Search This Blog

Aug 4, 2009

လောကဓံ ၂ ပါး

ခပ်ပါးပါးလေးပါပဲ
အနည်မထိုင်သေးတဲ့ တည်ငြိမ်မှုနဲ့
တခါတရံ လှဲကျတတ်သလို..
တခါတလေလည်း ရုန်းထခဲ့ပါတယ် ။
ငါဆိုတာတော့ ....ငါ ပဲလေ...
ခပ်ဖျင်းဖျင်းညံ့ညံ့ ဆိုလည်း...ဒါ..
ငါပဲ ။ .... တာဝန်ယူရဲပါတယ်..
ရင်ဆိုင်ရဲပါတယ် ။ ...
လေဟုန်စီးခွင့်ရတုန်းတော့
အာကာသထိ အိမ်မက်မက်ခွင့်ပေးပါ...။...
ကောင်းကင်မှာ လွင့်မျောနေချိန်တော့ 
မိုးကုတ်စက်ဝိုင်းနဲ့လွတ်ကင်းသလို မြင်တာပေါ့ ..။..
တစ်ခုတော့ ရှိတယ် ။
လူ ရဲ့ ဖြစ်တည်ခွင့်ဟာ 
အသက်ရှင်နေသမျှ ကန့်သတ်ချက်မဲ့တည်နေတယ်လေ..။   ။
နွေလှိုင်ဿုန်း
၎ရက်၊ဩဂုတ်၊၂၀၀၉


2 comments:

  1. လောကဓံတွေကတစ်ပါးပြီးတစ်ပါးနဲ့ 
    အပျော်သည်တွေခေါ်ပြီးလာခဲ့............
    လူအချို့ ကလစ်တမတ်စက္ကူလို လေ
    အနည်ထိုင်တယ်ဆိုတာလည်း
    ကံကောင်းထောက်မမှ ရတဲ့ ဆုလာဘ်ပါပေ။။။။။။။။။။။။။။။။
    ချစ်သူရေ။။။။။။။။။။။။။။။။။။။။။။။။။
    နယ်စည်းအတန်တန်ခြားနေပြီမို့ 
    ဆုံမှတ်မဲ့ ခရီးသည်ဘ၀မှာ
    အလွဲတွေချည်း..................

    ReplyDelete
  2. လူ ရဲ့ ဖြစ်တည်ခွင့်ဟာ
    အသက်ရှင်နေသမျှ ကန့်သတ်ချက်မဲ့တည်နေတယ်လေ..။ ။

    ဟုတ်ပါတယ်ရှင်

    ReplyDelete

ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။