Search This Blog

Sep 17, 2007

ဂျစ်ပစီမိုးတိမ်



ကျနော် စဉ်းစားတာပေါ့နော်...လွမ်းစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ရေးရင် အဆင်ပြေမလား ။ ရီစရာတွေရေးလို့ ရမလား ။ ခပ်တည်တည်စာတွေ ရေးရင်ကောင်းမလား ။ လူရှိန်အောင်ရေးရင် စကားလုံးကြီးကြီးတွေ သုံးပြီး ရေးလိုက်ရင် ကောင်းမလား ။...ကောင်းမလား... ကောင်းမလားနဲ့ ကျမ်းကိုးကျမ်းကားနဲ့ ရေးရအောင်ကလည်း ကိုယ့် မှာ ဘာစာအုပ်မှ မယ်မယ်ရရ ရှိတာမဟုတ်..။ တတ်သည်ဖြစ်စေ ၊ မတတ်သည်ဖြစ်စေ ကိုယ့် စာမူကိုယ်ထုတ်၊ ကိုယ့် ဟာကိုယ့် ပြန်ဖက်ရမှာပဲ ။ ဘယ်သူဖက်သွားတယ်ဆိုတာ ကျနော်မှ ရေရေရာရာ မသိတာကိုး ။။တစ်ခုတော့ စိတ်ချမ်းသာတယ် ။ရူးတူးတူးကြောင်တောင်တောင်နဲ့ စာတွေကဗျာတွေ ကြိုးစားပမ်းစားနဲ့ ကုန်းရုန်းဖက်စုတုပြီး ရေး၊ ပြီးတော.မဂ္ဂဇင်းတိုက်လိပ်စာကို စာအိပ်မှာရေး ၊ တံဆိပ်ခေါင်းတွေကပ် ၊ စာတွေ ကဗျာတွေ ရေးထည့် ပြီးမှတ်ပုံတင်လုပ် ၊ပြီးတော့ စာတိုက်ကနေပို့ ။လကုန်ရင် ပို့ထားတာလေးပါ မပါ မဂ္ဂဇင်းတွေ ငှားဖက် ။ကိုယ့် ကလောင်လေးပြူးတူးပြဲတဲနဲ့ လိုက်ရှာ ၊ ဘယ်နှစ်ကြီမ်၊ ဘယ်နှစ်ခါ မှန်းလည်း မသိတော့ဘူး။ငါ.... အဆင့် မရှိတာလား ။ စာက... မရောက်တာလား ။ ရောက်တဲ့ စာကို ပဲ... မဖတ်လို့လား ။ကိုယ်က နယ်ကလူလေ ။တခြားကိစ္စ ကိုယ် မသိဘူး။ကိုယ်ပို့လိုက်တဲ့ စာ ပါမပါ ၊အကြောင်းပြန် မပြန်၊ ဒါကိုပဲ ကိုယ်ကြည့် မှာလေ ။အမျိုးမျိုးအထွေထွေ စဉ်းစား ၊ကိုယ့်စာ အဆင်ပြေသွားပြီလို့ထင်ရင် လွှတ်လိုက်မယ် ။မဂ္ဂဇင်းထဲမှာ ပါမလာဘူးဆိုရင် တစ်ခုခုတော့မှားနေပြီပေါ့။ ကိုယ့်ရဲ့ အရေးအသားကြောင့်လား ။ဘာညာဘာညာပေါ့ ။ အာရုံနောက်တယ်ဗျာ ။
အခုတော့ အဆင်ပြေလှ သပေါ့ ။ မောင်မောင်blog မှာ စိတ်ရှိသမျှ ရေး... အေးဆေးပဲ။ အားပေးမှုကတော့ ကိုယ့် လူမှုရေး ပေါ်မှာပဲတည်မယ်လို့ထင်ပါတယ် ။လည် လိုက်ပတ်လိုက် ၊ အော်လိုက် ဟစ်လိုက် နဲ့ မိတ်ဆွေတွေ ရလာမှာပေါ့ ။အဲဒီလို လူမှုရေး ကျယ်ပြန့်ရင် ကျယ်ပြန့်သလောက် ၊(အော်နိုင်ရင် အော်နိုင် သလောက် ..