတေလွ်ာက္စာ လက္တြဲသြားဖို.ထိ ရူးရူးနွမ္းနွမ္းနဲ. စိတ္ကူးေတြနဲ.ကိုယ္.ဘ၀ကိုေမ့သည့္အၿဖစ္ေရာက္ေအာင္က်ေနာ့္ကိုဆြဲေဆာင္နိဳင္တဲ့ ...ပိရိတဲ့အိေၿႏၵရွင္၊ကိုယ့္ကိုယ္ကိုေတာင္ မယံုနိဳင္ေအာင္ေၿပာင္းလဲနိုင္ခဲ့တဲ့ က်ေနာ္နာမည္ေပးထားတဲ့ ေမးခိုင္...။သူမရဲ့ သူငယ္ခ်င္းအေပါင္းက က်ေနာ္.ကိ ုနာမည္ေၿပာင္(ဂလိုင္)ဟုေပးသည္ထိ အလြဲအေခ်ာ္မ်ားစြာၿဖင္. က်ေနာ္၊ အစြန္းတရားမ်ားၿဖင္. ၿမတ္နိဳးတြယ္တာခဲ့ရသည့္ အတိတ္တစ္ခု...၏ထင္က်န္ခဲ့ေသာ၀ိုးတ၀ါးအၿမင္

ဒီမွာ
အတိတ္ကိုမႀကာခဏထုတ္ထုတ္ႀကည့္ၿဖစ္ေနေသးသူတစ္ေယာက္~~~
သက္ေသၿပစရာကုန္ခဲ့တဲ့ ေမတၱာတရား+++
နံရံေတြၿပန္စမ္းႀကည္.ေတာ. .
ကြယ္.....
ငါ့ရင္ခုန္သံေတြ၊အမွတ္သညာေတြ==မီးေလာင္ေနခဲ့တယ္။ ....။
နင္.လက္ေတြ ေအးစက္ေနပ့လား---။
မနက္ခင္းေတြထဲမွာ အနာဂတ္ေတြလြင္.ေမ်ာပ်က္စီးရင္း~~~
အရာရာကို မေက်နပ္ၿခင္းေတြနဲ႕.....အိပ္ရာမဲ့ညေတြႀကာခဲ့ၿပီ။
ဘယ္အခါမွဖြင္.ၿပခြင္.မရတဲ့
စိတ္တန္ခိုးရဲ.ဖန္ဆင္းမွဳကမၻာxxx
ေယာနိေသာမႏၷသီကာေရာ--။---
အၿပစ္မ်ားစြာနဲ.ငါက ဘာကိုအၿပစ္တင္ရမွာလဲ???
လူသားဟာ လူသားပဲ;;;;;
မိန္းမဟာ မိန္းမပ
ၿဖစ္တယ္။ၿဖစ္ခဲ့တယ္။ငါမသိဘူး။မသိခဲ့နိုင္ဘူးxxx:
ရီစရာအေကာင္းဆံုးဟာသေတြဘယ္ေလာက္ငိုခဲ့ရသလဲ
:)
:):
)
:)
:
တံုးအၿခင္းဟာ ဘီလူးစီးခံေနရတဲ့တေစၧ
%%
သံသရာတေလွ်ာက္စာ ေမ်ာ္လင္.ဖူးသူမို.%
%ရွာေဖြတာမေတြနိဳင္တဲ့အခ်ိန္!!!!
စကၠဴေပၚက ရင္ခုန္ဒဏ္ရာေတြနဲ.---
= ႀကိဳေနဦးမဲ့~~~ ငါ့ရင္ခြင္အိမ္ ။ ။ ။



Jun 5, 2007

ည့ိုွမိွုင္းေသာ စကားလံုးမ်ား

စာေရးရတာ ကိုအခုတေလာစိတ္မပါဘူးၿဖစ္ေနတယ္။ဟိုအရင္ကဆို တစ္ရက္ကိုေက်ာင္းစာအုပ္ထဲမွာ (၈)မ်က္နွာ(တစ္ေႀကာင္းမွ မခ်န္) သံုးနွစ္ေလာက္ပံုမွန္ေရးခဲ့တာပဲ။အခုမွဘာလို့မေရးနိုင္တာလဲ ၿပန္စစ္ေတာ့ အေႀကာင္းရင္းက စိတ္နွစ္ထားတဲ့အေပၚမွာ တည္မီေနတာ။စာဖက္ခ်ိန္ကလည္း အရင္လိုမရေတာ့ဘူးေလ။ အလုပ္လုပ္ေနရၿပီကိုး။အရင္က ကဗ်ာေဟာင္းေလးတခ်ဳိ့ ၿပန္ဖက္မိတာနဲ့ ေရးလိုက္ဦးမွဆိုၿပီး လက္ေရာက္လာတာပါ။ဘာမွမဟုတ္ခဲ့တဲ့ ခပ္ေပါေပါခ်စ္ၿခင္းဖြဲ့ကဗ်ာစုပ္စုပ္ပဲ့ပဲ့ တစ္ပုဒ္ပါ။က်ေနာ္.စာမ်က္နွာေပၚေရာက္ေနတဲ့မိတ္ေဆြ ခင္ဗ်ားရဲ့အခ်ိန္ေတြကို ဒီကဗ်ာကၿဖဳန္းတီးလိုက္သလိုၿဖစ္ရင္ ေတာင္းပန္လိုက္ပါရဲ့။ သတိရၿခင္းနွင့္စပ္လ်ဥ္း၍ ေႀကြ၀ဲေနတဲ့ ခေရေတြ ဒါ...သစၥာတရားရဲ့သေကၤတလား။.... ေဟာဒီေလထုထဲမွာ~~~ ကတိစကားေတြ..သတိစကားေတြ... အ၀ါေရာင္မွိန္ပ်ပ်နဲ့..မိုးလင္းညေတြ...ရွိဦးမလား------ ဖမ္းဆုပ္လိုသူအတြက္ အဆိပ္မီး။... ဆႏၵဟာ လိုအပ္ခ်က္မဟုတ္တာနဲ့ဘဲ ကမၻာကိုဖ်က္စီးလိုက္သူက....ငါ... ေနာက္ဘယ္ေတာ့မွမဆံုနိုင္ေတာ့ပါxxxxxxx ခံနိုင္ရည္ေတြပ်ဳိးေထာင္ခဲ့လည္း ဘယ္အခါမွမႀကီးရင့္ခဲ့---- ရႊန္းလဲ့ႀကည္လင္တဲ့ ယုန္မေလးရဲ့ ေၿမေခြးမ်က္လံုး အႀကြင္းရွိေသးရင္ မင္းလက္ထဲကစိမ္းစိုတဲ့သစ္သီးတခ်ဳိ.နဲ့ မ်က္ရည္ေတြေမာ့ေသာက္လို့ ရီေ၀ေနခ်င္ခဲ့~~~ အခုေတာ့။...... အလြမ္းေတြနဲ့အတူ သူမေသသြားေပါ့ အတိတ္ေတြ ဘယ္ေလာက္ရွိလဲ။ ၿပန္ေကာက္လိုက္။ ၿပီးရင္...စုပံုၿပီးမီးရွဳိ့ေပးပါ~~~ စကားလံုးေတြက ကာရန္မဲ့ တ စ စီ ~~ပ်ံ့ ~~ က်ဲ ၀ဋ္ေႀကြးသက္သက္ အေႀကဆပ္မယ္။

Unicode

[Zawgyi]
