Search This Blog

Jul 2, 2009

၃ မိနစ် ကဗျာ

ငါနေတဲ့မြို့လေ.............
အက်ကြောင်းတွေထပြီး ဘယ်နေ့ပြိုကျမယ် မသိတာ
ငါမြင်တဲ့ အသိအာရုံတွေလေ
ဒီညသာပြီးမယ် ပြောဆုံးဖို့ မမြင်တဲ့ပုံပြင်
ဆွေးဆွေးမြေ့မြေ့နဲ့ နှေးကွေးစွာ နောက်ဆုတ်နေတယ်
မျက်ဝန်းတွေ ကြည့်လိုက်တိုင်း
ဝေသီမှုန်ဝါးတဲ့ နေ့စဉ် အသက်ရှင်ခြင်းသက်သက်
လေးလန်လွန်းတဲ့ ငါ့လက်ဖျားတွေ အတွက်
ထပ်ရေးဖို့ လိပ်ထားဖို့ မတောင်းဆိုပါနဲ့တော့


နွေလှိုင်ဿုန်း(U95)
၂ရက်၊ ဂျူလှိုင် ၊၂၀၀၉

3 comments:

  1. အက်ကြောင်းတွေထပြီးဘယ်နေ့ပြိုကျမယ် မသိတဲ့မြို့လေးမှ
    ကဗျာဆရာ
    ဆန္ဒတွေပြည့်နိုင်ပါစေ

    ReplyDelete
  2. အက်ကြောင်းထနေတဲ့မြို့ ပေါ်မှာပျော်အောင်သာနေပါတော့ကွယ်

    ReplyDelete
  3. ကဗျာတွေ အသက်ဝင်တယ်ရှင်

    ReplyDelete

ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။