Search This Blog

Nov 8, 2007

ခြေရာမဲ့ ဒဏ်ရာ





Now playing: ProgName-BUR-2007-1108-0830
via FoxyTunes ဘယ်လိုမှမလုံခြုံတဲ့ဘဝ
ဘယ်အခါက၀ဠ်ကြွေးလဲမသိ....

မနေတတ်တဲ့အသိတရား
လူသားပီပီနေထိုင်ချင်တယ်။ ။
ကြပ်တည်းကျဉ်းမြောင်းစွာ
ငါတို့အသက်တွေကုန်ခဲ့
ချို့တဲ့မွတ်သိပ်ခြင်းနဲ့
အိမ်မက်သာ ငါတို့ကမ္ဘာလား ဟောဒီဖန်ခွက်ထဲမှာ ။ ။
ပျော်ရွှင်ဖွယ်အတွေး
ဘယ်တော့များချရေးခွင့်ရမလဲ လက်ရှိဘဝ
အချစ်အကြောင်းစဉ်းစားဦးမလို့လား
ငါ့လက်ကို တွဲရဲမှတွဲ
ဘ၀ကိုလည်း သရဏဂုဏ်တင်ခဲ့လေ။

ကြမ်းတမ်းတယ်ပြောမလား
ဟောဒီခေတ်ကကြမ်းတမ်းတဲ့လမ်းပဲ
လွမ်းလို့လည်း မငိုနဲ့
ကြွမ်းလို့လည်း အပိုပဲမဟုတ်လား။
ရင်းနှီးပေးရမဲ့အချိန်မှာကြီးပြင်းတဲ့ငါတို့
ဒီမိုကရေစီဆိုတာ
မဆိုင်သလိုနေလို့တော့
အလိုလိုရောက်မလာတာသေချာတယ်။
သူရမ်းလို့ကိုယ်ကြမ်းရင်
ပြည်တွင်းအနိဌာရုံသာမြင်တယ် ။
ဓမ္မနဲ့ အဓမ္မ မှန်ရာရပ်လို့
ဒဏ်ရာမတွက်ပဲညီညွတ်စို့ရဲ့သွေးချင်းတို့ရေ။ ။ ။

No comments:

Post a Comment

ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။