Search This Blog

Sep 5, 2017

အပြစ်များနဲ့တောင်ပံ

ကလေးဘဝပေါ့ကွယ် မင်းအမေကို ပြန်မေး
ကျေနပ်တဲ့အဖြေနဲ့ မင်းရဲ့ဘဝ
ခန္ဓာအပ်တာ ထက် ဘာမှ မပိုလို့ ငါဆိုရင်
ရက်စက်တယ်ပြောမယ် ။
ဒီခေတ်အခါ
မေတ္တာကရှား
ဘဝ အာမခံချက်ဆိုတာ အခုထိ ဘာမှ မရှိသေးတာ
သက်ရှိလောကထဲ
ဂုဏ်ဆိုတာ ရိုးသားခြင်းမှ အခြေမခံရင် အနှစ်မဲ့
သက်ရှိဆိုမှ သိနေတဲ့သူအားလုံးပါတယ် ကလေး ။
 နွေလှိုင်

No comments:

Post a Comment

ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။