သဘာဝဓမ္မထဲ လက်နှိုက်ဆွဲယူလိုက်တော့
တစ်ခါတစ်ရံသာ တောင်းတချင်တဲ့
အတ္တရမ္မက် မကင်းတဲ့အချစ်က
အမြီးကနေပါလာလေရော...
လွင့်မျောနေတုန်းပဲ............
ကမ္ဘာကြီးနဲ့ လူသားတွေကို ချစ်လို့..
အိမ်ထောင်ပြုဖို့အစီအစဉ်ကို..
ခြောက်ကပ်ကပ်နေ့တွေထဲမှာ
ဘဝတစ်သိ...စာ
ဖျက်သိမ်းလိုက်တယ်..
ဒီလို...
ငါ့ကိုယ် ငါ မီးသှင်းလိုက် ...ရေလောင်းလိုက်နဲ့
ငါ့ဆုံးဖြတ်ချက်တွေ အတ္တနဲ့နပမ်းလုံးခဲ့တယ်...
ဟာတာတာမှောင်ပိန်းနေတဲ့အလင်းမျိုးနဲ့....
သဟဇာတ မရှိတဲ့ လောကကြီးထဲ
လမ်းမသိတဲ့ဝိညာဉ်...ခေါင်းငုံ့ ၊ ခေါင်းမော့ ကင်းတယ် ။
အရာရာမမြဲတဲ့ သင်္ခါရထဲမှာ ရွာချဖို့ မသေချာ...
လွင့်ပျယ်မလား မသေချာ.... မျောပါမလားလည်း မရေရာ...
တကယ်တော့ အပြစ်များဖန်ဆင်းသူ
တန်ခိုးရှင်ကြီးဆိုတာ....ငါ.. ။....
ကိုးကွယ်စရာ မလိုဘူး..။ ။ ။
အာခေါင်ခြစ်ဟစ်ကြွေးတဲ့ သန်းခေါင်ယံတွေ အခုထိ...
အမှောင်အတိပြီးဆဲ ငရဲကမ္ဘာ...
ငါ့ဒုက္ခကို ငါ အပြီးမသတ်နိုင် သရွေ့
ငါဆိုတာကို အမှားတွေနဲ့ အလံတလွင့်လွင့်ရှိနေပါ့မယ် ။
ဘယ်အခါမှ ရှင်သန်တော့မှာ မဟုတ်တဲ့
အိမ်မက်ကိုမက်မောပွေ့ဖက်ရင်း..
ကတ်ကိုဘိန်းနဲ့ သီချင်းအတူဆိုရန်ရှိသလို...
ဂျက်လန်ဒန်နဲ့လည်း စကားပြောစရာရှိတယ် ။
ဘီသိုဗင်ဆီသွားပြီး ငါ့အကြောင်းတွေ ပြောပြရမယ် ။
တော်စတွိုင်းဆိုတဲ့ကောင်ကိုတော့ မခေါ်ဘူး...
လေးဖြူက ရှက်တတ်လို့..နောက်သူက
မြေတိုင်းစာရေး လည်း လုပ်ခဲ့တော့ ဘော်တွင်းကိုလည်း
လေးဖြူတခါတလေ လွမ်းပေမပေါ့ ။
သူတို့ ညီအကို ပေါက်ခဲ့တဲ့ ဘိန်းခြံကြီးက ဘိန်းတွေ သီးပွင့်နိုင်ပေမဲ့....။
သူတို့နှလုံးသားတွေ ရီဝေမူးမိုက်ခြင်းကင်းကြတယ်...။...
စိုင်းထီးဆိုင် သီချင်းဆိုနေတဲ့ ပိတ်ဆွယ်တော ထဲတော့ မသွားချင်ဘူး ။
မြွေကိုက်မှာကြောက်တယ်..။
ဟောဒီမှာ...ငါတို့တွေကတော့....
ခေတ်ပျက်ကြီးထဲ ကြီးပြင်းကြရသူတွေမို့
အခြေခံလူတန်းစား... ဘယ်တော့မှ အောင်မြင်တဲ့ဘဝ ရ လမ်းမမြင်...။
လူ့အသိုင်းအဝိုင်းနဲ့ဆန့်ကျင်ဖက်လမ်းမပေါ်..
ဘောင်ဝင်အနေချောင်စေမဲ့
မလှိမ့်တပတ် ပေါကြောင်ကြောင် အတွေးအခေါ်တွေ...
ကိုယ့်ကိုယ်ကို မှတ်ကျောက်တင်မခံရဲရင်တော့
ဘာအတွက်စကားတွေများနေမှာလဲ....
ငါ့ဘာသာစကားကို နားလည်ဖို့ ခက်ကောင်းခက်မှာပေါ့...
အမြင်နဲ့လမ်းတွေမတူမှတော့
သံယောဇဉ်တွယ်နေလည်း မထူးဘူးလေ..။..
ငါဟာ.........တိမ်တေလေ.......။။ ။။
နွေလှိုင်ဿုန်း
၇.၄.၂၀၀၉

ReplyDeleteတစ်ခါတစ်ရံသာ တောင်းတချင်တဲ့
အတ္တရမ္မက် မကင်းတဲ့အချစ်က
အမြီးကနေပါလာလေရော...
လွင့်မျောနေတုန်းပဲ............
အတွေးအရေးကောင်းတယ်ကဗျာဆရာ