Search This Blog

Nov 13, 2007

ရင့်ရာက နုတဲ့ အလွမ်း


အဲဒီလိုနဲ့....
အလွမ်းတွေ ရင့်ရာကနုတယ်။
အိမ်ရာမဲ့လမ်းမထက်ကခြေရာ
လွမ်းတဲ့ငါးတွေရေချိုးတာပဲလေ။
အသားစားပန်းကို
ရင်ခွင်မှာပွေ့ပိုက်ထားရင်း
ထိုင်ခုံပေါ်မှာဘ၀တွေကိုရှာဖွေခြောက်ခြား
စကားလုံးတွေနဲ့ပစ်ခက်လည်း ငါမသေတော့
ကြွက်ထောင်ချောက်မှာ လူ မိတယ်....
အဲဒီလူဟာ လူ မဟုတ်ဘူး ။
မနက်ဖြန်ဟာ မျှော်လင့်ချက်ဆို
အဲဒီမနက်ဖြန်
ငါမလိုဘူး။
တိမ်တွေက ကျောက်ဆောင်ကိုတိုက်စားရဲ့
အချိန်တွေကလည်း ငါ့ကဗျာတွေကို
ကုတ်ဖဲ့နင်းခြေတယ်။
အဲဒီလိုနဲ့
အလွမ်းတွေ ရင့်ရာကနုတယ်။
ငါဟာ ငါလား?????
မစဉ်းစားတာကြာပြီ....
လိုလို့လား။
တက်မက်စရာဘာရှိလဲ
အားလုံးဟာ အတုအယောင်တွေချည်းပဲလေ။
အဲဒီလိုနဲ့
အလွမ်းတွေ ရင့်ရာကနုတယ်..။..
သိမ်းထားတဲ့သေတ္တာပျက်ထဲမှာ ဘာမှမရှိဘူး။
မရှိခြင်းထဲမှာ အရာရာရှိတယ်။
အဲဒီလိုနဲ့
အလွမ်းတွေ...သေသွားတယ်။ ။ ။

No comments:

Post a Comment

ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။