စာေရးရတာ ကိုအခုတေလာစိတ္မပါဘူးျဖစ္ေနတယ္။ဟိုအရင္ကဆို တစ္ရက္ကိုေက်ာင္းစာအုပ္ထဲမွာ (၈)မ်က္ႏွာ(တစ္ေၾကာင္းမွ မခ်န္) သုံးႏွစ္ေလာက္ပုံမွန္ေရးခဲ့တာပဲ။အခုမွဘာလို႔မေရးႏိုင္တာလဲ ျပန္စစ္ေတာ့ အေၾကာင္းရင္းက စိတ္ႏွစ္ထားတဲ့အေပၚမွာ တည္မီေနတာ။စာဖက္ခ်ိန္ကလည္း အရင္လိုမရေတာ့ဘူးေလ။ အလုပ္လုပ္ေနရၿပီကိုး။အရင္က ကဗ်ာေဟာင္းေလးတခ်ိဳ႕ ျပန္ဖက္မိတာနဲ႔ ေရးလိုက္ဦးမွဆိုၿပီး လက္ေရာက္လာတာပါ။ဘာမွမဟုတ္ခဲ့တဲ့ ခပ္ေပါေပါခ်စ္ျခင္းဖြဲ႕ကဗ်ာစုပ္စုပ္ပဲ့ပဲ့ တစ္ပုဒ္ပါ။က်ေနာ္.စာမ်က္ႏွာေပၚေရာက္ေနတဲ့မိတ္ေဆြ ခင္ဗ်ားရဲ႕အခ်ိန္ေတြကို ဒီကဗ်ာကျဖဳန္းတီးလိုက္သလိုျဖစ္ရင္ ေတာင္းပန္လိုက္ပါရဲ႕။ သတိရျခင္းႏွင့္စပ္လ်ဥ္း၍ ေႂကြဝဲေနတဲ့ ခေရေတြ ဒါ...သစၥာတရားရဲ႕သေကၤတလား။.... ေဟာဒီေလထုထဲမွာ~~~ ကတိစကားေတြ..သတိစကားေတြ... အဝါေရာင္မွိန္ပ်ပ်နဲ႔..မိုးလင္းညေတြ...ရွိဦးမလား------ ဖမ္းဆုပ္လိုသူအတြက္ အဆိပ္မီး။... ဆႏၵဟာ လိုအပ္ခ်က္မဟုတ္တာနဲ႔ဘဲ ကမာၻကိုဖ်က္စီးလိုက္သူက....ငါ... ေနာက္ဘယ္ေတာ့မွမဆုံႏိုင္ေတာ့ပါxxxxxxx ခံႏိုင္ရည္ေတြပ်ိဳးေထာင္ခဲ့လည္း ဘယ္အခါမွမႀကီးရင့္ခဲ့---- ႐ႊန္းလဲ့ၾကည္လင္တဲ့ ယုန္မေလးရဲ႕ ေျမေခြးမ်က္လုံး အႂကြင္းရွိေသးရင္ မင္းလက္ထဲကစိမ္းစိုတဲ့သစ္သီးတခ်ိဳ.နဲ႔ မ်က္ရည္ေတြေမာ့ေသာက္လို႔ ရီေဝေနခ်င္ခဲ့~~~ အခုေတာ့။...... အလြမ္းေတြနဲ႔အတူ သူမေသသြားေပါ့ အတိတ္ေတြ ဘယ္ေလာက္ရွိလဲ။ ျပန္ေကာက္လိုက္။ ၿပီးရင္...စုပုံၿပီးမီးရႈိ႕ေပးပါ~~~ စကားလုံးေတြက ကာရန္မဲ့ တ စ စီ ~~ပ်ံ႕ ~~ က်ဲ ဝဋ္ေႂကြးသက္သက္ အေၾကဆပ္မယ္။

[Unicode]
စာရေးရတာ ကိုအခုတလောစိတ်မပါဘူးဖြစ်နေတယ်။ဟိုအရင်ကဆို တစ်ရက်ကိုကျောင်းစာအုပ်ထဲမှာ (၈)မျက်နှာ(တစ်ကြောင်းမှ မချန်) သုံးနှစ်လောက်ပုံမှန်ရေးခဲ့တာပဲ။အခုမှဘာလို့မရေးနိုင်တာလဲ ပြန်စစ်တော့ အကြောင်းရင်းက စိတ်နှစ်ထားတဲ့အပေါ်မှာ တည်မီနေတာ။စာဖက်ချိန်ကလည်း အရင်လိုမရတော့ဘူးလေ။ အလုပ်လုပ်နေရပြီကိုး။အရင်က ကဗျာဟောင်းလေးတချို့ ပြန်ဖက်မိတာနဲ့ ရေးလိုက်ဦးမှဆိုပြီး လက်ရောက်လာတာပါ။ဘာမှမဟုတ်ခဲ့တဲ့ ခပ်ပေါပေါချစ်ခြင်းဖွဲ့ကဗျာစုပ်စုပ်ပဲ့ပဲ့ တစ်ပုဒ်ပါ။ကျနော်.စာမျက်နှာပေါ်ရောက်နေတဲ့မိတ်ဆွေ ခင်ဗျားရဲ့အချိန်တွေကို ဒီကဗျာကဖြုန်းတီးလိုက်သလိုဖြစ်ရင် တောင်းပန်လိုက်ပါရဲ့။ သတိရခြင်းနှင့်စပ်လျဉ်း၍ ကြွေဝဲနေတဲ့ ခရေတွေ ဒါ...သစ္စာတရားရဲ့သင်္ကေတလား။.... ဟောဒီလေထုထဲမှာ~~~ ကတိစကားတွေ..သတိစကားတွေ... အဝါရောင်မှိန်ပျပျနဲ့..မိုးလင်းညတွေ...ရှိဦးမလား------ ဖမ်းဆုပ်လိုသူအတွက် အဆိပ်မီး။... ဆန္ဒဟာ လိုအပ်ချက်မဟုတ်တာနဲ့ဘဲ ကမ္ဘာကိုဖျက်စီးလိုက်သူက....ငါ... နောက်ဘယ်တော့မှမဆုံနိုင်တော့ပါxxxxxxx ခံနိုင်ရည်တွေပျိုးထောင်ခဲ့လည်း ဘယ်အခါမှမကြီးရင့်ခဲ့---- ရွှန်းလဲ့ကြည်လင်တဲ့ ယုန်မလေးရဲ့ မြေခွေးမျက်လုံး အကြွင်းရှိသေးရင် မင်းလက်ထဲကစိမ်းစိုတဲ့သစ်သီးတချို.နဲ့ မျက်ရည်တွေမော့သောက်လို့ ရီဝေနေချင်ခဲ့~~~ အခုတော့။...... အလွမ်းတွေနဲ့အတူ သူမသေသွားပေါ့ အတိတ်တွေ ဘယ်လောက်ရှိလဲ။ ပြန်ကောက်လိုက်။ ပြီးရင်...စုပုံပြီးမီးရှို့ပေးပါ~~~ စကားလုံးတွေက ကာရန်မဲ့ တ စ စီ ~~ပျံ့ ~~ ကျဲ ဝဋ်ကြွေးသက်သက် အကြေဆပ်မယ်။

Jun 3, 2007

လူ၏ကြန္တိုမ်ဥ္းမ်ား

