Search This Blog

Jun 30, 2008

မျက်ရည်စက်များရှာဖွေခြင်း

ငါ့ကိုယ် ငါ ဖော်ထုတ်ဖို့ ကဗျာ လုပ်သလား...???
အပြောမတတ်ရင် မိတ်ပျက်တယ်..။..
ငါ့အမှားတွေကိုလည်း အမှား အတိုင်းသာထားခဲ့ပါရဲ့ ။
ငါ့နောက်ကြောင်းမှာ နောင်တ မပါဘူး ။ ။


ဖမ်းဆုပ်လို့မရတဲ့ E-Bookတွေမှာ အခုထိ အာရုံစိုက် မရ
အချိန်မရွေးပျောက်ရှမဲ့ စာမျက်နှာထက်
စက္ကူပေါ်မှာသာ အား ပါတယ် ။
ပြန်ဆုံရာလမ်းမရှိတဲ့ ချစ်သူရယ်..
ရွှေဈေးနဲ့ လောင်စာဆီဈေးတွေ...တွေ...တက်တယ် ။
မက်ရင်းလွတ်ကျရတဲ့ အိပ်မက်
ဘာမှမလိုဘူး ။
မနက်ဖြန်အတွက် အသက်ကယ်ဆေးပေးပါ ။
ပျော်ရွှင်ခြင်းနဲ့ ချုပ်လုပ်တဲ့ဝတ်စုံပေးပါ ။
ရင်ဘတ်ကြီး ဟတ်တက်ကွဲနေပါစေ ။
ဘာမှမလိုဘူး ။
ငါ့ကိုယ်ငါ ဝှက်ထားဖို့ နေရာတစ်ခုပေးပါ ။
လူသားအတွက် လိုအင် ကင်းပျောက်တဲ့ဆေးပေးပါ ။
ဒုက္ခက ဘာတွေမွေးထုတ်ပေးလဲ..???
အာရုံစိုက် စောင့်ကြည့်လိုက်ပါ ။
သူရဲကောင်းများရဲ့ သမိုင်းအသစ်
လူရဲ့အခန်းဂဏ္ဍ
အစွမ်းအစတွေပြဖို့ကောင်းတဲ့
ဟောဒီမှာ
ခေတ်ပျက်ကြီး... ငါတို့ ကမ္ဘာလေ ။

No comments:

Post a Comment

ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။