Search This Blog

May 16, 2008

ပိုးနုပ၀ါ ကတ္တီပါလွမ်းချင်း


ဒါဟာ..အနှစ် နှစ်ဆယ်က ...အချစ်ကဗျာတစ်ပုဒ်
ဒါမှမဟုတ်..သင်ခန်းစာအပြည့်နဲ့ ဘ၀တစ်ဆုပ်စာ ဒဏ်ရာ
အဲဒီကဗျာမှာ ...
ဘ၀နဲ့ရင်းတဲ့သင်ခန်းစာတွေ သိမ်းထုပ်အိမ်ပြန်ခဲ့ရဖူးတယ် ...။...
အခုတော့လည်း...xxx...

အိပ်ရေးမ၀တဲ့ လမ်းပျက်နံရံတွေမှာ
ဒုက္ခသည်မကတဲ့ ဂျစ်ပစီမိုးတိမ်တွေချည်းပဲလေ...။
အုတ်ကျိုးတွေအောက်က....xx..ရေမျောကမ်းတင်ဘ၀..xx..
လူတွေစုံတဲ့လမ်းမထက်က,,,,ခြေဗလာကျောမွဲ...
ဂုန်နီဖက်ရှင်တွေလည်းတွေ့မယ် ...။..
ဘ၀ရှိနေတဲ့အသက်မှာ အရှက်မရှိဘူးလို့ပြောမလား ။???
ငါ့သိက္ခာ ၊အသက်အရှက်တွေ ငါ့အစွမ်းအတတ်တွေ
မိုးသည်းလေထာန်ကြား မျောသွားလေပြီလား ဘ၀ရေ..။...
အခုတော့လည်း..xxx..
လက်ခြေဗလာ နားခိုရာမဲ့ အားကိုးရာဆိုတာထက် ..လေ
ခေါ်စရာမိဘ မရှိတဲ့ဘ၀တဲ့လား..။...
မနက်ဖြန်အနာဂတ် လှပဖို့ထက် ...ဒီနေ့ မငတ်အောင်ဘယ်သူဆောင်ကြဉ်းမလဲ ...။
လမ်းမထက်မှာ မြင်တွေ့တဲ့ခဏ.....x..
စိတ်ပျက်လက်ပျက် အကြည့်ရက်စက်နဲ့
လက်တွန့်နှာခေါင်းရှုံ့ နောက်ဆုတ် မပြေးပါနဲ့ ။
အသိတရားထည့်ထား ပြန်စဉ်းစားလေ ..။...
ငါလည်း ဒီလိုဘ၀ နေချင်ပါ့မလားလို့ ...။????...
ဦးနှောက်၊နှလုံးသား ခြေလက်များလည်း သိမ်မွဲချိနဲ့ အနာဂတ်မဲ့လေပြီ ...။
ငါ...................ဘာများဖြစ်ခွင့်ရှိသေးလဲ ။....?
အခုတော့လည်း....x.
အသက်ကြီးလေမှ ကြုံရလေပြီ ဒီဘ၀ဒီအခြေ
ဘယ်လိုဆက်နေမယ် ခေါင်းပူရင်းစဉ်းစားကာရူး
မှီကိုးတွယ်တဲ့ မိသားစုနဲ့ ...ငါ့အရှက် ငါ့အသက် ငါ့သိက္ခာငါ့လက်တွေ
အနန္တအစွမ်းရှင် ငါပင်အိမ်ဦးလေ.....။..
ဆာလောင်ငိုရူး သမီးသားတစ်စုလည်း မျက်ရည်မိုးပြိုရက်
ငါ့ရင်အက်ပြီ ရေကြီးမုန်တိုင်းကျခဲ့သကိုး..။---
ဒီလိုနဲ့.......ငါ .........နာဂစ်ထဲမှာ
ပုပ်သိုးလု ထမင်းတစ်ခဲမှ ဖြစ်ခဲ့ရရဲ့လား?????
ပီနမ်အိတ်ခြုံတဲ့အငြိုးတရားနဲ့ မိုးသားတွေလား??????????
မဆိုင်သလိုနေတတ်တဲ့ နွမ်းညစ်ညစ် အဆင်ပြေမှုလည်း ဖြစ်ကောင်း ဖြစ်မယ်လေ..။။???
မျက်ရည်နဲ့ရေးဖို့ အလှည့်ကျနေရင် မျက်ရည်ကျမှ သမိုင်းကအရာထင်မယ် ...။...
ဘာအတွက်ရှာပြီး??? ဘာလုပ်မှာလဲ????
အဲဒီ အဓိပ္ပါယ်ဟာ မင်း လိပ်ပြာရဲ့ သိက္ခာအဆင့်အတန်းပဲ ....။...။
၁၅.၅.၂၀၀၈ Nargis Cyclone အမှတ်တရ
နွေလှိုင်ဿုန်း



No comments:

Post a Comment

ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။