ခင္ဗ်ားထိပ္ေၿပာင္ေနၿပီ။ဖိုတိုဂေရးမ်က္မွန္ေအာက္က ဆင္တစ္ေကာင္ရဲ့မ်က္လံုးနဲ.တူတဲ့ မ်က္ေပါက္က်ဥ္းက်ဥ္းေလးေတြက ႀကယ္ေသနွစ္လံုးလို မြဲၿပာၿပာနဲ.။နားရြက္က ခပ္ေသးေသး။"လူတစ္ေယာက္ရဲ့ ခႏၶာကိုယ္မွာ အရုပ္အဆိုးဆံုးအဂၤါအစိတ္အပိုင္းေတြဟာ နားရြက္ေတြဘဲဗ်"လို. ့ခင္ဗ်ားႀကံဳရင္ေၿပာတတ္တယ္။(ဗင္ဂိုးဟာ သူ.နားရြက္တဖက္ကို လွီးၿဖတ္ပစ္ခဲ့တယ္ဆိုတာ တကယ္ေတာ့ ရူးသြပ္လို.မဟုတ္ဘူး။ကပ္ဖကာရဲ့ အဖ်ားခၽႊန္ခၽႊန္နားရြက္ႀကီးေတြကလည္း ႀကည့္ရတာ ရယ္စရာေကာင္းတာပဲ။သိပံၸရုပ္ရွင္ကားေတြမွာပါတတ္တဲ့ တၿခားကမၻာကလာတယ္ဆိုတဲ့ သတၱ၀ါေတြရဲ့ နားရြက္နဲ.တူတယ္။လူေတြဟာ ရွက္တတ္မယ္ဆိုရင္ ကိုယ့္နားရြက္အတြက္ ကိုယ္ရွက္သင့္တယ္) ခင္ဗ်ားရဲ့လက္ေခ်ာင္းကေလးေတြကိုေတာ့ခင္ဗ်ားသေဘာက်ပါတယ္။သြယ္သြယ္ေလးေတြ ၿဖစ္တာရယ္၊ အဲဒီလက္ေခ်ာင္းေလးေတြက တဆင့္ ခင္ဗ်ားရဲ့ပါရမီေတြ လင္းၿဖာခြင့္ရတာရယ္ေႀကာင့္ေပါ့။လူက ခပ္ညုပ္ညုပ္။ဒါေပမယ့္ အဲဒီခႏၶာကိုယ္ေလးက အမွဳန္႕ႀကိတ္ထားတဲ့ ကမၻာတစ္ခုရယ္ တိုးလၽွိဳးေပါက္ၿဖစ္ေနတဲ့သဘာ၀ဓမၼတရားရယ္၊ မႀကားေစခ်င္တဲ့ရယ္သံရယ္ကိုလံုလံုၿခံဳၿခံဳ ထုပ္သိမ္းထားဖို.ေတာ့ လံုေလာက္တယ္ဆိုပါေတာ့။ ခင္ဗ်ားအေဖကေတာ့ စိတ္ပ်က္လက္ပ်က္ေၿပာမယ္။"ဒီေကာင့္မွာ ငါနဲ.တူတာရယ္လို့ထိပ္ေၿပာင္တာပဲရွိတယ္"လို့၊သူက ခင္ဗ်ားကိုနားမလည္ဘူး။(အမွန္ေတာ့ ဘယ္သူမွနားမလည္ဘူး၊)သားသမီးေတြထဲမွာ အႀကီးဆံုး၊ ငယ္ငယ္တုန္းက အေပ်ာ့ဆံုးလို႕(ထင္ရတဲ့)ဒီေကာင့္ကို ဘာၿဖစ္လို႕ သူလိုခ်င္သလို ပံုသြင္းလို.မရခဲ့သလဲဆိုတာလည္း သူ့အဖို. အေၿဖရွာမရတဲ့ ပုစၧာတစ္ပုဒ္ ၿဖစ္ေနတာကိုး။ခင္ဗ်ားအေဖက ေပါက္ကြဲလြယ္တယ္။စိတ္ထားနုတယ္။ေဒါသႀကီးတယ္။စိတ္မထိန္းခ်ဳပ္နိုင္ဘူး။တာ၀န္ကို ေႀကာက္တယ္။နွေၿမာတြန္.တိုစိတ္လည္းရွိတယ္။သူဟာ ပန္းတပြင့္အေယာင္ေဆာင္ထားတဲ့ ခ်ိန္ကိုက္ဗံုးနဲ.တူတယ္။သူ အရြယ္ေကာင္းေကာင္း၊ဗလေကာင္းေကာင္းတုန္းက ေသးေသးညုက္ညုက္ ေက်ာင္းသားေလးကို(တစ္ေန.က်ရင္ အထက္တန္းစားစာေရးၿဖစ္ေအာင္ဆိုတဲ့ ရည္ရြယ္ခ်က္နဲ.)မႀကာမႀကာ ႀကမ္းႀကမ္းတမ္းတမ္း ရိုက္ဖူးသူ။သူဟာ တၿခားဖခင္ေတြလိုပါဘဲ။သားသမီးကိုေမြးၿမဴဖို.ထက္ စည္သြတ္ဘူးစက္ရံုမွာ အုပ္ခ်ဳပ္သူလုပ္ဖို ့ပိုသင့္ေတာ္တဲ့လူေပါ့။ အခုေတာ့ ခင္ဗ်ားအေဖမွာ အသင့္အတင့္ေကာင္းမြန္တဲ့ ဒုတ္ေကာက္တစ္ေခ်ာင္းရွိတယ္။အသင့္အတင့္ေကာင္းမြန္တဲ့ ဇနီးတစ္ေယာက္ ရိွတယ္။အသင့္အတင့္ေကာင္းမြန္တဲ့ သားသမီးငါးေယာက္ ရိွတယ္။(အဲဒါကို သူက ကံေကာင္းတယ္လို့ ထင္မွာေပါ့)။အခုေတာ့ ခင္ဗ်ားအေဖဟာ တခါတေလ ကေလးေတြနဲ.ကစား၊တခါတေလ သီခ်င္းနားေထာင္၊တခါတေလ ဥပုသ္ေစာင့္၊တခါတေလ ေခြးေတြကို ေလးခြနဲ.ပစ္၊တခါတေလ ေသြးတိုး။မ်ားေသာအားၿဖင့္ ပက္လက္ကုလားထိုင္တစ္လံုးမွာ(အဲဒီကုလားထိုင္ကလည္း သူလိုခပ္အိုအိုရယ္)ပုတီးတစ္လွည့္၊ေဆးေပါ့လိပ္တလွည့္ လက္ကကိုင္ကာ ထိုင္ရင္း သိန္းထီ မပ်က္မကြက္ထိုးကာ မၿဖစ္ခဲ့ရတာေတြနဲ. မၿဖစ္နိုင္တာေတြကို စိတ္ကူး လြင့္ေမ်ာေနတတ္တဲ့ အရင္ကလိုပဲ စိတ္ကိုမထိန္းခ်ဳပ္နိုင္ေသးတဲ့ အသက္ ၇၀ အရြယ္လူအိုႀကီးေပါ့။ ခင္ဗ်ားအေမကေတာ့ စစ္ၿပီးေခတ္မွာ လူလားေၿမာက္လာတဲ့ တၿခားလူေတြလိုပဲ ေရွ့မေရာက္ ေနာက္မေရာက္သူ။စာေရးတတ္ ဖက္တတ္ရံုဆိုေတာ့ အၿမင္က်ဥ္းတယ္။သားသမီးေတြကို ခ်စ္ပံုရေပမဲ့ ဆံုးမစကားေၿပာရာမွာ ႀကမ္းတမ္းတယ္။ၿပကၡတိန္မ်က္နွာဖံုးပံုေတြကို ထရံမွာတုတ္ေခ်ာင္းနဲ. ထိုးကပ္တတ္သူ။(ခင္ဗ်ား ခဏခဏ ဆုပ္ၿဖဲပစ္ရတယ္။)အိမ္ေရွ့မွာ ခ်ဥ္ေပါင္ပင္ စိုက္တတ္သူ။သတင္းစာက နာေရးေႀကာ္ၿငာဖက္သူ၊(ခင္ဗ်ားစိတ္ပ်က္တဲ့)သူရႆတီ ကိုးကြယ္သူ။အသံုးအစဲြ လက္ဖြာၿပီး အတန္အသင့္စိတ္မာသူ။ အဲဒီခင္ဗ်ားအေမကေတာ့ ေဆးလိပ္မေသာက္၊အရက္မေသာက္၊ မိန္းမ မယူတဲ့ သိမ္သိမ္ေမြ.