Search This Blog
Dec 18, 2009
သိမ်မြောင်းသော ပယောဂများ
ငါ့ ကမ္ဘာ လမသာတော့တာ ကြာခဲ့ပြီပဲ
ဘာကြောင့်များလှိုင်းထာန်ရပါလိမ့်ကွယ်...
အမည်နာမမှတ်ဥာဏ် အင်မတန်အားနည်းသူ...ငါ
ငါ့ အကြားအာရုံကတဆင့် ..ငါ့သွေးတွေ
ဆောင့်ကြီးအောင့်ကြီးတိုးဝင်
ပြိုလဲပြီးသား အိမ်...
ငါ့မြေ..ခရေတွေလည်း မကြွေတာကြာခဲ့ပေါ့..။
တောင်တန်းမြူခိုးလည်း ငိုဖို့ကိုပဲ ပင်ပန်းလွန်းခဲ့
အဲဒီညတစ်ညလုံး ငါ့အမြင်အာရုံ အကုန်ကန်းတယ်
တကယ်တော့ ဒီပွဲလေ..
ဟောဒီပွဲပေါ့****
နှစ်ဖက်စလုံး အနိုင်မပါ..အရှုံးသက်သက် သိမ်းခဲ့တဲ့ပွဲ
အဟောင်းတွေနဲ့အတူ အကောင်းအတိုင်း ..
ဘာတစ်ခုမှ မကျန်လည်း
အခုတော့ ဘယ့်နှယ့်လဲလို့ နာနာကျည်းကျည်း မမေးရက်..
မသေသရွှေ့လျှောက်မဲ့လမ်း
ဝဋ်ကျေတမ်းကျေ မချိမဆန့်ဝေဒနာတွေ 
 ကျေပါစေလို့ ဆုမတောင်းတော့ပါဘူး...။
ငါ ယုံကြည်တဲ့ဘဝက သဲထဲရေသွန်
ရေဆိုးလောက်မှ တန်ဖိုးမရတဲ့ နှလုံးသွေး
အဲဒါပဲ ငါ့ရဲ့ အဓိက တွန်းအား တစ်ရပ် 
အဲဒါပဲ ငါရဲ့ နာကျည်းဖွယ်ရာ ဘ၀ရှင်သန်မှု
.......\....၊....*...+..=...\...
အဲဒီလိုနဲ့...
ငါမျက်လုံးတွေ ဖွင့်တဲ့ မနက်ဆိုတာ
အရောင်တွေ ရင့်ရော်အိပဲ့နေပြီ
အမြင်အာရုံရှေ့ လူတွေ...
ငါ့မြေက ငါ့လူတွေလေ...
ပျားပမ်းခက်လူးလွန့်လှုပ်ရှားနေကြ..ယောင်ယောင်လေး
ယောင်ယောင်လေး ဆိုတော့လည်း
ငါနုတ်ဖျားက စားမဲ့နံပြားက မြိုမကျ
တောင်တန်းမြူခိုးတွေလည်း ငိုဖို့တောင် ပင်ပန်းခဲ့နုတ်ဆိတ်အိပ်ချိန်တန်ပြီလား
ဘဝဒဏ်ကဗျာဆိုတာ စကားလုံးတွေထက်ပိုလေတော့..
ဟင်းစားရရင် အိမ်ပြန်မယ်လို့ မရောင့်ရဲကြတော့ဘူးလေ ။
ဝမ်းနည်းပါတယ်...။   ။ 
 နွေလှိုင်ဿုန်း
၁၈၊၁၂၊၂၀၀၉
4 comments:
  1. ဟင်းစားရရင် အိမ်ပြန်မယ်လို့ မရောင့်ရဲကြတော့တဲ့သူတွေထဲမှာ
    ငါ ပါ ခဲ့မယ်
    ချစ်သူအတွက်တစ်သက်စာ ရယ်မို့ 
    လူတဲ့ အဲဒီသတ္တ၀ါ
    မသေသေးသရွေ့ ယုံကြည်နေခွင့်ရှိတယ်
    ဆိုတော့လည်း
    ချစ်သူ ချစ်လာလိမ့်နိုး
    ငါ .... မျှော်လင့်ရှင်သန်စွာ
    ReplyDelete
  2. ဘယ်နေရာကောင်းတယ်လို့ပြောမရအောင်
    ကောင်းလိုက်တာ
    ReplyDelete
  3. ရင်ထဲထည့်ယူသွားတယ်
    ReplyDelete
  4. နှစ်သစ်မှာပျော်ရွှင်ပါစေ
    ReplyDelete
ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။