ဒီပုံတွေဟာ၂၄၊အောက်တိုဘာ၊၂၀၀၇နေ့စွဲနဲ့ ပြည်သူတစ်ဦး၏မှတ်တမ်းမှ ရယူထားတာဖြစ်ပါတယ် ။Google ကိုကျနော်တို့ကျေးဇူးတင်ရပါတယ် ။စကားပြောလို့မရသည့်တိုင် စာနဲ့ဆက်သွယ်လို့ရနေသေးတော့ ပြည်တွင်းက အချင်းချင်းရော ပြည်ပက လူတွေနဲ့ပါ အဆက်အသွယ်မပြတ်ရှိနေနိုင်လို့ပါ ။ပြည်တွင်းမှာ ဘာတွေဘယ်လို ဖြစ်နေပြီလဲဆိုတာ ကောလဟာလရော သတင်းအမှန်တွေပါ အချိန်မီကြားနေကြရပါတယ်။ကျနော်တို့လည်း အချိန်အားလေးရတာနဲ့ ပြည်တွင်းမှာ ဘာတွေ ဖြစ်နေလဲဆိုတာ blog လောကမှာရော၊ gtalkမှာပါ ရှာဖွေစုံစမ်းဖြန့်ဝေရင်း ထမင်းမေ့ ဟင်းမေ့ကိုယ့်နိုင်ငံအရေးအတွက် တတ်စွမ်းသမျှ ကြိုးပမ်းနေကြပါတယ်။ကျနော်စုမိတဲ့ သတင်းများ ပြန်လည်တင်ပြပေးလိုပါတယ်။


No comments:
Post a Comment
ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။