Search This Blog

Jun 30, 2008

ပြည်တွင်း၌ ဒီပဲယင်း အမှတ်တရ ကဗျာ တရားဝင်ထုတ်ဝေခြင်း


ဒီနေ့ ၃၀.၆.၂၀၀၈ တနင်္လာနေ့မှာ အပေါ်က ကဗျာလေးကို ချယ်ရီမဂ္ဂဇင်းမှာ ပါလာတဲ့အတွက် မဂ္ဂဇင်း အယ်ဒီတာ နှစ်ယောက်ဖြစ်တဲ့ဒေါ်သပြေနဲ့ လင်းထိပ်သျှင်တို့ကို အလုပ်မှထုတ်ပယ်ခဲ့ပါတယ် ။စာပေစီစစ်ရေးက လွှတ်လိုက်သော်လည်း သေသေချာချာ ဖက်ကြည့်တော့မှ ဒီပဲယင်း အရေးနဲ့ ညှိ့နေပါတယ် ။ကဗျာဆရာ အောင်ချိမ့်ရဲ့တူဖြစ်တဲ့ဆရာကြည်မောင်သန်း ကိုတော့အရေးယူခြင်း တစုံတရာ မရှိသေးဘူးလို့သိရပါတယ် ။မဂ္ဂဇင်း စာအုပ်တွေကို လိုက်သိမ်းနေတယ်လို့ သိရပါတယ် ။စာပေစီစစ်ရေးက ခွင့်ပြုပြီးသား ဖြစ်နေပြီမို့ ကဗျာဆရာကိုတော့ အရေးယူနိုင်ဖွယ်မရှိဘူးလို့ မျှော်လင့်ရပါတယ် ။ဥပဒေဆိုတာ သူတို့ပါးစပ်မှာကိုးဗျ ။ဒီသတင်းအကြောင်းကို

ဧရာဝတီ မှာလည်း တင်နေပါပြီ ။ဒါပေမဲ့ အယ်ဒီတာ နှစ်ယောက်ကို တစ်ယောက်လို့ မှားယွင်းနေတာတွေ့ရပါတယ် ။နောက်ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့က ကဗျာဆရာ စောဝေ ရဲ့ (ဧရာဝတီတွင် လျှပ်တပြတ် လို့ဖော်ပြထားပါတယ် )အချစ်ဂျာနယ်မှာပါတဲ့ ဖေဖော်ဝါရီ ဆယ့်လေး "အာဏာရူးကြီး သန်းရွှေ" စကားလုံးပါတဲ့ ကဗျာနဲ့ ဆရာ စောဝေကို ဖမ်းဆီးခဲ့ပြီး ယခုချိန်ထိ ပြန်မလွှတ်ပေးသေးကြောင်း ရုံးထုတ်တာ ၃ ကြိမ်ရှိပါပြီ ။ချယ်ရီမဂ္ဂဇင်းက တော့ပုံမှန်ထုတ်ဝေခွင့်ရပါသေးတယ် ဇူလိုင်လဆန်း ၃ ၊ ၄ ရက်မှာ ထွက်လာမှာပါ ။

No comments:

Post a Comment

ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။