ေမြ. အမူအရာရိွတယ္လို႕ထင္ရတဲ့ ခင္ဗ်ားရဲ့ ပါးစပ္က တခါတေလ သင္တုန္းဓားထုတ္တဲ့စက္ရံုလို. ထင္ရေလာက္ေအာင္ ေခ်ာက္ခ်ားစရာ အယူအဆေတြနဲ. စကားလံုးေတြ ထြက္လာတတ္တာႀကားရင္ နားမလည္နိုင္ဘူးေပါ့။(အံ့ဩပံုေတာ့မရပါဘူး)သူ မဖက္တဲ့ ခင္ဗ်ားဖက္ေနတဲ့ စာအုပ္စင္ထဲက စာအုပ္ေတြကမ်ား သူေမြးထားတဲ့သားကို ဖ်က္စီးပစ္လိုက္သလားလို. သံသယပြားေကာင္းပြားမယ္။ ခင္ဗ်ားရဲ့ညီ ညီမေတြကလည္းဒီလိုပါပဲ။သူတို့ေရွ့မွာ အေဖနဲ.အေမကို (ဘယ္လိုစကားစပ္တည့္ သြားတယ္မသိဘူး)ခင္ဗ်ားက "မိဘေမတၱာဆိုတာလည္း ပုထုဇဥ္ေမတၱာမို. ေလာဘ၊ေဒါသ၊ေမာဟ ဖံုးလႊမ္းေနလို. မခိုင္မာေႀကာင္း၊ဘုရားရွင္ရဲ့ ေမတၱာနဲ.တစ္တန္းတည္းထားၿပီး ေၿပာဆိုေနႀကတာဟာ မွားယြင္းေႀကာင္း" အေလွ်ာ့မေပးတမ္း ေၿပာေနတာႀကားေတာ့ စိတ္ပ်က္ႀကတာေပါ့။မိဘကို စိတ္မေကာင္းေအာင္ ဒီလိုမေၿပာသင့္ဘူးလို ့ သူတို.ထင္မွာပဲ။သူတို.က ဒီေနရာမွာ ခင္ဗ်ားထက္ ပိုၿပီးလိမၼာတယ္။သူတို.ဟာ ရိုးသားတယ္။(ေဆးလိပ္ေတာင္မွ ဘယ္သူမွ မေသာက္တတ္ႀကဘူး)မရိုင္းပ်တဲ့ ပညာတတ္ေတြဆိုပါေတာ့။သဘာ၀သိပ္မက်တဲ့(ဘ၀မွာ တကယ္အသံုးမ၀င္တဲ့)အမ်ားသံုးေခတ္မီ အယူအဆေတြလည္းရိွႀကတယ္။အရာရာကို သူမ်ားႀကည့္ၿမင္သလို ႀကည့္ၿမင္ၿပီး သူမ်ားေၿပာဆိုသလိုလည္း ေၿပာဆိုတတ္ႀကတယ္။(အဲဒီလို ေနထိုင္တာက ေလာကမွာ အႏၱရာယ္လည္းကင္း၊လြယ္လည္းလြယ္တာကိုး)ခင္ဗ်ားကေတာ့ သေဘာမက်ဘူး။ သူတို့ကို လြတ္လပ္စြာ ေတြးေခၚေစခ်င္တယ္။သဘာ၀က်တဲ့ ဆင္ၿခင္ဥာဏ္မ်ဳိး ရွိေစခ်င္တယ္။ဒါေႀကာင့္လည္းလိုအပ္ရင္သူတို.နဲ. အတိုက္အခံေၿပာတာပဲ။သူတို.ကလည္း သူတို.အစ္ကိုႀကီးအေပၚ မ်ဳိးမတူတဲ့ အိမ္ေမြးသတၱ၀ါတစ္ေကာင္လို သေဘာထားတဲ့အခါလည္းရိွမွာေပါ့။တခါတေလလည္း ခင္ဗ်ားအတြက္ဂုဏ္ယူခ်င္ယူႀကမယ္။ေသခ်ာတာတစ္ခုေတာ့ရိွတယ္။အဲဒါ ခင္ဗ်ားကို နားမလည္ဘူးဆိုတာပဲ။ ခင္ဗ်ား မိတ္ေဆြဆိုတဲ့လူေတြ ကလည္း ဘာထူးလဲ။တစ္ေယာက္ကဆို ဒီလူဟာ "သမၼက်မ္းစာရယ္၊ကင္းမလက္မည္းရယ္၊မိုးတိမ္ရယ္ ေရာေမြထားတဲ့လူပဲ" လို႕ေၿပာခဲ့တာပဲ။ခင္ဗ်ားကေတာ့ၿပံဳးမယ္။ခင္ဗ်ားရဲ့အဘိဓာန္မွာမိတ္ေဆြဆိုတဲ့ အနက္ကိုဖြင့္ရင္ အကူအညီေတာင္းတဲ့သူ လို.ပဲ အဓိပၸါယ္ရတယ္မဟုတ္လား။လမ္းစရိတ္တဲ့။ေဆးဖိုး၀ါးခတဲ့။ထမင္းဖိုးတဲ့။အဲဒီအထဲမွာ အဆိုးဆံုးက တန္ဖိုးၿဖတ္ရခက္တဲ့ အခ်ိန္နဲ. အက်ဳိးအႀကာင္းမဲ့တရားေတြ ေရာပါသြားတတ္တာပဲ။ခင္ဗ်ားက သဘာ၀က်တယ္ဆိုရင္ ကိုယ့္ေခါင္းကိုၿဖတ္ေပးလိုက္ဖို. ၀န္မေလးတဲ့သူ။အဲ...သဘာ၀မက်ဘူးဆိုရင္ေတာ့ ကိုယ့္ဘြားေအကိုေတာင္ ယပ္ခက္ေပးဖို.ၿငင္းမယ့္သူ။ လူတစ္ေယာက္ရဲ့ဘ၀မွာ တာ၀န္ေတြက အမ်ားသား။ကိုယ္ခႏၶာထဲကို၀င္လာနိဳင္တဲ့ နွာေစးေခ်ာင္းဆိုးၿဖစ္တဲ့ဗိုင္းရပ္စ္ပိုးရဲ့ အႏၱရာယ္ကအစ ကမၻာေၿမႀကီးရဲ့ၿပင္ပေလထုအလႊာၿဖစ္တဲ့ အိုဇုန္းလႊာပ်က္စီးမွာကို ကာကြယ္ေနႀကရတယ္မဟုတ္လား။ဒီအထဲမွာ ကိုယ့္ဘ၀ကိုေတာင္ တာ၀န္မယူနိုင္တဲ့လူေတြက ခပ္ၿမင့္ၿမင့္အေႀကာေလွ်ာ့တဲ့ အလုပ္(အနုပညာကို တာ၀န္မဲ့ခြင့္လိုင္စင္တစ္ခုလို ကိုင္စြဲေနတာေတာ့ ခြင့္လြတ္စရာမရိွဘူး။လူတိုင္းဟာ ခင္ဗ်ားအလုပ္လုပ္သလို လုပ္နိုင္ပါတယ္။ဥပမာ-ခပ္ေပါေပါ ၀တၳဳေတြကိုေရး၊ ေရာင္းစားတာမ်ဳိး။ေႀကာက္လန္.