ဟုတ်လားတိဝူးနော်..ဟီးဟီး)ပရိသတ် အနေအထားက စကားပြောမှာပါ။ဒါမှ သိမှာကိုး ။ဘယ်နေရာမဆို...ရောထွေးပါရှိနေမဲ့ အကောင်းအဆိုး ၊ အမှန်အမှား တွေကို ဆင်ခြင်စဉ်းစားနိုင်မှ သိမှာမို့ သတိကပ်နေဖို့တော့လိုပါတယ် ။ယုံကြည်ချက်ချင်း တူရင်တောင် ရည်ရွယ်ချက်ချင်း တူမလား ။မမြင်ရတဲ့လူတွေနဲ့ ရင်းနှီးတာပါ ။လူချင်းတွေ့နေတာတောင် ခွဲခြားရခက်တဲ့ လူ့သဘောကို onlineပေါ်တွေ့တဲ့ အခြေအနေ တစ်ခုထဲနဲ့ မယုံကြည်နိုင်ပါဘူး။ ဒါ ကျနော့် သဘော သက်သက်ပါ။ ကျနော်ကတော့ ဘယ်သူ့ အတွေးအခေါ် အယူအဆ ပဲဖြစ်ဖြစ် ဒါဟာ ဘယ်လောက် အလုပ်ဖြစ်လဲ...အလုပ်ဖြစ်တဲ့ အပေါ်မှာ ကြည့်ချင်ပါတယ် ။ဘာပဲဖြစ်ဖြစ် ယေဘူယျတော့ ဆွေးနွေး တိုင်ပင်လို့ ရတယ်ပေါ့ဗျာ။
ကျနော်က နည်းပညာသမား မဟုတ်သလို အတတ်ပညာရှင်လည်း မဟုတ်ဘူး ။အနုပညာမှာ ထက်သန်တယ် ။အမျိုးသားရေးမှာ အားတက်သရော ရှိတယ် ။မြန်မာပြည်ကြီးကို အောက် အကျဆုံး၊ နောက် အကျဆုံး ဆိုတဲ့ အခြေအနေက အကောင်းဆုံးအခြေအနေ ဖြစ်အောင် ၊ ရောက်အောင် လုပ်ချင်သူ ...မျိုးချစ်ပုဂ္ဂိုလ် တစ်ယောက်လို့ ကိုယ့်ကိုယ် ကို ယူဆထားတဲ့လူတစ်ယောက်သာ ပဲ။ ဒီထက် ဘာမှ မပိုဘူး ။ယခုဆွေးနွေးနေတဲ့ အကြောင်းအရာတွေနဲ့မဆက်စပ်တဲ့ စကားတွေကို လည်း ပြောတတ်သူတစ်ယောက်ပေါ့ ။အခုကျနော်တင်ထားတဲ့ ဦးဇော်ဝင်းထွဋ်ရဲ့ကော်ပီသီချင်း ဖြစ်တဲ့ စကားလုံး ဦးဝင်းမင်းထွေး...ရေးထားသလို ဂျစ်ပစီ မိုးတိမ် တစ်ခုပါပဲ ဗျာ ။ကျနော် လူပျိုပေါက် ဘ၀ပေါ့နော် ။(၁၃-၁၄)နှစ်လောက်က ဘ၀ကို ခံစားကြည့်ပြီး ဘာမသိညာမသိ ကြေကွဲခဲ့ရတဲ့ သီချင်းပေါ့ဗျာ ။ရင်ဘတ်ထဲမှာ အသေစွဲတယ် ။ဒီအရွယ်ရောက်သည်ထိ...ဘယ် အချိန် ပြန်ပြီးနားထောင် ..နားထောင် ရင်မှာ အဲဒီ တစ်ခွေလုံး ထိတယ်။ဦးဝင်းမင်းထွေးရဲ့ ဒဏ်ရာတွေကိုလည်း ပြေးမြင်မိတယ် ။ကျနော် ကြိုက်လွန်းလို့ မျှဝေတဲ့ သဘောပါ ။တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး ။

No comments:

Post a Comment

ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။