Search This Blog

Dec 14, 2009

လေလွင့်ခြင်းငြီးညူသံ

တစ်ခါက ညတွေလေ...
အလင်းအမှောင် တွေ မပြောင်းလဲပေမဲ့
နဂိုအတိုင်း ပြန်မဖြစ်တော့တာ သေချာတယ်..။
ငါလေ...
ရှက်တတ်ခဲ့လို့ မရှက်တဲ့သူပါ

ရေးခဲ့ဖူးတဲ့ ငါ့ ကဗျာ တစ်ပုဒ်ကို မမေ့သေးတဲ့
သူငယ်ချင်းတစ်ယောက်က
ငါသည်...ကဗျာ ဆရာ ဖြစ်လေ၏။
စာကြောင်းရေ တစ်ကြောင်းမကျန် မှင်များပြည့်နှက်ခဲ့သည့်
စာမျက်နှာ ၅ နှစ်တာ ကာလ...
ကောင်မလေး တစ်ယောက်က
ငါသည်....

နားလည်ရခက်သော စကားပြေရေးသူ သာ။
ဦးခေါင်းခွံလှန်ထားသည့်
အကန့်ပျက်မှတ်ဥာဏ်များ..x.x..
ဘဝ အပိုင်းအပြတ်များ၏ ရာဇဝင်ခင်းကျင်းပွဲက
ငါသည် ....
မော်ဒန်ပန်းချီကားတစ်ချပ်
သတိသာထားပေရော့ ကလေးရေ...
ငါတို့ ဒီထက် ပိုပြောခွင့်မရဘူးကွ..
စကြာဝဠာ လွတ်လပ်ခြင်းရဲ့ ...
ဆိုးကျိုးသက်သက်သာ ကျဲပက်စိုက်ပျိုး...
အကုသိုလ် အကျိုးတစ်ရားတွေ ...
ကူးသန်းရောင်းဝယ်ကြလိမ့်မယ်... ကလေး..။  
ပြီးတော့ ...
လိပ်ပြာ ဖမ်းတမ်း ကစားကြလိမ့်မယ်....
ပြီးတော့ ....
အတောင်ပံပေါင်းများစွာကို လှီးဖဲ့သိမ်းပိုက်လိမ့်မယ်...
ပြီးတော့ ......လား
ပြီးတော့..ပြီးသွားပါလိမ့်မယ်...။
ကလေးရေ... တခါတရံ..
ဘဝဆိုတာ 
ဒဏ်ရာနဲ့ရေးတဲ့ တေးတစ်ပုဒ်လောက်ပါပဲ...။xxxxx။
နွေလှိုင်ဿုန်း
၁၄-၁၂-၂၀၀၉

1 comment:

  1. ကမ္ဘာမြေပေါ်က ငါပျောက်ကွယ်သွားပါတော့မယ်ချစ်သူ
    အဲဒီအခါ.... ချစ်သူပြောတဲ့ ပြီးသွားမှာပေါ့လေ
    ကြည့်စမ်းပါကွဲ့ 
    ငါ့ရူးသွပ်မှုတွေ
    ဒါ..... သ၀န်မတိုတတ်သူတွေဖတ်ဖို့ ရယ်
    နောက်တော့........ချစ်သူညစဉ်သတိရဖို့ ရယ်
    နောက်တော့.....
    နောက်တော့....နောက်တော့....နောက်တော့

    ReplyDelete

ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။