Search This Blog

Jul 5, 2007

အရူး

ဂီတာကြိုးတွေနဲ. RUMအပြားတွေ
Unicolor Exercise Books Sizeကြီးနှစ်ဒါဇင်နဲ.
Uniballအချောင်းသုံးဆယ်
ခရေပန်းကုံးတွေနဲ.
ထွက်လာခဲ့တဲ့ဆံပင်ဖြူ အချောင်းနှစ်ဆယ်ကျော်
နေခြည်ဆေးပေါ့လိပ်တွေနဲ.
မိုးလင်းခဲ့လေးနှစ်ကျော်အချိန်တွေ
သွေးသောက်ခဲ့တဲ့ ခြောက်ကြိုးဂီတာ
မိုးရေထဲက သီချင်းကိုနားထောင်ဖူးလား???
ယုံစရာမရှိဘူး မူးရစ်စေတဲ့အရိပ်
အခုထိငါ.......နာရီတွေနောက်ပြန်ရွှေ.တိုင်း
သေမလောက်ခံစားရဆဲ~~~
နင်လည်း သေမလောက်ပဲ---
ပျော်နေမှာ ။
ထောင်သောင်းမက တေးများ
ငါ့လည်ချောင်းတွေ ကင်ဆာဖြစ်တဲ့ထိ
လေအေးစက်အောက်မှာ အလုပ်လုပ်မဲ့မိန်းကလေး~~~
ကမ္ဘာကြီးလုံးကြောင်း အသက်ကိုစတေးပြောသွားတဲ့သူကိုမမှတ်မိရင
ငါဟာ ကမ္ဘာမြေမှာမြင်ခဲ့ဖူးသူလားဆိုတာ
မင်းဦးနှောက်ထဲရောက်မဲ့ မေးခွန်းမဟုတ်တာ
သေချာရဲ့။
ပုပ်သိုးနေတဲ့ရင်ဘတ်ကြီးနဲ.
နင်မသိပဲ အသဲကွဲခြင်းအလုပ်ကိုလုပ်နေရတာ
နေ.မအား၊ညမအား
ဒါနောက်ဆုံးပဲ
ဒါနောက်ဆုံးပဲ
ဒါနောက်ဆုံးပဲ............ဒါနောက်ဆုံးပဲ...
ငါ့ရဲ့ ....မဆုံးတဲ့နောက်ဆုံးပဲ..........။ ။......

2 comments:

  1. တစ်ပင်လွဲရင် တစ်ပင်ခြူလိုက်ပေါ့ ... ကိုယ့်ဆရာကလဲ ...

    နင်မသိပဲ အသဲကွဲခြင်းအလုပ်ကိုလုပ်နေရတာ
    နေ.မအား၊ညမအား
    ဒါနောက်ဆုံးပဲ
    ဒါနောက်ဆုံးပဲ
    ဒါနောက်ဆုံးပဲ............ဒါနောက်ဆုံးပဲ...
    ငါ့ရဲ့ ....မဆုံးတဲ့နောက်ဆုံးပဲ..........။ ။......

    လွန်ကို လွန်လွန်းတယ် .. လူဆိုး ...

    စတာပါဗျာ ... ဟက်တက်ကြီးကို မြင်နေရပါတယ် ...

    ReplyDelete
  2. `ပုပ်သိုးနေတဲ့ရင်ဘတ်ကြီးနဲ.´
    ဆိုတာနဲ့
    `ငါ့ရဲ့ ....မဆုံးတဲ့နောက်ဆုံးပဲ´ ဆိုတဲ့ အသုံးကို ကြိုက်မိပါသည်။
    ကျွန်တော်က ရင်ဘတ် ဆိုတဲ့ အသုံးကို နုညံ့တဲ့ နေရာမှာသုံးရင် မကြိုက်တဲ့သူပါ။ ဘာလို့လဲဆိုတော့ ရင်ဘတ်ဆိုတဲ့ အသုံးဟာ ကြမ်းတယ်လို ခံစားရလို့ပါ။
    ဒီနေရာမှာ ပုပ်သိုးနေတော့ လိုက်ဖက်တယ်။

    ReplyDelete

ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။