ဘ၀နဲ့မကွာတဲ့ဝဋ်ကြွေးလေ
လူတွေ ရဲ့ လိုအင် ငါ့လိုအင်
ဆန္ဒတွေနောက် လေလွင့်ရင်းမျော
မျော....မျော...မျော နေဆဲ
လောကကြီးကိုက...
မထင်မှတ်တာတွေ ဖြစ်တတ်တဲ့နေရာလေ
နှလုံးသေနဲ့ ရှင်နေမဲ့ကောင်လို့
တမ်းတမျှော်လင့်ခြင်းကင်းမဲ့စွာ...
ခန္ဓာကိုယ်ထဲ စီးဝင်ဆဲ အိမ်မက်ဆိုးများနဲ့
မင်းတို့ထင်မထားတဲ့ ဖြစ်ပျက်ကင်းချစ်ခြင်းရှိတယ်
မင်းတို့ထင်မထားတဲ့ ဖြစ်ပျက်ကင်းချစ်ခြင်းရှိတယ်
မင်းတို့ ရူးသွပ်တဲ့လူတစ်ယောက်အဖြစ် မြင်တွေ့ဖို့
ငါ့နှလုံးသေက ရူးသွပ် ပျက်စီးခဲ့ရပြီးသားလေ
မင်းတို့မြင်တာ မမှားဘူးလေ
ငါ့စာမျက်နှာ ၁၉ ကနေ
ဘ၀ကိုထုချေခွဲဖျက်ပြီးနောက် သစ္စာရှိစရာမဲ့သူ
မင်းတို့လိုပဲ လိုချင်တဲ့ အချစ် မရပဲ လွမ်းနေရသူ
ဖအေတူ မအေတူထုက အချစ်ကိုတွေ့ပြီလား
ချာတိတ်တစ်ယောက်ကျဆုံးချိန်တွေ ဖြတ်သန်းခဲ့ပြီးမှ
ခန္ဓာကိုယ်ထဲ လှုပ်ရှားလို့မရအောင် တုပ်နှောင်တဲ့ အဆွေးသီချင်းတွေနဲ့
ဘ၀ကို မျှင်းသတ်လို့ ရပ်မနေပါရစေနဲ့
အမှားတွေနဲ့ပဲ ဖြစ်ဖြစ်..ဘ၀ခါးထဲမှာ ငါ HipHopနဲ့ ကမယ်

နွေလှိုင်ဿုန်း
၁၇.၈.၂၀၀၉
သစ္စာရှိစရာမဲ့ သူ..........တဲ့လား
ReplyDeleteဘယ်သူတွေရတဲ့အချစ်ကကော
ဘာထူးခြားမှုတွေရှိနေလို့ လဲ.......
တလောကလုံးမှာတန်ဘိုးအရှိဆုံးကိုပဲလွမ်းဆွေးစေချင်ပါတယ်
ပြီးတော့.............
အရောင်လက်နေတဲ့နံနက်တွေကိုပဲကြိုဆိုကြည့်ပါလား
ကဗျာဟာကဗျာဖြစ်တာမို့ 
ဒီလောက်နဲ့ ပဲနှစ်သိမ့်ပါ့မယ်ကွယ်
ဘ၀အပေါ်အခုန်အကူးကောင်းပါစေ
စာမျက်နှာ၁၉ကနေ.....ဟော..........အခု ၂၉ပေါ့လေ။
လောကကြီးကိုက...
ReplyDeleteမထင်မှတ်တာတွေ ဖြစ်တတ်တဲ့နေရာလေ
နှလုံးသေနဲ့ ရှင်နေမဲ့ကောင်လို့
တမ်းတမျှော်လင့်ခြင်းကင်းမဲ့စွာ...
ခန္ဓာကိုယ်ထဲ စီးဝင်ဆဲ အိမ်မက်ဆိုးများနဲ့
လှလှလေးနဲ့ ပြင်းရှတယ်