မသြားပါနဲ.။အဲဒါဟာစာေပ မဟုတ္ပါဘူး။ဖ်ာရက္ေရာင္းသလို၊ တံၿမက္စည္းလုပ္ေရာင္းသလိုေပါ့။တစ္ခါက ခင္ဗ်ားေၿပာသလိုေပါ့။ "(တေရးနိုးထ ဘယ္ဘက္ေၿခမကို မင္တို.ၿပီး ေနာက္ၿပန္ေရးရင္ေတာင္ ၿဖစ္တဲ့ စာအုပ္မ်ဳိးေတြေလ)"ဒါမွမဟုတ္ ခင္ဗ်ားလုပ္သလို မလုပ္ဘဲလည္း ေနနိုင္ပါတယ္။ဘယ္လိုဘဲေနေန ကိုယ့္ဘ၀ကိုတာ၀န္ယူရဲတဲ့ သတိၱေတာ့ ရိွဖို.လိုတာေပါ့။ၿမိဳ့မၿငိမ္းရဲ့ သတိၱမ်ဳိးေလာက္မွ မရိွရင္ ႀကီးႀကီးက်ယ္က်ယ္ မေၿပာႀကပါနဲ.။ခင္ဗ်ားက "အနုပညာဆိုတာ တံေတြးေထြးတိုင္းေတာင္ ပါသြားတတ္တဲ့အရာလို့ ထင္တဲ့သူ မဟုတ္လား။အဲဒီလူေတြ စာမေရးခင္ အရင္ဆံုး သူတို့ဦးေနွာက္ေတြကို တံေတာင္ဆစ္ေရာက္ေအာင္ ခြဲစိပ္ကုသေပးဖို့ လိုတယ္။"လို.ေၿပာတတ္တယ္။ တၿခားသူ ေတာ္ေတာ္မ်ားမ်ားကို သနားတတ္သူ။အနုပညာသမားဆိုတာ ယိမ္းသမလည္းမဟုတ္၊ အရန္မီးသတ္တပ္ဖြဲ.၀င္လည္း မဟုတ္လို. ညီညႊတ္စရာမလိုဘူးလို. ေၿပာတတ္သူ၊ ေတာ္စတိြဳင္းရဲ့ စစ္နဲ့ၿငိမ္းခ်မ္းေရး၀တၳဳကို ခပ္ညံ့ညံ့လို. သတ္မွတ္သူ၊ ကြန္ၿမဴနစ္ပါတီ ၀င္ဖူးတာနဲ. ေဘာလံုးကန္ဖူးတာေႀကာင့္ ကမူးရဲ့၀တၳဳေတြဟာ ဖက္စရာမလိုဟု မွတ္ခ်က္ခ်သူ။ဗစ္တိုးရီးယား ဒီစီကားကို အီတလီသုခလို့ ေလွာင္တတ္သူ။ၿမန္မာၿပည္က ပန္းခ်ီၿပခန္းေတြထက္ နိုင္ငံၿခားၿဖစ္ ရွပ္အက်ီၤေရာင္းတဲ့ဆိုင္ေတြကို ပိုမိုတြယ္တာသူ(အဲဒီဆိုင္ကေလးေတြက ဒီဇိုင္းေတြကအာရံုကို ပိုလတ္ဆတ္ေစတယ္။)စာေပေလာကမွာ ဆရာေခၚစရာ မထားသူ။ယံုႀကည္မွုအတြက္ တစ္ကမၻာလံုးကို ဆန့္က်င္ဖို. ဘယ္တုန္းကမွ ၀န္မေလးသူ။ ခင္ဗ်ားက ဘ၀ရဲ့ ေလကြယ္ရာအရပ္မွာ တစ္သက္လံုး(ခင္ဗ်ားအေဖလို၊ၿပီးေတာ့ တၿခားသူေတြလို) ေက်ာက္ခ်ကပ္ခိုခ်င္တဲ့ သူမွမဟုတ္ပဲ။ပင္လယ္ၿပင္က်ယ္သမွ် ရြက္လႊင့္ၿပီး ကၽြန္းအသစ္ရွာခ်င္တဲ့သူ။ ခင္ဗ်ားဟာ ငယ္ငယ္ကတည္းက ေက်ာင္းေလ့က်င့္ခန္းစာအုပ္ေတြကို ကဗ်ာေရးပစ္တယ္။အတန္းထဲမွာ ဆရာနဲ. ရန္ၿဖစ္တယ္။ေက်ာင္းေၿပးတယ္။အိမ္ကလည္း ေၿပးတယ္။ပန္းခ်ီဆြဲတယ္။ စစ္တုရင္ ကစားတယ္။လၹက္ရည္ဆိုင္နဲ.ရုပ္ရွပ္ရုံမွာ အခ်ိန္ကုန္တယ္။အားလံုးကို သေရာ္ေတာ္ေတာ္ စကားေၿပာတယ္။အယူအဆကလည္း ေနရာတကာမွာ ကန္.လန္.လို.ဆိုရမယ္။(လူအမ်ားစုနဲ. ဘယ္ေတာ့မွ သေဘာထားခ်င္းမတိုက္ဆိုင္ဘူး)ခင္ဗ်ားဟာ ဒုစရိုက္မွာ ေပ်ာ္ေမႊ.တဲ့ မိုက္ကန္းေပါ့သြမ္းသူ မဟုတ္ဘူး။ဒါေပမဲ့ ပံုစံကိုက္လိမၼာသိမ္ေမႊ.သူေတာ့လည္း မဟုတ္ၿပန္ဘူး။(သဘာ၀တရားအတိုင္း ၿဖစ္ေပၚေနတဲ့ ခၽႊန္တက္တဲ့ ေက်ာက္ေစာင္းနဲ. တူမလားပဲ။) ဘာပဲၿဖစ္ၿဖစ္ ခင္ဗ်ားကေတာ့ အရာရာ(အစဥ္အလာ ၿဖစ္ထြန္းေနတာ)ကို သေဘာမေတြ.တဲ့သူ။အသက္ေလးဆယ္ေက်ာ္စမွာပဲ တစ္ေလာကလံုးကို သမ္းေ၀စရာလို. ၿမင္တတ္သူ။ခင္ဗ်ားအေဖနဲ.လည္း မတူတဲ့သူ။ခင္ဗ်ားအေမနဲ့လည္း မတူတဲ့သူ။တၿခားဘယ္သူနဲ.မွလည္း မတူတဲ့သူကိုး။ မွန္ထဲမွာ နွုတ္ခမ္းေလးတြန့္ရံု ခင္ဗ်ားၿပံဳးေနတာ ၿမင္ရတယ္။ၿဗဟၼာႀကီးတစ္ေယာက္ေတာင္ ခင္ဗ်ားေရွ့မွာ ရွက္ၿပီး လဲေသသြားနိုင္တဲ့ အၿပံဳးမ်ဳိးနဲ.ေပါ့။ ။ သစၥာနီ ရုပ္ရွင္ေတးကဗ်ာ ၁၉၉၀ ခုနွစ္


Unicode
