Search This Blog

Apr 28, 2009

စွန်းပေမှုများ

မြေပြင်က ပက်လက်လှန်ကြည့်တော့
သက်သေ သာဓက မကျန်တော့တဲ့
ရိုးသားဖြူစင်မှုဟာ ကောင်းကင်ချိတ်ဆွဲတိမ်လို
ပါးလျစွာ မှေးဖျော့ပျောက်ကွယ်ခဲ့တာ
အသိစိတ်နဲ့ ကြည့်မိရဲ့လား...။...

ကောင်းကင်ကပန်းတစ်ပွင့်ကို လိုချင်ရင်
မြေကြီးကို ချစ်တတ်အောင်သင်ယူပေါ့
တကယ်ဆို...
မိတဲ့ငါးကိုမှ မလိုချင်သူ
ငတ်မွတ်သွားတာ နည်းသေးတယ်...။...
သက်ပြင်းရှိုက်လည်း မှောင်မိုက်မှုက မပျယ်
မောပန်းပူလောင်စွာ ပေးဆပ်ရသူတွေမှာ
ကြွေခဲ့သမျှကို ရေတွက်ရင်း
ဒီကောင်းကင် ကြယ်တွေ မလင်းနိုင်တော့...။...
ကွက်ကြားမိုးတွေရွာနေလိုက်တာများ..
မနှစ်မြို့စရာ လှပလေရဲ့...။...
ငါ့ရှေ့မှာ မှန်တစ်ချပ်ရောက်နေတာ မသိခဲ့...
အရှုံး၊အနိုင်ကြားမှာ
အမှန်တရား ဘယ်မှာနေလဲ....မသိခဲ့...
ဖြတ်သန်းလာလိုက်တာ...။..။.။။..။..
မြက်ခင်းပြင်က ပက်လက်လှန်ကြည့်တော့ ...
.....။....
ပေါက်ခွဲချင်စရာ
.......။......
ငါ့ဘဝကိုမြင်ရတယ်လေ ....။ ။
အိမ်မက်အိုများရဲ့ မှတ်တမ်း (၁၀.၇.၂၀၀၁)
နွေလှိုင်ဿုန်း

1 comment:

  1. မြေပြင်က ပက်လက်လှန်ကြည့်တော့
    သက်သေ သာဓက မကျန်တော့တဲ့
    ရိုးသားဖြူစင်မှုဟာ ကောင်းကင်ချိတ်ဆွဲတိမ်လို
    ပါးလျစွာ မှေးဖျော့ပျောက်ကွယ်ခဲ့တာ
    အသိစိတ်နဲ့ ကြည့်မိရဲ့လား...။...

    ကောင်းကင်ကပန်းတစ်ပွင့်ကို လိုချင်ရင်
    မြေကြီးကို ချစ်တတ်အောင်သင်ယူပေါ့
    တကယ်ဆို...
    မိတဲ့ငါးကိုမှ မလိုချင်သူ
    ငတ်မွတ်သွားတာ နည်းသေးတယ်...။...


    ကဗျာလေးကို ခံစားဖတ်ပါတယ်
    ကောင်းတယ်
    ရီဆင့်ဖြုတ်ထားတော့ ကွန်မန့်ကို မတွေ့လိုက်ရဘူး
    ကဗျာတွေ အားလုံး အနုပညာစံ တွေ့ရတယ်

    ReplyDelete

ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။