Search This Blog

Oct 16, 2008

ပွက်ထနေဆဲ ရေပြင်

အပုပ်ဖော်တဲ့ပါးစပ်က ယုတ်ညံ့သလား ။
မပြောသင့်ဘူးထင်တဲ့...စကားလုံးတွေ ကြမ်းပေမဲ့...
ဒါဟာ လူတွေမသိတဲ့လူတွေရဲ့အော်ကလီဆန် အန်ချင်စရာတွေ..×..×..။
ဟန်တွေ ပန်တွေနဲ့ ကြိတ်ပုပ်ပွနေတာ များနေပြီလေ ။
အပုပ်တွေ ပေါ်တာနဲ့ အတွင်းသရုပ်မှန်က ဖော်စရာ မလိုပဲ ပေါ်လာပေါ့...
ဒါပေမဲ့ကွယ်...ငါတို့ကမ္ဘာကြီးက...
လူတွေရဲ့အမှားတွေနဲ့ အသားကျနေပါပြီ...။
ငါ့အမှားတွေများပေမဲ့ ငါ့အမှားတွေမှာ ကျေနပ်နေပါတယ် ။
မင်းကရော.....မင်းရဲ့အမှန်ထင်ခဲ့တဲ့ အမှားမှာ..........
မင်းထက်လှတဲ့ မိန်းမတွေ အများကြီးပါ ကောင်မလေးရယ်...

ဒါပေမဲ့....မင်းနဲ့တော့ မတူဘူးပေါ့လေ..။
ငါ့ရွက်တွေက လေလာလို့လွင့်တာလား??
စွန့်လွှတ်ဆုံးရှုံးခံခြင်းတွေကပဲ ငါ့လှေကို ကမ်းပျောက်စေသလား??
အဆုံးထိနှစ်လိုက်တဲ့နွံ ရူးနေတော့လည်း ရွံစရာဆိုတာ နားမ၀င်ဘူး...။

ထန်းသီးကြွေခိုက် ကျီးနင်းခိုက် မဟုတ်တာသေချာတယ်...
အခုတော့ တသောသော ...တမျောမျော..
ဘ၀ဆိုတာ အရှုံးတွေနဲ့သီကုံးထားတဲ့ခရေပန်းကြိုးပေါ့ကွယ်....
ရနံ့မွှေးရပေမဲ့ ဘယ်သူမှ အလေးမထားပါဘူးလေ ။
ဒီလိုနဲ့ပဲ သင်ခန်းစာတွေ များခဲ့တယ် ။
ငါ့တဏှာက ပွဲသိမ်းချိန် မရောက်ခင်ထိ ...
မင်းအနားမှာ ရှိနေချင်သေးတယ်...။..
မင်း အယူအဆတွေထက် တည်ငြိမ်တဲ့ မိန်းမတွေ အများကြီးပါ ကောင်မလေးရယ်..
ဒါပေမဲ့...မင်းနဲ့တော့ မတူဘူးလေ...။

ငါလည်း မင်းလို ပုထုဇဉ်မို့ ရာဂမီး တဟုန်းဟုန်းနဲ့ပဲ
ဘ၀တွေကူးလူးနေဦးမဲ့သူ....
အကျနာခြင်းတွေနဲ့ ထုသားပေသားကျနေတော့လည်း ကွယ်....
ဘ၀ကို ခင်ရင်းနဲ့ပဲ အရှုံးကိုဖက်ပြီး အိမ်မက်တွေ မက်နေဆဲလေ...
အမှောင်ဖုံးတိုင်း ဖရောင်းတစ်တိုင်စာလောက် ဖြန့်ကျက်ခွင့်ရချင်သေးတယ် ။

ဒီထက်မပိုချင်တော့ဘူးလေ........။........ဘာမှမတည်ငြိမ်တဲ့အချိန်အခါမှာ ငါတို့တွေကြီးပြင်းလာတော့ ဘယ်အရာက ခိုင်မာစွာယုံကြည်ကိုးစားသင့်လဲ ဆိုတာ အမြင်တွေ ယိုင်လဲပြောင်းရွှေ့သွားတာပေါ့လေ ။ငါဆိုတဲ့ကောင်ကလည်း ဟိုးအရင်ကတည်းက ခွင့်လွှတ်နားလည်ရင်း ချစ်ခဲ့မိသူကိုး ။ကျေနပ်သာယာနိုင်ပါစေ ချစ်သူ..........။ ။

2 comments:

  1. ဒီကဗျာကိုတော့ ကြိုက်တယ်ဗျာ.. တော်တော်လေးကောင်းမွန်ပါတယ်။ :)

    ReplyDelete
  2. ခုမှ မျက်စိလည်ပြီး ရောက်လာတာ... ၊ ဟား ဟား ... ကဗျာစက်ရုံလေးကို သေနေတဲ့ ကဗျာစက်ရုံလေးလို့ ချိတ်ထားတာပဲ သဘောကျတယ်။ ကျေးဇူးပဲလို့ မပြောတော့ဘူး။ တခြားနှစ်ခုမှာ အားထည့်နေလို့၊ (http://daywalker.myanmarbloggers.org , http://yinmarbin.myanmarbloggers.org) ပြီးတော့ ကဗျာအသစ်ကလည်း သူတို့နဲ့ အဆက်အသွယ်မရဘူးလေ... ဒီတော့ မရှိဘူးပေါ့ ။ ကိုယ့်ကဗျာတွေချည်း တင်မယ်ဆိုတော့လည်း လိပ်ပြာမသန့်ချင်တော့ဘူး။ အင်း အသက်ပြန်သွင်းဖို့ သတိရသွားတယ်...

    ReplyDelete

ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။