Search This Blog

Aug 7, 2007

ကမ္ဘာဦးယဉ်ကျေးမှု

တောင်ပုံယာပုံ အိမ်မက်ကြီး များနဲ့

ခရမ်းရင့် ရောင်ဘ၀တစ်ခု

ရယူချင်တာ တစ်ခု အတွက်

ပေးဆပ်ရမှာ များတတ်တာသိရက်

အချစ်ဆိုတာ ကို တစ္ဆေဖြစ်ခံခဲ့ တယ် ။

အစစ်ဆိုတဲ့ ခက်ဆစ်ကမှားနေလေသလား

ငါဆိုတဲ့ ကောင်ဟာ ဗလာပါ ကောင်မလေးရယ်...

ကောင်းကင်က ပန်းတပွင့် ကို လိုချင်ရင်

မြေကြီးကို ချစ်တတ်ဖို့ အရင်သင်ကြားခဲ့ ပေါ့ ။

ယိုးမယ်ဖွဲ့ လက်ညှိုးထိုးဖို့ တရားခံ--ငါ--

အခွံတစ်ခုလောက်တော့

ရာထူးရသင့်ပါတယ်

အချစ်အကြောင်းပြောတာ မဟုတ်ဘူး

ဇာတ်နာတပုဒ်လောက်တောင် မခမ်းနားတဲ့

တခန်းရပ်ဇာတ်ပျက်ပဲ ။

ငါ့ ဘ၀--- ဘာလဲ.....ဘယ်လဲ..

ရလာဒ်တွေ ရောက်လာမှ ဘယ်ကလာလဲ မမေးနဲ့

လူ့ ဘ၀မှာ လုပ်သမျှ အရာ အကုန်ပြန်ရတယ် ။

အရိပ်တစ်ခုစာ နဲ့ တစ္ဆေဖြစ်ခဲ့ တဲ့ ရူးကြောင်မှု က

အန်ထုတ်လိုက်တဲ့ ပြုန်းတီးမှုတွေ

ငါ့ ဒုက္ခ နင်ယူxxxx

နင့် ဒုက္ခ ငါ့ ပေးxxxx

လူနှစ်ယောက်ပေါင်းပြီး ဒုက္ခတွေ မွေး

လေကွယ်လုံခြုံရာ အထင်နဲ့

အတ္တကိုယ်ပွားတွေထုလုပ်

ဟို တဖက်နံရံက ကဗျာရွတ်သံကြားတယ်...။

မင်းနေခဲ့ တော့ လေ

ငါ.....နာရီအိုတလုံးကို စွန့် ပစ်ရဦးမယ်

အချိန်မဲ့ ကာလများဆီ ထွက်ခွာဖို့ ။ ။ ။





No comments:

Post a Comment

ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။