Search This Blog

May 9, 2008

Nargis ကပေးတဲ့ အဆိုးအကောင်း(၂)


someone sent me sms one more ABC cyclill be coming sooner within 80hrs to Myanmar land side. Pls inform to ur family and ur friends as u can,ကဲ ဘယ်လိုလုပ်မလဲ ။လာဦးမယ် နောက်ထပ် ဒုက္ခတွေ.... တတန်းတစီကြီးကို ရောက်နေတော့တာပဲ ။ မြန်မာပြည်ကြီးတော့ ကံနိမ့်နေပြီ ။အစိုးရကလည်း လည်မြိုကိုနင်း ။လူထုတော့ အသေသတ်ခံရတာထက် ဆိုးတဲ့ဘ၀ပျက်မဲ့ကိန်း ဆိုက်နေပါပြီ ။ဒါပေမဲ့မနေ့က လေရှည်တာမပြီးသေးလို့ ဒီနေ့ထပ်ပြီး လျှာရှည်ပါရစေ။

ကျနော် ပြည်တွင်းကြားရတာတော့ ကျောင်းသူကျောင်းသားတွေကို စာမေးပွဲနဲ့ ခြိမ်းခြောက်ပြီး ထောက်ခံမဲကို အတင်းအဓမ္မ ယူတာကြားနေရပါတယ် ။အစိုးရ၀န်ထမ်းတွေ အတွက်တော့ရှင်းပါတယ် ။အလုပ်ထွက်မလား ထောက်ခံမလား ဒါပဲ ။အကုန်လုံးကို လည်မြိုနင်းပြီး ထောက်ခံမဲ အတင်းလုပ်ယူနေပါတော့တယ် ။စောင့်ကြည့်လေ့လာရေးအဖွဲ့ကိုလည်း အလာမခံတဲ့ကောင်တွေ အခုတော့ မှတ်ကရော ။နိုင်ငံတကာ အဖွဲ့အစည်းတွေ အကုန်ရောက်နေပြီ ။ဥာဏ်နီဥာဏ်နက် လေးတွေ ရှာပါဦး ။ထုတ်ပါဦး ။လုပ်ပါဦး ။ဒါကိုမှ ထပ်ပြီးရပ်တည်နိုင်သေးတယ် ဆိုရင်တော့ သွေးချောင်းစီးဦးမဲ့နောက်ထပ် လူထုတိုက်ပွဲ တစ်ခုကို ဒင်းတို့ကြိုဆိုရပါလိမ့်မယ် ။နိမိတ်ဖက်တာ မဟုတ်ပါဘူး ။ဒါဟာ ဘယ်လိုမှငြင်းလို့မရတဲ့ ကိစ္စပါ ။ရှင်းနေတာပဲ အခုတောင် လူတွေမှာ ဒုက္ခအကြီးအကျယ်ရောက်ရလှပြီ ။ရန်ကုန်မှာ စားစရာ မရှိတဲ့လူတွေ လုယက်ကုန်ပြီ ။အခြေအနေ အရမ်းဆိုးနေပါပြီ ။လူတွေမှာ သန်းခေါင်ထက်ညဉ့်နက်စရာ မရှိတော့တဲ့ အခြေအနေ ဖြစ်နေပြီ ။အသေသတ်လည်း ဆက်ချီတက်ကြတော့မဲ့ အခြေအနေ ကို ရောက်သွားပြီ ။မကျေနပ်တာတွေ ဘ၀နဲ့ရင်းပြီးချို့တဲ့ချိနဲ့နေရတာတွေ များနေပြီ ။ကဲ မိတ်ဆွေ ဘာလုပ်မလဲ ။ပါဝင်အားဖြည့် ပေးဆပ်ဖို့သာ အသင့်ပြင်ထားရတော့မှာပေါ့နော် ။ဒါပါပဲဗျာ ။ကျေးဇူးတင်ပါတယ် ။ ။

No comments:

Post a Comment

ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။