ခင်ဗျားထိပ်ပြောင်နေပြီ။ဖိုတိုဂရေးမျက်မှန်အောက်က ဆင်တစ်ကောင်ရဲ့မျက်လုံးနဲ.တူတဲ့ မျက်ပေါက်ကျဉ်းကျဉ်းလေးတွေက ကြယ်သေနှစ်လုံးလို မွဲပြာပြာနဲ.။နားရွက်က ခပ်သေးသေး။"လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အရုပ်အဆိုးဆုံးအင်္ဂါအစိတ်အပိုင်းတွေဟာ နားရွက်တွေဘဲဗျ"လို.့ခင်ဗျားကြုံရင်ပြောတတ်တယ်။(ဗင်ဂိုးဟာ သူ.နားရွက်တဖက်ကို လှီးဖြတ်ပစ်ခဲ့တယ်ဆိုတာ တကယ်တော့ ရူးသွပ်လို.မဟုတ်ဘူး။ကပ်ဖကာရဲ့ အဖျားချွှန်ချွှန်နားရွက်ကြီးတွေကလည်း ကြည့်ရတာ ရယ်စရာကောင်းတာပဲ။သိပ္ပံရုပ်ရှင်ကားတွေမှာပါတတ်တဲ့ တခြားကမ္ဘာကလာတယ်ဆိုတဲ့ သတ္တဝါတွေရဲ့ နားရွက်နဲ.တူတယ်။လူတွေဟာ ရှက်တတ်မယ်ဆိုရင် ကိုယ့်နားရွက်အတွက် ကိုယ်ရှက်သင့်တယ်) ခင်ဗျားရဲ့လက်ချောင်းကလေးတွေကိုတော့ခင်ဗျားသဘောကျပါတယ်။သွယ်သွယ်လေးတွေ ဖြစ်တာရယ်၊ အဲဒီလက်ချောင်းလေးတွေက တဆင့် ခင်ဗျားရဲ့ပါရမီတွေ လင်းဖြာခွင့်ရတာရယ်ကြောင့်ပေါ့။လူက ခပ်ညုပ်ညုပ်။ဒါပေမယ့် အဲဒီခန္ဓာကိုယ်လေးက အမှုန့်ကြိတ်ထားတဲ့ ကမ္ဘာတစ်ခုရယ် တိုးလျှိုးပေါက်ဖြစ်နေတဲ့သဘာဝဓမ္မတရားရယ်၊ မကြားစေချင်တဲ့ရယ်သံရယ်ကိုလုံလုံခြုံခြုံ ထုပ်သိမ်းထားဖို.တော့ လုံလောက်တယ်ဆိုပါတော့။ ခင်ဗျားအဖေကတော့ စိတ်ပျက်လက်ပျက်ပြောမယ်။"ဒီကောင့်မှာ ငါနဲ.တူတာရယ်လို့ထိပ်ပြောင်တာပဲရှိတယ်"လို့၊သူက ခင်ဗျားကိုနားမလည်ဘူး။(အမှန်တော့ ဘယ်သူမှနားမလည်ဘူး၊)သားသမီးတွေထဲမှာ အကြီးဆုံး၊ ငယ်ငယ်တုန်းက အပျော့ဆုံးလို့(ထင်ရတဲ့)ဒီကောင့်ကို ဘာဖြစ်လို့ သူလိုချင်သလို ပုံသွင်းလို.မရခဲ့သလဲဆိုတာလည်း သူ့အဖို. အဖြေရှာမရတဲ့ ပုစ္ဆာတစ်ပုဒ် ဖြစ်နေတာကိုး။ခင်ဗျားအဖေက ပေါက်ကွဲလွယ်တယ်။စိတ်ထားနုတယ်။ဒေါသကြီးတယ်။စိတ်မထိန်းချုပ်နိုင်ဘူး။တာဝန်ကို ကြောက်တယ်။နှမြောတွန်.တိုစိတ်လည်းရှိတယ်။သူဟာ ပန်းတပွင့်အယောင်ဆောင်ထားတဲ့ ချိန်ကိုက်ဗုံးနဲ.တူတယ်။သူ အရွယ်ကောင်းကောင်း၊ဗလကောင်းကောင်းတုန်းက သေးသေးညုက်ညုက် ကျောင်းသားလေးကို(တစ်နေ.ကျရင် အထက်တန်းစားစာရေးဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ.)မကြာမကြာ ကြမ်းကြမ်းတမ်းတမ်း ရိုက်ဖူးသူ။သူဟာ တခြားဖခင်တွေလိုပါဘဲ။သားသမီးကိုမွေးမြူဖို.ထက် စည်သွတ်ဘူးစက်ရုံမှာ အုပ်ချုပ်သူလုပ်ဖို့ပိုသင့်တော်တဲ့လူပေါ့။ အခုတော့ ခင်ဗျားအဖေမှာ အသင့်အတင့်ကောင်းမွန်တဲ့ ဒုတ်ကောက်တစ်ချောင်းရှိတယ်။အသင့်အတင့်ကောင်းမွန်တဲ့ ဇနီးတစ်ယောက် ရှိတယ်။အသင့်အတင့်ကောင်းမွန်တဲ့ သားသမီးငါးယောက် ရှိတယ်။(အဲဒါကို သူက ကံကောင်းတယ်လို့ ထင်မှာပေါ့)။အခုတော့ ခင်ဗျားအဖေဟာ တခါတလေ ကလေးတွေနဲ.ကစား၊တခါတလေ သီချင်းနားထောင်၊တခါတလေ ဥပုသ်စောင့်၊တခါတလေ ခွေးတွေကို လေးခွနဲ.ပစ်၊တခါတလေ သွေးတိုး။များသောအားဖြင့် ပက်လက်ကုလားထိုင်တစ်လုံးမှာ(အဲဒီကုလားထိုင်ကလည်း သူလိုခပ်အိုအိုရယ်)ပုတီးတစ်လှည့်၊ဆေးပေါ့လိပ်တလှည့် လက်ကကိုင်ကာ ထိုင်ရင်း သိန်းထီ မပျက်မကွက်ထိုးကာ မဖြစ်ခဲ့ရတာတွေနဲ. မဖြစ်နိုင်တာတွေကို စိတ်ကူး လွင့်မျောနေတတ်တဲ့ အရင်ကလိုပဲ စိတ်ကိုမထိန်းချုပ်နိုင်သေးတဲ့ အသက် ၇၀ အရွယ်လူအိုကြီးပေါ့။ ခင်ဗျားအမေကတော့ စစ်ပြီးခေတ်မှာ လူလားမြောက်လာတဲ့ တခြားလူတွေလိုပဲ ရှေ့မရောက် နောက်မရောက်သူ။စာရေးတတ် ဖက်တတ်ရုံဆိုတော့ အမြင်ကျဉ်းတယ်။သားသမီးတွေကို ချစ်ပုံရပေမဲ့ ဆုံးမစကားပြောရာမှာ ကြမ်းတမ်းတယ်။ပြက္ခတိန်မျက်နှာဖုံးပုံတွေကို ထရံမှာတုတ်ချောင်းနဲ. ထိုးကပ်တတ်သူ။(ခင်ဗျား ခဏခဏ ဆုပ်ဖြဲပစ်ရတယ်။)အိမ်ရှေ့မှာ ချဉ်ပေါင်ပင် စိုက်တတ်သူ။သတင်းစာက နာရေးကြော်ငြာဖက်သူ၊(ခင်ဗျားစိတ်ပျက်တဲ့)သူရဿတီ ကိုးကွယ်သူ။အသုံးအစွဲ လက်ဖွာပြီး အတန်အသင့်စိတ်မာသူ။ အဲဒီခင်ဗျားအမေကတော့ ဆေးလိပ်မသောက်၊အရက်မသောက်၊ မိန်းမ မယူတဲ့ သိမ်သိမ်မွေ.