Search This Blog

Aug 21, 2007

သောက်လေသူ ဆယ့်တစ်မိုး အတွက်....အမျှ..အမျှ..အမျှ

မရေးချင်ပဲ ရေးတဲ့ ကဗျာ တပုဒ်ပဲဗျို့ ။ ဘာလို့ လဲဆိုတော့ လူမှုရေးအရမို့ပါ ။ဟိုလူ....ဆယ့်တစ်မိုး ဂျီကျနေတာကို နားပူလွန်းလို့ရေးလိုက်ရတာ။သူ့ ရဲ့ နှလုံးသားကို အစားထိုး ၀င်ရောက်ခံစားခြင်းပေါ့ ။ သူ့ ကောင်မလေးကိုတော့ နည်းနည်းမှ ၀င်မခံစားခဲ့ ရဘူးဗျဟားဟားဟား။ဘာပဲဖြစ်ဖြစ်... ရေးပြီဗျာ.....။
နေပျော်ခြင်း
ချစ်သူရေ.....။
ငါလေ...................
ကျရှုံးခဲ့ ရင်လည်း
မင်းအတွက်ခံစားခဲ့ရတဲ့ ဒဏ်ချက်တွေမို့
နေပျော်တယ်။
အောင်မြင်ရင်လည်း
မင်းအတွက်ရည်စူးလို့ ကြိုးစားခဲ့ တဲ့ အားအင်တွေမို့
ကျေနပ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ်လေ......
ငါ့ ဘ၀မှာ ပတ်သတ်လာသမျှ
အရာရာကို
ကျေနပ်နေပျော်တတ်အောင်
သင်ကြားပေးခဲ့ တဲ့
ဝေဒနာများနဲ့လမ်းပါပဲလေ.....။
အတုံ့ အလှည့် မမြင်တဲ့
မင်းအတွက်
မေတ္တာတရားများနဲ့ ငါ့ရင်ခွင်ကို
တသက်စာနေပျော်ဖို့
ဖန်ဆင်းပေးခဲ့ တဲ့ ကျေးဇူးအတွက်
ချစ်သူရေ....
သတိရရင်း......
လွမ်းဆွတ်ရင်း.....
ရီဝေခံစားနေရင်း......
ကျေးဇူးတင်နေဆဲပါလေ.....။ ။

1 comment:

  1. သတိရရင်း ....
    လွမ်းဆွတ်ရင်း ....
    ခံစားနေရင်း ....
    (ကျကျန်ခဲ့သော စကားစုများ >>> ပြင်းရှရှ ဒီရသက ဆော်ဒါမလို ရေကိုဖျော်ရင်း အာခေါင်ထဲကို ပက်သွင်းရင်းနဲ့ )
    ကျေးဇူးတင်နေဆဲပါလေ.....။ ။

    ReplyDelete

ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။