Search This Blog

Oct 6, 2008

မစဉ်းစားရဲတဲ့ အသိဥာဏ်အကန့်

ငါဟာ နာဂစ်လို အမေ့ခံဘ၀ ရောက်ခါစ လူသားပါ ။

အခုလောက်ဆို...

အေးစက်ထုံကျင်လောက်ပြီပေါ့..တောင်တန်းကြီးရေ...။

နေသားတကျ ဒုက္ခတွေက ငယ်ထိပ်ရောက်...

သိမ်ငယ်ရတာတွေ မခံချင်လေတော့ စိတ်ကျရောဂါလည်း စွဲခဲ့တယ်။

အပြင်မှာရော ပျော်နေနိုင်မယ် မင်းထင်နေလား ..။..???

အချစ်ဆိုတာ ဝေဒနာပဲမို့...

ဘယ်လိုပဲ လွတ်မြောက်ပါတယ်ပြောလည်း...

အရိပ်ဆိုတာ ထပ်ကြပ်မကွာလိုက်နေမှာပဲ ။

အချစ်ရေ...

ငါ့ရင်ခုန်သံနဲ့ ကျောက်ဆောင်ကွဲလိမ့်မယ် ။

ထိန်းချုပ်မရခြင်းကို ထိန်းချုပ်နေဆဲပဲ ။

လူကို စိတ်ကနိုင်စားတယ် ။

အချစ်ရေ...

ဟိုတုန်းကကဗျာလေးတွေ...ရယ်

သဲသောင်ကမ်းခြေနဲ့ ခရမ်းပြာနုတ်ခမ်း၊

အရောင်နွမ်းသွားတဲ့ ရေတမာအနမ်းအောက်မှာ

ညိုရော်တဲ့ ကျောက်ခင်းလမ်းတွေလည်း ပြီးခဲ့ပေမဲ့မှတ်တမ်းလေ ။

အချစ်ရေ...

ငါ့ဘ၀မှာ ဘာတွေများများစားစားတောင့်တ ဖူးသလဲ ။

လက်တစ်ဆုပ်စာ ငြိမ်းချမ်းရေးနဲ့

ငါ့ ပရိတ္ခရာ နည်းနည်းလေးပါကွယ် ။

အချစ်ရေ...

အုံ့မှိုင်းမှိုင်းယုတ္တိဗေဒနဲ့ ..

ဘ၀ကို စေစားတော့မယ်လား ။....???

အဲဒီမျိုးစေ့ကို ဘယ်သူကြဲခဲ့သလဲ စဉ်းစားပါ..။..

ငါဟာ မင်းအတွက် သိုးမည်းဖြစ်ပေမဲ့...

အကြွင်းမဲ့ယုံကြည်ခွင့်ပေးခဲ့ပါတယ် ။

သေခြင်းတရားရဲ့နောက်ကွယ်မှာ...

ဘယ်လိုအရာမှ မရှိတော့ရင်ပေါ့ ။

နွေလှိုင်ဿုန်း

No comments:

Post a Comment

ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။