မွေ. အမူအရာရှိတယ်လို့ထင်ရတဲ့ ခင်ဗျားရဲ့ ပါးစပ်က တခါတလေ သင်တုန်းဓားထုတ်တဲ့စက်ရုံလို. ထင်ရလောက်အောင် ချောက်ချားစရာ အယူအဆတွေနဲ. စကားလုံးတွေ ထွက်လာတတ်တာကြားရင် နားမလည်နိုင်ဘူးပေါ့။(အံ့ဩပုံတော့မရပါဘူး)သူ မဖက်တဲ့ ခင်ဗျားဖက်နေတဲ့ စာအုပ်စင်ထဲက စာအုပ်တွေကများ သူမွေးထားတဲ့သားကို ဖျက်စီးပစ်လိုက်သလားလို. သံသယပွားကောင်းပွားမယ်။ ခင်ဗျားရဲ့ညီ ညီမတွေကလည်းဒီလိုပါပဲ။သူတို့ရှေ့မှာ အဖေနဲ.အမေကို (ဘယ်လိုစကားစပ်တည့် သွားတယ်မသိဘူး)ခင်ဗျားက "မိဘမေတ္တာဆိုတာလည်း ပုထုဇဉ်မေတ္တာမို. လောဘ၊ဒေါသ၊မောဟ ဖုံးလွှမ်းနေလို. မခိုင်မာကြောင်း၊ဘုရားရှင်ရဲ့ မေတ္တာနဲ.တစ်တန်းတည်းထားပြီး ပြောဆိုနေကြတာဟာ မှားယွင်းကြောင်း" အလျှော့မပေးတမ်း ပြောနေတာကြားတော့ စိတ်ပျက်ကြတာပေါ့။မိဘကို စိတ်မကောင်းအောင် ဒီလိုမပြောသင့်ဘူးလို့ သူတို.ထင်မှာပဲ။သူတို.က ဒီနေရာမှာ ခင်ဗျားထက် ပိုပြီးလိမ္မာတယ်။သူတို.ဟာ ရိုးသားတယ်။(ဆေးလိပ်တောင်မှ ဘယ်သူမှ မသောက်တတ်ကြဘူး)မရိုင်းပျတဲ့ ပညာတတ်တွေဆိုပါတော့။သဘာဝသိပ်မကျတဲ့(ဘဝမှာ တကယ်အသုံးမဝင်တဲ့)အများသုံးခေတ်မီ အယူအဆတွေလည်းရှိကြတယ်။အရာရာကို သူများကြည့်မြင်သလို ကြည့်မြင်ပြီး သူများပြောဆိုသလိုလည်း ပြောဆိုတတ်ကြတယ်။(အဲဒီလို နေထိုင်တာက လောကမှာ အန္တရာယ်လည်းကင်း၊လွယ်လည်းလွယ်တာကိုး)ခင်ဗျားကတော့ သဘောမကျဘူး။ သူတို့ကို လွတ်လပ်စွာ တွေးခေါ်စေချင်တယ်။သဘာဝကျတဲ့ ဆင်ခြင်ဉာဏ်မျိုး ရှိစေချင်တယ်။ဒါကြောင့်လည်းလိုအပ်ရင်သူတို.နဲ. အတိုက်အခံပြောတာပဲ။သူတို.ကလည်း သူတို.အစ်ကိုကြီးအပေါ် မျိုးမတူတဲ့ အိမ်မွေးသတ္တဝါတစ်ကောင်လို သဘောထားတဲ့အခါလည်းရှိမှာပေါ့။တခါတလေလည်း ခင်ဗျားအတွက်ဂုဏ်ယူချင်ယူကြမယ်။သေချာတာတစ်ခုတော့ရှိတယ်။အဲဒါ ခင်ဗျားကို နားမလည်ဘူးဆိုတာပဲ။ ခင်ဗျား မိတ်ဆွေဆိုတဲ့လူတွေ ကလည်း ဘာထူးလဲ။တစ်ယောက်ကဆို ဒီလူဟာ "သမ္မကျမ်းစာရယ်၊ကင်းမလက်မည်းရယ်၊မိုးတိမ်ရယ် ရောမွေထားတဲ့လူပဲ" လို့ပြောခဲ့တာပဲ။ခင်ဗျားကတော့ပြုံးမယ်။ခင်ဗျားရဲ့အဘိဓာန်မှာမိတ်ဆွေဆိုတဲ့ အနက်ကိုဖွင့်ရင် အကူအညီတောင်းတဲ့သူ လို.ပဲ အဓိပ္ပါယ်ရတယ်မဟုတ်လား။လမ်းစရိတ်တဲ့။ဆေးဖိုးဝါးခတဲ့။ထမင်းဖိုးတဲ့။အဲဒီအထဲမှာ အဆိုးဆုံးက တန်ဖိုးဖြတ်ရခက်တဲ့ အချိန်နဲ. အကျိုးအကြာင်းမဲ့တရားတွေ ရောပါသွားတတ်တာပဲ။ခင်ဗျားက သဘာဝကျတယ်ဆိုရင် ကိုယ့်ခေါင်းကိုဖြတ်ပေးလိုက်ဖို. ဝန်မလေးတဲ့သူ။အဲ...သဘာဝမကျဘူးဆိုရင်တော့ ကိုယ့်ဘွားအေကိုတောင် ယပ်ခက်ပေးဖို.ငြင်းမယ့်သူ။ လူတစ်ယောက်ရဲ့ဘဝမှာ တာဝန်တွေက အများသား။ကိုယ်ခန္ဓာထဲကိုဝင်လာနိုင်တဲ့ နှာစေးချောင်းဆိုးဖြစ်တဲ့ဗိုင်းရပ်စ်ပိုးရဲ့ အန္တရာယ်ကအစ ကမ္ဘာမြေကြီးရဲ့ပြင်ပလေထုအလွှာဖြစ်တဲ့ အိုဇုန်းလွှာပျက်စီးမှာကို ကာကွယ်နေကြရတယ်မဟုတ်လား။ဒီအထဲမှာ ကိုယ့်ဘဝကိုတောင် တာဝန်မယူနိုင်တဲ့လူတွေက ခပ်မြင့်မြင့်အကြောလျှော့တဲ့ အလုပ်(အနုပညာကို တာဝန်မဲ့ခွင့်လိုင်စင်တစ်ခုလို ကိုင်စွဲနေတာတော့ ခွင့်လွတ်စရာမရှိဘူး။လူတိုင်းဟာ ခင်ဗျားအလုပ်လုပ်သလို လုပ်နိုင်ပါတယ်။ဥပမာ-ခပ်ပေါပေါ ဝတ္ထုတွေကိုရေး၊ ရောင်းစားတာမျိုး။ကြောက်လန်.မသွားပါနဲ.။အဲဒါဟာစာပေ မဟုတ်ပါဘူး။ဖျာရက်ရောင်းသလို၊ တံမြက်စည်းလုပ်ရောင်းသလိုပေါ့။တစ်ခါက ခင်ဗျားပြောသလိုပေါ့။ "(တရေးနိုးထ ဘယ်ဘက်ခြေမကို မင်တို.ပြီး နောက်ပြန်ရေးရင်တောင် ဖြစ်တဲ့ စာအုပ်မျိုးတွေလေ)"ဒါမှမဟုတ် ခင်ဗျားလုပ်သလို မလုပ်ဘဲလည်း နေနိုင်ပါတယ်။ဘယ်လိုဘဲနေနေ ကိုယ့်ဘဝကိုတာဝန်ယူရဲတဲ့ သတ္တိတော့ ရှိဖို.လိုတာပေါ့။မြို့မငြိမ်းရဲ့ သတ္တိမျိုးလောက်မှ မရှိရင် ကြီးကြီးကျယ်ကျယ် မပြောကြပါနဲ.။ခင်ဗျားက "အနုပညာဆိုတာ တံတွေးထွေးတိုင်းတောင် ပါသွားတတ်တဲ့အရာလို့ ထင်တဲ့သူ မဟုတ်လား။အဲဒီလူတွေ စာမရေးခင် အရင်ဆုံး သူတို့ဦးနှောက်တွေကို တံတောင်ဆစ်ရောက်အောင် ခွဲစိပ်ကုသပေးဖို့ လိုတယ်။"လို.ပြောတတ်တယ်။ တခြားသူ တော်တော်များများကို သနားတတ်သူ။အနုပညာသမားဆိုတာ ယိမ်းသမလည်းမဟုတ်၊ အရန်မီးသတ်တပ်ဖွဲ.ဝင်လည်း မဟုတ်လို. ညီညွှတ်စရာမလိုဘူးလို. ပြောတတ်သူ၊ တော်စတွိုင်းရဲ့ စစ်နဲ့ငြိမ်းချမ်းရေးဝတ္ထုကို ခပ်ညံ့ညံ့လို. သတ်မှတ်သူ၊ ကွန်မြူနစ်ပါတီ ဝင်ဖူးတာနဲ. ဘောလုံးကန်ဖူးတာကြောင့် ကမူးရဲ့ဝတ္ထုတွေဟာ ဖက်စရာမလိုဟု မှတ်ချက်ချသူ။ဗစ်တိုးရီးယား ဒီစီကားကို အီတလီသုခလို့ လှောင်တတ်သူ။မြန်မာပြည်က ပန်းချီပြခန်းတွေထက် နိုင်ငံခြားဖြစ် ရှပ်အကျီၤရောင်းတဲ့ဆိုင်တွေကို ပိုမိုတွယ်တာသူ(အဲဒီဆိုင်ကလေးတွေက ဒီဇိုင်းတွေကအာရုံကို ပိုလတ်ဆတ်စေတယ်။)စာပေလောကမှာ ဆရာခေါ်စရာ မထားသူ။ယုံကြည်မှုအတွက် တစ်ကမ္ဘာလုံးကို ဆန့်ကျင်ဖို. ဘယ်တုန်းကမှ ဝန်မလေးသူ။ ခင်ဗျားက ဘဝရဲ့ လေကွယ်ရာအရပ်မှာ တစ်သက်လုံး(ခင်ဗျားအဖေလို၊ပြီးတော့ တခြားသူတွေလို) ကျောက်ချကပ်ခိုချင်တဲ့ သူမှမဟုတ်ပဲ။ပင်လယ်ပြင်ကျယ်သမျှ ရွက်လွှင့်ပြီး ကျွန်းအသစ်ရှာချင်တဲ့သူ။ ခင်ဗျားဟာ ငယ်ငယ်ကတည်းက ကျောင်းလေ့ကျင့်ခန်းစာအုပ်တွေကို ကဗျာရေးပစ်တယ်။အတန်းထဲမှာ ဆရာနဲ. ရန်ဖြစ်တယ်။ကျောင်းပြေးတယ်။အိမ်ကလည်း ပြေးတယ်။ပန်းချီဆွဲတယ်။ စစ်တုရင် ကစားတယ်။လ္ဖက်ရည်ဆိုင်နဲ.ရုပ်ရှပ်ရုံမှာ အချိန်ကုန်တယ်။အားလုံးကို သရော်တော်တော် စကားပြောတယ်။အယူအဆကလည်း နေရာတကာမှာ ကန်.လန်.လို.ဆိုရမယ်။(လူအများစုနဲ. ဘယ်တော့မှ သဘောထားချင်းမတိုက်ဆိုင်ဘူး)ခင်ဗျားဟာ ဒုစရိုက်မှာ ပျော်မွှေ.တဲ့ မိုက်ကန်းပေါ့သွမ်းသူ မဟုတ်ဘူး။ဒါပေမဲ့ ပုံစံကိုက်လိမ္မာသိမ်မွှေ.သူတော့လည်း မဟုတ်ပြန်ဘူး။(သဘာဝတရားအတိုင်း ဖြစ်ပေါ်နေတဲ့ ချွှန်တက်တဲ့ ကျောက်စောင်းနဲ. တူမလားပဲ။) ဘာပဲဖြစ်ဖြစ် ခင်ဗျားကတော့ အရာရာ(အစဉ်အလာ ဖြစ်ထွန်းနေတာ)ကို သဘောမတွေ.တဲ့သူ။အသက်လေးဆယ်ကျော်စမှာပဲ တစ်လောကလုံးကို သမ်းဝေစရာလို. မြင်တတ်သူ။ခင်ဗျားအဖေနဲ.လည်း မတူတဲ့သူ။ခင်ဗျားအမေနဲ့လည်း မတူတဲ့သူ။တခြားဘယ်သူနဲ.မှလည်း မတူတဲ့သူကိုး။ မှန်ထဲမှာ နှုတ်ခမ်းလေးတွန့်ရုံ ခင်ဗျားပြုံးနေတာ မြင်ရတယ်။ဗြဟ္မာကြီးတစ်ယောက်တောင် ခင်ဗျားရှေ့မှာ ရှက်ပြီး လဲသေသွားနိုင်တဲ့ အပြုံးမျိုးနဲ.ပေါ့။ ။ သစ္စာနီ ရုပ်ရှင်တေးကဗျာ ၁၉၉၀ ခုနှစ်